Powered By Blogger

Sunday, May 24, 2015

ဝဋ်ကြောက်သူ...


ဝဋ်ကြောက်သူ...
-------------
''' အမလေးးး..ကိုကြီးရေ လုပ်ပါဦး '''တဲ့ ..'''ဟ..ဘာတုန်းဟ'''..ဆိုတော့ .'''.အမလေး အသဲယားလိုက်တာ..ဒီမှာ ကြွက်ပေါက်လေးတွေ.'''တဲ့ ...ဒါနဲ့   အိမ်ပေါ်ကနေ ဆင်းကြည့် လိုက်တော့ ...
သူတို့ တွေ အိမ်ရှင်းရင် ချောင်တစ်ခုကို ဆွဲရှင်းလိုက်တာ...ကြွက်သိုက် တစ်ခုတွေ့ တော့ တာပါပဲ..ကြွက်မအေကြီးက နေ့ ဘက်ဆိုတော့ မရှိဘူး ကြွက်ပေါက်လေး တွေက နီတာရဲလေးတွေ လှုပ်စိလှုပ်စိနဲ့  သုံးလေးကောင်..အရေပြားပါးချက်က အထဲဖေါက်ပြီးမြင်ရတော့ မတတ်ပေါ့  မျက်လုံးက မပွင့် သေးတော့  နီနီရဲရဲ ပေါ်မှာ အမဲစိလေး ၂ခုကပ်နေသလိုလို.တွားသွား လိုက်လံသွားလိုက် ယက်ကန်ယက်ကန်နဲ့ ....

အဲ့ ဒါမျိုးကို မရွံတတ်ပေမယ်...ဦးနောက်ထဲမှာ ဖိအားအကြီးကြီး ၀င်ချလာတာက.စိတ် သိပ်ပင်ပမ်းရတယ်..စာပေသိသဘောအရ ''၀ဋ်'' ဆိုတာကြီးကို အတော်ဖြုံတတ်တဲ့ ဖိအားပေါ့
သံသရာလည်စနစ်ကိုယုံတယ် ၀ဋ်ဆိုတာလည်တတ်တာကို ယုံတယ်...သူများအိမ်ဂေဟာ သူများမိသားစုကို ဖျက်ဆီးရင် ဖြိုခွဲရင် ကိုယ်လည်း သံသရာတကွေ့ ကွေ့ မှာ..ကိုယ့် အိမ်ယာ ကိုယ့် မိသားစုကို တစ်ခြားတစ်စုံတရာက..?..
.ဆိုတဲ့  '''၀ဋ်'' သဘောကို  တွေးကြောက်တာက တကယ်ကြောက်တာ...မောင်နှမတွေက  ကိုကြီးရေ လုပ်ပါဦးဆိုကတည်းက ..ဘာလုပ်စေချင်မှန်းက သိပြီးသား...

ဖယ်.ဖယ်..ဖယ်..ငါယူသွားမယ် ဆိုပြီး သတင်းစာစက္ကူဖြန့်  ကြွက်ကလေးတွေကို ကပ်ထူစကက္ကူတစ်ခုနဲ့  ယက်ပြောင်းတင်ရင်..ဘာဆက်လုပ်ရမှန်း မသိပဲ အတော်လေးချီတုံချတုံ ဖြစ်နေတယ်..
ကြွက်ထောင်တာတောင် မလွှဲသာလွန်းလို့ ကစ်နေရတဲ့  စိတ်က ဒီကြွက်ပေါက်လေးတွေကို သူ့ အမေကြွက်မကြီး ပြန်မလာခင်နေရာရွှေ့ သွားပစ်ရမှာ ပိုမ၀ံ့ မရဲနဲ့ ဖြစ်နေတယ်..ကြွက်မကြီးပြန်လာလို့ 
သူ့ ကြွက်ပေါက်ကလေးတွေ သူထားခဲ့ တဲ့ နေရာမှာများ မရှိတော့ ဘူးဆိုရင်...ဆိုတဲ့ အတွေးကလည်း ၀င်ချလာသေးတယ်....
-----------------------------
ဟီးဟီးး...နောက်တော့  လမ်းကြားက အိမ်ပြင်နားမှာရှိတဲ့ တိုင်ကီအောက်ကလွတ်နေတဲ့ နေရာလးမှာ စက္ကူကပ်ထူဘူးလေးနဲ့  သွားချထားလိုက်ရတယ်...အဲ့ မှာနေကြ..မင်းတို့ ငယ်သေးတယ်..ကြီးလာမှ...ဆိုပြီး..ခိခိခိ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..