Powered By Blogger
Thursday, August 6, 2015
ဒုက္ခ တွက်ကိန်း
ဒုက္ခ တွက်ကိန်း
အဲ့ ဒါနဲ့  စကားစပ်မိကြရင်းက ဧည့် သည်က ဆိုလာတာက နာဂစ်လိုပဲ ဆိုးလိုက်တာ လို့ ပြောတော့  ကျနော်က ဒါကြီးက နာဂစ်ထက် ဆိုးတာပေါ့ ဗျ လို့ စပြောလိုက်ပြီးမှ တွက်ပြတယ် နာဂစ်က လေ နဲ့ ပြဿနာရှာတာ လေတိုက် ရေပါ ဒီတက် ပြီးတော့  ရေပြန်ဆင်း လူသိန်းချီသေတယ် အဲ့ မှာကိစ္စက သေသွားတဲ့ လူသိန်းချီအတွက်က နောက်ဆက်တွဲ ရိက္ခာ ထောက်စရာ မလိုတော့ ဘူး. ပြီးတော့ ရေက ပြန်ဆင်းသွားတာမြန်တယ် အဲ့ တော့ ဗျာ ကုန်းမြေပေါ်တာမြန်တော့ စားစရာမရှိရင် ကိုင်းဥတွေတူးစား ဂဏန်းထောင်စား ငှက်ပစ်စား ငါးဖမ်းစားလို့ ရနိုင်သေးတယ် ပြီးတော့  ဧရာတိုင်းတစ်ခုထဲကို ကစ်သွားလို့ တစ်ပြည်လုံးက ပုံအောကူလို့ လွယ်သလောက်လွယ်သေးတယ်...အဲ့ လိုလည်းကူခဲ့ ကြတာပဲဗျ...
အခု ဖြစ်နေတာက ကျနော်တို့ အပေါ်တကြောကြီးကကနေ အောက်အထိ ပြင်ကျယ်ကြီး ချင်းရောရခိုင်ဘက်ရော တစ်ပြိုင်နက်ထဲဖြစ်နေတာ ပြီတော့  နာဂစ်
လို လေ မပါပေမယ့်  ရေပြင်ဖြစ်နေတဲ့ ဧရိယာက အကျယ်ကြီးနဲ့ တော်တော်နဲ့ ရေကပြန်မဆင်းဘူး .အဲ့ တော့ ရေအောက်ကို မြေကြီးပါမြုတ်နေတော့ ဘယ်က ပဒတ်သွားတူးစားဖို့ လွယ်တော့ မလဲ ပြီးတော့  လူက ရာဂဏန်းသာသေတယ်ထားဦး ဒုက္ခသည်က သူတို့ ပြောတာတောင်၂သိန်းကျော်တဲ့ ဗျ အဲ့ ဒါတွေက ပါးစပ်တွေ ၀မ်းတွေနဲ့  လူရှင်တွေ ..နောက်ထပ်လည်း အောက်ပို်င်းမှာက ရေပြင်ကျယ်ကြီးတွေက ဖြစ်လာဦးမယ့် ပုံ...
အဲ့ မှာ  အဲ့ ကျနော်တို့ လူရှင်တွေ အသက်ဆက်ရှင်နေဖို့  နောက်ဆက်တွဲ အဓိက တွတ်တီး ရိက္ခာပြဿနာက အကြီးကြီးလာနေတာ..ပြီးတော့ ဗျ တစ်တိုင်းတစ်ပြည်နယ်ထဲ ကွက်ဖြစ်နေတာ မဟုတ်ဘူး အလယ်ကြောကနေ အောက်ကြော အထိ ပြင်ကျယ်ကြီး အဲ့ ဒါ တွေးကြည့် ရင် နာဂစ်ထက်တောင်ပိုဖြုံစရာကောင်းတယ်လို့တွက်တာ...အဓိကနောက်ဆက်တွဲက ရိက္ခာပြဿနာပေါ့ ကျနော်တို့ လည်း လှုရတာ တကယ်ဆို အစနေ့ နဲ့ တောင် မတူတော့ ဘူး
လက်ပမ်းက ကျလာပြီ..ဒီနေ့ ဆို ၂၀၀၀ လောက်ပဲ ထည့် နိုင်တော့ တာတောင် ၅ ဖွဲ့ လောက်ရောက် တစ်သောင်းဖြစ်သွားပြီ ကျနော်တို့ ကလည်း ကိုယ့် အကန့် အသတ်နဲ့ ကိုယ်သွားနေတာ ဆိုတော့  နောက်အဖွဲ့ တွေကြတော့ ကြည့် ပဲနေလိုက်ရတော့ တယ်ဗျ...နောက်နေ့ ဆို အိမ်ထဲကနေပဲ နားထောင်နေရတာ့ မယ့် သဘောရှိတယ်....
ရဲရဲကြောင်ပါ ရဲရဲစိန်ပါ
ရဲရဲကြောင်ပါ ရဲရဲစိန်ပါ
----------
တော်ဝင် တန်းဝင်တဲ့ န၀ရတ်လက်စွပ်တစ်ကွင်း ဆိုတာ ပတ္တမြားမြစိန်ကြောင်နီလာဂေါ်မုတ်ဥဿဖယားသန္တာပုလဲ
ဆိုတဲ့ ရတနာ ၉ မျိုး သူ့ နေရာနဲ့ သူပေါင်းစပ်လိုက်မှ
န၀ရတ်လက်စွပ်တစ်ကွင်း ဖြစ်လာတယ်..
အဲ့ ဒီ ရတနာ ၉မျိုးမှာ ဈေးအကြီးဆုံး စိန်တို့ ပတ္တမြားတို့ လည်းပါဝင်သလို
 ကြောင်လို စိန်ထက် ဈေးချိုတဲ့ ရတနာတွေလည်း ပါဝင်တယ်
အကုန်လုံးစိန်ချည်း အကုန်လုံး ကြောင်ချည်းပဲ နဲ့  တော်ဝင် တန်းဝင်တဲ့ န၀ရတ် လက်စွပ်
တစ်ကွင်းဖြစ်မလာနိုင်ဘူး...
ရတနာတစ်ပွင့် ဆီ သီးခြားနေရင်လည်း န၀ရတ်လက်စွပ်တစ်ကွင်း ဖြစ်မလာနိုင်ဘူး..
သီးသန့် အသွင်ကိုသာ ဆောင်ချင်တယ်ဆိုရင်ဖြင့် 
ကိုယ့် သဘောကိုယ် ရဲရဲဆောင်လို့ 
ကြောင်မယ်ဆိုလဲ ရဲရဲ ကြောင်လိုက် ....စိန်ဆိုရင်လည်း ရဲရဲ စိန်ပါလေ....
အချိန်တန်ရင်....
ကြောင်ကြိုက်သူက ကြောင်လို့ ..စိန်ဆိုသူက စိန်လို့ ...
.
န၀ရတ်မှ န၀ရတ်ဆိုသူက န၀ရတ်ကြလိမ့် မယ်..
ကိုယ့် အကြိုက်နဲ့ ကိုယ် ဖြစ်တာတော့  ကိုယ့် အတွက်ကိုယ် ဂုဏ်ရှိလိမ့် မယ်
သူများကြိုက်လို့  လိုက်ကြိုက်လိုက်ရတယ်ဆိုရင်တော့ ...
ကိုယ့် ရဲ့  လူစွမ်းလူစ နဲရာရောက်မှာပေါ့ ...
ကံ...
ကံ...
----------
မနေ့ ကမနက် ကြာသာပတေးနေ့ ၇ နာရီလောက် ဆရာမအမျိုးသမီးတစ်ယောက် ၀င်လာတယ် သူ့ အမေ ကျမ္မာရေးအတွက်ပါတဲ့ ...၊ ဒါနဲ့ ကြည့် ပေးလိုက်တယ်..၁၂၉၆ ဟူး သမီး...ဒီတော့  အသက် ၈၁ ဟူး ထဲမှာပဲ..လူမမာနှစ်ပေါ့ ...လာမေးတာက ဂရုတိုင် ဗုဒ္ဓဟူးသမီးက ခိုက်မှာ....ဒါနဲ့  အဲ့ ဆရာမကို ဆရာမက ဘာနေ့ သမီးလဲ လို့ မေးလိုက်တော့  ကြာသာပတေးသမီးပါတဲ့ 
ရည်ရွယ်ရာ မတူရင်
ရည်ရွယ်ရာ မတူရင်
----------
သဘောထားဆိုတာ စိတ်ကဦးဆောင်လို့  လူတစ်ကိုယ်စိတ်တစ်ခု
အမျိုးမျိုးပြောင်းလဲတတ်တဲ့ စိတ်သဘာဝကြောင့် 
တစ်ယောက်နဲ့ တစ်ယောက် က မွေးကတည်းက ကွဲ ပြီးသား..
မောင်နှမ ညီအစ်ကိုချင်းတောင် ကွဲ တယ်
ရည်ရွယ်ရာနဲ့  နည်းလမ်းတူရင် ရည်ရွယ်ရာကိုရောက်ဖို့  အတူပေါင်းစည်းမိတယ်၊
ရည်ရွယ်ရာ တူပေမယ့်  နည်းလမ်း မတူရင် မဟာမိတ်ဖြစ်တယ်
ရည်ရွယ်ရာ မတူရင်...မပေါင်းတော့ တဲ့ အပြင် တစ်ခါတစ်ရံ ရန်ဘက်ဖြစ်လာတယ်
''အားတင်းထားကြဟေ့ ...''
''အားတင်းထားကြဟေ့ ...''
---------
သနားတဲ့ စိတ်ပဲ ကျန်တော့ တယ်
ကရုဏာအကြင်နာသဒ္ဒါပင်လယ်မှာကူးခတ်ရင်း
ခြေကုန်လက်ပန်းကျစပြုလာပြီလား....
ကိုယ်တိုင်တွေကပါ ..
ဘ၀ပင်လယ်ပြင်မှာ မိုးသက်မုန်တိုင်တွေထန်လို့ .....
ရုန်းကြ ကန်ကြ ရင်ဆိုင်ကြနေရင်းက
ကောင်းကင်ကိုမော့ ..အားကိုထည့့်..
မာန်ကိုသွင်း ဟန်ကိုပြင်..
အက်ကွဲခြောက်သွေ့ နေတဲ့  အသံနဲ့ 
 ဟစ်ခါ ဟစ်ခါ ''အော် ..''
''အားတင်းထားကြဟေ့ ...''
ဟားးး..
ငါ့ ရဲ့ အသံကပါ ယဲ့ ယဲ့ ရှိတော့ ပါလားလေ  ။  ။
အရံလူ
အရံလူ
-----------
ကိုယ့် အကြောင်းကိုယ် သဘောပေါက်ပြီး လုပ်သင့် တာကိုလုပ်ဖို့ ရဲရဲဆုံးဖြတ်နိုင်စွမ်းဆိုတာကလည်းတကယ်တော့  လွယ်တဲ့ ကိစ္စတော့ မဟုတ်ပေဘူး...
ရပ်ကွက်မှာကျောင်းမှာ ဘောလုံးကန်ကြတယ် အများကန်တော့ ကိုယ်ပါဝင်ကန်ချင်တယ်
ရမယ့်  အားကြီးကြီး..
ရမယ့်  အားကြီးကြီး..
--------------
အတိအကျသာမဟုတ်တာ ထူးခြား ကမ္ဘာ့ ပြဿနာတော်တော်များများ မှတ်မိတယ်...ဥရောပက ပြဿနာ ကာတွန်းကြောင့်  ပေါက်ကွဲကုန်တော့  အဲ့ ကထုတ်တဲ့ နွားနို့ နဲ့ ဒိန်ခဲကိုသပိတ်မှောက်ကြပါစို့ တဲ့ ...ပေါက်ကွဲတုန်းခဏ လွှင့် ပစ်ရ သွန်ပစ်ရပေါ့ လေ..
ဒါပေသိ ကြာကြာမခံနိုင်ဘူး လိုအပ်ချက်က အရမ်းမြင့် တာရယ် နို့ နဲ့ ဒိန်ခဲ စားသုံးမှ့ က မပါမဖြစ်ဖြစ်နေတာရယ် ဒါကို သပိတ်မှောက်ခိုင်းတဲ့  ဆရာသခင်တွေက အဲ့ နို့ နဲ့ ဒိတ်ခဲတွေကို အစားလိုက် မထိုးပေးနိုင်တော့ ..အဟီး...အရင်ထက်တောင် ပြန်ရောင်းကောင်းသေး ဖြစ်သွားတယ်...မသုံးမဖြစ်ဆိုတော့  ပဲထုမနေနိုင်တော့ ပဲ ပြန်မှာရတော့ တာကိုး...