ရဲရဲကြောင်ပါ ရဲရဲစိန်ပါ
----------
တော်ဝင် တန်းဝင်တဲ့ န၀ရတ်လက်စွပ်တစ်ကွင်း ဆိုတာ ပတ္တမြားမြစိန်ကြောင်နီလာဂေါ်မုတ်ဥဿဖယားသန္တာပုလဲ
ဆိုတဲ့ ရတနာ ၉ မျိုး သူ့ နေရာနဲ့ သူပေါင်းစပ်လိုက်မှ
န၀ရတ်လက်စွပ်တစ်ကွင်း ဖြစ်လာတယ်..
အဲ့ ဒီ ရတနာ ၉မျိုးမှာ ဈေးအကြီးဆုံး စိန်တို့ ပတ္တမြားတို့ လည်းပါဝင်သလို
ကြောင်လို စိန်ထက် ဈေးချိုတဲ့ ရတနာတွေလည်း ပါဝင်တယ်
အကုန်လုံးစိန်ချည်း အကုန်လုံး ကြောင်ချည်းပဲ နဲ့  တော်ဝင် တန်းဝင်တဲ့ န၀ရတ် လက်စွပ်
တစ်ကွင်းဖြစ်မလာနိုင်ဘူး...
ရတနာတစ်ပွင့် ဆီ သီးခြားနေရင်လည်း န၀ရတ်လက်စွပ်တစ်ကွင်း ဖြစ်မလာနိုင်ဘူး..
သီးသန့် အသွင်ကိုသာ ဆောင်ချင်တယ်ဆိုရင်ဖြင့် 
ကိုယ့် သဘောကိုယ် ရဲရဲဆောင်လို့ 
ကြောင်မယ်ဆိုလဲ ရဲရဲ ကြောင်လိုက် ....စိန်ဆိုရင်လည်း ရဲရဲ စိန်ပါလေ....
အချိန်တန်ရင်....
ကြောင်ကြိုက်သူက ကြောင်လို့ ..စိန်ဆိုသူက စိန်လို့ ...
.
န၀ရတ်မှ န၀ရတ်ဆိုသူက န၀ရတ်ကြလိမ့် မယ်..
ကိုယ့် အကြိုက်နဲ့ ကိုယ် ဖြစ်တာတော့  ကိုယ့် အတွက်ကိုယ် ဂုဏ်ရှိလိမ့် မယ်
သူများကြိုက်လို့  လိုက်ကြိုက်လိုက်ရတယ်ဆိုရင်တော့ ...
ကိုယ့် ရဲ့  လူစွမ်းလူစ နဲရာရောက်မှာပေါ့ ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..