(^_^)
ကိုဓားမနဲ့ မသောကတို့ သည် ယနေ့ မှစ၍ နှစ်၁၀၀တိုင်..ငိငိကြပါစီ...ငိင
---------------
ခဏခဏ အထိတ်တလန့် နဲ့ အမေးခံရတယ်...စနေနဲ့ ကြာသာပတေးတနင်္ဂနွေနဲ့  ဗုဒ္ဓဟီး..အဲ..ဗုဒ္ဓဟူး ဖြစ်နေ လို့  ဘာညာပေါ့ လေ...အဲ့ လိုသာကျွတ်ကျဲနေသံနဲ့ သာမေးရတာ ဖိတ်စာက ရလယ်ဒီ ရက်မြတ်က ရွေးရတာချွေးတွေကပြန် ဟိုတယ်ဒိတ်က ဘာညာတွေအဆင့် ...အဟီးးး..အဲ့ တော့  ကျနော်ကလည်း နဂိုကကိုဂလန့် ဘက်က တွေးကြည့် တတ်တော့ ..ရယ်ကျဲကျဲနဲ့ ..ပြန်မေးခွန်းထုတ်ထောက်ပြရတယ်.
.အဲ့ ဓမ္မာတွေ သောကတွေ မဟုတ်ပဲ တဲ့ ပါတယ်ဆိုတဲ့  အတွဲတွေရော နံတူ
'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, June 10, 2015
ကြော့ ငွေမကို လိုချင်လို့  အကြံအဖန်တွေ နဲ့  မောင်စီစဉ်...
ကြော့ ငွေမကို လိုချင်လို့  အကြံအဖန်တွေ နဲ့  မောင်စီစဉ်...
----
ငွေ ကို (အနဲဆုံးတော့ ဘိုင်မပြတ်အောင် ) လိုချင်တော့  '''သူ့ ကို နိုင်လို ဆကိုခို ''' နဲ့  ''' ဓါတ်တူ နံတူ ဆေးကိုယူ...'''.. လင်္ကာစာသား ၂ ခု ကို ပေါင်းပြီး အကြံအဖန်လုပ်ယူကြတယ်...
ဓါတ်ပညာတွေမှာ ''ဓါတ်ခံ ဓါတ်အုပ်'' သဘောက ပိုထိရောက်မှု့ သဘောအရ တစ်ခါတစ်လေလိုတယ်..အောက်လမ်းတွေမှာ ကိုယ်မကျေနပ်တဲ့ သူရဲ့ ဆံပင်တွေ ဘာတွေကိုယူထားလိုက်တာက ဓါတ်ခံ..အဲ့ ဆံပင်ကို အ၀တ်စအရုပ်တွေထဲထဲ သွေးစွန်းပင်အပ်နဲ့ ထိုး ဆိုတဲ့ ကလီကမာတွေ စီရင်တာ အောက်လမ်းပညာက ဓါတ်အုပ် သဘောပဲ...ဆံပင်က မဟာဘုတ်ဓါတ်ကြီး ၄ပါ်းထဲက ပစ္စည်းအစစ်ဖြစ်လို့  ပစ္စည်းအတုဖြစ်တဲ့  ဓါတ်ပုံထက် ဓါတ်ရိုက်လို့  ပိုဓါတ်ပြေးတာမြန်တယ်ပေါ့ ...( ဆရာ့ စိတ်တန်ခိုး ပါဝါအဓိကမှာတော့  ဘာပစ္စည်းမှမလိုဘူး)
သိဘူးလေ...
ʘ‿ʘ
သိဘူးလေ...
---
လွယ်ပါပုစ် စတိတ်မှာတုန်းက စစ်ဘေးလွယ်အိပ်တွေ ဖန်စီအဖြစ် ခေတ်စားပြီး တကူးတက ကို သံဈေးက မှောင်ခိုဝယ် ဘေးစလွယ်သိုင်းပြီး လွယ်ခဲ့ တုန်းကလည်း စစ်ကြီးစိုးတော့ မှာ စစ်ပွဲတွေလာတော့ မှာတဲ့ ...
နောက်တော့ ပန်းဖွားလွယ်အိပ်တွေ လွယ်တာ နဲ့  အူနီဘာစတီကျောင်းမှာ ကွမ်းစားတာကျယ်ပြန့် လာတော့ ပြောနေပြန်ပြီ သွေးထွက်သံယိုတွေလာတော့ မယ် ဖျားတရားမမေ့ နဲ့ ရော့  ရော့  သက်တော်မြဲ ဂါထာလေးတွေ ကျက်ထား အတ်ဌာနမေတန်ဘိတ်ခဝေ..အ န၀ကာသော...ဘာညာ......ကြိုးရှုတ်ရင် နိုင်ငံရေးရှုတ်တော့ မယ်ဘာညာတွေပေါ့ ....
ရီဝေညချမ်း သုခကမ္ဘာ
ရီဝေညချမ်း သုခကမ္ဘာ
----------
ရေရှည် ကြရင် ခိုင်မာတဲ့  ကံသတ္တိိအကျိုးပေး ဖြစ်လာတယ်ဆိုတာ နေ့ တဓူဝပြုမြဲ အကျင့် က ဆယ်စုနှစ်တွေနဲ့  ချီပြီး ကြာလာတဲ့ အခါဖြစ်လာတဲ့  ခိုင်မာတဲ့  ကံ သတ္တိကြီး ဖြစ်လာတဲ့  သဘောလို့  ကျနော်က ကိုယ့် ဖြတ်သန်းမှု့ တွေကနေ ထုတ်ယူလိုက်ပါတယ်...
ပုံမှန်သိသဘောက နေ့တဓူဝ ပုံမှန် ကောင်းမှု့ လုပ်ဖြစ်နေတဲ့ သဘောပေါ့  ဥပမာ နေ့စဉ်ဝတ်မပျက် ဆွမ်းလောင်းတာ ပုတီး ပုံမှန် စိတ်နေတာ..စသဖြင့်  ကုသိုလ်ရေးတွေပေါ့ ကြာတော့  ခိုင်မာတဲ့ ကုသိုလ်ကံကြီးတစ်ခုဖြစ်လာတယ်ပေါ့ .ဆန့် ကျင်ဘက်သဘောကနေတွေးရရင် ၀က်သတ်သမားတစ်ယောက်ဟာ မနက်တိုင်း ၀က်ကောင်ရေ အများကြီးကို စူးတစ်ချက်ထဲနဲ့ တစ်ခါထိုး တစ်ကောင်သေ သတ်ပေးနေတာ ဆယ်စုနှစ်တွေနဲ့ ချီပြီး ကြာလာရင်လည်း ခိုင်မာတဲ့  အကုသိုလ်ကံ သတ္တိကြီးတစ်ခုဖြစ်လာတာပါပဲပေါ့ ...
အဖွဲ့ ဝင်ကဒ်ပြားတစ်ခုရဲ့ ရာဇ၀င်

ဇာတ်ထုတ်ရှုတ်တတ်တာ ကျနော်တို့ လောကပိစိလေးလည်း မကျန်ခဲ့ စေရဘူး..ငိငိ
-------
အဖွဲ့ ဝင်ကဒ်ပြားတစ်ခုရဲ့ ရာဇ၀င်
---------------
'' ချာကြီး ဒဗျိဆို မပုတင် ချိမချိ စစ်လိုက်ပါ..'' .အဟိ...အဲ့ တုန်းက အဲ့ လိုတွေ..နောက်တော့ လည်း အမှတ်တရကဒ်ပြားဖြစ်ကျန်ခဲ့ တာပါပဲဗျာ...ခိခိ
-------
အဖွဲ့ ဝင်ကဒ်ပြားရဲ့ ရာဇ၀င်
-------------
ဆရာကြီးက သူ စဖေါ်ထုတ်လိုက်တဲ့  မဟာဘုတ်သီဝရီသစ်တွေနဲ့  ဆန်ဆီနဲ့ န၀င်းပွဲစတိုင်တွေကို သူများတွေက ခပ်တည်တည်နဲ့  တပည့် လွှတ် လာသင်ယူ မှတ်စုတွေကနေ ကူးယူဆင့် ပွား ပုံပြောင်းပြီး အသုံးပြုနေကြတာကို လူတွေ များများသိသွားလည်း အကျိုးရှိတာပါပဲဆိုပြီး ပြဿနာ မလုပ်ပေမယ့်  တစ်ချို့ ဆရာသခင်တွေက နက္ခတ္တပညာရှင် လက္ခဏာပညာရှင်ဆိုတဲ့ စသဖြင့် စသဖြင့်  သီးခြားတန်ဘိုးနဲ့ ရှိနေတဲ့ တစ်ခြား လောကီ ပညာရပ်ခေါင်းစဉ်တွေ အောက်မှာ မဟာဘုတ် အမည်ကို အင်ပရက်ရှင် မရှိဘူး ဆိုပြီး ဖျောက်ပြီး..မှိန်ထားပြီး သုံးနေကြတာကို အစာမကြေခဲ့ ဘူး...သူက သုံးတာကို ရဲရဲသုံး ''''မဟာဘုတ်ကို မဟာဘုတ်ပါလို့ ပေါ်တင် ပြော'''ပေါ့ ..ဆိုတဲ့ သဘောကို လိုလားတယ်...ဒါကိုစိတ်တိုလို့  အဲ့ ကဒ်ပြားကိုစလုပ်တော့ တာပါပဲဗျာ...
Subscribe to:
Posts (Atom)