
ဇာတ်ထုတ်ရှုတ်တတ်တာ ကျနော်တို့ လောကပိစိလေးလည်း မကျန်ခဲ့ စေရဘူး..ငိငိ
-------
အဖွဲ့ ဝင်ကဒ်ပြားတစ်ခုရဲ့ ရာဇ၀င်
---------------
'' ချာကြီး ဒဗျိဆို မပုတင် ချိမချိ စစ်လိုက်ပါ..'' .အဟိ...အဲ့ တုန်းက အဲ့ လိုတွေ..နောက်တော့ လည်း အမှတ်တရကဒ်ပြားဖြစ်ကျန်ခဲ့ တာပါပဲဗျာ...ခိခိ
-------
အဖွဲ့ ဝင်ကဒ်ပြားရဲ့ ရာဇ၀င်
-------------
ဆရာကြီးက သူ စဖေါ်ထုတ်လိုက်တဲ့  မဟာဘုတ်သီဝရီသစ်တွေနဲ့  ဆန်ဆီနဲ့ န၀င်းပွဲစတိုင်တွေကို သူများတွေက ခပ်တည်တည်နဲ့  တပည့် လွှတ် လာသင်ယူ မှတ်စုတွေကနေ ကူးယူဆင့် ပွား ပုံပြောင်းပြီး အသုံးပြုနေကြတာကို လူတွေ များများသိသွားလည်း အကျိုးရှိတာပါပဲဆိုပြီး ပြဿနာ မလုပ်ပေမယ့်  တစ်ချို့ ဆရာသခင်တွေက နက္ခတ္တပညာရှင် လက္ခဏာပညာရှင်ဆိုတဲ့ စသဖြင့် စသဖြင့်  သီးခြားတန်ဘိုးနဲ့ ရှိနေတဲ့ တစ်ခြား လောကီ ပညာရပ်ခေါင်းစဉ်တွေ အောက်မှာ မဟာဘုတ် အမည်ကို အင်ပရက်ရှင် မရှိဘူး ဆိုပြီး ဖျောက်ပြီး..မှိန်ထားပြီး သုံးနေကြတာကို အစာမကြေခဲ့ ဘူး...သူက သုံးတာကို ရဲရဲသုံး ''''မဟာဘုတ်ကို မဟာဘုတ်ပါလို့ ပေါ်တင် ပြော'''ပေါ့ ..ဆိုတဲ့ သဘောကို လိုလားတယ်...ဒါကိုစိတ်တိုလို့  အဲ့ ကဒ်ပြားကိုစလုပ်တော့ တာပါပဲဗျာ...
ကျနော်တို့ ဆရာကိုသူ့ စိတ်ကူးချပြတော့ ဆရာက ဆရာကြီးသဘောပါတဲ့ ကျနော်တို့ ခေးတွေက ဒါမျိုး အမည်တစ်ခုအောက်မှာ အုပ်စုဖွဲ့ တာကို ဖီလင်မလာဘူး ဂျလေဘီဆန်ဆန် ဖရီးတိုက်နေတတ်တဲ့ သူတွေပါလို့ ဆရာ့ ကိုပြောပေမယ့်  ဆရာက ဆရာကြီး စိတ်ချမ်းသာရင်ပြီးရောကွာ...ဆိုလို့  ကဒ်ပြားတွေ လုပ်လိုက်ကြတယ်..တစ်ခြားသူငယ်ချင်းတွေဆီမှာ ရှိသေး မရှိသေးတော့ မသိဘူး...
ကျနော်တို့ ခေးတွေထဲက တစ်ချို့ တွေ ကြေးစားဗေဒင်သည်တွေဖြစ်လာသူတွေ ''ဗေဒင်အချုပ် မဟာဘုတ်နိဒါန်းပညာ '' ဆိုတဲ့ ခေါင်းစဉ်အောက်ကနေသာ အလုပ် လုပ်ကြပြီး တစ်ခြားခေါင်းစဉ်တွေအောင်မှာ လုံးဝမနေခဲ့ ကြတာကိုလည်း ဆရာကြီးက သဘောကျသွားတယ်...သူ့ ပညာကို ဒီလို တစ်လိုင်းထဲ သီးသန့် ပေါ်တင်အသုံးပြုကြလို့ ဆိုပြီး..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..