(^_^)
ကိုဓားမနဲ့ မသောကတို့ သည် ယနေ့ မှစ၍ နှစ်၁၀၀တိုင်..ငိငိကြပါစီ...ငိင
---------------
ခဏခဏ အထိတ်တလန့် နဲ့ အမေးခံရတယ်...စနေနဲ့ ကြာသာပတေးတနင်္ဂနွေနဲ့  ဗုဒ္ဓဟီး..အဲ..ဗုဒ္ဓဟူး ဖြစ်နေ လို့  ဘာညာပေါ့ လေ...အဲ့ လိုသာကျွတ်ကျဲနေသံနဲ့ သာမေးရတာ ဖိတ်စာက ရလယ်ဒီ ရက်မြတ်က ရွေးရတာချွေးတွေကပြန် ဟိုတယ်ဒိတ်က ဘာညာတွေအဆင့် ...အဟီးးး..အဲ့ တော့  ကျနော်ကလည်း နဂိုကကိုဂလန့် ဘက်က တွေးကြည့် တတ်တော့ ..ရယ်ကျဲကျဲနဲ့ ..ပြန်မေးခွန်းထုတ်ထောက်ပြရတယ်.
.အဲ့ ဓမ္မာတွေ သောကတွေ မဟုတ်ပဲ တဲ့ ပါတယ်ဆိုတဲ့  အတွဲတွေရော နံတူ
အတွဲတွေရော စောစောစီင်္းစီး အကွဲအပြဲတွေဖြစ်လို့ ဖြစ် ကဲကုန်လို့ ကဲကုန် ရွဲကုန်လို့ ရွဲကုန် နဲ့  ဖြစ်ကုန်တာ ကျနော့် ဆီမှာ တစ်ပုံကြီးပဲ..အပြင်မှာရောလမ်းထဲမှာရော အများကြီးရှိသေး..သူတို့ ကြတော့  ဘာလို ဟ ကုန်လဲ မေးစရာဖြစ်လာမာပေါ့ ...အိမ်ထောင်သက်တိုပါတယ်ဆိုတဲ့  ဓမ္မာ အတွဲတွေ လမ်းထဲမှာ ငယ်လင်ငယ်မယား အသက်တွေတောင် ၈၀နားကပ်နေပြီ အမျိုးထဲလည်းတစ်ပုံကြီး..သူတို့ ကြတော့ ဘာလို့ မြဲနေလဲ တွေးစရာ မကောင်းဘူးလားဗျ...လို့ ပြောလိုက်တော့ ....မျက်စိတွေလည်..၀ါးတားတားတွေဖြစ်သွားကြပါရောဗျာ..( စိတ်ပါအေးသွားကြတာ..အရေးမကြီးတဲ့ အချက်အလက်ဆိုပြီး...ဟီးဟီးး)
အမှန်တော့ ရှေးစကားတွေသဘောက တစ်ခုခုအကြောင်းမရှိပဲ ချန်ထားခဲ့ လေ့ မရှိတတ်လို့  ရှေးစကားတွေဆို ဘာကိုပြောချင်တာလဲလို့ သူ့ နောက်က ပုန်းနေတတ်တဲ့  ဖြစ်တန်ရာချေသဘောကို လိုက်စပ်စုရတာ စောင့် ကြည့် ရတာာတွေ လိုအပ်ရင် လုပ်ရတော့ တယ်...အဲ့ မှာ ..
ဒီဓမ္မာသောကတွေ အိမ်ယာထူတဲ့ အခါ ဆန့် ကျင့် ဘက်(ပညာရပ်ဆိုင်ရာ)ဓါတ်သဘောတွေ ဖြစ်လို့  ပူးဖို့ စီစဉ်တာနဲ့ အလိုလိုကန်အားတွေ စဖြစ်လာတတ်တာ တွေ့ ရပါတယ်...ယမ်းပြားနဲ့  ယမ်းမီးခြစ်ဆံ တွေ သပ်သပ်ထားရင် မီးတောက် မဖြစ်သေးပေမယ့်  ပူးသွားရင်တော့  မီး စတင်ဖြစ်လာတာမြင်ရသလိုပါပဲ....သူတို့ တွေဟာ လက်တွဲခါနီးရင် အဖုအထစ်တွေ စဖြစ်လာတာကို စိတ်ရှည်ရှည်နဲ့ ကျော်ရတာ...ယူပြီးတော့  အတူတူ ထမင်းလက်စုံ စားခွင့် က ခပ်ရှားရှား တစ်ယောက်ယောက်က သင်္ဘောသားလင်မယားလို အဝေး ခဏခဏ ထွက် အလုပ်လုပ်နေရတာမျိုး..အိမ်မကပ် အလုပ်တွေ လုပ်နေရတာ.. ၂ယောက်သား လုံးထွေးပြီး အတည့် လွန်နေရင် တစ်ယာက်ယောက်က နဲနဲနေမကောင်း ချင်သလိုဖြစ်လာ တတ်တာ... စီးပွားနှေးနေတာမျိုးတွေ...ပူညံ ပူညံ့ တွေ ဖြစ်လိုက်တာနဲ့ စီးပွားက ဘယ်လိုဘယ်လို ရောက်လာမှန်းမသိအလုပ်ဖြစ်လာသလိုလိုဖြစ်နေတတ်ပြန်တာ..စသဖြင့် သဘာဝတွေ မြင်လာရတယ်...
ဒါမျိုးတွေများတာကလွဲလို့  ကိုဓားမနဲ့ မသောက ဆိုတဲ့ အချက်အလက်တစ်ခုထဲနဲ ဘ၀ခရီးဖေါ်သက်တမ်းတိုမယ်တို့  ဘာတို့  ကောက်ချက်ဆွဲဖို့ မလုံလောက် တစ်ခြား အချက်အလက်ပေါင်း သောင်းကိုးထောင်တွေ ရှိပါသေးးးလို့ ...
အမယ်..တစ်ချို့ က နပ်တယ်..တည့် လည်းတည့်  နေလည်းကောင်း ဘဇ်နက်လည်းဂွတ် အိမ်ထောင်သက်လည်းရှည်အောင်တဲ့ ခေတ်သစ်သုဝဏ္ဏသျှံနဲ့ လာတွေ့ နေတယ်ဗျာ့ ..အာ့ နဲ့ ပြောပေးရတယ်...သူနဲ့ ကိုယ်နဲ့ ၂ နံတွဲ သစ်ပင်လေးစိုက်ထားတာ ၂ နံတွဲ အစားအစားတွေ ဘုရားခဏခဏကပ်တာ.၂ နံတွဲ ပါအောင် ဘုရားရုပ်ပွားတော်ထု အိမ်ထောင်ဦးဘုရားကိုးကွယ်တာ ဘာညာပေါ့ ဗျာ...ဆိုပါတော့ ဗျာ...စနေနဲ့ ကြာသာပတေးယူရင် ပိတောက်ပင်တို့ တမာတို့  အိမ်ရှေ့ စိုက်ထားတာ ပိတောက်သား ဘုရားထုကိုးကွယ်တာ ပေါင်မုန့် နို့ ဆမ်းတို ပေါင်မုန့် ထောပတ်သုတ်တို့  ခဏခဏ ဘုရားကပ်တာမျိုးသဘောပေါ့ ဗျာ...လို့ ဆိုတော့ မှ...ဂွတ်...တဲ့ ...( အမှန်တော့  ဓမ္မာမကလို့  အင်းဝပြောပြော ဇွတ်ယူမယ့် သူက ဇွတ်ကို ယူသွားတာချည်းပဲ.ဇွတ်.......ဟီးးး..)
.
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..