Powered By Blogger

Wednesday, June 10, 2015

ကြော့ ငွေမကို လိုချင်လို့  အကြံအဖန်တွေ နဲ့  မောင်စီစဉ်...


ကြော့ ငွေမကို လိုချင်လို့  အကြံအဖန်တွေ နဲ့  မောင်စီစဉ်...
----
ငွေ ကို (အနဲဆုံးတော့ ဘိုင်မပြတ်အောင် ) လိုချင်တော့  '''သူ့ ကို နိုင်လို ဆကိုခို ''' နဲ့  ''' ဓါတ်တူ နံတူ ဆေးကိုယူ...'''.. လင်္ကာစာသား ၂ ခု ကို ပေါင်းပြီး အကြံအဖန်လုပ်ယူကြတယ်...

ဓါတ်ပညာတွေမှာ ''ဓါတ်ခံ ဓါတ်အုပ်'' သဘောက ပိုထိရောက်မှု့ သဘောအရ တစ်ခါတစ်လေလိုတယ်..အောက်လမ်းတွေမှာ ကိုယ်မကျေနပ်တဲ့ သူရဲ့ ဆံပင်တွေ ဘာတွေကိုယူထားလိုက်တာက  ဓါတ်ခံ..အဲ့ ဆံပင်ကို အ၀တ်စအရုပ်တွေထဲထဲ သွေးစွန်းပင်အပ်နဲ့ ထိုး ဆိုတဲ့ ကလီကမာတွေ စီရင်တာ အောက်လမ်းပညာက ဓါတ်အုပ် သဘောပဲ...ဆံပင်က မဟာဘုတ်ဓါတ်ကြီး ၄ပါ်းထဲက ပစ္စည်းအစစ်ဖြစ်လို့  ပစ္စည်းအတုဖြစ်တဲ့  ဓါတ်ပုံထက် ဓါတ်ရိုက်လို့  ပိုဓါတ်ပြေးတာမြန်တယ်ပေါ့ ...( ဆရာ့ စိတ်တန်ခိုး ပါဝါအဓိကမှာတော့  ဘာပစ္စည်းမှမလိုဘူး)



ဒီတော့  တနင်္လာနံ ၀င်ငွေလေး ဘိုင်ပြတ်ပြတ်မသွားရအောင်ဆိုပြီး တကယ်သုံးနေဆဲ ငွေစက္ကူ  စင်ပေါ်တင် ပန်းကန်ပြားတင် ဘုရားအာရုံပြုပြီး အမြဲ ဖယောင်းတိုင်ထွန်းတာတွေ  ဘုရားစင်ပေါ်မှာ ငွေစက္ကူတစ်ရွက်ခင်း ပန်းကန်ပြားတွေ ဖန်ခွက်တွေနဲ့  စနေနံ အစားအစာတွေဖြစ်တဲ့  နို့ တွေ ထန်းလျက်တွေ အမြဲကပ်တာ..နဂါးရုံဘုရားကို စနေနံသား ထိန်သားတို့ ဘာတို့ နဲ့ ထုပြီး ကိုးကွယ်တာတွေ..ငွေပြတ်စပြုလာရင် စနေနံပန်းတွေ လှုတာ အမွှေးနံ့ သာရေတွေနဲ့ ရေသပ္ပါယ်တာတွေ..တနင်္လာနံထောင့်  တနင်္လာနံဘုရားတွေမှာ ရောင်တော်သွားဖွင့် တာတွေ ထုံးသင်္ကန်းကပ်တာတွေ......

စသဖြင့် စသဖြင့် ပေါ့ ..တနင်္လာနံ ငွေကိုလိုချင်လို့  စနေနံကို အမျိုးမျိုး လှည့် ပတ်ကြံစီပြီးလုပ်သွားတာ...နည်းပေါင်း သောင်းကိုးထောင်ထဲက တစ်နည်းပေါ့.ဒီလိုနည်းတွေ ကြံစီပေးနေကြတာဟာ သမာ မသမာ နည်းအမျိုးမျိုး နဲ့ မချိမဆန့် ထောနေပီးသားတွေအတွက် မဟုတ်ပဲ ဖတ်သီဖတ်သီနဲ့  လှုပ်ရှားနေရတဲ့ လူတွေအတွက် တစ်ဖက်တစ်လမ်းက အပံ့ အပိုး အကူအထောက် ရပါစေသဘောနဲ့  ကြံပေးကြ ဖန်ပေးကြတာမျိုးပေါ့ ...၀ုန်းကနဲ နိဗ္ဗာန်မဂ်ဖို ရက်တိုတိုလည်း ရောက်နိုင်မယ့် ပုံမပေါ်သေးတော့  မရောက်ခင် အသက်ရှုလေး နဲနဲ ချောင်လည်း မဆိုးပါဘူးသဘောပေါ့ 

စနေနံ ဆိုတာ.ဂုဏ် မာန အရှက်သိက္ခာတည်ကြည်မှု့  အမည်ကောင်းသဘောပဲ...ဒီတော့  ငွေချမ်းသာချင်ရင် ငွေရဖို့ ဆိုရင် ခြေသားလုံးဖက်သင့် သူဖက် လည်ပင်းတက် နင်းသင့် သူနင်း ..ခေါင်းပေါ်ရွက်ကျောပိုး ဖားသင့် သူဖားတတ်ရင် မြှောက်သင့် သူ မြှောက်ပေါင်းတတ်ရင် ( ထူးပါဘူး အရှက်တွေ လျှော့ ချပြီး မျက်နှာနဲနဲ ပြောင်ပေးလိုက်ရင် ပုံမှန်ထက် ပိုပိုသာသာလေး ငွေရဖို့ လွယ်ပါတယ်လိုစ့် )

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..