Powered By Blogger
Wednesday, June 10, 2015
သိဘူးလေ...
ʘ‿ʘ
သိဘူးလေ...
---
လွယ်ပါပုစ် စတိတ်မှာတုန်းက စစ်ဘေးလွယ်အိပ်တွေ ဖန်စီအဖြစ် ခေတ်စားပြီး တကူးတက ကို သံဈေးက မှောင်ခိုဝယ် ဘေးစလွယ်သိုင်းပြီး လွယ်ခဲ့ တုန်းကလည်း စစ်ကြီးစိုးတော့ မှာ စစ်ပွဲတွေလာတော့ မှာတဲ့ ...
နောက်တော့ ပန်းဖွားလွယ်အိပ်တွေ လွယ်တာ နဲ့  အူနီဘာစတီကျောင်းမှာ ကွမ်းစားတာကျယ်ပြန့် လာတော့ ပြောနေပြန်ပြီ  သွေးထွက်သံယိုတွေလာတော့ မယ် ဖျားတရားမမေ့ နဲ့ ရော့  ရော့  သက်တော်မြဲ ဂါထာလေးတွေ ကျက်ထား အတ်ဌာနမေတန်ဘိတ်ခဝေ..အ န၀ကာသော...ဘာညာ......ကြိုးရှုတ်ရင် နိုင်ငံရေးရှုတ်တော့ မယ်ဘာညာတွေပေါ့ ....
နားထောင်ကောင်းခဲ့ သားဗျ..ဟုတ်သလိုလို ဘာလိုလို...ဒါပေမယ့်  အခု ခေတ်စားနေတာ ဘာတွေ...အဲ့ ဒါ ဘယ်လိုဖြစ်မှာလဲ မေးလိုက်ရင် ဘယ်တုန်းကတည်းက မျက်စိနောက်နေလဲမသိဘူး....ကောင်းတာကို မပါဘူး..အာ့ နဲ့ ကိုယ့် ရဲ့ ဖယိုဖရဲ နေချင်သလိုနေ စားချင်သလိုစား ပေါက်လွှတ်ပဲစားစတိုင် ဖြစ်နေတဲ့  သရုပ်ပျက်နေပုံဘက် မြှားဦးလှည့် လာမှာ စိုးတာနဲ့ အဲ့ ရှေ့ မီနောက်မီ လူကြီးဆိုသဟာတွေကို သိပ်မမေးရဲတော့ ဘူး...အဟီးး..လွယ်ပါပုစ်..
''' ဒါနဲ့ ဘာတွေခေတ်စားလည်းကွယ့် ...?.''' ..ဟွတ်ကဲ့ အဘ...စိတ်ကူးတဲ့ ရာတွေ လျှောက်လုပ်နေကြတာတွေ ခေတ်စားနေပါတယ် အဘ..'''' .'''အေး..အေး..အဲ့ ဒါ.က..ငင့် ......အဲ့ ဒီ့ စိတ်ကူးတဲ့ ရာကြီင်္းကို ငါက ဘီလို ဘီလိုလုပ်ပြီး နမိတ်လိုက်ကောက်ရမှာတုန်းဟ.''' ..''''  သိဘူးလေ...အဘက အဘဆိုတော့  ကောက်ချင်ရာကောက်ပေါ့ အဘရာ.....အဟီးး..''' ..ခ်ခ်ခ်..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..