Powered By Blogger
Wednesday, July 15, 2015
ဓါတ်
ဓါတ်
------
ဟိုနေ့ က ဆပွတ်သားမရှိရင် ဘယ်လိုလုပ်မလဲလို့ ဆရာ့ ကိုမေးတော့  ဆပွတ်သားရဲ့  သစ်ရွက်ဆောင်ရိုက်ပါ လို့ ဖြေတဲ့ အကြောင်း လောကီပညာခွင်သဘောအရဆိုခဲ့ တယ်
ဒေါသတရား
ဒေါသ
---------
တစ်ခါတစ်လေတော့ လည်းတွေးမိသား တစ်ခါတစ်လေ ရွှေပြည်အေးလေတွေသာ စာလေးရေးပြီး လွှတ်တာ..ကိုယ့် ဒေါသကတော့   ဘယ်လောက်ယူနစ်အထိ ရှိလည်းဆိုတာ အပြင်မှာ လေစိမ်းတွေ ဒဲ့ လာအတိုက်မခံရဘူးသေးတော့ မသိဘူး..
ငယ်တုန်းက ရန်ဖြစ်တာမျိုးက ပုံမှန်သဘောမို့ ဘ၀ပြဿနာလို့ ရေးကြီးခွင်ကျယ်လုပ်မပြောလောက်ပါဘူး..
ဘ၀ထဲကျင်လည်လာပြီးနောက်ပိုင်း ၀မ်းဘိုင်ဝမ်း မျက်နှာတဲ့ တဲ့ ကြည့် ပြီး အဆဲမခံရဘူးသေးတော့  ....
အဲ့ လိုများ အပြင်မှာ နာ့ မျက်နှာဒဲ့ ကြည့် ပြီး ဘလိုင်းကြီး လာအဆဲခံရရင် ခံနိုင်ရည်ရှိပါ့ မလားတွေးကြည့် တာ
... တွေးယုံနဲ့ တင် ဒေါသဖြစ် သွေးတွေ ဆူလာသလိုလို...ဟီးဟီး..
အဲ အဲ့ မှာ အဲ့ လို ကိုယ့် မျက်နှာကြည့်  ကိုယ့် တင်မက ကိုယ့် မိဘပါ ရောအဆဲခံရတာကို
သိပ်ကို သီးခံပြသွားတဲ့ သူကို အံ့ ချက် တွေဘာတွေဖြစ်ကုန်တာ့ တာပါပဲ
ကျနော်သာ သူ့ နေရာဆို ဖြစ်ချင်ရာဖြစ်..နောက်မှရှင်းမယ်ဆိုပြီး...
အနားက တွေ့ ကရာ တုတ်နဲ့ ပြန်ကောက်ရိုက်မိမယ်နဲ့ တူပါရဲ့ လို့  ...အဟီးးး..
စကား တရား ခရီးသည် အလှု....
စကား..
-----
စကား
တရားလည်း ရနိုင်တယ်
ဓားမအသွားလည်း ဖြစ်နိုင်တယ် ။
တရား
^_^.^_^
တရားမရသေးတာက
ငရဲမကျနိုင်သေး...
တရားကို လွှင့် ပစ်လိုက်တာ
တရားကို တလွဲလုပ်တာ
တရားကို တက်နင်းတာ
တရားကို ဓါတ်တိုင်မှာကြိုးနဲ့ တုတ်တာ
တရားကို နံပတ်တုတ်တွေနဲ့ ရိုက်တာ
တရားကို သေနတ်ဒင်နဲ့ ထုတာ
တရားကို မီးလောင်ဗုံးနဲ့ ပစ်တာ
တရားကို ဘူဒိုဇာနဲ့ ဖြိုတာ
တရားကို အမှု့ ဆင်တာ
တရားကို ထောင်ထဲထည့် တာ
တရားကို လာဘ်ထိုးလိုရာခိုင်းတာ
တရားကို စင်ပေါ်တင်ဆဲတာ
တရားကို ခုတုံးလုပ်တာ
တရားကို........
စသဖြင့် စသဖြင့် တွေက
ငရဲသို့ ကျ
ပြာနာတိပြာတာ ဖြစ်သွားနိုင်လေသည်။  ။
ခရီးသည်ကြီး
---
''မိုးစွေ အုံ့ ခါ
 ရွာတုံ သာလှ ''
လှချင်ရင်လှ
မလှချင်နေ
ကံစေရာလျှောက်
ရောက်ရာပေါက်ရာ
လျှောက်လာခဲ့ ရင်း
ဖြတ်ကနဲလေး
တွေးမိလိုက်တာ.....
''အင်းးးးးး.....
အာလူးပူရီ ပူပူလေး နဲ့ ဆိတ်သားကင်ချောင်းလေး
သံပြာသီးလေးပွတ်ပြီးဝါးတီးဖွင့် ရရင် ကောင်းမှာပဲ..''..လိုစ့် ..ခ်ခ်  ။
'''ကုန်သည်ကြီး အလှု  ''
-------
ဘယ်နေရာကို လှုရင်
ပိုမြတ်တယ်ဆိုတော့ 
ပိုမြတ်နိုင်တဲ့ နေရာ
ပိုလှုဖြစ်ပါတယ် ။   ။
စိတ်
စိတ်
---
အခြေအနေတစ်ခုထဲကိုပဲ ကိုယ် စိတ်ပူတာကို သူက သူ့ ဘ၀အတွက်ကြတော့ အပျော်ဖြစ်သွားတာမျိုးတွေ တစ်ပုံကြီးပဲ..
..ဒါကြောင့် တစ်ခါတစ်လေ ဗေဒင်နဲ့ ပုံမှန်သဘာဝအရ မကောင်းဘူးလို့ ထင်တဲ့ အရာတွေဟာ တစ်ချို့ တွေအတွက် ကောင်းတယ်လို့ ဖြစ်လာတတ်လို့  အကောင်းအဆိုးသဘောတောင် ပုံသေ စကားဆိုရခက်တယ်လို့ ဆိုနေတာပါ
အင်္ဂါသက်ရောက်လင်မယားအကြာင်း
အမျိုးသားက ၁၃၀၉ခုဖွား သောကြာသား အခု ၆၈ နှစ် အင်္ဂါသက်ရောက်ထဲမှာ
အမျိုးသမီးက ၁၃၁၃ ခုဖွား ဗုဒ္ဓဟူးသမီး  အခု ၆၄ နှစ် သူလည်း အင်္ဂါသက်ရောက်ထဲမှာ...မြိတ်က.
ဟိုတလောကတဲ့  သူတို့ ဆိုင်မှာ ၀င်လိမ်သွားတာ သိန်း ၂၀၀ဖိုးလောက် ပါသွားတယ်လို့ ပြောတယ်ဗျ..
မိန်းမ ဆိုင်ထိုင်တုန်းဖြစ်သွားတာလို့ ဆိုတယ်...အဲ့ မှာ ၁၃ခုဖွား .ဗုဒ္ဓဟူးသမီး ဆိုတာ ၄ ကြွင်းဆိုတာ သတိထားလိုက်လို့ ရတယ်
၎ကြွင်းအမျိုးသမီးတွေက လိမ်ရလွယ်တာက ဖေါ်လျိုးနောက်ကို မျောသွားတာ လွယ်လို့ ပဲ သူတို့ ကိုယ်တိုင်က ဖေါ်လျိုကို သာယာလွယ်တယ်
သုညကြွင်းကိုတော့ လိမ်ရတာခက်တယ် သူတို့ က နဂိုထဲက သံသယသမားတွေ သူများကို အလွယ်တကူ မယုံတတ်တဲ့ အပြင် ကိုယ့် အိပ်ထဲကပါသွားမှာကို ပိုစိုးရိမ်တတ်တယ်.
ဒါလေး အသိပေးတာပါ...လင်နဲ့ မယား အင်္ဂါ သက်ရောက် အတူတူဖြတ်နေတုန်း ပိုက်ဆံပလုံပုံလေး..
ရဲတော့ တိုင်ပုံမရဘူး...လူမသိစေချင်ဘူးနဲ့ တူပါရဲ့ 
နှင်းဆီ....
အရိုင်းနှင်းဆီ....
'' မီးလျံနှင်းဆီ (ခ) ပဉ္စလက်နှင်းဆီ(ခ) လေလွင့် နှင်းဆီ(ခ) နတ်ဆိုးနှင်းဆီ(ခ)
 ဆယ်နှစ်ကြိုးနှင်းဆီ(ခ) သူယောင်နှင်းဆီ(ခ) ကဝေနှင်းဆီ(ခ)အသည်းခွဲ နှင်းဆီ(ခ) စုန်းနှင်းဆီ .''......  
''စပ်စလူးနှင်းဆီ(ခ) ကလက်တက်တက်နှင်းဆီ(ခ) ကလပ်နှင်းဆီ(ခ)ညနှင်းဆီ(ခ)ရမက်နှင်းဆီ(ခ)ပန်းဆိုးတန်းနှင်းဆီ...''
ရောင်စုံနှင်းဆီ (ခ) တက်ကနီကာလာနှင်းဆီ (ခ)  မာယာနှင်းဆီ(ခ) ဘ၀ပျက်နှင်းဆီ......
လာခြင်းကောင်းခြင်း မကောင်းခြင်း
လာခြင်းကောင်းခြင်း မကောင်းခြင်း
-----------
ဗေဒင်အလုပ်သဘောရဲ့ လက်တွေ့ ခွင်တွေက မလုပ်မိခင်က ထင်သလို ဒီလောက်မရိုးစင်းဘူး..စာတွေအဖတ်များထားလို့ သာလို့ ဆိုရမလိုပါပဲ ပြဿနာဆိုတာ
မရိုးရဘူးဆိုသလိုပဲ..
လူတွေက ကိုယ့် ဖီလင်နဲ ကိုယ်ချည်းသဘောရှိတယ်...ကလေးတစ်ယောက်ကို အမည်ပေးရင် ဇာတာက ဘုန်းကြီးဖြစ်မယ့် ကလေး သီလရှင်လေးဖြစ်မယ့် ပုံလို့ ပြောရင် စာအလိုရတို့ ဘာသာရေး ခရေဇီတွေတစ်ချို့ ကတော ၀မ်းသာကောင်းဝမ်းသာပြမယ် လက်တွေ့ မှာတော့  နောက်ပြောလေးထောက်ကြည့် တာတောင် ၀မ်းသာသလို မဖြစ်တဲ့ အပြင်
ဟင် တွေဘာတွေဖြစ်ပြီး တကယ်ကြီးလားလို့ ဖြုံသွားတာ မိဘတွေ အတော်များများတွေ့ ခဲ့ ရလို့ ဘုရားအဖေ သူ့ သားကို ဘုရားမဖြစ်စေချင်ပဲ ရှင်ဘုရင်ပဲဖြစ်စေချင်တာ ဟုတ်လောက်တယ်လို့ တွေးကြည့် လို့ ရတာပေါ့ 
မမြင်ရတဲ့ မြေဖုတ်ဆိုးတွေရဲ့ ပရလောကသဘော
မမြင်ရတဲ့ မြေဖုတ်ဆိုးတွေရဲ့ ပရလောကသဘော
-------------------
ကန်ထရိုက်တွေ ခေတ်ထတုန်းကပေါ့  ကျနော်တို့ ဂရုတွေ ဆရာနဲ့ တွဲနေတုန်း ကန်ထရိုက်တစ်ယောက်က ဆရာ့ ဆီအကူအညီတောင်းလာပုံက
ကမ္ဘာကိုဖျက်မယ့် လူ နဲ့ '''ကိုယ်ပိုင် စစ်တပ်ရှိနေတိုင်း လွတ်လပ်ရေး မဆုံးရှုံးပါလို့ '''
ကမ္ဘာကိုဖျက်မယ့် လူ နဲ့ '''ကိုယ်ပိုင် စစ်တပ်ရှိနေတိုင်း လွတ်လပ်ရေး မဆုံးရှုံးပါလို့ '''
-----