-----
ပညာရဲ့ သဘော စာအုပ်ကိုဖတ်နေရင်း အထဲက တစ်နေရာမှာ အနုမြူကိစ္စပါလာတယ် အနုမြူဓါတ်ခွဲတဲ့ နည်းပညာကို ဂျပန်ရောဂျာမဏီ မှာသိနေကြပြီ သူတို့ ကဗုံးအထိ မလုပ်နိုင်သေးတာလေးပဲရှိတော့ တယ် အဲ့ အတွက် ကြိုးစားနေပေမယ့် နှေးနေချက်က အဲ့ ကဏ္ဍမှာ ပညာရှင်အားနဲနေတယ်ပေါ့  အဲ့ ဒါကို ဒီဘက်က အထူးသဖြင့်  အမေရိကန်တွေက သူတို့ တွေ ဓါတ်ခွဲ နေနိုင်ပြီဆိုတာလောက်ကို သိနေပေမယ့် ဗုံးအထိ ကြံနေတယ်လို့ မထင်သေးဘူး နောက်တော့  ခေါင်းဆောင်ချင်းသတင်းဖလှယ်ရာကနေဗုံးလုပ်ဖို့ ကြံနေကြတာကိုလည်းသိသွားရော အမေရိကန်တွေက ပညာရှင်တွေကို စုလိုက်တယ်
..အဲ့ မှာ ပညာရှင်သဘောထွက်လာတာက အမေရိကန်မှာအိုင်းစတိုင်းတို့ လို ထိပ်တန်းပညာရှင်တွေ အများကြီးရှိနေပြီးသားဖြစ်နေတယ်လို့ ဆိုတယ် အဲ့ အားတွေကြောင့်  အနုမြူဗုံးကို အရင်စလုပ်နိုင်ခဲ့ ပြီး
စအသုံးပြုနိုင်ခဲ့ တယ်လို့ ဆိုတယ်အိုင်းစတိုင်းတို့ လို့ ပညာရှင်တွေကလည်း မတတ်သာလွန်းလို့ သာ ဗုံးလုပ်ထဲအထိ ကူညီခဲ့ ရပေမယ့်  သေတဲ့ အထိ စိတ်မကောင်းဖြစ်သွားခဲ့ တယ်လို့ ဆိုတယ်
ပညာရှင်အားကောင်းရင် ဆိုတဲ့ ပညာရဲ့ သဘော စာအုပ်ပါ..
ကျနော်တို့  ဒီဘက်က တွေးနေတာက ငြိမ်းချမ်းရေးအတွက် စစ်ကို အနုမြူဗုံးနဲ့  အဆုံးသတ်ပစ်ရတယ်ဆိုတဲ့ အပြောတွေ ကြားဖူးခဲ့ တာကို ပြန်တွေးနေတာ..
( အင်အားအပေါ်အခြေခံပြီးခေါင်းမာနေလွန်းသူကို သူ့ ထက်သာတဲ့  အင်အားနဲ့ ပြန်နှိပ်ကွပ်မှ မာန်ကျသွားတယ်ဆိုတဲ့ အဖြစ်တွေ စာပေတွေတစ်ချို့ မှာ..စသဖြင့် တွေ နဲ့ 
ရုပ်ခွန်အား အကြီးဆုံး ဆင်ခြင်္သေ့ ကျား ဝေလငါး စသဖြင့် လို့  အကောင်တွေဟာ လူ့ ထက် အဆင့် နိမ့် တယ်လို့ ဆိုပေမယ့်  ဥာဏ်ရည် ယဉ်ကျေးမှု့ မြင့် တယ်ဆိုတဲ့ လူမျိုးနွယ်တွေလို ကမ္ဘာဖျက် လက်နက်တွေနဲ့  ကမ္ဘာကိုပျက်စေဖို့ မလုပ်နိုင်ကြပါဘူးပေါ့  ကမ္ဘာပျက်ခြင်း ပျက်ရင် အဲ့ ဒီ့  တိရိစ္ဆာန်တွေထက် ယဉ်ကျေးမှု့ မြင့် တယ်ဆိုတဲ့ လူမျိုးနွယ်တွေကြောင့် ပဲ ပျက်လောက်မှာပါပေါ့ လေ...
နောက်တစ်ခါ ပါးစပ်တွေကို အလွယ်တကူ မယုံကြည်ရတဲ့ သဘောတွေကို စာချုပ်တွေက သက်သေပြနေသလို အဲ့ စာချုပ်တွေပါ အာမမခံနိုင်ဘူးဆိုတာ ပဋိဥာဉ်စာချုပ်ဖေါက်ဖျက်မှု့ တွေ
တစ်ပုံကြီးကရော ကမ္ဘာစစ် ၂ စစ်စလုံးက ၂ဖက်အုပ်စု စလုံးက သဘောတူထားတဲ့ စစ်ပြေငြိမ်းရေး စာချုပ်တွေက တစ်ဖက်က စ မလိုက်နာတော့ ပဲ ဖေါက်ဖျက်ပစ်လာတွေက စတာဆိုတာက သက်သေပါပဲဆိုတာကနေ
စစ်တပ်မရှိရင် မဖြစ်ဖူးဆိုတဲ့ စကားလုံးကို စစ်ပွဲတွေနဲ့  ဆက်စပ်တွေးနေရင်းက ကမ္ဘာပေါ်က လွတ်လပ်ရေး ဆုံးရှုံးခဲ့ ဘူးတဲ့ ဒေသတိုင်း တိုင်းပြည်တိုင်းလိုလိုမှာ အုပ်ချဲပ်သူတွေရဲ့ ကိုယ်ပိုင် စစ်တပ်ကြီးတွေ ရှိနေပါလျက်ကနေ အုပ်ချုပ်ရေးရော တိုင်းပြည်ရော.လွတ်လပ်ရေးတွေ ဆုံးရှုံးကုန်တာပါပဲလို့ တွေးမိတော့  ကိုယ်ပိုင် စစ်တပ်ရှိနေတိုင်း လွတ်လတ်ရေးမဆုံးရှုံးပါလို့ ပုံသေယုံထားလို့ မရတာကို ဒုတိယကမ္ဘာစစ်မှာ ဂျာမဏီက တစ်ခြား ပြင်သစ်တို့ လို့ စစ်တပ်ကြီးတွေရှိတဲ့ ဥရောပနိုင်ငံတွေ ပတ်သိမ်းပစ်ခဲ့ တာကို သက်သေထုတ်ရင်းးးး......။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..