ဓါတ်
------
ဟိုနေ့ က ဆပွတ်သားမရှိရင် ဘယ်လိုလုပ်မလဲလို့ ဆရာ့ ကိုမေးတော့  ဆပွတ်သားရဲ့  သစ်ရွက်ဆောင်ရိုက်ပါ လို့ ဖြေတဲ့ အကြောင်း လောကီပညာခွင်သဘောအရဆိုခဲ့ တယ်
အဲ့ အချိန်မှာ လာသမျှ ဘာနေ့ သားမှ မရှောင်ပဲ န၀င်းရိုက်ပေးနေတာ လူတော်တော်များနေပြီ...အဲ့ လို အကုန် န၀င်းရိုက်ပေးနေတာကို သိနေတဲ့ ဘော်ဒါတွေက စိုးရိမ်တယ်ကျနော့် ကို ဓါတ်ပြန်ခိုက်မှာကိုပေါ့ ...ကျနော်က ၁ ကြွင်းပီပီပဲဆိုရမလားတော့ မသိဘူး..ကိုယ်လုပ်ချင်တာကို တကယ်လုပ်ပြီဆိုရင် သေခြင်းကိုတောင် သိပ်ထည့် တွက်တာမဟုတ်တော့ ဘူးနဲနဲတော့  ဇွတ် နိုင်တယ်...စာစုံတော့ ဖတ်တယ် ဒီတော့  စာတွေထဲက သဘောတရားတွေကို ကိုယ့် ဘရိမ်းနဲ့ ကိုယ်ချိန်ဆတယ် ဆင်ခြင်တုံမဲ့  ရမ်းသရူးတော့ လည်း လျှောက်မလုပ်ပါဘူး..
အဲ့ လို ၇နေ့ သားသမီးကို တစ်ယောက်ထဲ ဒိုင်ခံ န၀င်း ရိုက်လွှတ်နေရဲတဲ့ အကြောင်းပြချက်က ကျနော့် စိတ်မှာ ခိုင်လုံတဲ့ အကြောင်းပြချက်ကြီးတစ်ခုရှိထားလို့ ပဲ
အဲ့ ဒါက ဓါတ်တကာဓါတ်မှာ ''' မေတ္တာဓါတ် ''က အင်အားအကြီးဆုံးပဲ...မိခင်ရဲ့ သွေးသားက သူ့ ရင်သွေးအတွက် နို့ အဖြစ်အသွင်ပြောင်းသွားတာသားသမီးအပေါ်ထားလိုက်တဲ့  မေတ္တာဓါတ်ကြောင့် သဘောပေါ့  ကိုယ် န၀င်းရိုက်ပေးနေတာ သူ့ ဆီက ပိုက်ဆံထက် သူတို့ တွေ အသက်ရူချောင်သင့် သလောက်ချောင်သွားပါစေ လောကဓံတရားဆိုးတွေက သက်သာနိုင်သလောက်သက်သာသွားပါစေဆိုတဲ့  အာရုံကို ပိုညွှတ်ထားသလို သူတို့ ကို န၀င်းရိုက်လိုက်လို့ ကိုယ့် မှာ စိုက်အဖက်ဝင်မယ်ဆို အ၀င်ခံလိုက်မယ်ဆိုတဲ့ စိတ်ကို နဂိုကတည်းက နှလုံးသွင်းထားလို့  ဒီလို လက်ရဲဇက်ရဲ လုပ်နေခဲ့ တာပါပဲ..
လောဘဇောစိတ်ကပ်နေရင် ဒေါသတွေဖြစ်နေရင် ရိုက်ပေးချင်စိတ်မရှိရင် ကိုယ့် စိတ်စေတနာကိုက မစင်ကြယ်ဘူးလို့ ကိုယ့် ဟာကိုယ်ထင်နေရင် န၀င်းပွဲတွေ န၀င်းရိုက်တာတွေ လုံးဝမလုပ်ခဲ့ ဘူး...ဒီင်္လို စတိုင်နဲ့ ရပ်တည်လာတာ ကြာခဲ့ ပြီ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..