မမြင်ရတဲ့ မြေဖုတ်ဆိုးတွေရဲ့ ပရလောကသဘော
-------------------
ကန်ထရိုက်တွေ ခေတ်ထတုန်းကပေါ့  ကျနော်တို့ ဂရုတွေ ဆရာနဲ့ တွဲနေတုန်း ကန်ထရိုက်တစ်ယောက်က ဆရာ့ ဆီအကူအညီတောင်းလာပုံက
မရမ်းကုန်းဘက်မှာဆောက်လက်စကန်ထရိုက်တာမှာ လူပြုတ်ကျပြီးတော့ လည်း ရှောတယ် တစ်ခြားကွိုင်ပေါင်းစုံတွေလည်းဝင်နေတယ် သမားရိုးကျတော့ မဟုတ်လောက်ဘူး အခုဆောက်နေတဲ့ နေရာက မြေကြမ်းတယ်လို့ ပြောကြတယ် အဲ့ ဒါလိုက်ရှင်းပေးစေချင်တယ်လို့ ဆိုလာတယ်
ဆရာက မျက်နှာနာနေလို့  လိုက်ပေးမယ်ပြောပြီး လိုက်သွားရောဆိုပါတော့  ကျနော်တို့ တွေလည်း ပါသွားတာပေါ့ ..အဲ့ မှာ မြေရှင်းကြတယ်...အဲ့ အထိကအေးဆေးပဲ..နောက်နေ့ ကြမှ ကျနော့် သူငယ်ချင်း တနင်္ဂနွေသားက မနက်အိပ်ယာထတော့  ညာခြေထောက်က ယောင်မို့ ပြီးထောက်မရတော့ ဘူး..သူက
ပထမတော့  စိတ်ကထင့် ကနဲဖြစ်သွားပေမယ့်  နောက်တော့ ပင့် ကူရှပ်သလိုလိုလောက်ထင်လိုက်ရင်း ဆိုင်ကိုထော့ နဲ့ ထော့ နဲ့ နဲ့ လာတယ် ..ဆရာကတွေ့ တော့ မေးတော့ ဘာဖြစ်မှန်းမသိဘူး မနက်ထတော့ အဲ့ လိုဖြစ်နေတာလို့ ပြန်ပြောလိုက်တယ် ခြေဖ၀ါးကို စေ့ စေ့ စပ်စပ်ကြည့် ပေမယ့်  ဘာအပေါက်အရှဒဏ်ရာမှမတွေ့ ရဘူး
ဒါနဲ့ ဓါတ်မှန်ရိုက်ကြည့် လို့ ဆိုတော့ ဓါတ်မှန်ရိုက်တော့ လည်ူ ဓါတ်မှန်ထဲမှာ ပုံမှန်ပဲ အရိုးအက်တာ သွေးကြောထုံးတာတွေ ဘာညာတွေမရှိဘူး ဒါနဲ့ ဆရာက တစ်ချက်ပြန်စဉ်းစားပြီး သူငယ်ချင်းကို ယတြာလုပ်ပေးလိုက်တယ်....ပြီးမှ နောက်တစ်ခါ ဓါတ်မှန်ရိုက်ကြည့် တော့ မှ အသားနက်နက်ထဲမှ ခပ်မဲမဲ အချောင်းရာလေး တစ်ခု တွေ့ လိုက်ရတယ်..
အဲ့ တော့ မှ ကျနော့် အိမ်ဘေးကဆေးခန်းမှာ လာခွဲထုတ်လိုက်တော့  အံ့ သြစရာက လက်သန်းအဆစ် တစ်ဝက်စာကျော်လောက်ရှည်တဲ့ ဆူးတစ်ချောင်းအမာစားကိုတွေ့ လိုက်ရတယ် ဆူးရိုးက
သစ်မင်းဆူးရိုး နှင်းဆီဆူးးရိုးလောက် တုတ်နေတာ အပေါက်ရာမရှိပဲ ဘယ်လိုလုပ် အသားနက်နက် ခြေဖ၀ါးစောင် အလယ်ခေါင်ထဲ တက် စိုက်ဝင်နေသလဲကို တွေးရခက်ကြီးတွေဖြစ်ကုန်တယ်
နောက်တော့ ဆရာက ရှင်းပြတယ် အဲ့ တနင်္လာသား ကန်ထရိုက်မြေနေရာကို သွားရှင်းချိန်က ဂုရုတိုင်..အဲ့ အချိန်မှာ ဆရာ က ဗုဒ္ဒဟူးသားခိုက်ရောက်ချိန်ဖြစ်နေတယ်...ဒီတော့ မြေဖုတ်ဆိုးတွေက
သူတို့ မောင်ပိုင်စီးထားတဲ့ မြေကို လာရှင်းရမလားဆိုပြီး အစာမကြေတတ်ဘူး ပညာနဲ့ ရှင်းရင် မြေဖုတ်ဆိုးတွေက ဘုံပျောက်တော့ မှာ အဲ့ အတွက် ဆရာကို ပြဿနာရှာတယ် ဆရာကိုပြဿနာရှာမရတော့ ဆရာနဲ့ ပါလာသူတွေထဲက ကံနဲနဲနိမ့် နေတဲ့ တပည့် တစ်ယောက်ကို ရစ်လွှတ်လိုက်တာလို့ ဆိုတယ်
ဒီလို သဘောအတွေ့ အကြုံတွေက ဒီတစ်ခုတင်မကပါဘူး..ဒါကြောင့်  ကျနော်က အောက်ဒိုး မထွက်လို့ ပြောတာပါ အရင်က ထွက်လိုက်တုန်းကလည်း ကိုယ့် ကိုယ်ကို ကာဗာတွေအရင်လုပ် ကိုယ့် ဟာကိုယ် န၀င်းရှင်းကိုယ့် ကာဗာအဆောင် ဆောင်ပြီးမှ အခါတွေ သဘော အသေအခြာရွေးလိုက်ခဲ့ တာ..ဒါတောင် စိတ်မချသေးလို့ ကိုယ့် အိမ်ကိုယ်ပြန်ရောက်ရင် ကိုယ့် ဟာကို န၀င်းပြန်ရှင်း ကိုယ့် အိမ်ကိုယ်ပါ အိမ်ပြန်သန့် လုပ်ရတာအလွန်အလုပ်ရှုပ်တယ်.. အဆင်မသင့် ရင် ကိုယ်က ကားသွားမှာ ရတာက ၂ပဲခြောက်ပြားရယ် ကိုယ့် ဘေးကိုယ်တော့ ကြည့် ရသေးတယ်....တစ်ချို့ တွေကတော့ ပရလောကအကြောင်း အထာပေါက်လို့  အပြင် မလိုက်ချင်တာနဲ့  သုံးလေးငါးပုံးစွတ်ပြောတဲ့  ကျနော်
ဆို ဆိုသလောက် ပေးပြီး ခြံလိုက်ရှင်းဖို့ ခေါ်တယ် အရင်ကတော့ လိုက်ပေးသေးတယ်
မြေရှင်း ခြံရှင်း အိမ်ရှင်း သူများဆီလိုက်ရတာ အပေါ်ယံကတော့ ပါးပါးလေးပဲ မမြင်ရတဲ့ ပရလောကဆိုတာ ကိုယ်တွေ့ ကြုံမှ ကားကနဲဖြစ်ကုန်တာမျိုးပဲ ခုတော့  အောက်ဒိုးဆို တာ့ တာပါပဲ....ဟီးးးးး
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..