Powered By Blogger

Tuesday, May 12, 2015

ဂြိုလ်အိပ် နဲ့  သက်ရောက်ကို တွဲကြည့် လိုက်ရင် ဘယ်လိုတွေလုပ်စားနေရမလဲဆိုတာ...




ဂြိုလ်အိပ် နဲ့  သက်ရောက်ကို တွဲကြည့် လိုက်ရင် ဘယ်လိုတွေလုပ်စားနေရမလဲဆိုတာ...
--------------
ဆိုပါတော့  တနင်္ဂနွေ တွေဟာ အသက် ၆ နှစ်+ အသက် ၁၅ နှစ် = အသက် ၂၁ အထိဟာ တနင်္ဂနွေဂြိုလ်အိပ်နဲ့  တနင်္လာဂြိုလ်အိပ် ၂ ခုထဲမှာ ဖြစ်လို့  မဆိုးပါဘူးပေါ့ ..ပါးပါးလေး
နေလို့ ရပါသေးပေါ့ ..အသက် ၂၂ ကြတော့  အင်္ဂါ ဂြိုလ်အိပ် ၈ နှစ်ကို ပြောင်းထိုင်ပါပြီ....ဒီတော့  တနင်္ဂနွေတွေဟာ အသက် ၂၂ကနေ အသက် ( ၂၁+၈=၂၉) အသက် ၂၉
အထိ မပါးတော့ ပါဘူး...စိတ်ရုပ် ၂ပါး ၀ီရိယထား ဘ၀ကို ခွန်အားအပြည့် ထည့်  မောင်းရပြီဆိုတာ အင်္ဂါဂြိုလ်အိပ် ၈ နှစ်တာကို ထောက်ပြီး မြင်လိုက်ပါပြီ....

ပထမပိုင်း အသက် ၂၁ နှစ်အထိမှာ ဂြိုလ်အိပ်ကောင်း ၂ ခွင်ဆက်လာလို့  အဲ့  ၂၁ နှစ်ထဲမှာ သက်ရောက်မကောင်းလဲ အပြီးပြိုလဲမသွားသေးပဲဂြိုလ်အိပ်အကောင်းက မျက်နှာသာပေးနေ ပါသေးတယ်ပေါ့ ....



အသက် ၂၂ကနေ ၂၉ ကြားဟာ ဂြိုလ်အိပ် က အင်္ဂါ ဂြိုလ်အိပ် ၈ နှစ်က ခံထားလို့  အသက် ၂၃တွေ ၂၄ တွေ ၂၅ တွေဆိုတဲ့  သက်ရောက်ကောင်းလည်း ကိုယ့် ဟာကိုယ်ထမောင်းမှ  အလုပ်ဖြစ်ပါတယ်....

အသက် ၂၇ ၊ ၂၈၊ ၂၉ တွေကတော့  သက်ရောက် ဂါ+ ဟူး+ စနေ သုံးနှစ်ဖြစ်တဲ့ အပြင် ဂြိုလ်အိပ် ကလည်း အင်္ဂါ ဂြိုလ်အိပ် ၈ နှစ်ထဲမှာ ဖြစ်နေလို့  ဂြိုလ်အိပ်ရော သက်ရောက်ကပါ မျက်နှာသာအပေးမခံရတော့ သလို ဖြစ်သွားတာကြောင့်  ကံ ကို အသာခေါက် ..ကိုယ့်  ဆင်ခြင်တုံတရားတွေ ...ကြိုးစားမှု့ ဝီရိယတွေနဲ့  စိတ်ရှည်ရှည်ထား
ကျမ္မာရေး ဂရုစိုက်ပြီး စိတ်ရောလူပါ မနားရအောင် အသားကုန်မောင်းယူရပါတယ်လို့ မြင်နိုင်ပါပြီ ...အတိတ်ကံထက် ကိုယ့် အားကိုယ်ကိုး စီးပွားတိုးသဘောတွေပေါ့ ...

ဒီတော့  အသက် ၂၇၊ ၂၈၊ ၂၉ ဖြတ်နေတဲ့ တနင်္ဂနွေတွေကတော့  အရင်လို တော့  ပါးပါးလေးရမယ်ထင်ပါနဲ့ လို့  ပြောတာပါပဲ....ဒီတော့ နောက်ကြောင်းကို ပြန်ထောက်ပြရရင်
တနင်္ဂနွေတွေ ပထမ သက်ရောက်အညံ့  ဖြစ်တဲ့  အသက် ၁၉၊၂၀၊၂၁ ရဲ့  လောကဓံသဘော နဲ့  အသက် ၂၇၊၂၈၊ ၂၉ ရဲ့ လောကဓံ ဘယ် အသက်မှာကြုံရတဲ့ လောကဓံက
ပိုပြင်း ပါသလဲဆိုတာကို ကောက်ကြောင်းဆွဲလို့ ရပြီပေါ့ လေ...ဒါကိုမြင်ရင် ကိုယ်ဘယ်လို သတိဝီရိယထားကြိုးစားလုပ်ကိုင်နေထိုင်မလဲဆိုတာကို ကွန်ထရိုးလုပ်လို့ ရပါပြီပေါ့ လေ..

ဒါက ဘာကို ပြနေသလဲဆိုရင်သက်ရောက်ရဲ့ နောက်ကွယ်မှာ ဂြိုလ်အိပ်ကြီးတွေ ရဲ့ ဘေ့ စစ်သဘောကရှိနေပါတယ်ပေါ့ လေ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..