Powered By Blogger
Tuesday, May 12, 2015
မွေးချိန်မဟာဘုတ်အကြောင်း စတိ..
မွေးချိန်မဟာဘုတ်အကြောင်း စတိ..
------------------------
မဟာဘုတ်နဲ့  မွေးချိန်မဟာဘုတ်အကြောင်းတွေမှာ ...ဒါနဲ့ ပါတ်သက်လို့ စာအုပ်တွေက တစ်ပုံကြီးပါ သူ့ ဟာနဲ့ သူ့ ပညာပေါ့းးးကျနော်ခုပြောမယ့် မွေးချိန်ကနေဖေါ်ထုတ်တဲ့ မဟာဘုတ်က ကိုယ်တိုင်စောင့် ကြည့် လေ့ လာမှတ်သားရင်းကနေ မြင်လာရတွေဟာ ဘ၀အတွက် လက်တွေ့ ကျလို့ ဒီနေ့ အထိ လက်တွေ့ လောကမှာ ချသုံးပါတယ် ရိုးရိုးလေးပါ အင်္ဂ၀ိဇ္ဇာ အခါတိုင်ကိုဘဲ ဘင်္ဂ အိမ်ကနေ စပြီး မဟာဘုတ်ထူလိုက်ခဲ့ တာပါဘဲ.့တကယ်အလုပ်ဖြစ်ပါတယ်။
ဒီတော့  ဘာဖြစ်လဲဆိုတော့   လူတစ်ယောက်ဟာ  သူ့ မွေးတဲ့  သက္ကရာဇ်အရ ဖြစ်လာတဲ့  မူလ မဟာဘုတ်ကာရိုက်တာစတိုင်ရယ်......နေ့ တစ်နေ့ မှာ မွေးဖွားလာတဲ့ မွေးချိန်မဟာဘုတ် ကာရိုက်တာ စတိုင်ရယ်၂မျိုး ထွက်လာပြီး ဒီ ၂ မျိုး နဲ့ ဘဲ ဘ၀ကိုဖြတ်သန်းပါတယ်  ဒါကြောင့်  ကျနော်တို့  သူတို့ ဘ၀ကို အရှည်ကြီးခန့် မှန်းရာမှာ  မွေးနှစ်နဲ့ မွေးချိန် ၂ ခုပေါင်းနဲ့  ဆုံြးဲဖတ်ပြီး လမ်းကြောင်းချ ပါတယ်
သဘောက ဒီ  ၁၉၈၈ ဒီဇင်္ဘာလ တနင်္ဂနွေနေ့  မနက် ၁၁ နာရီကျော်မွေး တဲ့ တနင်္ဂနွေသားဟာ မူလမဟာဘုတ်အရ ၆ ကြွင်း မဟာဘုတ်သမား သိုက်ဖွားဖြစ်တယ်
ဒီတော့  သူဟာ ဥာဏ်ပညာကာင်းတယ် ငွေနဲ့ ပတ်သက်လာရင် လက်ဖွာချင်ဖွာလိုက် စစ်စိချင်စီလိုက်သဘောရှိမယ် သာမာဓိနဲ့ နေမယ် လူရာဝင်ချင်မယ် ဟိတ်
ဟန်ကောင်းမယ် အကြွားနဲနဲသန်မယ် သနားတတ်မယ် မခံချင်စိတ်လည်းရှိမယ်..ဒါက မူလမဟာဘုတ် စရိုက်တစ်ချို့ ပေါ့ ။
တနင်္ဂနွေနေ့  မနက် ၁၁ နာရီကျော်ဆိုတာ အခါတိုင်အရဆို ၄ ချိန်မြောက် စန္ဒရောတိုင် (၀ါ) တနင်္လာတိုင် ဖြစ်တယ်..တနင်္ဂနွေမနက် ၆နာရီကနေ ၇နာရီခွဲ အထိက သူရဇ္ဇတိုင်၊ ၇နာရီခွဲကနေ ၉နာရီက သောကြာတိုင်၊၉နာရီကနေ ၁၀နာရီခွဲကြားက  ဗုဒ္ဓတိုင်။ ၁၀နာရီခွဲကနေ ၁၂နာရီ မွန်းတည့် ကြားက စန္ဒရောတိုင်ပါ..။။ဒါကြောင့်  ၁၁နာရီကျော်ကို စန္ဒရောတိုင်နဲ့ မွေးသူလို့ ဆိုလိုတာပါ
ဒါကြောင့်  တနင်္ဂနွေမနက် ၁၀နာရီခွဲကနေ ၁၂နာရီကြား စန္ဒရောတိုင်နဲ့ မွေးတဲ့ တနင်္ဂနွေ သားသမီးတွေဟာ မူလ မဟာဘုတ် ၂ ကြွင်းနဲ့ မွေးတဲ့  သူတွေနဲ့  စရိုက်မျိုးတွေ တွေ့ ရလိမ့် မယ်ပေါ့  ခေါင်းမာတာ တဇွတ်ထိုးလုပ်တတ်တာ တွေဝေတာ ယတိပြတ်ဆုံးဖြတ်နိုင်တာ ဥာဏ်လျင်တာ ကွက်ကျော်မြင်တာ တစ်ကွက်ချိန်စိတ်ရှိတာ ယုံရင်အလွန်ယုံ မယုံချင်လည်း တော်တော် နဲ့ မယုံတာ ဂမ္ဘီရပညာတွေ တတ်လွယ်တာ ကြိုတင်သိ အာရုံတွေရလွယ်တာ အတွေးအမြင် အစွန်း ထွက်ထွက်သွားလွယ်တာ စတဲ့  စရိုက်မျိုးတွေပါ တွေ့ နေရမယ်ပေါ့ ...
ဒီတော့  ဒီ ၆ကြွးနဲ့  ၂ ကြွင်းပေါင်းထားတဲ့  တနင်္ဂနွေသားသမီးဟာ ၆ကြွင်းလိုရော ၂ကြွင်းလိုပါ သူ့ ဘ၀ခရီးမှာ စဉ်းစားဆုံးဖြတ်ပြုမူလေ့ ရှိမယ် ပုံသေတော့ မဟုတ်ဖူး တစ်ခါတစ်လေ ၆ကြွင်းတစ်ယောက်လို တစ်ချို့ ကိစ္စတွေမှာ ၂ကြွင်းလို စဉ်းစဆုံးဖြတ်နေတာမျိုးပေါ့ ..ဒါကိုဆိုလိုတာပါ ဒါဟာ အခြေခံစတိုင်ပဲ ဖြစ်ပါတယ်...ရောဂါဘယတောင် ၆ ကြွင်းမှာ ဖြစ်လေ့ ရှိတဲ့ သွေးတိုးတတ်တာ ကျောက်ကပ်အားနဲတာမျိုး ရော ၂ ကြွင်းမှာ အတွေ့ ရများတဲ့  အသဲပိုင်းဆိုင်ရာရောဂါ ဦးခေါင်းပိုင်းဆိုင်ရာရောဂါ မျိုးတွေ အယ်လ်ဇိုင်းမားလို့ မှတ်ဥာဏ် အားနဲသွားတာမျိုးတွေတွေ့ ရတတ်မယ်ပေါ့ လှည့် ဖြစ်တတ်တယ်ပေါ့ ...အဲ့ ဒီလိုတွေ ထပ်သိလာရတာမျိုးပါ...
မဟာဘုတ် ၂ ခုယှဉ်ကြည့် ပြီး စတိပြောရရင် မူလမဟာဘုတ် ၆ကြွင်းက ပညာဥာဏ်ဂဏန်း ကြာသာပတေးနံ ဟာ အထွန်းဖြစ်လို့ ပညာတတ်လွယ်တာတွေ ရှ်သလို ဥာဏ်ကောင်းသူဖြစ်ပေမယ် မွေးချိန်မဟာဘုတ် ၂ ကြွင်းမှာ  အဲ့ ပညာဂဏန်း ကြာသာပတေးနံဟာ မရဏဖြစ်သွားလို့  ဥာဏ်ပညာအကောင်းကနေ မထိမ်းနိုင် အသုံးမချနိုင်ရင် ဥာဏ်နီဥာဏ်နက် များသူဖြစ်သွားတာမျိုး အပျော်အပါး မူးယစ်ဆေးတွေ အရက်တွေနောက်ပါသွားတာမျိုးတွေ ဖြစ်လာတတ်တယ်ပေါ့ လေ....
စိတ်ကောင်း ၀င်နေရင် အရိယာလို ဘုန်းကြီးလို စိတ်ပေါက်ကွဲသွားရင် စိတ်ဆိုးဝင်သွားရင် လူဆိုးခိုင်းခေါင်းဆောင်လိုမျိုးဖြစ်နေတတ်မယ်ပေါ့ 
ဒီလို ဘာတွက်ရိုး အပေါင်းအနှုတ်အမြှောက်အစားတွေ မပါပဲ မွေးချိန် အင်္ဂါ့ ဝိဇ္ဇာ အခါတိုင်ကို မွေးချိန်မဟာဘုတ်အဖြစ် တိုက်ရိုက်ချ သုံးတာကျနော့် ကိုယ်ပိုင် တွေ့ ရှိသုံးစွဲ သုံးခဲ့ တာဖြစ်တယ်  ဘယ်စာအုပ်ကမှ မဟုတ်ဘူးဆိုတာ သစ္စာတရားဖြစ်တယ်လို့ တော့ ပြောပါရစေ..ပြီးတော့  မွေးချိန်ကို သိလိုက်တဲ့ သူတွေ အတွက် ကံ တွက်ရိုးကို နောက်ထပ် အသေးထပ်စိတ်ကြည့် တဲ့  အနုကြည့် မှန်ဘီးလူးသဘောလေးထပ်ဖြစ်လာတာမျိုးပါပဲ.. မွေးချိန်မသိရင်လဲ ကိစ္စမရှိပါဘူး.. မွေးရင် မွေးလ မွေးခုနှစ်သုံးခုနဲ့  မူလမဟာဘုတ်ဂြိုပ်စားသက်ရောက်တွက်လို့ ရေနေမှာပါပဲဗျာ...အဲ...မွေးနေ့ သက္ကရာဇ်တွေဘာတွေ ဘာမှ မသိဘူး ဗေဒင်ကို တွက်လည်းကြည့် ချင်တယ်ဆိုရင်လည်း တစ်ခြား ဗေဒင်ပညာတွေ တစ်ပုံကြီး ရှိနေသေးတာပါပဲလို့ ..မဟာဘုတ်မှ ဗေဒင်မဟုတ်ပါဘုးလို့ ပေါ့ ဗျားးးး..။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..