'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, May 12, 2015
ဖအေ စနေအင်္ဂါသက်ရောက် သားစနေ အင်္ဂါသက်ရောက်မှာ..
ဖအေ စနေအင်္ဂါသက်ရောက် သားစနေ အင်္ဂါသက်ရောက်မှာ..
-----------------------------------
ကျနော်ရေးရေးနေသလို မိသားစု ကံကြမ္မာမြေပုံစနစ်သဘောအတိုင်းဖြစ်ခဲ့ တာ....အဲ့ မိန်းမက သူ့ ယောက်ျား စနေသား အခု ၅၇ စနေသက်ရောက် အကြောင်းလာတွက်ရင်းနဲ့  ငိုကြွေးနေတာကို စောင့် ပေးရပါသေးတယ် .(..အခုမှ ကံညံ့ နေတာမဟုတ်ဖူး အသက်၅၅ ၀င်ကတည်းက အညံ့  ပိုင်းဝင်ခဲ့ တာလို့  ပြောမိယုံရှိသေး...နောက်ကြောင်းပြန်ပြောပြီး ငိုတော့ တာပဲဗျာ သူ့ ကြည့် ရင်းကိုယ်ပါ ၀မ်းနည်းလာတာပေါ့ လေ....)..
သူမက တစ်ခြားဘာသာဝင်ပါ ယောက်ျားက ဗုဒ္ဓဆိုပေမယ့်  သူမက မိသားစုကို အသဲတုန်အောင် ချစ်ရှာတော့  မိသားစုအတွက် ဗေဒင်မေးပေး ယတြာခြေပေးလုပ်လေ့ ရှိတယ်လို့ ဆိုပါတယ် .သားသမီးသုံးယောက်မှာ အကြီးဆုံးက (၈၈မွေးစနေသား) အငယ်က သမီး ၂ယောက်တဲ့ ..တစ်ဦးတည်းသော သားလိုဖြစ်နေတာပေါ့ ..အဲ့ သားက သေင်္ဘောလိုက်ရင်း အသက် ၂၃ မှာ သင်္ဘောမှာ အသတ်ခံရပြီး သေတယ်လို့ သူပြောတယ်...ဒီနေ့  ဖုံးစကားပြော နောက်နေ့ သေတယ်ဆိုတာ ဘယ်လိုမှ လက်မခံနိုင်ဘူးတဲ့  (အခုအထိ ကြေကွဲမဆုံးသေးပေါ့ ) ...
အလောင်းကို တစ်လလောက်ကြာမှပြန်ရတယ် အညိုအမဲစွဲလို့ ပေါ့ ...( သူ့ သားအသတ်ခံရပါတယ်ဆိုပြီး လိုက်တာမှာ ဇာတ်လမ်းတွေရှုတ်ရှက်ခတ်သွားပြီးနောက်တော့ ဟိုလိုလို ဒီလိုလိုနဲ့ ပြီးသွားတယ်လို့ ဆိုပါတယ်....
သူအစာကြေပုံမရတာက ဗေဒင်ဆရာတွေ ကိုလို ယူဆရပါတယ် သူ့ အဆိုအရ အဲ့ ဒီ သူ့ သားစနေသား အသက်၂၃ ၀င်စမှာ နံမည်ကြီး ဗေဒင်ဆရာတစ်ယောက်ဆီလည်းရောက်ခဲ့ တယ်တဲ့  သူက အဲ့ တုန်းက သူ့ သားစနေသားမှာ ဘာ ဥပစ္စေဒကကံမှမရှိဘူး အခုအကောင်းကြီးလို့ ပြောခဲ့ တာ...သေကိန်းရှိတယ်လို့  မပြောခဲ့ ဘူး ဟောဒီမှာ ဟောစာတမ်းလို့  ပြပါရောဗျ...အဲဒါ သွားရန်တွေ့ ခဲ့ တယ်တဲ့ .....
တစ်ခြားဆရာတွေလည်း ဒီလိုပဲ သူ့ သားကို ဘာအန္တရာယ်မှမရှိဘူးလို့ ပြောခဲ့ တာ အဲ့ ဒါ ဘာကြောင့် လဲ ဆရာတစ်ယောက်ပဲ သူ့ အဖေစနေသားနဲ့  အသက်၅၅ နဲ့  သူ့ သားစနေ အသက် ၂၃ ဟာ ကံ မကောင်းမှု့ တွေ အတူတူ တိုက်ဆိုင်နေတဲ့ အချိန် သွားဆုံနေခဲ့ ရာက သူ့ သားပဲ့ ထွက်သွားတာ လို့ ပြောတာတဲ့ ...ဆိုပြီး...
နောက် သူမကဆက်ပြောတာက သူ့ သားစနေသား အသက် ၂၃ မှာ မသေခင်လေးမှာ အသက်၅၅ အ၀င်မှာ သူ့ ယောက်ျားဟာ အလုပ်မှာပြဿနာတွေတက်တယ် အစာအိမ်သွေးကြောပေါက်လို့  ဆေးရုံတက်ရပြီး သေပြီးလို့ ထင်ရချိန်ကနေ ပြန်ကောင်းစမှာ သူ့ သား သေတာပဲ...လို့  ဆက်ပြောပြီး ငိုပြန်ပါရောဗျာ.....
ဒီဇာတ်ထုတ်ကို ထိုင်ရှင်းလိုက်ရ ချွေးသိပ်ပေးရနဲ့  ကျနော်လည်း ဖတ်ဖတ်တွေမောပြီး ကျန်ခဲ့ ပါရောဗျာ...
ကျနော်တို့  အမြဲပြောခဲ့ သလို ကျနော်တို့ တည်ဆောက် ကိုင်တွယ်အသုံးပြုထားတဲ့  လောကဓံ ၈ ပါး သက်ရောက် ၈ခွင်မှာ ယေဘူယျအားဖြင့်  အင်္ဂါ ၊ ဟူး ၊ စနေ ၊ အခြမ်း သက်ရောက်သုံးနှစ်ဟာ မကောင်းမှု့ မျိုးစုံ အဖက်ဖက်က ကျရောက်နိုင်တယ်...လူမှာ မကောင်းမှု့ တွေ ကျရောက်လာရင် တစ်ချို့ က တိုက်ရိုက် ၊ တစ်ချို့ က သွယ်ဝိုက်...တစ်ချို က နှစ်မျိုးစလုံး ကျရောက်တတ်လေ့ရှိတယ်...ဂြိုလ်ကောင်းတွေမှာလည်း ကျရောက်တတ်တယ်..ဒါပေမယ့်  မကောင်းတဲ့ နေရတွေမှာကျရောက်ရင် ကျော်ရလွှားရတာ ခက်ခဲ တယ် အစကတည်းက သတိကပ်ပြီးကျော်ရတယ်...တစ်ချို့ မကောင်းမှု့  ကိစ္စတွေဟာ ဗေဒင်ဆရာ ခန့် မှန်းတာထက်လည်းပိုတတ်တယ် ဒါတော့ မတတ်နိုင်ဘူးလို့ ရှင်းပြလေ့ ရှိတယ်...
ဘယ်စနေသားဖြစ်ပါစေ...အသက် ၂၃၊ ၂၄၊ ၂၅၊ ရယ်.အသက် ၃၁၊၃၂၊၃၃၊ ရယ် အသက် ၄၇၊၄၈၊၄၉ရယ် အသက်၅၅၊၅၆၊၅၇၊ ရယ် အသက် ၆၃၊၆၄၊၆၅ ရယ် စသဖြင့် ပေါ့ ...အဲ့ အသက်ပိုင်းအခြားတွေကို ကောင်းပါတယ် ဘာမှမဖြစ်ပါဘူးလို့  မပြောရဲဘူး ပြောလေ့ မရှိဘူး...အချိန်မရွေး မကောင်းမှု့ တွေကျရောက်တတ်တာလွယ်လွန်းလို့  အစကတည်းက သတိထားတာမမှားဘူး ဘေးဆီးရန်ကာတွေတစ်ခုခု ခံထား ကာထားသင့် တယ်လို့ သာ ဆိုခဲ့ တယ်....
အခု သားအဖတွေကိစ္စကတော့  လွန်ခဲ့ ပြီလေ....ဘာသင်္ခန်းစာရလိုက်လည်းဆိုတော့  သက်ရောက်သဘောကို လျှော့ တွက်ရင် အဆင်မသင့် ရင် အထင်မှားခံရနိုင်တဲ့ သဘော နဲ့  မိသားစု လိုက်ကြီးမှာ ဂြိုလ်ကံမကောင်းတဲ့ သူတွေ အများအင်အားအဖြစ် စုမိလာရင် အဲဒီ့ မိသားစုမှာ ကြေကွဲစရာတွေ အသည်းကွဲစရာအဖြစ်တွေ ဆိုက်ရောက်လာတတ်လေ့ ရှိတယ်ဆိုတဲ့ သင်္ခန်းစာပေါ့ ....
မိသားစုမှာ ဖအေ ဆိုတာ အိမ်ခေါင်မိုး မိန်းမက ရေသယောက်ပေါ့  ကျန်သူတွေက အဲ့ ဒီ့ အိမ်ဂေဟာကြီးထဲမှာ ကံမှီခို တွေပေါ့ .....ဖအေ ကံမကောင်းတာဟာ ခေါင်မိုးပေါက်နေတာနဲ့ တူလို့  အိမ်ထဲ မိုးရေယို မိုးစိုနေတတ်လို့  တစ်ခါတစ်လေ ဖအေ့ ကံ ဆိုးမှု့ သဘောတရားမှာ ကံနိမ့် နေတဲ့ သားသမီးက ရောဂါတွေ ထူသင့် တာထက် ပို ကြာကြာထူနေတတ်တဲ့ သဘာဝရှိတယ်လို့ ကျနော်က အပ်ကြောင်းထပ်အောင်ရှင်းပြနေခဲ့ တာပါပဲဗျာ....
(ဖအေ စနေသက်ရောက်ဖြတ်တုန်း ဖအေမှာ တိုက်ရိုက်အမှု့ မဖြစ်ပဲ သောင်းကျန်းတဲ့ သား ဆေးမှု့ ဖြစ်လို့  ဖအေ က လိုက်လုပ်ပေး ငွေကုန်ခံပေးရတာဟာ သွယ်ဝိုက်အမှု့  သဘောလို့  ကျနော် ရေးခဲ့ ဘူးတယ်...)
(ဖအေ သောကြာသား ရာဟု ဖြတ်တော့  ဖအေကိုစန်းမပွင့် ပဲ သမီးဖက်လှည့် စန်းပွင့် သွားလို့  သမီး ခိုးရာလိုက်သွားတာဟာ ရာဟုသက်ရောက်ရဲ့ သွယ်ဝိုက် အိမ်ထောင်ရေး လက္ခဏာ လို့ ရေးပြခဲ့ ဖူးတယ်လေ..)
အခုကိစ္စမှာ မအေ ကို အသက်ဘယ်လောက်လည်း ဘာနေ့ သမီးလည်းလို့  မေးလိုက်တော့  သောကြာသမီး အခု အသက် ၅၄/၅၅ လို့ ဆိုတယ်...( ဒီတော့  လွန်ခဲ့ တဲ့ သုံးနှစ်က ဒီသောကြာ မအေလည်း အသက် ၅၂ အင်္ဂါ သက်ရောက် ပဲဖြစ်နေလို့  ဖအေစနေ ၅၅ အင်္ဂါ သက်ရောက် မအေသောကြာ အသက်၅၂ အင်္ဂါ သက်ရောက် သားစနေ အသက်၂၃ အင်္ဂါ သက်ရောက် ဆုံသွားတဲ့ သဘောပေါ့ ...
သူမ ငိုနေတာနဲ့  စနေသားလေးရဲ့  မွေးချိန် ကို မမေးမိလိုက်ပါဘူး...ပုံမှန်အားဖြင့်  ၈၈ ဖွား သင်္ကြန်ကျော် မွေး ၆ကြွင်းစနေ ပုတိဖွား အများစုဟာ သူများသတ်လို့ သေခဲ ဥပစ္စေဒကကံ သဘောမျိုနဲ့ သေခဲ့ သူတွေပါပဲဗျာ.....သေခဲတယ် ဆိုတာ အဲ့ လိုနည်းနဲ့  မသေပါဘူးလို့  အာမခံလို့ မရပါဘူးလို့ တော့  ပြောရမှာပါပဲဗျာ...ဗေဒင်ရဲ့ သိနိုင်စွမ်းဟာ အကန့် အသတ်တွေရှိပါတယ်နော်..။
အခုအမျိုးသမီးကတော့  သူ့ ရဲ့ ချစ်လှစွာသော တစ်ဦးတည်းသော သားအတွက် ခုထိ ဖြေဆည်ရာ ရသေးပုံမရပါဘူးဗျာ....သေတာကိုသိနေပေမယ့်  ဒီနေ့ အထိ ကျမ သားလေး မရှိတော့ ဘူးဆိုတာကို ဘယ်လို့ မှ လက်မခံနိုင်သေးဘူး သူက လိမ္မာတဲ့ သား သူ့ ဓါတ်ပုံကြည့် တိုင်းမျက်ရည်ကထိမ်းမရဘူး..လို့  ပြောပြောပြီးငိုပါတယ်....ကျနော်ကတော့  အချိန်တစ်ခုတော့  ယူရမှာပါ ခုတော့  ငိုချင်ရင် အားရပါးရ ငိုပါ အားရပါးရ လွမ်းပါ ကောင်းမှု့ တွေလည်း သူ့ အမည်နဲ့ လုပ်ပေးပေါ့  ကွယ်လွန်သူလို့ တောင်ထည့် မနေပါနဲ့  စိတ်ခံစားမှု့ ကို အောင့် မထားနဲ့ နှလုံးဒဏ်ဖြစ်တတ်တယ် လို့ .....
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..