ချစ်ခြင်းမေတ္တာဆိုတာ..
-------------
စလောင်းက လာနေတဲ့ တက္ကသိုလ်လဲ့ လဲ့ ရှိုးပွဲ...အသံကမြှင့် ထားတယ်
မိမော်မေမတို့ တွေက မော့ လို့ ပေါ့  ရယ်ကြလို့ ပေါ့ ...
ကျနော်က အပေါ်ထပ်မှာ ကိုယ့် ဇာတ်ထုတ်နဲ့ ကိုယ်..
..♬·¸¸♬·¯·♩¸...
ဘယ်အတွက်ရယ်များ ဆူးတွေခြံရံထား မလေးစပယ်အား ပြောပါလား.. ..♬·¸¸♬·¯·♩¸.
....( နှင်းဆီမလေးချစ်ပုံပြင်သီချင်းသံ ကြားလိုက်ရတယ်)
အဲ့ အချိန်မှာ ညီမတစ်ယောက်ဆီက အသံ ကျနော့် ဆီ လွင့် တက်လာတယ်...
..'' ကိုကြီး ကြိုက်တဲ့ သီချင်းလေး...''...တဲ့ ....
ဟတ်ထိသွားတာပေါ့ ..
ချစ်ခြင်းမေတ္တာဆိုတာ..ဒါပါပဲ...
'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, July 6, 2015
အမြင်..
နဂ်ဂတစ်အမြင်သမားတွေဟာ သူတို့ ကိုယ်သူတို့ နဲ့ သူတို့ တန်ဖိုးထားတဲ့ အရာတွေကလွဲရင် ကျန်တဲ့  တစ်လောကလုံးကို အပြစ်ရှု့ ထောင့် ကနေ တန်းမြင်လွန်းလှတယ်...
နဂ်ဂတစ်အမြင်သမားတွေဟာ သူ့ ကိုယ်သူပါ နဂ်ဂတစ်အမြင်တွေ မြင်လွန်းလာပြီဆိုရင် အဲ့ နဂ်ဂတစ်သမားဟာ လောကအတွက်ရော သူ့ ဘ၀အတွက်ပါ ဒိန်းဂျားဖြစ်ဖို့ နီးလာပြီ...
စစချင်း အမြင်ဆိုတာ အမြင်သက်သက် အခြေအနေပဲရှိသေးတယ်...နောက်မှ ..ကိုယ့်  အခံ အခြားတစ်ခုခု နဲ့ အရောင်ဝင် ဆိုးတော့ တယ် ...
ရေခွက်ကြီးပါလား ( ရေမလိုသေးသူ) ...
ရေကလည်း တစ်ဝက်ထဲ...( အပြည့် လိုချင်သူ..)
ကောက်မော့ ချလိုက်တယ် ( ရေ တကယ်လိုနေသူ)....
တကယ်ကတော့  နဂ်ဂတစ်အမြင်သမားဆိုတာရော ပေါ့ စတစ်အမြင်သမားဆိုတာရော တကယ် မရှိဘူး တံဆိပ်တွေ ။ ကိုယ့်  နှစ်သက်မှု့ မနှစ်သက်မှု့ သဘောတွေပါနေတဲ့  ကိုယ့် ဖီလင်နဲ့ ကိုယ် ကိုယ့် ဖြစ်တည်မှု့ ဘ၀နဲ့ ကိုယ် ကိုယ့် လတ်တလောကြုံနေရတဲ့ အခြေအနေတွေနဲ့ ကိုယ် ခံစားပြီး မြင်ချင်သလို မြင်လိုက်တာမျိုးတွေ နဲ့  တစ်ခြား အခြေအနေ တစ်ခုခုနဲ့  သွားသွားတိုင်းပြီး မြင်နေတာမျိုးတွေပဲရှိတယ်..

'''' ငါ့ အတွက် ဖန်ခွက် မလိုဘူး....'''
'''' ငါ့ အတွက် ဖန်ခွက် မလိုဘူး....'''
------------
သူ့ ဘ၀တစ်လျှောက်လုံး သူ့ ဘ၀ အတွက် မလိုအပ်ဘူး ထင်တာတွေကို ဖယ်ရင်း ဖယ်ရင်း ဘ၀ဖြတ်သန်းလာခဲ့ တဲ့  ဖယ်ရဲခဲ့ သူကြီးဟာ သူ့ ရှေ့ စားပွဲခုံပေါ်က သူ သောက်ဖို့ ချထားတဲ့  ဘီယာ ဖန်ခွက်လွတ် တစ်ခွက် နဲ့ ဘီယာပုလင်း တစ်ပုလင်း ကို ထိုင်ကြည့် နေရင်းက အတွေးတစ်ချက်ဝင်လာတာက '''' ငါ့ အတွက် ဖန်ခွက် မလိုဘူး....'''
'''ငါ့ သားကြီး လူ ဖြစ်ပြီ..''
'''ငါ့ သားကြီး လူ ဖြစ်ပြီ..''
----
၈တန်းလောက်မှာကတည်းက ကိုယ့် ကိုယ်ကို လူ ဖြစ်ပြီ ထင်လာတာ အဲ့ ကနေ ခုထိ တောက်လျှောက်ပေါ့ .အဲ့ တော့  ကိုယ့် ကိုယ်ကို လူဖြစ်နေပြီထင်တော့  လူတွေ စိတ်ဝင်စားတဲ့ ဟာတွေ လိုက်စိတ်ဝင်စားတော့ တာပေါ့ .....ခက်နေခဲ့ တာကကိုယ့် အဖေ အမေတွေကလည်း မွေးကတည်းကနေ ကျောင်းပြီးတဲ့ အထိ ကျနော့် ကို လူ ဖြစ်ပြီလို့ ကို မထင်သေးဘူး
.
(တစ်ချို့ ကတော့ ကိုယ့် သားသမီး အိမ်ထောင်ကျ ခလေးရ မြေးရတဲ့ အထိ လူဖြစ်နေပြီလို့ ကို မထင်သေးတဲ့  ကိုယ်ပဲ လူဖြစ်နေပြီထင်တဲ့ မိဘတွေလည်း အများကြီးတွေ့ ရပါ့ ဗျာ...ငိငိ...).
အဲ့ မှာ လူဖြစ်ခွင့် မရသေးတော့  ကိုယ့် ကိုယ်ကို လူုဖြစ်နေပြီထင်တဲ့ ကျနော်က လူတွေ လုပ်တဲ့  အလုပ်တွေ ခိုးလုပ်တာပေါ့ ..အဲ့ မှာ မိဘနဲ့  သားသမီးနဲ့ ခဏခဏငြိတဲ့ ပြဿနာတစ်ခုဖြစ်လာတာမျိုးပဲ ဟီးဟီး....
.
အဲ ကံကောင်းချင်တော့ အမေက ကျနော့် ကို ငါ့ သားကြီး လူ ဖြစ်ပြီ လူတွေစိတ်ဝင်စားတာ ငါ့ သားကြီးစိတ်ဝင်စားပါစေ စိတ်ဝင်စားတာရှိရင် အမေ့ ပြောနော် သားကြီး အမေ လိုက်တောင်းပေးမယ် ...ခ်ခ်ခ်...လို့  စပြီးနားလည်ပေးလိုက်တာ စောသွားလို့  မအေနဲ ကျနော်က အရင် ညက်သွားတယ်...။
ကိုယ့် ဘ၀ဇာတ်ကြောင်းရယ် အင်းလျားကန်ဇောင်းမယ် ဆိုသလိုပေါ့  ကိုယ် ဖြတ်သန်းခဲ့ တဲ့  အသက်ပိုင်းတွေရဲ့ ခံစားမှု့ တွေကို ပြန်တွေးလိုက်ရင် ဘယ်အသက်လောက်ဆို ဘယ်လို တွေးတတ်တယ်လို့ နားလည်ပေးလိုက်လို့ ရတယ်ပေါ့  သြော..ကိုယ့် ဆရာသမားတွေ လူ ဖြစ်နေကြပြီ...လို့ ...ဟဲဟဲ..
အလွမ်းတေးသံ

အပန်းဖြေချင်ဖြေသွားပါ...
နင်
အချိန်တန်လို့ အိမ်ပြန်တဲ့ အခါ
အလွမ်းတေးသံလေးတွေနဲ့ 
စမ်းရေလေးတွေက ကျန်ခဲ့ မှာ.။ ။
ရွာ..
ရွာ..
--
ရွာတဲ့ လား
ရွာထဲမှာလား
ရွာထဲဝင်ဖို့ ကြိုးစားနေတာလား
ရွာပြင်ထွက်ဖို့ ကြိုးစားနေတာလား
ရွာပြင်မှာပဲလား
ရွာထဲမှာ ရှိတုန်းလား
ရွာစပ်မှာလား
ရွာပြင်ရောက်တော့ မှာလား
ရွာပြင်ထွက်ပြေးတာလား
ရွာကောင်းလား
ရွာဖုန်းဆိုးလား
ရွာထဲက မွန်းကျပ်သလား
ရွာပြင်က လွတ်လပ်သလား
ရွာဆိုတာရော သေခြာလား
ရွာ့ အကြိုက်သိလား
ရွာ့ အကြိုက် မသိဘူးလား
ရွာ့ အလိုက် နေသင့် လား
ရွာ့ အလိုက် မလိုက်ဘူးလား
ရွာကို ဆန်ချင်တာလား
ရွာကို လှန်ချင်တာလား
ရွာဆိုတာ ဒီလိုပဲလား
ရွာဆိုတာ ဒီ့ ထက်ပိုလား
ရွာထဲကလူလား
ရွာအပြင်ကလူလား
ရွာတဲ့ လား
--
ရွာတဲ့ လား
ရွာထဲမှာလား
ရွာထဲဝင်ဖို့ ကြိုးစားနေတာလား
ရွာပြင်ထွက်ဖို့ ကြိုးစားနေတာလား
ရွာပြင်မှာပဲလား
ရွာထဲမှာ ရှိတုန်းလား
ရွာစပ်မှာလား
ရွာပြင်ရောက်တော့ မှာလား
ရွာပြင်ထွက်ပြေးတာလား
ရွာကောင်းလား
ရွာဖုန်းဆိုးလား
ရွာထဲက မွန်းကျပ်သလား
ရွာပြင်က လွတ်လပ်သလား
ရွာဆိုတာရော သေခြာလား
ရွာ့ အကြိုက်သိလား
ရွာ့ အကြိုက် မသိဘူးလား
ရွာ့ အလိုက် နေသင့် လား
ရွာ့ အလိုက် မလိုက်ဘူးလား
ရွာကို ဆန်ချင်တာလား
ရွာကို လှန်ချင်တာလား
ရွာဆိုတာ ဒီလိုပဲလား
ရွာဆိုတာ ဒီ့ ထက်ပိုလား
ရွာထဲကလူလား
ရွာအပြင်ကလူလား
ရွာတဲ့ လား
ယုံ
ယုံ
==
ယုံခိုင်းတဲ့ သူကိုယုံလို့  ယုံလိုက်ရတဲ့ အယုံတွေရယ်
ယုံခိုင်းတဲ့ သူကို ချစ်လို့  ယုံပေးလိုက်ရတဲ့ အယုံတွေရယ်
ယုံခိုင်းတဲ့ သူကို လေးစားကြည်ညိုလို့  ယုံပေးလိုက်ရတဲ့ အယုံတွေရယ်
ယုံခိုင်းတဲ့ သူကို ကြောက်ကြောက်နဲ့  ယုံပေးလိုက်ရတဲ့  အယုံတွေရယ်
ယုံခိုင်းတဲ့ သူကို အားနာပါးနာနဲ့ ယုံပေးရတဲ့  အယုံတွေရယ်
ယုံပေးလိုက်ရင် တွတ်တီးအဆင်ပြေသွားနိုင်လို့  ယုံပေးလိုက်တဲ့ အယုံတွေရယ်
ယုံတဲ့ ဟာတွေကို သေသေခြာခြာ မသိပဲ ယုံထားလိုက်တဲ့  အယုံတွေရယ်
ယုံထားခဲ့ တာတွေထဲက တစ်ချို့ ကို တကယ်ယုံသွားတဲ့  အယုံတွေရယ်
ယုံတယ်လို့ မဟုတ်ပေမယ့် အခြေအနေအရ ယုံချင်ယောင် ဆောင်ပေးထားရတဲ့  အယုံတွေရယ်
ယုံချင်တာတွေ လျှောက်ယုံလိုက်တဲ့ အယုံတွေရယ်
အဲ့  အယုံတွေ နဲ့  ဘ၀ကို ဖြတ်သန်းရင်း ...
နောက်ဆုံးတော့  ....
ယုံချင်တာယုံ မယုံချင်တာ မယုံရင်းကနေ
တစ်ခုခုကို ယုံရင်းတန်းလန်းကနေ
လျှောချိန်တန်တော့  လျှောကုန်တာပါပဲ..။

ကိုယ့် ဘ၀ဟာ
''''ကိုယ့် ဘ၀ဟာ ကိုယ့် အကြောင်း ဖြစ်ပြီး သူများဘ၀ဟာ သူများအကြောင်းဖြစ်တယ်...'''
တစ်ချို့  စာနာခြင်းတွေဟာ ကိုယ့် အကြောင်းပေါ်ကနေ အခြေခံလာတာမျိုးလည်းရှိတတ်တယ်.
ဆိုပါတော့  ကိုယ် ချစ်လွန်းတဲ့ သူက ကင်ဆာနဲ့ ကွယ်လွန်တော့  ကိုယ်ပိုက်ဆံရှိလာတဲ့ အခါ ကင်ဆာဝေဒနာရှင်တွေအတွက် ကင်ဆာဖေါင်ဒေးရှင်းကြီး တစ်ခု သီးသန့် ထူထောင်ပေးသလိုပေါ့ 

''' အိုဘယ့် ဘယ် အိုဘယ့် ..ကျေးဇူးရှင်..''
''' အိုဘယ့် ဘယ်
အိုဘယ့် ..ကျေးဇူးရှင်..''
--------
မန်းက ဆရာ(--) ရဲ့  ၀တ္ထုတိုတစ်ပုဒ်မှာ မြို့ ကို လူကြုံလေးနဲ့ လမ်းကြုံတယ်ဆိုလို့  စာကြည့် မျက်မှန်လေး မှာလိုက်မိလို့  လူကြုံက လမ်းကြုံလေး လုပ်ယူလာပေးတယ် အဲ့ လူကြုံက သူ လုပ်လာပေးတဲ့ မျက်မှန်အကြောင်း လူကြားထဲ ရောက်တာနဲ့ ခဏခဏ ထုတ်ထုတ်ပြောလာတယ်...ပထမတော့ မျက်မှန် မှာလိုက်မိတဲ့  သူက သည်းခံနေသေးတယ် သူက မှာလိုက်မိတာကိုး...
နောက်တော့  လူကြုံက လူကြားထဲ ကြုံတိုင်း မကြုံလဲ ကြုံအောင် လမ်းကြောင်းပြီး ဂုဏ်ခံ ထုတ်ပြောလာပုံက သူ လုပ်လာပေးတဲ့ မျက်မှန် အကြောင်း ပြောယုံတင် မကတော့ ပဲ မျက်မှန်လေး မှာလိုက်မိတဲ့  သူရဲ့  ဘ၀သခင်အလင်းရှင် ကျေးဇူးရှင်ကြီး သူသာ ဒီမျက်မှန်လေး လုပ်လာ မပေးရင် အကန်းပဲ သူလုပ်လာပေးလို့ သာပေါ့  ဆိုတဲ့ အဖြစ် အထိပါ စကားလုံးတွေ ထွားလာတော့ .... ကြာတော့  မျက်မှန်သမား တင်းလာတယ်...နောက်ဆုံးတော့  မျက်မှန်သမား ပေါက်ကွဲသွားပုံက..
''' ယီးမှ အဲ့ မျက်မှန်ကို မတတ်တော့ ဘူး ကန်းချင်ကန်းနေပစေ...သွားဟာ ''' ဆိုတဲ့  စိတ်ပေါက်ကွဲမှု့ စတိုင်နဲ့ .အဲ့ လူကြုံလုပ်လာပေးတဲ့  မျက်မှန်ကို မြေပေါ်ကို ပစ်ပေါက်ချလိုက်တော့ တယ်...
တစ်ချို့ တွေဟာ သူတို့  ကူညီပေးခဲ့ တာထက်ကို တစ်သက်တာ တစ်သက်စာ နေရာတကာ ဘ၀သခင် ကျေးဇူးရှင်ကြီး အဖြစ် လူပုံအလယ်ရောက်ရင် ( လူပုံအလယ် မရောက်လည်း အဝေးကနေ ) ငယ်ထိပ်ပေါ် တက်ထိုင်ပြီး မဆင်းချင်တော့ တာမျိုးလည်း ကြုံတတ်လွန်းလို့  ကျေးဇူးတစ်ခု သူများဆီက ယူဖို့ ဆိုတာ သိပ်ကို စဉ်းစားလာရတော့ တယ်....
လမ်းရွေးပုံ.
လမ်းရွေးပုံ.
--------
လောကီပညာတွေ လက်လှမ်းမီသလောက် စာစုံဖတ်ခဲ့ ရင်းက အများအားဖြင့် မေ့ ကုန်ပါတယ်..အများအားဖြင့်  မှတ်ရတာခက်ခဲပါတယ်..အများအားဖြင့်  သိလိုတာတွေကို ဒဲ့ ပါမလာဘူးလို့ ထင်လာပါတယ်...ဒါ ဘာကြောင့် လဲကို ကိုယ့် ကိုယ်ကိုပြန်တွေးတော့  ကိုယ်စရိုက်က ဒဲ့ ကြိုက်တယ် ဝေ့ နေတာကို မကြိုက်လှဘူး အဖြေလေးတစ်ခုပြောမှာကို ပဟေဠိ ဖွက်သလိုတွေကို လက်ပေါက်ကပ်အောင် ပြောနေတာ ဖေါ်နေရတာ စိတ်မရှည်ဘူး...နောက်ဆုံးအချက်က ပါဠိ အခြေခံစာလုံးတွေ ပြွတ်သိပ်စုပြုံပါနေတဲ့ စာတွေကိုသိဖို့  ပါဠိ အနက်တွေ အရင်ကြိုကျက်ထားပြီးမှ သိရမယ့်  ပညာသဘောတွေကို အချိန်ပေးမှတ်ဖို့  အာရုံ မလာဘူးဆိုတာ ကိုယ့် ရဲ့ အားနဲချက်ဆိုတာ ထင်းထင်းကြီးမြင်လာတော့ တာပါပဲ...

ကိုယ့် ကံဇာတ်ထုတ်နဲ့ ကိုယ်က..
ကိုယ့် ကံဇာတ်ထုတ်နဲ့ ကိုယ်က..
--
ကျနော့် အလုပ်ပရိတ်သတ် ၁၀ယောက်မှာ ၇ယောက်က စိနနွယ်နဲ့ စိနသွေးစပ်တွေချည်းပဲ..ဒီတော့ သူတို့ သွေးက ဘာကိုလိုချင်သလဲကို ကျနော်က ကျက်မိပြီး သူတို့ လိုချင်တဲ့ ဗေဒင်ယတြာစတိုင်နဲ့  သွားနေတဲ့ သဘောဖြစ်လာတယ်.ဒီတော့  ကျနော့ ဟောတဲ့ စတိုင် ယတြာစတိုင်တွေက စိနနွယ်တွေနဲ့ ပိုကိုက်ညီတဲ့ စတိုင်မျိုးတွေတွေဖြစ်လာတယ် သူတို့ သွေးတွေက ရော့ နဂါး ရော့ ပတ္တမြားသဘောဆန်ပြီး ဝေ့ ဝိုက်နေတာတွေ အသေးစိတ်နေတာတွေ လိုရင်းမရောက် လျှာကျောရှည်နေတာတွေကို စိတ်မရှည်ဘူး သူတို့ စိတ်က ကိုယ့် ထက်တောင် မြန်သေးတယ် ဒူးအော်ဒိုင်းပဲ...
ကြိုခံထားတဲ့ အသိနဲ့ ..
ကြိုခံထားတဲ့ အသိနဲ့ ..
------
ကမ္ဘာပေါ်က ဒေသအသီးသီး လူ့ အဖွဲ့ အစည်းအသီးသီးမှာ ဖြစ်လေ့ ရှိတဲ့  အခြေအနေ အဖြစ်အပျက်တစ်ခုကို ကြိုခံထားတဲ့  လူ့ အသိဓါတ်ခံ ကနေ ဖြစ်လာတဲ့ သုံးသပ်ချက် တစ်ခုဟာ အခြေအနေတွေ အမျိုးမျိုး ကွဲထွက်သွားနိုင်တယ်...
အိမ်မှပါ...သူက စလုံးက လောလောဆယ်စပျစ်သီးသတင်းဖြစ်သွားတဲ့  အမှု့ ကို ဂျာနယ်ဖတ်ပြောတော့  အယူ တံဆိပ်တပ် ပြောတယ်...
ကျနော်က ဒီလိုကေစ် တွေဟာ အယူအသီးသီးတင်မကဘူး လူ့ အဖွဲ့ အစည်းအသီးသီးနဲ တိရိစ္ဆာန်လောကတောင် ကြည့် တတ်ရင် ရှိနေတဲ့ အဖြစ်တွေလို့ လှမ်းထောက်လိုက်တယ်
ပြီးမှ ကိုယ့် ဟာကိုယ် ဆက်သတိရသွားတာက ....'''''အဖေ အဖေ ...အဖေမှားမယ်..ကျမလေ ကျမ အဖေ့ သမီးလေ '''ဆိုတဲ့ အမှောင့် တကာအမှောင် ဘယ်အမှောင်ဆုံးလဲဆိုတဲ့  ဇာတကပုံပြင် တစ်ခု...
သီလစင်ကြယ်လွန်းရာက ရလာတဲ့  တန်ခိုးနဲ့ ပြည့် စုံလွန်နေလို့ ကောင်းကင်ခရီးနဲ့ တောင် သွားလိုရာသွားနိုင်တယ်ဆိုတဲ့  ရသေ့ ကြီးတစ်ပါး. ဒေ၀ီရဲ့ အလှကို မြင်ယုံနဲ့ အာရုံပျက် ပျံလေတဲ့  ဈာန် မြေထံပြန်လျှောကျရတဲ့ ဇာတ်....ဖြတ်ကနဲတွေးမိတော့ ....

့ယတြာ တစ်ခါလုပ်ထားရင် ဘယ်လောက်ခံလဲ
အာ့ နဲ့ ယတြာ တစ်ခါလုပ်ထားရင် ဘယ်လောက်ခံလဲ ဒီ တစ်ပွဲနဲ့  ပီးရောလားလို့  သူ့ လူ ဘောဒိုင် မာဆတ်ဖွင့် သမားဖျံစီးပွားသမားအတွက် ယတြာ လာလုပ်ရင်းက မေးလာတော့ ကျနော်က ဖြေတယ်
သူက ပုံမှန် ရိုးရိုးသားသား မုန့် ဟင်းခါးရောင်းစားနေတဲ့ သူဆို ဒီလိုယတြာတွေတောင် မလိုဘူး ကျနော့် ဆီမှာ ၂ပတ်တစ်ခါ ၃ပတ်တစ်ခါ လာလာလုပ်တဲ့ သူ တွေ ရှိတယ် သူတို့ ကဘောဒိုင် ၂လုံးဒိုင်တွေ သူတို့ လာထိုင်တာကိုက ရဲကေစ်တွေ ချွန်တွန်ရန်တွေ ကနေ လွတ်နေအာင်လို့ ပဲလာ ထိုင်တာ အလျော်အစားအတွက် မဟုတ်ကြဘူး..တစ်ချို့ ဆို တစ်နှစ်လုံးမှာမှ တစ်ခါလောက်ပဲ ယတြာလုပ်ရင်ပြီးနေတာ...တစ်ချို့ အရမ်းအေးအေးနေပြီး ပုံမှန်ဘာသာရေးလေးနဲ့ နေတဲ့ လူတွေဆို ဒီလိုပိုက်ဆံကုန်တဲ့ ယတြာ လိုတောင် မလိုသလောက်ပဲ..သဘောကဗျာ.ကိုယ်ဘာလုပ်စားလဲ ကိုယ်လုပ်တဲ့ အလုပ်က ဘယ်လိုအလုပ်မျိုးလဲ အထိမခံနိင်ဘူးလား အသက်နဲ့ နီးလား ဖျံကျစရာတွေပါလားမပါဘူးလား ဆိုတွေအပေါ်မှာလည်း ယတြာတွေ ခဏခဏလုပ်ရတာ လုပ်စရာ လိုတာ မလိုတာတွေ ကွာသွားတယ် အလုပ်အနေအထားပေါ်လည်း မူတည်တဲ့ သဘောပေါ့  လို့ ရှင်းပြလိုက်ရတယ်
အဲ့ တော့ လည်း ဘယ်တော့ ထပ်လာရဦးမလဲတွေ ဘာတွေ ဖြစ်သွားပြန်ရောဗျာ...

နေသာတဲ့ နေ့ တွေ
နေသာတဲ့ နေ့ တွေ
---
တစ်ခါတစ်လေ စိတ်ဓါတ်အကြီးအကျယ်ကျနေတဲ့  သူတွေ ကြုံတတ်ပါတယ် ဆိုပါတော့  အင်္ဂါသက်ရောက်ကနေ စနေသက်ရောက်ကြား ဖြတ်နေတုန်း လွဲချော်မှု့ တွေ တစ်ပုံကြီးနဲ့ ရင်ဆိုင်နေရသူမျိုးပေါ့ .....
အဲ့ မှာ စကားတွေပြောပေးနေရင်း အခုလိုတွေကြုံနေရတာဟာ သူတစ်ယောက်ထဲ မဟုတ်ကြောင်း အများလည်း ဒီလိုတွေ ကြုံခဲ့ ရပြီး ဒီလိုပဲ နည်းပေါင်းစုံနဲ့ ရုန်းကန်ရင်ဆိုင်ပြီး ကျော်သွားကြတာချည်းပါပဲလို့  ပြောပေးလိုက်တာပေါ့ ...
လူ့ သဘာဝက ကိုယ့် ကိုယ်ကို အများနဲ့ မတူ သီးခြားဖြစ်တယ်ဆိုတဲ့  သီးခြားခံစားမှု့  အားကြီးတယ်..
အဲ့ ဒါကို ကိုယ်ဟာလည်း အများထဲက အများလို ကြုံနေရတဲ့  ပုံမှန်လူတစ်ယောက်ပါပဲ လို့ သူ့ ကိုယ်သူ ပြန်မြင်သွားပြီး စိတ်သက်သာရာရသွားအောင် လျှော့ ချပေးကြည့် လိုက်တာပါ..ပြီးတော့ နေသာတဲ့ နေ့ တွေလည်းရောက်လာဦးမှာပါလို့ ဘ၀မျှော်လင့် ချက်ပါရှိလာတော့  အားရှိသွားတာပေါ့  ..တဒင်္ဂ တစ်ထိုင်တော့ ကျနော့် ရှေ တစ်ထိုင်မှာ တင်တော့  အများအားဖြင့်  စိတ်ဖိအား သက်သာသွားကြလေ့ ရှိတာမြင်ရတတ်တာများတယ်...စိတ်ဆင်းရဲလွန်းနေချိန် နာရီဝက်လောက် စိတ်ဖိအားလျော့ သွားလဲ မနဲဘူးလေ...

အရှက်
လူ့ အတွင်းရေးတွေကို ဟောလို့ ဟောသမျှ မှန်တိုင်း အဟောခံရတဲ့ သူက ကြိုက်မယ်ချည်းထင်နေတာမျိုးကတော့ ကိုယ့် ဖီလင်နဲ့ တိုင်းပြီး မဟုတ်သေးဘူးထင်တယ်နော်လို့ ပဲပြောရမှာပဲ..ကျနော့် ကို ဆရာကြီးတစ်ယောက်က သမားဂုဏ်ပြတဲ့ အနေနဲ့  ဘယ်နေရာမှာ မှဲ့ ရှိတယ်မဟုတ်လားလို့  အဟောခံလိုက်ရတော့  ပထမဆုံးဖြစ်သွားတဲ့ စိတ်က အကြီးအကျယ်ရှက်သွားတဲ့ စိတ်...နောက်ဆက်တွဲစိတ်က အဲ့ ဆရာကြီးကို အရင်က ရှိထားတဲ့ လေးစားသမှု့ တွေ ပလုံသွားပြီးအထင်စမော်သွားတဲ့ စိတ်ဖြစ်သွားတယ်...သူ့ အင်ပရက်ရှင်နဲ့  ဒီလို အရှက်မရှိတွေ ဟောရမလားဆိုတဲ့ အမြင်ပေါ့  အဲ့ အခေါက်က နောက်ဆုံးအခေါက်ဖြစ်သွားပြီး အဲ့ ဆရာကြီးသေသာသွားရော နောက်ထပ်မသွားဖြစ်တော့ ဘူး....
ဒီလို ကိုယ့် စိတ်နဲ့ ကိုယ်နှိုင်းပြီး ပညာခွင်အရ သိနေဦး မှန်မယ်ထင်ဦးတောင် မဟောဖြစ်တဲ့  မဟောသင့် တဲ့ ဟာတွေ ဘယ်တုန်းကမှမဟောခဲ့ မပြောခဲ့ တော့ ဘူး..
ကျနော့် ဗေဒင်သည်ဘ၀ဟာ....
ကျနော့် ဗေဒင်သည်ဘ၀ဟာ....
---------
ဗေဒင်လိုက်ကာစက စိတ်ဖိအားတွေ သိပ်များတယ် ပညာဟူသမျှ အကုန်လည်းသိချင်တယ်...နောက်တော့ ခြေစုံပစ်ပြီး အဟောသမားဘ၀ကို ၀င်လိုက်တယ် အဲ့ မှာလည်း စိတ်ဖိအားများတုန်းပဲ.နောက်တော့  တွေးတယ် တွေးတယ်.တွေးတယ်ပေါ့ .အဲ့ မှာ ကိုယ့် မှာဘာလို့ စိတ်ဖိအားများနေသလဲကို အဖြေတွေ့ လာတယ်...ကိုယ်လုပ်နေတာက ကိုယ်ဟောတာမှန်သမျှ အကုန်လုံး မှန်အောင် ဟောချင်လွန်းနေတဲ့ စိတ်က ကိုယ့် ကိုပြန်ဒုက္ခပေးနေတာ ဆိုတာတွေ့ လာတယ်

ဂြိုလ်ဗဟိုပြု လူဗဟိုပြု./ စိတ်ကိုယတြာခြေလို့ ရလား ....

ကျနော်တို့ ဗေဒင်ကို ၀င်ပတ်သက်ခဲ့ တုန်းက အချိန် တော်တော်ကြာတဲ့ အထိ ဂြိုလ်ဗဟိုပြု သဘောဘက်ကနေ တွေးတောပြီးတွက်ချက်တာမျိုးသာများခဲ့ တာပါ...

ဆရာကြီးရဲ့ လောကဓံ သက်ရောက် ၈ ခွင် ယတြာ သီဝရီ
ဆရာကြီးရဲ့ လောကဓံ သက်ရောက် ၈ ခွင် ယတြာ သီဝရီ ( ဘလော့ တစ်ခုက ပြန်ကူးလာတာပါ)
“ ပဿံသာလောကဓံ ”” တနင်္ဂနွေသက်ရောက်အတွက်ပြုလုပ်ရန်ယတြာများ
၁။ ဘဲသား နှင့် အုန်းနို့ ရောချက်၍ ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ဆွမ်းပို့ပါ။
၂။ အပေါ်ရုံ သက္ကန်းတစ်စုံ လှူဒါန်းပါ။
၃။ စာအုပ်စာပေ နှင့် ပတ်သက်သော အလှူပြုလုပ်ပါ။
၎။ နေအိမ်တွင် အလှူ တစ်ခုပြုလုပ်ပါ။
၅။ ဂြိုဟ်တံခွန်သက်စေ့ နှင့် အထက်ဆောင်ပန်း၊ ဆီမီး၊ အမွှေးနံ့သာများကို မိမိ၏ မွေးနံထောင့်တွင် လှူဒါန်းပါ။

Subscribe to:
Posts (Atom)