Powered By Blogger

Monday, July 6, 2015

ယုံ

ယုံ
==
ယုံခိုင်းတဲ့ သူကိုယုံလို့  ယုံလိုက်ရတဲ့ အယုံတွေရယ်
ယုံခိုင်းတဲ့ သူကို ချစ်လို့  ယုံပေးလိုက်ရတဲ့ အယုံတွေရယ်
ယုံခိုင်းတဲ့ သူကို လေးစားကြည်ညိုလို့  ယုံပေးလိုက်ရတဲ့ အယုံတွေရယ်
ယုံခိုင်းတဲ့ သူကို ကြောက်ကြောက်နဲ့  ယုံပေးလိုက်ရတဲ့  အယုံတွေရယ်
ယုံခိုင်းတဲ့ သူကို အားနာပါးနာနဲ့ ယုံပေးရတဲ့  အယုံတွေရယ်
ယုံပေးလိုက်ရင် တွတ်တီးအဆင်ပြေသွားနိုင်လို့  ယုံပေးလိုက်တဲ့ အယုံတွေရယ်
ယုံတဲ့ ဟာတွေကို  သေသေခြာခြာ မသိပဲ ယုံထားလိုက်တဲ့  အယုံတွေရယ်
ယုံထားခဲ့ တာတွေထဲက တစ်ချို့ ကို တကယ်ယုံသွားတဲ့  အယုံတွေရယ်
ယုံတယ်လို့ မဟုတ်ပေမယ့် အခြေအနေအရ ယုံချင်ယောင် ဆောင်ပေးထားရတဲ့  အယုံတွေရယ်
ယုံချင်တာတွေ လျှောက်ယုံလိုက်တဲ့ အယုံတွေရယ်
အဲ့  အယုံတွေ နဲ့  ဘ၀ကို ဖြတ်သန်းရင်း ...
နောက်ဆုံးတော့  ....
ယုံချင်တာယုံ မယုံချင်တာ မယုံရင်းကနေ
တစ်ခုခုကို ယုံရင်းတန်းလန်းကနေ
လျှောချိန်တန်တော့  လျှောကုန်တာပါပဲ..။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..