Powered By Blogger

Monday, July 6, 2015

့ယတြာ တစ်ခါလုပ်ထားရင် ဘယ်လောက်ခံလဲ

အာ့ နဲ့ ယတြာ တစ်ခါလုပ်ထားရင် ဘယ်လောက်ခံလဲ ဒီ တစ်ပွဲနဲ့  ပီးရောလားလို့  သူ့ လူ ဘောဒိုင် မာဆတ်ဖွင့် သမားဖျံစီးပွားသမားအတွက် ယတြာ လာလုပ်ရင်းက မေးလာတော့ ကျနော်က ဖြေတယ်
သူက ပုံမှန် ရိုးရိုးသားသား မုန့် ဟင်းခါးရောင်းစားနေတဲ့ သူဆို ဒီလိုယတြာတွေတောင် မလိုဘူး ကျနော့် ဆီမှာ ၂ပတ်တစ်ခါ ၃ပတ်တစ်ခါ လာလာလုပ်တဲ့ သူ တွေ ရှိတယ် သူတို့ ကဘောဒိုင် ၂လုံးဒိုင်တွေ သူတို့ လာထိုင်တာကိုက ရဲကေစ်တွေ ချွန်တွန်ရန်တွေ ကနေ လွတ်နေအာင်လို့ ပဲလာ ထိုင်တာ အလျော်အစားအတွက် မဟုတ်ကြဘူး..တစ်ချို့ ဆို တစ်နှစ်လုံးမှာမှ တစ်ခါလောက်ပဲ ယတြာလုပ်ရင်ပြီးနေတာ...တစ်ချို့ အရမ်းအေးအေးနေပြီး ပုံမှန်ဘာသာရေးလေးနဲ့ နေတဲ့ လူတွေဆို ဒီလိုပိုက်ဆံကုန်တဲ့ ယတြာ လိုတောင် မလိုသလောက်ပဲ..သဘောကဗျာ.ကိုယ်ဘာလုပ်စားလဲ ကိုယ်လုပ်တဲ့ အလုပ်က ဘယ်လိုအလုပ်မျိုးလဲ အထိမခံနိင်ဘူးလား အသက်နဲ့ နီးလား ဖျံကျစရာတွေပါလားမပါဘူးလား ဆိုတွေအပေါ်မှာလည်း ယတြာတွေ ခဏခဏလုပ်ရတာ လုပ်စရာ လိုတာ မလိုတာတွေ ကွာသွားတယ် အလုပ်အနေအထားပေါ်လည်း မူတည်တဲ့ သဘောပေါ့  လို့ ရှင်းပြလိုက်ရတယ်

အဲ့ တော့ လည်း ဘယ်တော့ ထပ်လာရဦးမလဲတွေ ဘာတွေ ဖြစ်သွားပြန်ရောဗျာ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..