'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, July 6, 2015
အရှက်
လူ့ အတွင်းရေးတွေကို ဟောလို့ ဟောသမျှ မှန်တိုင်း အဟောခံရတဲ့ သူက ကြိုက်မယ်ချည်းထင်နေတာမျိုးကတော့ ကိုယ့် ဖီလင်နဲ့ တိုင်းပြီး မဟုတ်သေးဘူးထင်တယ်နော်လို့ ပဲပြောရမှာပဲ..ကျနော့် ကို ဆရာကြီးတစ်ယောက်က သမားဂုဏ်ပြတဲ့ အနေနဲ့  ဘယ်နေရာမှာ မှဲ့ ရှိတယ်မဟုတ်လားလို့  အဟောခံလိုက်ရတော့  ပထမဆုံးဖြစ်သွားတဲ့ စိတ်က အကြီးအကျယ်ရှက်သွားတဲ့ စိတ်...နောက်ဆက်တွဲစိတ်က အဲ့ ဆရာကြီးကို အရင်က ရှိထားတဲ့ လေးစားသမှု့ တွေ ပလုံသွားပြီးအထင်စမော်သွားတဲ့ စိတ်ဖြစ်သွားတယ်...သူ့ အင်ပရက်ရှင်နဲ့  ဒီလို အရှက်မရှိတွေ ဟောရမလားဆိုတဲ့ အမြင်ပေါ့  အဲ့ အခေါက်က နောက်ဆုံးအခေါက်ဖြစ်သွားပြီး အဲ့ ဆရာကြီးသေသာသွားရော နောက်ထပ်မသွားဖြစ်တော့ ဘူး....
ဒီလို ကိုယ့် စိတ်နဲ့ ကိုယ်နှိုင်းပြီး ပညာခွင်အရ သိနေဦး မှန်မယ်ထင်ဦးတောင် မဟောဖြစ်တဲ့  မဟောသင့် တဲ့ ဟာတွေ ဘယ်တုန်းကမှမဟောခဲ့ မပြောခဲ့ တော့ ဘူး..
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..