နဂ်ဂတစ်အမြင်သမားတွေဟာ သူ့ ကိုယ်သူပါ နဂ်ဂတစ်အမြင်တွေ မြင်လွန်းလာပြီဆိုရင် အဲ့ နဂ်ဂတစ်သမားဟာ လောကအတွက်ရော သူ့ ဘ၀အတွက်ပါ ဒိန်းဂျားဖြစ်ဖို့ နီးလာပြီ...
စစချင်း အမြင်ဆိုတာ အမြင်သက်သက် အခြေအနေပဲရှိသေးတယ်...နောက်မှ ..ကိုယ့်  အခံ အခြားတစ်ခုခု နဲ့ အရောင်ဝင် ဆိုးတော့ တယ် ...
ရေခွက်ကြီးပါလား ( ရေမလိုသေးသူ) ...
ရေကလည်း တစ်ဝက်ထဲ...( အပြည့် လိုချင်သူ..)
ကောက်မော့ ချလိုက်တယ် ( ရေ တကယ်လိုနေသူ)....
တကယ်ကတော့  နဂ်ဂတစ်အမြင်သမားဆိုတာရော ပေါ့ စတစ်အမြင်သမားဆိုတာရော တကယ် မရှိဘူး တံဆိပ်တွေ ။ ကိုယ့်  နှစ်သက်မှု့ မနှစ်သက်မှု့ သဘောတွေပါနေတဲ့  ကိုယ့် ဖီလင်နဲ့ ကိုယ် ကိုယ့် ဖြစ်တည်မှု့ ဘ၀နဲ့ ကိုယ် ကိုယ့် လတ်တလောကြုံနေရတဲ့ အခြေအနေတွေနဲ့ ကိုယ် ခံစားပြီး မြင်ချင်သလို မြင်လိုက်တာမျိုးတွေ နဲ့  တစ်ခြား အခြေအနေ တစ်ခုခုနဲ့  သွားသွားတိုင်းပြီး မြင်နေတာမျိုးတွေပဲရှိတယ်..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..