Powered By Blogger

Wednesday, December 16, 2015



အပေါ်ရုပ် အတွင်းစိတ် + လောဂျစ်
---------
လောကီပညာသဘောကို လုပ်နေရင်းကနေ အပေါ်ရုပ်တွေ အပေါ်ထားတဲ့ အမြင်က သင့် တော်ယုံကနေ သိပ်ကျွံသွားရင် ကိုယ့် မြတ်ဘုရား ရဲ့ ဓမ္မစစ် အတွင်းသဘောတွေ စေတနာဟာ ကံဖြစ်သည်သဘော စိတ်သာရှင်စော ဘုရားဟောသဘော သံသရာနဲ့ ချီပြီးပါလာတဲ့  ကံသတ္တိသဘောတွေကနေ ကင်းကွာသွားရင် ..အိုဗာတွေ ဖြစ်လာပြီလို့  ထင်စရာတွေ အထင်သေးစရာတွေ အများအမြင်မှာ ဖြစ်လာတတ်တယ်


ဘုရားပန်းကပ်လှုတာ အစစ်မှ သင့် တော်တယ် ပလတ်စတစ်ပန်းကပ်တာဟာ ကိုယ်ကတော့  သုံးချင်သလို သုံးပြီး ဘုရားကို မလေးစား အရေးမထားရာကျတယ်တွေ ဘာတွေ ဖြစ်လာတဲ့ အမြင်ဟာ အတွေးမနက်ရင် အမှတ်တမဲ့ တော့  ဟုတ်နိုးနိုး...


ဒီအမြင်ဟာ အပေါ်ရုပ် အပြုအမူကိုသာ ဇောင်းပေးလိုက်တဲ့ စိတ်တွေရဲ့  (၀ါ) သဒ္ဒါရဲ့  သဘောကို မစေ့ ငု လူတွေရဲ့  ဆင်းရဲချမ်းသာ ဘ၀ကံဇာတာ အနိမ့် အမြင့် လူမှု့ ပတ်ဝန်းကျင် လူတန်းစား သဘောကို မျက်ကွယ်ပြုလိုက်တဲ့  အမြင်မျိုးဖြစ်တယ်လို့  ကျနော်ကတော့ မြင်တယ်...


ဘုရားကို ပန်းအစစ်နဲ့  ပူဇော်ထားစေ ပလတ်စတစ်ပန်းနဲ့ ပူဇော်ထားစေ ဒါဟာ ဘုရားကို ဘုရားမှန်းသိသူတွေရဲ့  ဘုရားရှင်ကို ကောင်းမှု့ တစ်ခုခုတော့ ပြုထားမယ်ဆိုတဲ့  သဒ္ဒါ စိတ်က စေ့ ဆော်လိုက်တဲ့  ကောင်းမြတ်တဲ့  စေတနာကံက ဖြစ်လာတဲ့  ကံ လှုပ်ရှားမှု့ မျိုးဖြစ်တယ် ဒီ့ အတွက် ပလတ်စတစ်ပန်းသာ ထိုးလှုပူဇော်ထားသူဟာလဲ ဘုရားရှင်ကို ကြည်ညိုပူဇော်ရမှန်း
သိနေတဲ့ ကောင်းတဲ့ စိတ်ထားကြောင့်  ကောင်းတဲ့ အကျိုး ပြန်ရလာမှာ မလွဲမသွေပဲဖြစ်တယ်


ဘာဘုရားစင်မှ မရှိ ဘာပန်းအိုးမှ မရှိတောင်မှာ ကိုယ့် ရဲ့  စိတ်ထဲကနေ ဂုဏ်တော်ပွားနေတာ ဘုရားစာတစ်ခုခု ရွတ်ဖတ်နေမိတာတောင် ကောင်းမှု့ စိတ်ထား ကြောင့်  ကောင်းကျိုးပြန်ရမှာ မလွဲ ဆိုတာကို ယုံကြည်ကြသေးရင် ဘုရားကို ဘယ်လို အကြောင်းပြချက်နဲ့  ဖြစ်စေ ပလတ်စတစ်ပန်းလေး ထိုးလှုထားတာဟာလဲ ဘာကြောင့်  ကောင်းကျိုးပြန်မရစေရမှာလဲ


ကျောင်းဆောင်ကို ဘုရားငုတ်တုပ် နဲ့  ဟောင်းလောင်းထားတာထက်စာရင် ပလတ်စတစ်ပန်းခိုင်လေးတွေ ဘုရားစင်မှာ လှတပတပူဇော်ပေးထားတာဟာ ဘုရားကျောင်းဆောင်ကို သဒ္ဒါစိတ်ဝင်စေ အမြင်သာယာကြည်နူးမှု့ ကို ဖြစ်စေတယ်မဟုတ်လား....

''ဘုရား''လို့  လန့် ပြီး ယောင်အော် လိုက်တာနဲ့  လန့် ပြီး ယောင် ''ဆဲ''လိုက်တာမှာ လန့် ပြီး ရေရွတ်တာချင်း အတူတူ ဘယ် ရေရွတ်သံဟာ ''ကောင်းသော ရေရွတ်သံ'' ဖြစ်မလဲသဘော..

'' ကောင်းတဲ့  အပြုအမူဟာ ကောင်းတဲ့  အပြုအမူသာ ဖြစ်တယ် မကောင်းတဲ့  အပြုအမူဟာမကောင်းတဲ့  အပြုအမူပဲဖြစ်တယ်...''

ဘုရားကို ပန်းလှုတာဟာ ကောင်းတဲ့ အပြုအမူဆိုရင် ပန်းစစ်စေ ပန်းတု ပလတ်စတစ်ပန်းဖြစ်စေ ဘုရားကို ပန်းလှုတဲ့  အပြုအမူသာဖြစ်လို့ ကောင်းတဲ့  အပြုအမူသာဖြစ်တယ်. ဘုရားဆွမ်းတော်ကို ပန်းကန်သေးသေးနဲ့  ကပ်ကပ် ကြီးကြီးနဲ့  ကပ်ကပ် ဘုရားကိုဆွမ်းတော်ကပ်လိုတဲ့  စေ့ဆော်တဲ့ စိတ်ထားကနေ ဘုရားဆွမ်းတော်ကိုကပ်ဖြစ်တာဖြစ်လို့  ဆွမ်းကပ်လိုတဲ့  စိတ်ထား စပေါ်လာကတည်းက ကောင်းသောအကျိုးကို စရနေပြီဖြစ်တယ်


ဂါရ၀ အဂါရ၀ သဘောနဲ့  ထောက်ပြလာရင်လဲ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် ဆိုရိုးစကား ထားခဲ့ ခြင်းဟာ အလကားထားခဲ့ တာမဟုတ်ပဲ ဒီ စကားအလင်္ကာရဲ့  နောက်ကွယ်က ဆင့် ပွား ကွယ်ဝှက် အနက်တွေကို တွေးဆနိုင်ရင် ဂါရ၀ လျှိုးပြကောင်းတိုင်း အပြင်ကနေ လှမ်းဖတ်ရခက်တဲ့  အတွင်းစိတ်ထာ့း ဘယ်လိုတွေ ကြံနေလဲဆိုတာ မသိနိုင်ဘူး ဒိ အတွက် ဥပမာတွေ ဇာတကထဲမှာ အများကြီးရှိတယ်


လက်တွေ့ လောကမှာလဲ ဖြစ်ခဲ့ တယ် ဖြစ်နေဆဲဖြစ်တယ် ဖြစ်ဦးမှာပဲ ဖြစ်တယ် ဆိုတာက ဘုရားဖူးလာသယောင်နဲ့  ဘုရားရှင်ကို လှုဒါန်းပူဇော်ထားတဲ့  ရွှေကို ပွတ်ယူသွားတာမျိုးတွေဟာ မခိုးခင်မှာတော့  သူခိုးဟာ ဂါရ၀ကြီး သယောင်သဘောပေါ့ 


စိတ်ထား သဘော စိတ်ဇောသတ္တိ သဘောတွေကပဲ ..

.''ကောင်းကင်တံခါးကို ပွင့် စေတယ် ငရဲတံခါးကို ပိတ်စေတယ် ကောင်းကင်တံခါးကို
ပိတ်စေတယ် ငရဲ တံခါးကို ပွင့် စေတယ်..ဓမ္မစစ်သဘောမှာ စိတ်သာရှင်စော '''ပဲ

ဒါတွေဟာ ကျနော့် ရဲ့ ဖလောစဖီနည်း သဘော လောဂျစ်တွေနဲ့  ရောထားတဲ့ အတွေးတွေ အမြင်တွေပါ




သံယောဇဉ် ဟာ နှလုံးသားတွေကိုပါ လိုက်သေစေရော့ သလားပါပဲ....


သံယောဇဉ် ဟာ နှလုံးသားတွေကိုပါ လိုက်သေစေရော့ သလားပါပဲ....
-----------------------
ကျနော့် အမေက အရင်ဂိသွားတော့  ကျနော့်  အဖေရဲ့  သရုပ်ပျက်နေပုံကို ၀င်ခံစားတဲ့  သဘောပေါ့ ၊ တကယ်တော့  ကျနော့် အဖတင်မဟုတ်ပါဘူး ၁၀ စု နှစ် ၃စု ကျော်လောက်အတွင်း ကိုယ့်  အတွင်း မိသားစုဝင်ထဲက တန်ဘိုးအထားရဆုံးသူတွေ ကွယ်လွန်သွားရင် တစ်အိမ်လုံး ရင်ကွဲနာ ကျပြီး ကျန်ခဲ့ တာမျိုးပါပဲဗျာ ''သံယောဇဉ် ဆိုတာကရော ဒုက္ခရဲ့ မြစ်ဖျားခံရာ ရေသောက်မြစ်တစ်ခု '' ဆိုတဲ့ 
သီချင်းလေးလို့ ပေါ့ လေ


ကျနော်တို့ အမေရော အဖေပါ ကျေးလက်တောသူ ရွာက သူကြီးသားတွေ ဖြစ်လို့  ဆေးလိပ်ကို အနိုင်မခံအရှုံးမပေး မီးသွေးသင်္ဘော ခေါင်းတိုင်အရှုံးပေးရလောက် အောင် သောက်ကြတဲ့ သူတွေပါ။ အမေကတော့  မိန်းမသားပီပီ သောကသည် ဖြစ်နေတာမျိုးရယ် ဘ၀ခရီးတွေက ကြမ်းတမ်း ရင်ဆိုင်ခဲ့ ရလို့  အဲ့ အပူစုံဒဏ်တွေ ပိပြီး ရင်တွင်းအဆုပ်ကင်ဆာ စောစောစီးစီး ဖြစ်ပြီး ဂိသွားတာမျိုးနဲ့  တူပါတယ်...ကင်ဆာ စ၀င်ပြီဆိုကတည်းက ဆေးပေါင်းခ ကုရတော့ တာပေါ့ ..


ပုံအောသုံး ကုပေမယ့်  ခေတ်ဗဟုသုတ တွေ ဗေဒင်နဲ့  ကံချိန်သဘောအရရော ကိုယ့် မျက်စိရှေ့  သဘောအရပါ အနှေးနဲ့ အမြန် လို့  ကာယကံရှင်ကိုယ်တိုင်ရော တစ်မိသားစုလုံးကပါ သိနေကြတဲ့ အချိန်တွေဟာ အလွန်တရာမှ ကြေကွဲစရာ ကောင်းလွန်းလှတဲ့  အချိန်တွေပါ..
.

တစ်မိသားစုလုံးရဲ့ မျက်စိအောက်မှာ အပြန်အလှန်တွယ်ငြိသံယောဇဉ်တွေကြီးလွန်းကြတဲ့  မိသားစုဆီကနေ မလာမဲ့ လမ်းကို အပြီးခွဲသွားရတော့ မဲ့  နေ့ ရက်တွေကို လက်ရေတွက်ချိုးပြီး
ထိုင်စောင့် နေရတဲ့  အချိန်တွေဆိုတာ သံယောဇဉ်ကြောင့်  အရှင်လတ်လတ် ငရဲကျနေတဲ့ နေ့ ရက်တွေပါပဲဗျာ


ကျနော်တို့ လို ငယ်ရွယ်သူတွေရဲ့  ရင်တွင်းက သောကမီးကြောင့်  ကျနော်တို့ ဖအေကြီးဟာ သူ့ ရင်တွင်းက သူ့ ချစ်လှစွာသော ငယ်ကပေါင်းတဲ့  ငယ်ချစ်မယားအတွက် ဖြစ်နေတဲ့  သောကမီးကို သားသမီးတွေ မြင်သာအောင် ထုတ်မပြပေမယ့်  ဘယ်လောင်တောင် ကြေကွဲနေရှာပါ့ မလဲဆိုတာ သားကြီးသြရသဖြစ်တဲ့  ကျနော်ကတော့  ရိပ်မိနေတာပေါ့ ဗျာ..
.

အဲ့ တော့  သားအဖနှစ်ယောက်ဟာ ဆေးဆရာစုံနဲ့  ဘာလုပ်လို့ ရသေးလဲဆိုတာကို
တွေးကြပြီး အသက်ကယ်ဖို့ ကျိုးစားကြချက်က သေချင်းလမ်းပေါ်ရောက်နေပြီဖြစ်တဲ့  ကျနော်တို့ မအေကိုယ်တိုင်က သူကြီးသားအဖတွေလို့  နောက်ပြောင်ပြောတဲ့ အထိ သရုပ်ပျက်နေကြတယ်ပေါ့ ဗျာ...သောက ဆိုတာ အဲ့ လိုပါပဲ လူတွေကို အရုးမီးဝိုင်း ဖြစ်နေစေသလိုပါပဲ


ဘယ်အချိန်မှာ ကျနော်တို့ အဖေ ဆောက်ရာ တည်ရာမဲ့  သွားသလို ဖြစ်သွားတာ သိသာလဲဆိုတော့  နာရေးဖြစ် ရက်လည်ပြီး ကိုယ့် မိသားစုတွေချည်းသာ ရှိတော့ တဲ့  ကာလတွေမှာပေါ့ ဗျာ...မိသားစုအတွင်း လွမ်းဖျားလွမ်းနာတွေ ကျကျန်ခဲ့ ပုံက နွေကန္တာ ရပ်ဝန်းကြီးထဲရောက်နေသလိုပါပဲ...ဖအေကြီးဟာ သူ့ အလုပ်ကို ရှောင်မရလို့ ပြန်သာလုပ်ပြနေပေတဲ့  အရင်ကလို တက်ကြွသွက်လက်တဲ့  ဟန်ပန်အမူအယာတွေ ပျောက်ကွယ်နေပါပြီ


အရင်က စကားသွက်သလောက် မေးထူး ခေါ်ပြောသဘောသာရှိပါတော့ တယ်...ညညဆို တချိုး ချွတ်ချွတ်နဲ့  အိပ်မရတဲ့  ညတာရှည်တွေ သဘော တွေ့ လာရပါတယ်.
.( အမှန်တော့ ကျနော်ပါ အူကြောင်ကြားဖြစ်နေလို့  ကိုယ့် ဖအေ ည မအိပ်တာ
အိပ်တစ်ဝက် နိုးတစ်ချက်ဖြစ်နေတာ ဘေးကသိနေတာမျိုးပေါ့ )...သမီးတွေ ကို
အရင်ကလို ထမင်းပြင်ပါတွေ ဘာတွေ မလာတော့ ပဲ ခေါ်မှ သတိပေးမှ အသက်ဝင်လာသလိုပါပဲ..ပျော်ရွှင်တက်ကြွမှု့ တွေ ပျောက်ကွယ်နေတဲ့ 
လပိုင်းတွေပေါ့ ဗျာ..


အသန့် အရှင်း အလွန်ဂရုစိုက်တတ်တဲ့  အ၀တ်အစားကို ကြိုက်တာသာ ရွေးဝတ်တဲ့ 
အကျင့်  ရှိတဲ့ ဖအေ ခေါင်းလိမ်းဆီ အမြဲ သုံးကျင့် ရှိတဲ့ ဖအေ ဘုရား ၀တ်တက် မပျက်တတ်တဲ့ ဖအေဟာ တစ်ခါတစ်လေ ရေချိုးဖို့ မေ့ နေတာကို သမီးတွေက သတိပေးလာရတာ သမီးတွေက ရမ်းထုတ်ပေးတဲ့ အင်းကျီကို ဒီ အတိုင်းကောက်စွပ်တာတွေ မကဘူး ဘုရားစင်ကနေ ညတိုင်းကြားနေရတဲ့  တရားရွတ်သံ ကြေးစည်သံပါ ဆိတ်သုဉ်းသွား ခဲ့ တဲ့  နေ့ တွေ လတွေပေါ့ ဗျာ....


တစ်အိမ်လုံး သုဿန် တစ်စပြင်လို.... တစ်မိသားစုလုံးပါ မအေကြီးနဲ့  လိုက်သေသွားကြသလိုပါပဲ.......
သံယောဇဉ် ဟာ နှလုံးသားတွေကိုပါ လိုက်သေစေရော့ သလား..ပါပဲ.....

မွေးနေ့သောကြာ တနင်္ဂလာ နောက်တနည်း
========================
ဖေ့ဘုတ်မှာတွေ့လိုက်တာ ဆရာ။ နာမယ်တော့ မမှတ်မိဘူး။ သူပြောတာက...
ဘုရားရှင်ရဲ့ ဖြစ်တော်စဉ်ကို ပြန်ကြည့်ရင် ဘုရားလောင်းဟာ သောကြာနေ့မှာ မွေးပြီး တနင်္ဂလာနေ့မှာ တောထွက်ပါတယ်၊ တောထွက်တယ် ဆိုတော့ ဆံတော်ကို ပယ်တာလဲ အဲဒီနေ့ပဲပေါ့။
ဒါကြောင့် သောကြာသားများ တနင်္ဂလာနေ့ မှာ ဆံပင်ညှပ်မိရင် ဘုရားလောင်းကို တုပရာ ရောက်လို့ ရှေးလူကြီးတွေက တားခဲ့တာပါတဲ့။ အခြားနေ့သားတွေနဲ့ မဆိုင်ပါဘူးတဲ့။
ဆရာ့အမြင် သိချင်ပါတယ် ဆရာ။
LikeComment
You like this.
Comments

Na Win Thi Ha ပထမဆုံး ပြောလိုတာက ကျနော် ကိုယ်တိုင်ရဲ့  ဆံပင် ကလိတဲ့ ကိစ္စမှာ ဘယ် အဆိုအမိန့် အောက်မှာ မရှိဘူး စိတ်ကြိုက် ကလိတယ် အခါတွေ နေ့ တွေ ဘာအကန့် အသတ်မှ တစ်ခါမှ ဂရုမစိုက်ခဲ့ ဘူး ညှပ်ချင်သလို ညှပ်ပြီး ဆေးဆိုးချင်သလို ဆိုးတယ် ရေချိုးတိုင်း ဆံရှည်ခေါင်းကို ရေလောင်း
ချိုးနေတာချည်းပါပဲ အဲ့ ဆံပင်ကို ကလိချင်သလို ကလိနေတဲ့ အတွက် ဘ၀ကြီးတစ်ခုလုံးကို အကျိုးသက်ရောက်မှု့  ထူးခြား ကောင်းမှု့ ဆိုးမှု့  ကြုံရတယ်လို့  တစ်သက်လုံး တစ်ခါမှ မကြုံဖူးဘူး   ပုံမှန်ပါပဲ   တစ်ခါတစ်လေ ဆံပင် ရေမခြောက်ခင် အဲကွန်းစာမိလို့ နှာတော့  နဲနဲ စီးနေတတ်တယ် ငိငိး
---------
ပညာအယူအဆမှာတော့  အဆိုတွေ အတော်များများဟာ တနင်္ဂနွေတိုင်ကို ကိုယ်စားပြုပြီး ဥပမာပေးခဲ့ လေ့ ရှိတယ်လို့  သာစည် ပင်းယ အဆိုကို ထောက်ပြီး ပြောတယ်ဗျ....
အဲ့ တော့  ကိုယ်က ကြာတေးသား ဆိုရင် ကိုယ့် မွေးနေ့ ရယ် ကိုယ့် အညွန့် နေ့ ဖြစ်တဲ့  သောကြာနေ့ ရယ် ( အဲ့ နေ့ မှာ ကြာတေးက ခိုက်ရောက်နေလို့ ) ကိုယ့် ဆပွတ်နေ့  အင်္ဂါနေ့  ( ပျက်ထွက် တိုင်ခြေမြေလူးမှာ ကိုယ့် မွေးနံ ရောက်နေလို့  )
သဘောပေါ့ ...လုပ်တော့  ဘာဖြစ်လဲ သဘောက တမင် စမ်းကြည့် မှ ပိုသိမှာပါဗျား
----------
အတွေ့ အကြုံအရတော့  နေ့ ဖြစ်စေ အခါတိုင် ဖြစ်စေ ( အဓိက အခါတိုင်တစ်နာရီခွဲ အတွင်းက ပိုသိသာတယ်) ကိုယ့် မွေးနံ ခိုက်ရောက်ချိန်မှာ ထူးခြားတစ်ခုခု အပြောင်းအလဲ ထလုပ်လိုက်တိုင်း အဆီအငေါ်မတည့်  စိတ်တိုင်းးမကျ အဖုအထစ်များသဘောတော့ သိသာတယ် ( ဒါပေမယ့် လဲ ဘ၀ကြီးတစ်ခုလုံး ပျက်ကိန်းစဆိုက်သွားတာမျိုးလဲ မတွေ့ ရပြန်ပေါ့  ဥပမာ ကြာသာပတေးသား တစ်ယောက်ဟာ မွေးနံ ခိုက်ရောက်နေတဲ့ သောကြာတိုင်မှာ ကတုံးရိပ်ကြည့် ရင် အကျိုးဆက် ဘာလာမလဲ တစ်ကြိမ်နဲ့ မသိသာဘူးထင်ရင် တစ်ပတ်တစ်ခါ သောကြာတိုင် ရောက်တိုင်း ကတုံးရိပ်ကြည့် မယ် ၃ ပတ် (သို့ ) ၅  ပတ်ဆက်တိုက်သဘောမျိုးပေါ့ လေ ..ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူးပေါ့ တစ်ခုခု ဖြစ်ရင် တစ်ခုခုတော့  ဖြစ်တတ်သားပဲပေါ့ .
Like · Reply · 5 mins

Na Win Thi Ha ရှေးလူကြီးတွေက တားခဲ့ တာ အဲ့ ဗေဒင်ဆရာကိုပဲ တားခဲ့ တာနဲ့ တူတယ်ဗျ
 ပြီးတော့  မင်းမသိ ဗြဟ္မဒတ် ပြည်မသိ ဗာရာဏသီ ဗေဒင်ဆရာ ရွှီးချင်ရင် ရှေးလူကြီးတွေကပြောခဲ့ တာ လို့  ဂျာနယ်သတင်းလို သံတမန် ရပ်ကွက်က သတင်း ဆိုပြီး ထ လုပ်ချင်လုပ်တာလို ဖြစ်နေပြီဘုရား အမှားတစ်ခုခုဖြစ်တော့  ကိုယ့် အမှားမဟုတ်ဖူး ရှေးလူကြီးအမှားလို့  လွှဲချလို့ ရတာပေါ့ ဗျား..အဟီး...
Like · Reply · 1 min · Edited