Powered By Blogger

Wednesday, December 16, 2015

သံယောဇဉ် ဟာ နှလုံးသားတွေကိုပါ လိုက်သေစေရော့ သလားပါပဲ....


သံယောဇဉ် ဟာ နှလုံးသားတွေကိုပါ လိုက်သေစေရော့ သလားပါပဲ....
-----------------------
ကျနော့် အမေက အရင်ဂိသွားတော့  ကျနော့်  အဖေရဲ့  သရုပ်ပျက်နေပုံကို ၀င်ခံစားတဲ့  သဘောပေါ့ ၊ တကယ်တော့  ကျနော့် အဖတင်မဟုတ်ပါဘူး ၁၀ စု နှစ် ၃စု ကျော်လောက်အတွင်း ကိုယ့်  အတွင်း မိသားစုဝင်ထဲက တန်ဘိုးအထားရဆုံးသူတွေ ကွယ်လွန်သွားရင် တစ်အိမ်လုံး ရင်ကွဲနာ ကျပြီး ကျန်ခဲ့ တာမျိုးပါပဲဗျာ ''သံယောဇဉ် ဆိုတာကရော ဒုက္ခရဲ့ မြစ်ဖျားခံရာ ရေသောက်မြစ်တစ်ခု '' ဆိုတဲ့ 
သီချင်းလေးလို့ ပေါ့ လေ


ကျနော်တို့ အမေရော အဖေပါ ကျေးလက်တောသူ ရွာက သူကြီးသားတွေ ဖြစ်လို့  ဆေးလိပ်ကို အနိုင်မခံအရှုံးမပေး မီးသွေးသင်္ဘော ခေါင်းတိုင်အရှုံးပေးရလောက် အောင် သောက်ကြတဲ့ သူတွေပါ။ အမေကတော့  မိန်းမသားပီပီ သောကသည် ဖြစ်နေတာမျိုးရယ် ဘ၀ခရီးတွေက ကြမ်းတမ်း ရင်ဆိုင်ခဲ့ ရလို့  အဲ့ အပူစုံဒဏ်တွေ ပိပြီး ရင်တွင်းအဆုပ်ကင်ဆာ စောစောစီးစီး ဖြစ်ပြီး ဂိသွားတာမျိုးနဲ့  တူပါတယ်...ကင်ဆာ စ၀င်ပြီဆိုကတည်းက ဆေးပေါင်းခ ကုရတော့ တာပေါ့ ..


ပုံအောသုံး ကုပေမယ့်  ခေတ်ဗဟုသုတ တွေ ဗေဒင်နဲ့  ကံချိန်သဘောအရရော ကိုယ့် မျက်စိရှေ့  သဘောအရပါ အနှေးနဲ့ အမြန် လို့  ကာယကံရှင်ကိုယ်တိုင်ရော တစ်မိသားစုလုံးကပါ သိနေကြတဲ့ အချိန်တွေဟာ အလွန်တရာမှ ကြေကွဲစရာ ကောင်းလွန်းလှတဲ့  အချိန်တွေပါ..
.

တစ်မိသားစုလုံးရဲ့ မျက်စိအောက်မှာ အပြန်အလှန်တွယ်ငြိသံယောဇဉ်တွေကြီးလွန်းကြတဲ့  မိသားစုဆီကနေ မလာမဲ့ လမ်းကို အပြီးခွဲသွားရတော့ မဲ့  နေ့ ရက်တွေကို လက်ရေတွက်ချိုးပြီး
ထိုင်စောင့် နေရတဲ့  အချိန်တွေဆိုတာ သံယောဇဉ်ကြောင့်  အရှင်လတ်လတ် ငရဲကျနေတဲ့ နေ့ ရက်တွေပါပဲဗျာ


ကျနော်တို့ လို ငယ်ရွယ်သူတွေရဲ့  ရင်တွင်းက သောကမီးကြောင့်  ကျနော်တို့ ဖအေကြီးဟာ သူ့ ရင်တွင်းက သူ့ ချစ်လှစွာသော ငယ်ကပေါင်းတဲ့  ငယ်ချစ်မယားအတွက် ဖြစ်နေတဲ့  သောကမီးကို သားသမီးတွေ မြင်သာအောင် ထုတ်မပြပေမယ့်  ဘယ်လောင်တောင် ကြေကွဲနေရှာပါ့ မလဲဆိုတာ သားကြီးသြရသဖြစ်တဲ့  ကျနော်ကတော့  ရိပ်မိနေတာပေါ့ ဗျာ..
.

အဲ့ တော့  သားအဖနှစ်ယောက်ဟာ ဆေးဆရာစုံနဲ့  ဘာလုပ်လို့ ရသေးလဲဆိုတာကို
တွေးကြပြီး အသက်ကယ်ဖို့ ကျိုးစားကြချက်က သေချင်းလမ်းပေါ်ရောက်နေပြီဖြစ်တဲ့  ကျနော်တို့ မအေကိုယ်တိုင်က သူကြီးသားအဖတွေလို့  နောက်ပြောင်ပြောတဲ့ အထိ သရုပ်ပျက်နေကြတယ်ပေါ့ ဗျာ...သောက ဆိုတာ အဲ့ လိုပါပဲ လူတွေကို အရုးမီးဝိုင်း ဖြစ်နေစေသလိုပါပဲ


ဘယ်အချိန်မှာ ကျနော်တို့ အဖေ ဆောက်ရာ တည်ရာမဲ့  သွားသလို ဖြစ်သွားတာ သိသာလဲဆိုတော့  နာရေးဖြစ် ရက်လည်ပြီး ကိုယ့် မိသားစုတွေချည်းသာ ရှိတော့ တဲ့  ကာလတွေမှာပေါ့ ဗျာ...မိသားစုအတွင်း လွမ်းဖျားလွမ်းနာတွေ ကျကျန်ခဲ့ ပုံက နွေကန္တာ ရပ်ဝန်းကြီးထဲရောက်နေသလိုပါပဲ...ဖအေကြီးဟာ သူ့ အလုပ်ကို ရှောင်မရလို့ ပြန်သာလုပ်ပြနေပေတဲ့  အရင်ကလို တက်ကြွသွက်လက်တဲ့  ဟန်ပန်အမူအယာတွေ ပျောက်ကွယ်နေပါပြီ


အရင်က စကားသွက်သလောက် မေးထူး ခေါ်ပြောသဘောသာရှိပါတော့ တယ်...ညညဆို တချိုး ချွတ်ချွတ်နဲ့  အိပ်မရတဲ့  ညတာရှည်တွေ သဘော တွေ့ လာရပါတယ်.
.( အမှန်တော့ ကျနော်ပါ အူကြောင်ကြားဖြစ်နေလို့  ကိုယ့် ဖအေ ည မအိပ်တာ
အိပ်တစ်ဝက် နိုးတစ်ချက်ဖြစ်နေတာ ဘေးကသိနေတာမျိုးပေါ့ )...သမီးတွေ ကို
အရင်ကလို ထမင်းပြင်ပါတွေ ဘာတွေ မလာတော့ ပဲ ခေါ်မှ သတိပေးမှ အသက်ဝင်လာသလိုပါပဲ..ပျော်ရွှင်တက်ကြွမှု့ တွေ ပျောက်ကွယ်နေတဲ့ 
လပိုင်းတွေပေါ့ ဗျာ..


အသန့် အရှင်း အလွန်ဂရုစိုက်တတ်တဲ့  အ၀တ်အစားကို ကြိုက်တာသာ ရွေးဝတ်တဲ့ 
အကျင့်  ရှိတဲ့ ဖအေ ခေါင်းလိမ်းဆီ အမြဲ သုံးကျင့် ရှိတဲ့ ဖအေ ဘုရား ၀တ်တက် မပျက်တတ်တဲ့ ဖအေဟာ တစ်ခါတစ်လေ ရေချိုးဖို့ မေ့ နေတာကို သမီးတွေက သတိပေးလာရတာ သမီးတွေက ရမ်းထုတ်ပေးတဲ့ အင်းကျီကို ဒီ အတိုင်းကောက်စွပ်တာတွေ မကဘူး ဘုရားစင်ကနေ ညတိုင်းကြားနေရတဲ့  တရားရွတ်သံ ကြေးစည်သံပါ ဆိတ်သုဉ်းသွား ခဲ့ တဲ့  နေ့ တွေ လတွေပေါ့ ဗျာ....


တစ်အိမ်လုံး သုဿန် တစ်စပြင်လို.... တစ်မိသားစုလုံးပါ မအေကြီးနဲ့  လိုက်သေသွားကြသလိုပါပဲ.......
သံယောဇဉ် ဟာ နှလုံးသားတွေကိုပါ လိုက်သေစေရော့ သလား..ပါပဲ.....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..