Powered By Blogger

Saturday, May 2, 2015

ဘာယတြာမှ လုပ်ဖို့ အခွင့် အရေးမရတဲ့ အခါ....

ဘာယတြာမှ လုပ်ဖို့ အခွင့် အရေးမရတဲ့ အခါ....
-------------------------
ဒီနည်းက ကျနော်ကိုယ်တိုင် ကျင့် သုံးခဲ့ ကျင့် သုံးဆဲနည်းပါပဲဗျာ...စာတွေထဲက မဟုတ်ပဲ ကိုယ့် အတွေ့ အကြုံအပေါ်ကနေ စဉ်းစားပြီး လုပ်မိခဲ့ တာပါပဲ..အထူးသဖြင့်  ရုတ်တရက် မတော်တဆမှု့ တစ်ခုခုနဲ့  သေမှာစိုးမိတာကစတာပါပဲ ၊ အရင်က ပွဲရုံ အသွားအပြန်တိုင်းကို စက်ဘီး နင်းသွားရပါတယ်..အသွားရော အပြန်ပါ ကားကို ကျောပေးနင်းရတာ ဖြစ်ပြီး နာရီဝက်နီးပါး နင်းရတာပါ..ခါတိုင်းတော့  တောင်တွေးမြောက်တွေးနင်းတာပါ

နောက်တော့  တွေးမိတာက ပေါက်ကရတွေးနင်းတုန်း နောက်ကနေ ကားဝင်တိုက်ရင်တော့  အပယ်ကို တန်းနေမှာပဲလို့ တွေးမိရာကနေ ဒီနည်းကို စဉ်းစားမိတာပါပဲဗျာ..ကောင်းတာတွေးတုန်း နောက်က ကားဝင်အောင်းလို့  ဂန့် သွားရင်တောင် ကောင်းရာလားရလောက်မယ်ပေါ့ လေ..

'''အသက်ရှုရင်''ဗုဒ္ဓေါ ''လို့  စိတ်က မှတ်လိုက်ပါတယ်...ထွက်သက်ကို ''အရဟံ'' လို့  မှတ်လိုက်တာပါ... အတော် ရိုးစင်းပါတယ် အတွေးက ဘုရားဂုဏ်တော် ၂ ပါးကိုထွက်သက် ၀င်သက်မှာ  ထည့် မှတ်ပြီး စက်ဘီးနင်းသွားတော့ တာပါပဲ....'''

ပထမဆုံးအကျိုးက  ဝေးလှတဲ့ ပွဲရုံကို ရောက်လို့ ရောက်မှန်းမသိ ရောက်သွားတာ..နောက်လနဲနဲ ရလာတော့  စိတ်ကထင်တာ ဖြစ်လာတာ စိတ်ကလိုချင်လိုက်မိတာတွေဟာ မထင်ထားပဲ ရရလာတတ်တွေ ဖြစ်လာသလို  ဘေးအန္တရာယ်တွေနဲ့ အကြောက်စိတ်တွေ လျော့ သွားတာပါပဲ
နောက်တော့  အိပ်ခါနီးရင်  အဲ့ လိုလေး ဗုဒ္ဓေါ အရဟံ  လို့ မှတ်အိပ်တာ....( ဒါကလဲ အိပ်နေတုန်း ငလျင်ကြီးလှုပ်လို့ တိုက်ပြိုသွားရင်...လို့ တွေးပြီးမှတ်အိပ်တော့ တာပါပဲ) နောက်တော့ ရေးချိုးရင်ပါ အဲ့ လိုမှတ်ချိုးလုက်တာပါပဲ...ဒီတော့  ကြာတော့ ဒီလို လုပ်လာတဲ့  အပြုအမူကြောင့်  ကိုယ်ဟာ မကောင်းတာတွေ ဖြစ်မှာ မဟုတ်ပါဘူးလု့် ဆိုတဲ့ ကိုယ့် ကိုယ်ကို ယုံကြည်မှု့ တွေပိုရှိလာသလို အတိုက်သဘောတွေကိုလည်း မကြောက်တော့ ပါဘူး..ဘေးတွေလည်း သ်ပ်မတွေ့ ရတော့ သလို ၀င်ငွေပါမှန်လာပါတယ် ပြဿနာတွေလည်းသိပ်မကြုံရတော့ ပါဘူး..

ဒါဟာ တကူးတက ပုတီးထိုင်စိတ်နေရတာမျိုးတွေ ဂါထာရှည်တွေ ရွတ်နေရတာမျိုးတွေ အရွက်အညွန့် တွေထိုးနေရတာမျိုးတွေ အဓိဌာန်တွေ ၀င်နေရတာမျိုးတွေမပါတော့ ပဲ ယုံကြည်မှု့ ကနေ စိတ်သတ္တိ ကို ဖြစ်လာစေတဲ့  စားစားသောက်သောက် သွားသွားလာလာ လုပ်လုပ်ကိုင်ကိုင် အလုပ်မပျက် အစားမပျက်ပဲ နဲ့  လုပ်သွားလို့ ရတဲ့  လွတ်လပ်ပေါ့ ပါးတဲ့  ဂုဏ်တော် ၂ပါးကို သာသာယာယာလေး လူမသိသူမသိ ကြုံသလို ရသလောက် အချိန်လေးအတွင်း အာရုံပြုသွားတဲ့ နည်းပါပဲဗျာ...

ထူးခြားမှု့ တွေကတော့ များပါတယ်..ပြီးတော့  ဘာအတွက်ညာအတွက်မဟုတ်ပဲ  အတွေးမကောင်းတုန်း သေရင်အပယ်ကျမှာ စိုးလို့ လုပ်မိတဲ့  နည်းသာဖြစ်လို့  လူလည်းလွတ်လပ်ပါတယ်...လွပ်လပ်တယ်ဆိုတာ သတိရတုန်း တစ်လုံးမှတ်မှတ် မှတ်လ်ုက်တာ နဲ့ မေ့ ချင်မေ့ နေလည်း ကိစ္စမရှိပေါ့ လေ လုပ်မိတာများလာရင်တော့  စိတ်တောင့် တမိရင်ရလွယ်တာမျိုးတွေ ရလာတာမျိုး သိပ်မကြာတတ်ပဲ ဖြစ်လာပါလိမ့် မယ်

ဒါကို တစ်ချို့ က ဗုဒ္ဓါ နုဿတိ သဘောလို့  ဆိုကြပေမယ့်  ကျနော်ကတော့  ခေါင်းစဉ်မတပ်ပါဘူး  ကုသိုလ်စိတ်ကို ရတတ်သလောက် အသက်ရှုတိုင်းမှာ သတိရရင်ရတဲ့ အချိန်လေးမှာ ပေါ့ ပေါ့ ပါးပါး ထည့် သွားပေးလိုက်တာပါပဲဗျာ...

ဖအေတနင်္ဂနွေသား ကလေးတနင်္ဂနွေသားနဲ့  ကလေးကို အန္တရာယ်ဖြစ်စေနိုင်သောကိစ္စများ


ဖအေတနင်္ဂနွေသား ကလေးတနင်္ဂနွေသားနဲ့  ကလေးကို အန္တရာယ်ဖြစ်စေနိုင်သောကိစ္စများ
------------------------
ဘွားအေက မြေးလေးအတွက် လာတာပါ  ဖအေမအေက ရုံးသမားတွေမို့  တဲ့   သူတို့  မိသားစု တစ်လှေကြီးရဲ့ အတိုင်ပင်ခံလိုဖြစ်နေတဲ့ ဘွပါ) (ကလေးက တစ်နှစ်သားလေ ၄ကြွင်းတနင်္ဂနွေသား အဓိပတိဘွား...၅လပိုင်း ၂၀၁၄ ၊၊ အခု ပြီးခဲ့ တဲ့ ဧပြီလထဲမှာ ခြေဖျားတွေပေါ်ရေနွေးပူလောင်တယ်. .နေမကောင်းဖြစ်တယ် အော့ အံတယ်...ဘာများဖြစ်သလဲမသိတဲ့ ..ခမဲတွေ ဘာတွေ ပြောလာတယ်...ကလေးက ရှမ်းဗမာစပ်လေး စိုင်း...ကလေးရေနွေးပူလောင်ပုံက တွန်းလှည်း ထဲထားတာပါတဲ့  ခြေနဲ့ ယက်ပြီးဆော့ သွားရင်းက ကြမ်းပြင်မှာ ထောင်ထားတဲ့ ဓါတ်ဗူးတိုက် သူ့ ခြေဖျားလေးတွေပေါ်လဲတာတဲ့ 
့.
..( ဓမ္မရှု့ ထောင့် ကကြည့် ရင် သံသရာကြောင်းကပါလာတဲ့  သဘောကြောင့်  အပူလောင်ချင်လို့ ကို ဖြစ်ပုံရတယ် စတီးဓါတ်ဗူးက အဖုံးအရစ်အဆင့် ဆင့် နဲ့ သေခြာ ရစ်ပိတ်ထားရင်.လဲယုံနဲ့ အဖုံးပွင့် ခဲတယ် ဒီနေရာမှာ ဒီမဟာဘုတ် အယူအဆမှာ ၄ ကြွင်း တွေဟာ စနေ မရဏ ရဲ့  ဂုဏ်သဘောကြောင့်  အရေပြား အမာရွတ်လို သဘော အပူလောင်လို့ အမာရွတ်စွဲကျန်တာမျိုး ဘော်ဒီမှာ ဖုံးဖိရခက်တဲ့ နေရာမှာ ဒဏ်ရာတစ်ခုခု ရလွယ်တယ် လူကချောရင် ဖြောင့် ရင် ပိုရလွယ်တယ်...အကြောင်းက စနေမရဏက ဂုဏ်ကို လိုက်လိုက်ဖျက်နေတတ်တာကြောင့် ပဲ...) ( ဒီရှမ်းဗမာစပ်လေးဟာ မအေဗမာမလေးကလည်း ရုပ်ဖြောင့် လို့  ချောတဲ့ ကလေးကို့ ဝိုင်းချီးမွမ်းခန်းတွေ ထုတ်ဖူးလားလို့   ထောက်လိုက်တော့ အဟုတ်ပဲ ကလေးလေးကို လူတွေက ချောတယ်ချည်းဝိုင်းမွှမ်းနေကြတာ..တဲ  ..အင်းး.ဟုတ်...ချီးမွမ်းလွန်းရင် ချီးပမ်းဖြစ်တတ်တယ်လို့ တော့ ပြောကြသား...)...