'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, December 15, 2015
ကျောင်းပညာရဲ့  အသုံးကျ သွယ်ဝိုက် တန်ဘိုးသဘော
ကျောင်းပညာရဲ့  အသုံးကျ သွယ်ဝိုက် တန်ဘိုးသဘော
--
ကျောင်းက ဒဿနပညာနဲ့ ပြီးခဲ့ တာဗျ။ သင်ယူကြားနာမှတ်သားခဲ့ ရတာတော့  ကျမ်းလိုသာ ပြန်မပြောတတ်တာ အများကြီးပဲ၊ နဂိုကတည်းက ဘွဲ့  ပစ်မှတ်ပဲ ထားခဲ့တာ ဖြစ်လို့  ကျောင်းပြီးရင် ယူခဲ့ တဲ့ ကျောင်းပညာက ဘာအလုပ် ညာအလုပ် သဘောစိတ်ကူးမရှိခဲ့ ဘူး.
ပေါက်ပန်းဆေး တွေးတာ ၀ါသနာကြီးတဲ့  အခြေခံစိတ်နဲ့  သင်္ချာ သိပ်တွက်နေစရာ မလိုတဲ့ ဘာသာရပ် ဖြစ်နေတာမျိုးရယ် လှိုင်တက္ကသိုလ်မှာ တက်ရမှာ အိမ်နဲ့  အဝေးကြီးပဲ မဆိုးဘူးဟ ဆိုပြီး အဲ့ ဘာသာရပ်တွဲယူလိုက်တာ ၊ ဒိ့ အရင် ဖီလင်ဝင်နေတာ ဆရာနန္ဒာသိန်းဇံ ရဲ့  ဒဿနပညာ သမိုင်းစဉ်သဘော စာအုပ်ကြီး ''အတွေးအခေါ်တို့  လွင့် မျောခြင်းနှင့်  လူ၏ ဆောက်တည်ရာ ''စာအုပ်ကို အပြန်ပြန်အလှန်လှန်ဖတ်မိပြီး ဒဿနပညာ သဘောကို လွှတ်စိတ်ဝင်စားနေတာက အခံရှိနေပြီ ၊
ဆရာပါရဂူရဲ့  '' သိဒ္ဓတ္ထ''စာအုပ်ကိုလဲ ဖတ်မိရဲ့ သား ဖြစ်နေတော့  အဲ့ ထဲက ဇာတ်ဆောင် ဗြဟ္မဏ သိဒ္ဓတ္ထကိုလဲ လွှတ်သဘောကျနေပြီ သူက တကယ့်  လွတ်လပ်အတွေး ဖရီးစိတ် ဆန်နေတာကိုးဗျာ...အဲ့ လိုတွေ စုလိုက်တော့  ဒဿနပညာကျောင်းသားဖြစ်လာတယ်...
ကျောင်းပြီးတော့  ထုံးစံအတိုင်း မိဘကူ ရေချိုး ညစာစား အဲ ရောကုန်ပြီ မိဘ ပွဲရုံမှာ ၀င်ရော နောက် တောင်လုပ်မြောက်လုပ်တွေပေါ့ လေ..၊ ဒိနေ့ အထိ ကျောင်းပညာ ဘွဲ့ လက်မှတ်နဲ့  ဘယ် အစိုးရ၀န်ထမ်းကိုမှ မလုပ်ဖူး မလျှောက်ခဲ့ ဖူး အစိုးရ၀န်ထမ်းလုပ်ဖို့ လဲ အာရုံကို မလာခဲ့ ဘူးဘူး. ကိုယ့် ဝန်းကျင်ကိုက ၀န်ထမ်း အနံ့ အသက်တွေထက် ဈေးသည်ကုန်သည်တွေများနေတာရော ကိုယ်တိုင်ကိုယ်က စည်းအပြင်ကလူ လို စိတ်က များနေတာရော ကုန်သည် ဈေးသည်ရိုး လောကသားတွေဖြစ်လို့ တိုင်းထွာ သုံးစွဲနေရမှာမျိုးကိုလဲ ဖီလင်က မလာတာက ၀န်ထမ်း မဖြစ်စေခဲ့ တာမျိုးနဲ့  တူပါရဲ့ ပေါ့ 
ဝန်ထမ်းမဖြစ် အပြင် လွတ်လပ်စီးပွား သဘောဖက် ရောက်သွားပေမယ့်  ဒဿနပညာကျောင်းက ရလာတဲ့ ပညာသဘောတွေထဲမှာ အဓိက ရလာတဲ့  ပညာက ''တွေးတောကြည့် ခြင်း '' ဆိုတဲ့  အလေ့ အကျင့် ကို တော်တော်လေးရလာခဲ့ တယ် အဲ့  တွေးတောကြည့် ခြင်း သဘောကိုရလာတာက တစ်သက်တာ အတွက် ဘ၀လမ်းမှာ ဒုက္ခတွေ အရမ်း မရောက်အောင်အတွက် တန်ဘိုးကြီးတဲ့  ပညာသဘောလို့  ကိုယ့် ကိုယ်ကိုယ်တော့  တွေးယူလို့ ရတယ်... အဲ့ က တွေးတောကြည့် ခြင်းသဘောကို နမူနာပြောရရင်...
ဒုတိယ နှစ် နွေကျောင်းပိတ်ရက်မှာ အိမ်က ကျနော့် ကို ရဟန်းခံစေတယ်...။ ထုံးစံအတိုင်း မိရိုးဖလားအတိုင်း ရဟန်းခံပါတယ်။....အဲ့ မှာ ၀ိနည်းတွေ ကို ရင်ဆိုင်ရပါတယ်..
.ပထမဆုံးက ၀ိကာလ သဘော မွန်းလွဲရင် အစာမစား သဘောကို စရင်ဆိုင်ရပါပြီ...ပါးစပ် နဲ့  တွတ်တီးက ဆိတ်ပါးစပ်လို ဖြစ်နေတဲ့  လူအဖို့  ဆာဆာ မဆာဆာ ဆန္ဒ အလိုရမက် သဘောကြောင့်  စားချင်စိတ်ပေါ်လာသမျှ အစာတွကို စားလိုတဲ့ ဆန္ဒ ဖြစ်လာတိုင်း စိတ်နောက်ကိုယ်ပါ အစာ စားလိုခြင်း ဆန္ဒကို ပထမဆုံး ဆန့် ကျင် ချုပ်တီး သီးခံရခြင်းသဘောကို စ ကြုံရတာမျိုးပေါ့ ...ရည်ရွယ်တာက စိတ်ရှိသမျှ ဖြစ်လာတတ်တဲ့  လောဘ တဏှာ ရမက် ခံစား စံစား စည်းစိမ်ခံ လိုခြင်းသဘောတွေကို စတင် ထိမ်းချုပ်ခြင်းသဘောနဲ့ တူပါရဲ့  ...
အဲ့ တော့  လုပ်ပုံက နေ့  အရင်က ဖာသိဖာသာ နေပေမယ့်  ရဟန်းခံနေချိန်မှာ မွန်းလွဲ
၁၂ နာရီကျော် မကျော်ကို နာရီကို ခဏခဏ ကြည့် မိတာ ကိုယ့် ကိုယ့် ကိုယ် ပြန်တွေးပြီး သတိထားမိလာတယ် သိသာလာတယ် ...နေ့ ဆွမ်းစားချိန်မှာ ကျနော့် စိတ်ထဲမှာ ဖြစ်လာတဲ့ စိတ်က ညစာ မစားရဘူးဆိုတဲ့  စည်းကြီးက ၀င်နေလို့  ပုံမှန် လူဝတ်ကြောင် ဘ၀တုံးက ထမင်းစားတဲ့  နှုံး ထက် ၂ဆ လောက် ( မအန်ယုံတမြည် ကိုယ့် ဗိုက်ထဲကို အစာတွေ ပြည့် ကျပ်နေအောင် လောဘတကြီး တွတ်တီး ပေးနေမိတာ စားရင်း တန်းလန်းကို သတိထား မိနေပြီ..ညနေစောင်းတော့  ဗိုက်နဲနဲ ဆာလာရင် ၀ိနည်းလွတ်လေး ဘာ တွတ်တီး ပေးရမလဲကို မေးစမ်းကြံဆတာတွေ ဖြစ်လာတယ်
ည ၁၂ နာရီကျော်အောင် နာရီတကြည့် ကြည့်  နဲ့  တွတ်တီးပေးဖို့ မျှော်နေမိတာကိုလဲ ပြန်သတိထားမိလာတယ်...အဲ့ သတိထားမိတာရဲ့  နောက်အတွေးက ငါတော့  မဟုတ်သေးဘူး စိတ်က ဒီလောက်ဖေါက်ပြန်နေမှတော့  နာရီကြည့်  ရှောင်ရှောင် မရှောင်ရှောင် ဘာမှမထူးဘူး..လို့ စတွေးမိလာတယ် ကိုယ့် စိတ်ရဲ့  အတွင်းသဘောမှာ ညစ်ပတ်နေတာ ပြန်ရိပ် မိနေပြီပေါ့ ဗျာ..
အဲ့ လို အတွေးစဉ်ဟာ အသားလွတ်တော့ ဖြစ်လာတာမဟုတ်ဘူး စာပေပတွေတန်ခိုးနဲ့  ကျောင်းက ဆရာကြီးဆရာမကြီးတွေရဲ့  ''' တွေးကျင့် ရအောင် သင်ကြားပေးလိုက်မှု့ သဘော '' ကြောင့် လို့ ကျနော်က ဆိုလိုတာ.
လေနှင်ရာရွေ့ 
လေနှင်ရာရွေ့ တဲ့ 
တိမ်ခြေရာနောက်
စိတ်ရဲ့ စေရာလိုက်ခဲ့ သူ...
အတိတ်ကာလ
ဟိုး..အဝေးဆီက မင့် ဆီသာ..။
အခက်အခဲဆုံးယုံနည်း
လက်တွေ့ ဘ၀ နဲ့  အဆက်အစပ် ဖြစ်မလာခင် ကိုယ့် စိတ်က ထင်ရာမြင်ရာသဘောတွေကို ထင်ရာမြင်ရာတွေအဖြစ် ပြောချင်သလိုပြော ရနေသေးတယ်
လက်တွေ့ ဘ၀မှ ကြီးမားတဲ့  ဒုက္ခတွေနဲ့  ဒဲ့  ရင်ဆိုင်လာရတဲ့ အခါမှာ ကိုယ့် စိတ်က အားကိုးရာကို အပြင်းအထန်လိုက် ရှာမိတော့ တာပါပဲ..
မပြောလောက်တဲ့  ဒုက္ခတရားတွေ မကြုံခင်က ထင်ရာမြင်ရာတွေ မဟုတ်တော့ ပဲ
အဲ့ အားကိုးရာက မိရိုးဖလား အယူတွေလဲ ဖြစ်ချင် ဖြစ်သွားနိုင်တယ်
ကိုယ်တကယ် ယုံထားတဲ့  အရာတွေအပေါ်မှာလဲ မှီရာ တည်ရာ ဆောက်တည်ရာ ဖြစ်သွားနိုင်တယ်
တစ်ချို့ ကတော့  သူ့ ယုံကြည်ရာဟာ သေလိုက်တာပဲ ကောင်းပါတော့ တယ်ဆိုပြီး
သေပစ်လိုက်တာကို လွတ်လပ်အဖြစ်ရွေးသွားတာမျိုးလဲ ဖြစ်သွားနိုင်တယ်
အပြောလွယ်သလောက် လက်တွေ ဘ၀တွေမှာ အပြောနဲ့  ရင်ဆိုင်ရမှု့  အခြေအနေက တထပ်ထဲကျဖို့  ဆိုတာ ခက်တယ်
ဘာမှ မယုံဘူးဆိုတာကို ခိုင်ခိုင်မာမာ ယုံဖို့ က အခက်အခဲဆုံးယုံနည်းများ ဖြစ်နေမလား...
ထွေလီကာလီအတွေး
ထွေလီကာလီအတွေး
--
လူကြိုက် ပိုများလာပုံရတဲ့  ဘီယာအကြောင်း တွေးနေရင်းက လူ့ ဖီလင်သဘောကိုပါ ဆက်တွေးတယ်ပေါ့ ..အရက်ထက်စာရင် ဘီယာကို ပေါ့ ပေါ့ ပါးပါးလေး သောက်လိုက်ရဲဖို့  ၀န်လေးပုံမရတာ ဘာကြောင့် လဲ တွေးတာ....အဲ့ မှာ အယ်လ်ကိုဟော သတ္တိသဘောကို ကို တွေးမိတယ်...အရင်ခေတ်ကြော်ငြာထဲကလို ပါးပါးလေးနဲ့ အတော်လာတာ ဆိုတာက ဘီယာရဲ့  မိန်းသဘောဆန်တယ် အရက်က အရက် ဆိုတဲ့ အမည်နာမကိုက အတော်နာမည်ပျက်နေတာက တပိုင်း ၊ အမူးဒီဂရီမှာ အရက်က ချက်ချင်း ဥသြဆွဲသွားနိုင် သရုပ်ပျက်သွားနိုင်တယ် ဘီယာက ၂ ဗူးလောက်ဆိုရင်ပဲ နေသာထိုင်သာ ဆင်မယဉ်သာ ဂဏန်းတွက်မမှားသေး နဲ့  လိုချင်တဲ့  သွေးကြွနှုံးလေး အထွေလေး ရနေပြီ ဆိုတာ တွေးလို့ ရပြီ အရက်လို ဂေါက်သွားပေါက်သွား မဖြစ်သေးဘူး ပေါ့ လေ...အဲ့ မှာ လူ့ သဘော တစ်ချို့ ထဲမှာ ထွေလဲထွေချင် ဂေါက်မြောက်သွားတဲ့ အထိလဲ မထွေရဲ သတ္တိမကောင်း
ဆိုတဲ့ အနေအထားမျိုး ခံစားလိုသူတွေ အတွက် ဘီယာရဲ့  ထွေနှုံး အဆင့် ဟာ ကြားခံသဘော ဖြစ်နေနိုင်တယ်လို့  တွေးမိတာ....ငိငိ 😁😁
လက်ထပ်ခြင်းကိစ္စ ရက်ရွေးခြင်း အဓိက သဘော
လက်ထပ်ခြင်းကိစ္စ ရက်ရွေးခြင်း အဓိက သဘော
--
ဗေဒင်လိုင်းထဲ ထဲထဲဝင်ဝင်ဖြစ်လာတော့  မင်္ဂလာကိစ္စတွေက ပါလာတော့ တာပါပဲ...၊ အဲ့ မှာလက်ထပ်တဲ့  စတိုင်တွေကတော့ ကျမ်းလာတွေ ထုံးတမ်းတွေ အယူအောက်မှာတွေကတော့  တစ်ပုံကြီးပေါ့ လေ၊ ခေတ်သစ်စတိုင်မှာ လက်ထပ်တဲ့  စတိုင်အများဆုံးက ဖိတ်စာက စာသွားစာလာအတိုင်းပဲ
''လက်ထပ်ထိမ်းမြားပြီးဖြစ်ပါ၍ လာရောက် ၀ါးတီးဆွဲကြပါ ''လို့  ဖိတ်တဲ့  သဘော။ သဘောက ယူပြီးပြီဟေ့ လို့  ပြောလိုက်တာ..။
ဘယ်တုန်းကတည်းက ယူထားနှင့် လဲတော့ တိဝူးးး..ငိငိ :P 😁
ဒီလိုပါ ခေတ်သစ်စတိုင်မှာ တရားရုံးမှာ တရားသူကြီးရှေ့ မှာ ရုံးလယ်ဂျာစာရင်းသွင်း ၂ ယောက်သား တစ်ဖက် သက်သေ တစ်ယောက်စီနဲ့  သဘောတူစာချုပ် လက်မှတ်ထိုးလိုက်ပြီးမှ ဧည့် ခံပွဲ ဆက်လုပ်ကြတယ်ပေါ့ လေ၊ သဘောက တရားရုံးမှာ မင်္ဂလာဆောင်ခဲ့ ပြီးပြီး ဧည့် ခံပွဲက အလှုလေးလုပ်ပေးတဲ့  သဘောလောက်ပဲ အဆင့် ရှိတော့ တယ် တရားရုံးမှာ လက်မှတ်ထိုးပြီးသူတွေ ဖြစ်ကြလို့ တရားဝင်ခဲ့ ပြီဖြစ်လို့  တကယ်ဆို ဧည့် ခံပွဲ မလုပ်လဲ ရတယ် တရားက၀င်ပြီးသားဖြစ်နေပြီ ကွဲချင်တိုင်း ပြန်ကွဲလို့ ကွာရှင်းစာချုပ် မရှိပဲ ပါးစပ်လေးနဲ့ ကွဲလို့ မရတော့ ဘူး လက်မှတ်ထိုးခဲ့ ပြီးဖြစ်လို့  လူချင်းမပေါက်းဘူးဆိုလဲ စာချုပ်ထဲမှာ အိမ်ထောင်သည် ဖြစ်ခဲ့ ပြီပေါ့ လေ..
အဲ့တော့  သဘောက ဗေဒင်နဲ့  မင်္ဂလာရက်ရွေးတဲ့ အခါ ခေတ်သစ်စတိုင်နဲ့ စောစောက ဖိတ်စာက စာသားအတိုင်း မင်္ဂလာဆောင်မယ်ဆိုရင် ရုံးမှတရားသူကြီးရှေ့ မှာ လက်မှတ်ထိုးတာဟာ အဓိက မင်္ဂလာ ရက်ရွေးပေးတဲ့  သဘောဖြစ်လာပြီး ဧည့် ခံပွဲရက်က နေရာ အသွားအလာ အလုပ် စသဖြင့် တွေ ချိန်ပြီး မီးစင်ကြည့် ကတဲ့ ရက်ရွေးနည်းဖြစ်လာတယ်...
တစ်ချို အရပ်မှာတော့  ဓလေ့ အတိုင်း ရုံးကိစ္စမပါပဲ မဏ္ဍတ်ထိုး တစ်ရက်ထဲ အပြီးဆောင်တာမျိုး ၊ ဖလားကြီး ရှေ့ ချ ဖလားထဲ လက်စုံနှိုက်ဆောင်တဲ့  စုလျားရစ်ပတ် ဘာညာကွိကွသဘောကျတော့  ဆောင်+ဧည့် ခံ တဘရိပ်ထဲစတိုင် တစ်ရက်ထဲ မိန်းရွေးတာမျိုးပေါ့ လေ..အဲ့ ဖလားကိစ္စကြတော့ ဇာတ်ထုတ်နဲနဲရှုတ်တယ်
လာတော့ လာခဲပါတယ်...တစ်ချို့ ကတော့  ၂ ဖက် တောင့် တင်းကြောင်း ပဲထုပြချင်တာနဲ့  ရုံးကိစ္စအရင် လုပ်ပြီးသားကို လူတွေ ရှေ့ မှာထိုင်ပြီး ဖလားလက်စုံ ထနှိုက်ပြတာမျိုးလဲ ရှိတယ်...အဲ့ လို မျိုးတွေကလည်း တကယ်က နှိုက် နှိုက်မနှိုက် လက်မှတ်ထိုးပြီးကတည်းက အိမ်ထောင်ကျပြီးကြောင်း ရုံးစာ မှတ်တမ်းတင်ပြီး ဖြစ်နေပြီ...
ကြုံလို့  ပြောပြတာပါ
ကြုံလို့  ပြောပြတာပါ ကိုယ်တိုင် ဗေဒင်ပေါင်းစုံမေးဖူးတဲ့ ဘွက လာတော့  မေးသူရဲ့ ဖီလင်တွေ ရှိနေတယ် အဓိက စိတ်ညစ်တာက
ကျနော်တို့ က သိလိုရင်းကို ခပ်မြန်မြန်သိချင်တယ် ဟောသူအများစုတွေက ဗေဒင် သမားအချင်းချင်းသာ နားလည်တတ်တဲ့  ဗေဒင်အသုံး
စကားလုံးတွေ တစ်ပုံကြီးနဲ့  ပေရှည်အောင်ပြောပြီးမှ လိုရင်းရောက်တယ် အဲ့ ကိစ္စကို ကျနော်တို့ မေးသူတွေက ဖီးလ်ငုတ်နေတယ် စိတ်မရှည်ဘူး
ဆရာဘာတွေပြောနေမှန်း နားလည်းမလည်ဘူး သိချင်တာလေး ပါမလားလို့ သာ သည်းငြီးခံစောင့် ပေးနေရတာ တစ်ခါတစ်လေ ထတောင်ပြန်ချင်တဲ့ အထိ ပေရှည်နေတဲ့ 
အဟောဆရာတွေ ကြုံခဲ့ ရတဲ့  အဲ့ ဖီလင်ကြောင့်  ကိုယ်တိုင် မထင်မှတ်ပဲ အဟောသမားဖြစ်လာချိန်မှာ အများအားဖြင့်  ဗေဒင်အသုံးတွေ မပါသလောက်နဲ့ 
နေ့ တဓူဝ အရပ်သုံးစကားတွေနဲ့  ရှင်းလင်းပြောပြ လေပစ်နေတာမျိုးဖြစ်လာတယ် ကျနော်နဲ့  ဆုံသူအများစုကလဲ လိုတိုရှင်းပိတ်သတ်တွေများလို့ 
အဆင့် ကို ပြေလို့ တောင်ပြောလို့ ရတယ်...ကိုယ့် ဘ၀ ကိုယ့် ကံ ကိုယ့် ပိတ်သတ်နဲ့  ကိုယ့် စတိုင်နဲ့ ကိုယ်ဆိုတာ ဒါကို ပြောတာပါ ကျနော့် စတိုင်အတိုင်းက ပိုကောင်းတယ်လို့ မဆိုလိုပါဘူးဗျာ
ကိုယ် အခြေစိုက်တဲ့ ဝန်းကျင်က ငါးပါးသီလတောင် တိုင်ပေးသူမရှိရင် အမြီးအမောက်မတည့် တဲ့ သူတွေက ခပ်များများရယ်...ငိငိ
သက်ရောက်+ အခါတိုင်လေး ပေါင်းစပ်တွေးတဲ့ ဘေ့ စစ်လေး ----
သက်ရောက်+ အခါတိုင်လေး ပေါင်းစပ်တွေးတဲ့ ဘေ့ စစ်လေး
----
မေးလာသူနဲ့  သက်ရောက်နဲ့ ပေးသူလာတဲ့ အခါတိုငလေ်းကို တွဲ ကြည့်  တွေးတောပုံလေးက တစ်ခြားဆီက လာတဲ့  တနင်္လာသား ၂ ယောက် ဆိုပါတော့  ၂ ယောက်စလုံး စနေ သက်ရောက်လဲ တူတယ်ပဲ ဆိုပါတော့ 
လာတဲ့ အခါတိုင်မှာ တစ်ယောက်က ဘောမတိုင် ခိုက် နဲ့  လာမယ် တစ်ယာက်က ဂုရုတိုင် န၀င်းလာမယ်ဆိုပါတော့  အဲ့ မှာ အခါတိုင်လာ လက်ငင်းကာလရဲ့  သဘောကိုနြေတဲ့  သဘောပေါ့ 
ဘောမတိုင် ခိုက် နဲ့ လာတဲ့  တနင်္လာသားက စနေသက်ရောက်ရဲ့  ဒဲ့ ကစ်နေတာကို ပြာနေအောင်ခံနေရပြီ ကူရင် သတိထားကူ လွယ်မယောင်နဲ့ ခက်နိုင်တယ် လက်ပါက်ကပ်လောက်မယ်ပေါ့  ဒါ့ အပြင် ဘောမတိုင်မို့  ငွေစကားကြေးစကား ယတြာဘိုး န၀င်းဘိုးတွေ စွတ်ပြောလို့ မဖြစ်ဖူး ချက်ဦးမှာလို့ 
လို့ တွေးလို့ ရနေပြီပေါ့ ၊ ဂုရုတိုင်နဲ့ လာတဲ့  တနင်္လာသားကြတော့  စနေသက်ရောက်ဆိုပေမယ့် 
လောလောဆယ် လေတိုက်နေသေးဆဲ စင်ပေါ်မှာရှိနေသေးဆဲ လဲ ဖြစ်နိုင်တယ် ( အဲ့ စင်ပေါ်ကနေ ဘယ်တော့  ပြုတ်ကျတော့ မလဲဆိုတာ လစိတ်ကို ချက်လိုက်ရင် ပေါ်ပြီ.) တိုက်ရိုက်ကွိုင်မဟုတ်လောက်သေးဘူး
သွယ်ဝိုက် ကွိုင်တွေမပါလာလောက်သေးတာမျိုးနဲ့  ၀င်ကူရတာ သိပ်လက်ပေါက်မက်လောက်ဖူးလို့  ကြိုမှန်းဆထားလို့ ရပြီ သဘောဗျ
အမီတာ့  သတင်းလေးမှ တစ်ဆင့် .
အမီတာ့  သတင်းလေးမှ တစ်ဆင့် .
--
ကမ္ဘာသိ ကမ္ဘာကျော် ဘော်လီဝုဒ် မင်းသားကြီး အမီတာကြီးတစ်ယောက် လွန်ခဲ့ ပြီလို့  ဖွဘုတ်သတင်းတက်လာတာ စတွေ့ တော့  ဖွဘုတ်ရဲ့ အထာ သဘောတွေကြောင့်  မယုံရဲရဲ ယုံရဲရဲပါ ...လွန်ခဲ့ တဲ့  နှစ်တွေက သူ့ ရဲ့ ကျမ္မာရေးသတင်းတစ်ချို့ ကြောင့်  ဟုတ်မယ်ဆိုလဲ ဟုတ်လောက်ပါတယ်လေပေါ့  လူ့ ဘွဆိုတာ ဒီလိုပါပဲ လူတိုင်း တစ်နေ့ နေ့ ပေါ့ လေ..အဲ့ ကနေ အတွေးဆက်သွားမိတာက ကိုယ့်  ဖီလင် ကိုယ်....
ငယ်တုန်းက အိန္ဒိယ ရုပ်ရှင်တွေထဲမှာ စွဲစွဲလမ်းလမ်း မှတ်မှတ်ရရ နဲ့ အမှတ်ရနေဆဲ ဖြစ်နေခဲ့ တာက အာရာဒါးနား ဆိုတဲ့ ရုပ်ရှင်လို့ ပြောလို့ ရလောက်တယ်ပေါ့ ဗျာ အဲ့ ကားထဲက ရာဂျစ်ခမ်းဒါးနဲ့  ရှိမီလာတဂိုးကို အတော်ကြီးကိုဖီးလ်ဖြစ်ခဲ့ တာမှ အခုအထိကို ဖီးဖြစ်နေမိတုန်းပေါ့ ..အဲ့ ထဲက ဂီတက အခုထက်တိုင် မကြာခဏ ဖွင့် နားဆင်မိနေဆဲ အထိ ဖီးလ်ဖြစ်နေဆဲပါပဲ..နောက်ပိုင်း.တစ်ခြား သရုပ်ဆောင်ကြီးတွေကိုရော ဂလန်ဂလားနဲ့  အမီတာကြီးကိုသာမက ကုလားကျော်ဟိန်းတို့ အပါအ၀င် ခန်အုပ်စုတွေရော စိတ်ဝင်စားခဲ့ တာပါပဲ...နောက်ပိုင်းမှာဘောလီဝုဒ် သရုပ်ဆောင် ကျားမတွေတင် မကဘူး တောလီဝုဒ် သရုပ်တောင် ကျားမတွေအထိ ဖီလင်လာ စိတ်ဝင်စားခဲ့ တယ်ဗျ
စိတ်ဝင်စားချက်က အင်တာနက်ခေတ်ရောက်လာတော့  ကိုယ်လက်လှမ်းမမီခဲ့ တဲ့ 
ရေခါးတို့ ရှေ့  မားသား အိန္ဒိယ ရုပ်ရှင်ကြီးတွေသဘော စစ်ကြိုခေတ် အထိကအိန္ဒိယ ရုပ်ရှင်တွေအထိ စိတ်ဝင်စားမိတော့  ယူကျူ့ ထဲလိုက်မွှေ ၈ ပေစလောင်းက လာသမျှ ဘောလီးတောလီးဝုဒ်လောက က သရုပ်ဆောင်တွေအထိ စောင့် ကြည့် မိခဲ့ တော့ တာပါပဲ...သရုပ်ဆောင်တွေတင် မကပါဘူး ဂီတနယ်က အကျော် အမော်တွေတောင် အထိတောင်ပါလိုက်ပါသေးတယ်...
အဲ့ မှာ စိတ်ဝင်စားပုံက သူတို့ ရဲ့  .လူမှု့ ရေးကျင်လည်မှု့ သဘော လူ့ ကိုယ်ရေး ကိုယ်တာတွေထက် သူတို့ ရဲ့ အကြမ်းအရမ်း အလွမ်း ဂီတ ဇာတ်နာချက် သရုပ်ဆောင် စတိုင်တွေ ဂီတ သံစဉ်တွေ ကို သာ ပို ဖီးလ်လာတာမျိုးပါပဲ ..ဒိထက်ပို စိတ် ၀င်စားမိသေးတာက အိန္ဒိယ တိုက်သားတွေရဲ့  ဇာတ်စနစ်သဘော စုံလင်လွန်းလှတဲ့ လူနေမှု့ စတိုင်တွေ ဆင်းရဲ ချမ်းသာ ကွာလွန်းနေပုံရတဲ့  ဘ၀ အဆင့် အတန်းတွေ စတိုင်စုံလှ တဲ့ အယူစုံ စတိုင်တွေ သူတို့ တွေရဲ့ တွေးခေါ်ပုံတွေ သူတို့ တွေရဲ့ လောကအမြင်တွေကို ပိုစိတ်ဝင်စားခဲ့ တာမျိုးပဲ မကြာခဏ ထိပ်တိုက်တွေ့ တတ်တဲ့ အယူဝါဒတိုက်ပွဲတွေကိုလဲ စိတ်ဝင်စားခဲ့ တယ်..
ပြီးခဲ့ တဲ့  လေးငါးနှစ်လောက်က ကြည့် ခဲ့ ဖူးတဲ့  အယူ ၂ ခု ထိတ်တိုက်ငြိတဲ့ 
အကြောင်းကို အခြေခံတဲ့  အိန္ဒိယ ရုပ်ရှင်ကားတစ်ခုက ဇာဝင်ခန်းတစ်ခန်းက စကားစုလေးဆို မှတ်မှတ်ရရတောင်ဖြစ်ကျန်ခဲ့ သေးတယ်...အယူ ၂ ခု ၀င်အစုတွေ ထိပ်တိုက်တွေ့ ကြတဲ့  ပွဲမှာ ကြားညပ်ပြီး သေဆုံးသွားတဲ့ မိဘ ၂ ပါးရဲ့ ကျန်ရစ်ခဲ့ တဲ့ 
မိဘမဲ့ ကလေးလေးက ဒုက္ခသည်စခန်းမှာ သူ့ မိဘ ၂ ပါး အကြမ်းဖက်ကြတဲ့ ပွဲမှာ သေသွားခဲ့ ရလို့  ၀မ်းပမ်းတနဲ ငိုကြွေးရင်း သူ့  ကို လာကူညီတဲ့ သတင်းထောက်လေး
ကို ငိုရှိုက်ရင်းကနေ ပြောချလိုက်တဲ့  စကားစုလေးပေါ့ 
ဒါရိုက်တာရဲ့ အိုင်ဒီယာမှန်းသိပေမယ့်  အမှတ်တရတော့ ဖြစ်ကျန်ခဲ့ တယ်.ကလေးလေးက သူ့ မိဘတွေသေသွားရဲ့ အကြောင်း ငိုရင်းနဲ့  ပြောချလိုက်တာက .'' အစကတည်းက ရာမတို့ မဟာမက်တို့  မွေးမလာရင် ကျ...ကျ..ကျနော့်  မိဘတွေ သူများသတ်လို့ သေမှာ မှုတ်ဖူး...''လို့  လက်ဖမို့ လေးနဲ့ ပါးပြင်ပေါ်ကို တသွင်သွင် စီး ကျလာတဲ့ မျက်ရည်တွေ ကို သုတ်ရင်း ရှိုက် ရှိုက် ပြီး.....၀မ်းပမ်းတနဲငိုကြွေးရင်း.....
ဘာလို့ ဒီလောက်အထိ အဲ့  အိန္ဒိယတိုက်သားတွေရဲ့  ဘ၀အထွေထွေ ဖြစ်ခြင်း ပျက်ခြင်းတွေကို ကိုယ့်  အမျိုးတွေလို စိတ်ဝင်စားမိသွားလဲလို့  ကိုယ့် ဖီလင်ကို ကိုယ်ပြန်တွေးယူတဲ့ အခါ.အဓိက လက်သည်က ဗုဒ္ဓနဲ့  ဗုဒ္ဓ၀င်စာပေကို တရားစာပေ သဘောထက် လူ့ စရိုက်အမျိုးအစားစုံလှတဲ့  ပုံဝတ္ထု ကြီး တစ်ပုဒ်ဖတ်သလို ဖတ်ဖတ် တွေးတွေး တွေးတွေး ဖတ်ဖတ် လုပ်ခဲ့ တဲ့ အကျင့် ကြောင့် လို့ တွေးလို့ ရခဲ့ တယ်..
.
ဇိနတ္တပကာသနီကို လှမ်ပြီး ပုံဝတ္ထုဖတ်သလိုဖတ်တိုင်း စာအုပ်ထဲက လူတွေကို အိန္ဒိယတိုက်သားတွေရဲ စိတ်နေစိတ်ထား ရုပ်ရည် အသွင်အပြင် စရိုက်လက္ခဏာတွေအတိုင်း ခံစားပြီးဖတ်ခဲ့ တာမို့  အိန္ဒိယတိုက်သားတွေကို ကိုယ့် အမျိုးတွေလို ဖီးလ်ဖြစ်နေတာမျိုး ဖြစ်သွားပုံရတယ်ပေါ့ ..အဲ့ လိုဖတ်မိလို့ လဲ အိန္ဒိယတိုက်သားတွေရဲ့ ဝိဥာဉ်ကို ကိုယ့် စိတ်ထဲမှာ ခံစားပေးလို့ ရနေတာမျိုးနဲ့ တူပါရဲ့ ပေါ့ ဗျာ...
''စေလိုရာ စေခဲ့ စေပါမေ ''
''စေလိုရာ စေခဲ့ စေပါမေ ''
-------------
တံဆိပ်တွေကတော့ အစုံ အစုံ
အပုံ အပုံ ပါပဲ မေ.....၊
ပုံတွေ ဒီဇိုင်းတွေ နည်းတွေ အရသာတွေ
ဘယ်လောက်စုံစုံ...စုံခဲ့ စေ
မြေခင်းသာလေးထဲ ပုံလျက်သား
လဲကျစေတဲ့ အထိ ထွေစေမှာလား
ဖြည်းဖြည်း ညင်သာ ဆင်မယဉ်သာ ကကွက်နင်း
တပင်တိုင် ကကျိုးညှင်းလေးနဲ့ ထွေစေလေသလား
လေအလာ နဲ့ ရေဇလာ နဒီကြော လှိုင်းအိလေးနဲ့ မျောပါနေသလို
တအိအိတက် ဇရက်မင်းကဲ့ သို့ ထွေနေစေမှာလား
ဟက်ကနဲ့ လောကကို ရယ်သွမ်းသွေး
နွေးထွေးတဲ့  အတိတ်တရား လောကထဲ
တိုင်းမရှင်းလေး စီးမိလျက်နဲ့ ဖြစ်နေစေသလား...
ကြုံခဲ့ သမျှ အဖြစ် အထွေထွေကို မျက်လုံးလေးစင်း အဟင်းဟင်းလေး ရယ်နေယုံလား....
ဘယ်ပုံဘယ်နည်းနဲ့  လွမ်းတမ်းတ ချစ်ခြင်းတရားရဲ့  ရင်ခွင်သာမှာ
စင်တင် ဂီတလေး နားဆင်ရင်း မင့် ကို မမေ့ ရက်နိုင်ပါလို့ 
့လျှာဖျားလေးနဲ့  ငြီးတွား ရဲနေစေမှာလဲ
အရိုးများချေးခါး တံဆိပ်ကြွား
ကြွားချင်သလိုကြွား....
နဲနဲလေးမှ ထွေစေရော့ မထွေလာ
ကျွဲလိုလို မန်းသာသာ စပရိုက်အလားသာဖြင့် ...
ငှင့် ...ထွေညီလာ ရီဝေ ကဗျာ
တီတာတာ အာအသွက် လျှာကလက်တွေ စကားဖွဲ့ နဲ့ 
ဝေရီနွယ် ဖီလင်လေး တစက်ကယ် တစ်ခုခု မှ မလာခဲ့ ရင်တော့ ....
စေချင်တဲ့  တံဆိပ်တွေ စေလိုရာ စေခဲ့ စေပါမေ.....
အားလုံးဟာ ဘလာ ဘလာ ဘလာ ဘလာ..
အသပြာ ဖြူခါကျ ပြာနာတိပြာတာ
ရင်ထဲ အထိ လာမထိ
ဟိုမထိ ဒီ မငြိနဲ့ 
အီလယ်လယ် ဖွယ်တယ်တယ်နဲ့ 
ငွေကုန်ခံပေးရကျိုး မနပ်လှ ဖြစ်နေမှာပါမေ....။ ငိငိ..ခ်...-_-
ကမ္ဘာပျက်ကိန်း..ငိငိ
ကမ္ဘာပျက်ကိန်း..ငိငိ
----
အမှားတရား ဆိုတာတောင် ကိုယ်ကသာ အဲ့ အခြေအနေတစ်ခုကို အမှားတရားလို မြင်ချင်မြင်နေတာ သများက အဲ့ ကိုယ်က အမှားတရားလို့  မြင်နေတဲ့  အခြေအနေတစ်ခုကိုပဲ အမှန်တရားလို့  မြင်ချင်မြင်နေတာမျိုးပဲ..အဲ့ တော့  လူ ၂ ယောက် ရှိလာရင် အခြေအနေ တစ်ခုခုကို အတူတူ မြင်နေတာတောင် အဲ့  အခြေအနေတစ်ခုက အမှန်တရားလဲ ဖြစ်နိုင်သလို အမှားတရား လဲ ဖြစ်နေနိုင်တယ်...လူ ၂ ယောက် ရှိလာတာနဲ့  အမြင် ၂ ခု စဖြစ်လာနိုင်ပြီဆိုတဲ့ သဘောပေါ့ လေ .....အဲ့ မှာ ဘာတွေ ပြဿနာ ဖြစ်လာလဲဆိုတော့  ပါးစပ်လေး လေလေးတွေ နဲ့ ပဲ အမှန်တရား အမှန်တရား တွေ ငြင်းခုန်နေတာ သေတဲ့  အထိ တော်ကီလွှတ်ငြင်းခုန်နေလဲ ပြဿနာမရှိသေးဘူးလို့  ယူချင်ယူနိုင်သေးတယ် အဲ့  ပါးစပ်အဆင့် ကနေ လက်တွေ ခြေတွေ ဂန်းတွေ တိုက်ချင်းပစ်ဒုံးတွေလဲပါလာရော ကမ္ဘာ့ ကို ပျက်ကရော ဆိုပါတော့  အဲ့ တော့  ကမ္ဘာပျက်ချင်း ပျက်ရင် ခွေးတွေ နွားတွေကြောင့်  ပျက်နိုင်ခြေထက် ပါးစပ်အငြင်းသန်ယုံတင်မကပဲ ဥာဏ်က လွှတ်ကောင်းနေတယ်ဆိုတဲ့  တောင်ထွင် မြောက်ထွက် လူတွေကြောင့်  ပဲ ကမ္ဘာက စောစော ပျက်နိုင်ခြေများပုံရတယ်ပေါ့ လေ....ငိငိ
''ဆရာဟိတ်ပေါ်မှာ''
''ဆရာဟိတ်ပေါ်မှာ''
---
တနင်္ဂနွေသားသမီးတွေအတွက် သုံးတဲ့  မတွန့် စေရ အတွဲ သစ္စာပန်း အရွက်တွေ၊ သစ္စာမှာ ပန်းကိုသာ အသုံးများပြီး အရွက်တွေကတော့  ဓားနဲ့ ခုတ် ကပ်ကြေးနဲ့ ညှပ် အမှိုက်ပုံးထဲ
ရောက်သွားပေမယ့်  ကျနော်တို့ အတွက်တော့  အမှိုက်အရွက်တွေက ယတြာအရွက်ဖြစ်သွားတာပေါ့ ဗျား...သစ္စာပန်း အရွက်က မရမ်းအရွက် ဒန့် ကျွဲအရွက်တွေထက် ရလွယ်တယ် ...။
အဲ့ မှာ အရွက်တွေသုံးပုံမှာ အရင်က ပညာသင် နဲ့  အလုပ်စ စတိုင်က အတွေးနဲ့  အခုအတွေးနဲ့ တော့ ကွာသွားတာတစ်ချို့ ရှိတယ်...လက်တွေ့ ကနေ ထုတ်ယူလိုက်တာပေါ့ ..ဆိုပါတော့ အရင်က ၃ကြွင်းတနင်္ဂနွေ တွေအတွက် ကို သစ္စာပန်းအရွက် မသုံးရဲဘူး အသိထဲမှာ ၃ ကြွင်း မဟာဘုတ်ရဲ့  မရဏနံ သောကြာနံ အညွန့် ဖြစ်နေတယ်လို့ တွေးခဲ့ တာ
မရဏနံဆို ဘာမှမကောင်း ဘာမှသုံးစားမရ ပတ်သက်လို့ တောင်မကောင်း လိုလို လို့ အထိထင်ခဲ့ တာမျိုးကြောင့် ၊
နောက်တော့ ကျမ်းရင်း ၄၀မှာ ( မဟာဘုတ်) ဆိုတဲ့  စကားလုံး ဘယ်နေရာမှ ရှာမတွေ့ ပဲ အခါတိုင်တွေ သဘောကိုသာ ပင်မသဘော စာညွှန်းသွားတာ သတိထားမိတယ် အဲ ကနေ အထက်ဆောင်ပန်း အောက်နင်းကြမ်းသဘော နဲ့  သာစည်ပင်းယ အတွဲ သဘောတွေက ဒဲ့  ကျမ်းလာတွေလို့ တွေ့ ပြီ...အဲ့ မှာ အထက်ပစ္စည်း အထက် အောက်ပစ္စည်း အောက် ဖြစနေဖို့ လိုရင်း ကာဗာပစ္စည်းက ကာဗာဖြစ်နေဖို့ လိုရင်း လို့ နားလည်သွားတော့  အဲ့ မှာ ဘယ်နှစ်မွေးလို့  ဘာမဟာဘုတ်မှန်းမသိ တနင်္ဂနွေသားလို့ ပဲ သိတယ် ဆိုတဲ့  သဘောတွေ လာပြီဆိုတဲ့ အခါ ကိစ္စမရှိဘူး တနင်္ဂနွေ သားသမီးလို့  သိရင်ရပြီ ယတြာ လုပ်လို့ ရပြီ ဖြစ်သွားတယ်....လုပ်ခဲ့ သမျှလဲ အလုပ်ဖြစ်ခဲ့ တာချည်းပဲ
အဲ့ မှာ မဟာဘုတ်နဲ့ ပါ ညှိရွေးရတာက ပညာသဘာဆိုင်ရာတွေမှာ သန့် သထက် သန့် အောင် လို့ သဘောထားရွေးတာမျိုးပေါ့ လေ...
အရေးအပါဆုံးနဲ့  နောက်ဆုံး အချက်ကတော့  သမုတိ ပညတ် နံကောက်တွေ ထွေလီကာလီရွေးခြယ်ချိန်ဆတာ ယူတာ '''ဆရာဟိတ်ပေါ်မှာ'' လည်း စကားပြောတယ်လို့ ...အဲ့ ဒါ ကိုယ်တိုင် ကြေးစား ဆရာလုပ်စားပြီ (၀ါ) ကိုယ်တိုင်မှာကိုက လောကီပညာနဲ့ ပတ်သက်တဲ့  ဆရာပါရမီ ပါနေပြီ ဆိုရင် အဲ့ ဆရာဟိတ် ကို ပို နားလည်လာလိမ့် မယ်လို့ ..ဆရာဟိတ်ရဲ့  သတ္တိတွေထဲက တစ်ခုက ဆရာ့ နှုတ်က ပညတ်က ဓါတ်သက်ဝင်သွားလေ့ ရှိတဲ့  သတ္တိတစ်ခုပဲ အဲ့ ဒါက ဆရာပါရမီ ပါလာလို့ သဘော..
ဘုမ္မိကြီး၊ ဘုမ္မိလေးသဘော အမေး
ဘုမ္မိကြီး၊ ဘုမ္မိလေးသဘော အမေးကို ကြုံဖူးသလောက် ဖြေရင်းကနေ ရောဂါဘယသဘော သေခြင်းသဘော တွေကို ဆက်တွေးရင်းက ဟိုးအရင် ကျနော် ရေးခဲ့ ဖူးသေးတဲ့ အကြောင်း ပြန်တွေးမိတယ် တကယ့် လက်တွေ့ ဘ၀မှာ လူတွေဟာ သက်ရောက် ၈ ခွင်စလုံးမှာ ရောဂါဘယတွေ ဖြစ်နေကြတယ် သေနေကြတယ် ဆိုတာ တွေ့ နေရတယ်
အဲ့ သဘောကနေ ဘာကို တွေ့ နေရ တွေးလို့ ရလဲဆိုရင် ( ကိုယ်တွေ့ တွေကနေ ပြောတာပါ) ၄ ခွင်မြောက် ဂြိုလ် အိပ်ပြီး ၇ ခွင်မြောက်မှာ သက်ရောက်မှ မြွေကိုက်မယ်လို့  ပုံသေမတွေးထားနဲ့  စနေ ၂ ထပ် ၃ ထပ်နဲ့ တင် မြွေကိုက်ခံလိုက်တဲ့  နေ့ သားတွေလဲ တစ်ပုံကြီးရှိတယ်လို့ ပြောပြခဲ့ တာ..ပြီးတော့  လွတ်လွတ်ကင်းကင်းရှိတဲ့  တနင်္ဂနွေသက်ရောက် ဆိုပေမယ့်  စိတ်ထားယုတ်လွန်း မာနထောင်လွန်း သူများကို ချိုးချိုးဖဲ့ ဖဲ့  လုပ်လွန်းပြောလွန်းသူတွေ တစ်ချို့  အမှု့ ကြီးတွေဖြစ် ရောဂါတွေ ထူသင့် တာထက် ထူကုန်တာတွေလဲ အများကြီးကြုံခဲ့ ရတယ်..
ကျနော်တို့  အတွေ့ အကြုံအရ အကောင်းသဘော ဘေ့ စစ်သဘောကို ဘေ့ စစ် ထိုင်ပြီးတော့  တစ်ခုခုစောင်းသွားရင် ဆယ်ရတာ လွယ်နိုင်လား လက်ပေါက်ကပ်နိုင်လားကို တွက်ချက်တွေးဆယူရတဲ့  နေရာကနေ ထိုင်လိုက်တာ...သက်ရောက်ကောင်းလို့ မှည့် တပေါက် မစွန်းရစေပါဘူးလို့  အာမခံတာမျိုး မပြောတော့ ဘူးပေါ့  ဘာကွာသွားလလဲဆိုတော့  ရောဂါ တစ်ခုခု ဖြစ်လာရင် သက်ရောက်ကောင်း လစိတ်ကောင်းရင် သက်သာပျောက်ကင်းခွင့် ရလွယ်နိုင်တယ် အဆိုးမှာ ဖြစ်ရင် ဆယ်ရတာခက်ရတဲ့ ကြားထဲ နောက်ထပ်ရောဂါ အတွဲတွေပါလာတတ်သေးတယ်ပေါ့  ဒီလို ချိန်းတွေး လှုပ်ရှားသွားတာ..
ကျနော့် အဖေ သူ့ အသက် ပိုင်းသဘောအရထက်စာရင် ကျောက်ကပ်ဆေးသက် အကြာကြီးခံတာက သက်ရောာက်အကောင်းအ၀င်မှာ စပျက်တာဖြစ်ပြီး ကျောက်ကပ်ဆေးသက်တမ်းတစ်လျှောက်က အကောင်းခြမ်းမှာချည်း ဖြစ်နေလို့  ပြန်ပြန်ဆယ်ရတာ ပြန်ပြန်ပါလာတာမျိုး...အင်္ဂါသက်ရောက်ဝင်တော့ မှ ဆယ်မရတော့ တာ
သူက ဟူးသား လေ စပျက်တာက ရာဟု သက်ရောက်အ၀င်...အသက် ၆၈ မှာ အဲ့ ကနေ ကျောက်ကပ်အဆေးခံနေတာ..အသက် ၇၂ နှစ် အင်္ဂါသက်ရောက်ဝင်တော့ မှ ရာဇာကိန်းနဲ့  တွေ့ ပြီး ဂိ...မအေ တနင်္လာ ကျတော့  အသက် ၅၅ သောကြာ သက်ရောက်ကို သောက ကိန်းနဲ့ စ၀င်စမှာပဲ အဆုပ် ကင်ဆာ ဖြစ်တယ် ၅၅ ပြည့် တော့  ဂိ သွားရော ရန်ဂြိုလ် အ၀င်မှာ ပြင်းထန်တဲ့ ရောဂါ ဖြစ်လာတော့  ဆယ်ရတာ ခက်သွားတဲ့ သဘောပေါ့  အဲ့ အချိန်မှာ သူ့  အိမ်ဦးသခင် ဟူးသားက အသက် ၆၄ အင်္ဂါ သက်ရောက်မှာ ရာဇာကိန်းနဲ့  အိမ်ထောင်ပျက်ကိန်းပါ ပေါ်နေပြီး အဲ့  ၂ အားဆုံသွားတဲ့ သဘောပေါ့ 
သဘောကတော့  အရေးကြီးပြီလို့ ထင်ရတာ တစ်ခုခုချိန်ရင် ဘက်စုံက ဖြစ်တန်ရာခြေတွေကို ထည့် ချိန်တယ်ပေါ့ ဗျာ
'''မဟာသမဏော- ရဟန်ုးမြတ်စွာ တို့ ဆရာသည် ''
'''မဟာသမဏော- ရဟန်ုးမြတ်စွာ တို့ ဆရာသည် ''
-----------------------------------------
'' ယေဓမ္မာ ဟေတုပ္ပဘ၀ါ ၊ တေသံဟေတုံ တထာ ဂတော အာဟ ၊ တေသဉ္ဇ ယော နိရောဓော ၊ ဧ၀ံဝါဒီ မဟာ သမဏော ။
-------
ယေဓမ္မာ အကြင် ဇာတိ ဇရာ ဗျာဓိ မရဏ အစရှိသော ဒုက္ခ သစ္စာတရားတို့ သည်၊ ၀ါ.ဒုက္ခ-ဒုက္ခ သင်္ခါရ ဒုက္ခ ၀ိပရိဏာမ ဒုက္ခ အစရှိသော ဒုက္ခသစ္စာတို့ သည် ၊ ဟေတုပ္ပဘ၀ါ တဏှာ ဟူသော သမုဒယသစ္စာ လျင် အစအမွန် ရှိကုန်၏။တေသံ ထို ဒုက္ခ သမုဒယ သစ္စာ နှစ်ပါးတို့ ၏၊ ဟေတုံ ဖြစ်ရာ ဖြစ်ကြောင်း ၊ ချုပ်ရာ ချုပ်ကြောင်း ဖြစ်သော မဂ္ဂသစ္စာကိုလည်း ဟောတော်မူ၏။ တေသဉ္ဇ ထိုအလုံးစုံသော တရားတို့ ၏လည်း နိရောဓော ချုပ်ရာ ဧကန် နိဗ္ဗာန်တရားကိုအာဟ ဟောတော်မူ၏၊ မဟာသမဏော ရဟန်ုးမြတ်စွာ တို့ ဆရာသည် ဧ၀ံဝါဒီ ဤသို့  အယူရှိတော်မူ၏။ ၀ါ ဤသို့  ဟောတော် မူလေ့ ရှိ၏..''
----------
မကြာခဏဖတ်တတ်တဲ့  ဇိနတ္တပကာသနီကျမ်းထဲကပေါ့ ဗျာ၊.အဲ့  ''ယေဓမ္မာ'' အစချီ စာသား ကို သဘောကျခဲ့ တာတော့  ငယ်ကတည်း စာစုံဖတ်နေပြီဆိုကတည်းကပေါ့ ၊ စာဖတ်စမှ စာဖတ်တဲ့ သဘောကနေ မပိုသေးဘူး နောက်တော့ ဆရာကြီး ဦးရွှေအောင်စာတွေအပါအ၀င် စာပေတွေ ကျေးဇူးနဲ့ ဖတ်ဖတ်တွေးတွေးတွေ ပါလာတယ်၊...နောက်တော့  ဇိနတ္တ ဖတ်ရင်းက သတိပြန်ထားမိလာတာက ဒီ ဂါထာက မြတ်ဘုရားရှင်ကတောင် တိုက်ရိုက်ဟောရသေးတာမဟုတ်ပဲ
ဘုရားရှင်ရဲ့ သာဝက ရှင်အဿဇိ ကိုယ်တော်က လိုတိုရှင်းဟောပေးလိုက်တာမျိုး၊ ပြီးတော့  ဒီလိုတိုရှင်းကို ရှင်သာရိပုတ္တရာလောင်း ဥပတိဿက အဲ့ လောက်မှာတင် စာသားရဲ့ နောက်က ကျယ်ဝန်းလှတဲ့  အနက်ကို ကြီးမားလှတဲ့ ဥာဏ်ပညာနဲ့ ချဲ့ မြင်လိုက်ပြီ အဲ့ မှာ ရပြီ ရပြီ တပည့် တော်ရဲ့ သူငယ်ချင်းကိုလဲ သွားပြောပြဦးမယ် အရှင့်  ဆရာက ဘယ်သူပါလဲ ဘယ်အရပ်မှာလဲလို့ သာ ညွှန်တော်မူပါ လုပ်တာမျိုး အဲ့ မှာ ရှင်အဿဇိကလည်း သူ့ ဆရာက ဗုဒ္ဓဖြစ်တယ်ပေါ့ လေ၊
ဥာဏ်ပညာကြီးပုံက အံ့ မခန်းဆိုတာ ကိုယ့်  မြူမှုံလောက်ဥာဏ်လေးနဲ့ ချိန်လိုက်တာနဲ့ ထင်ရှားချက်က အဲ့ လိုတိုရှင်းနဲ့ တင် အဲ့ နေရာမှာတင် ရှင်သာရိပုတ္တရာလောင်းတော်က သူ့  ပညာဥာဏ်နဲ့  ချဲ့ တွေးလိုက်တာ သောတာပတ္တိမဂ်တောင် ဆိုက်ခဲ့ ပြီတဲ့  နောက်တော့သူ့ သူငယ်ချင်း ရှင်မောဂ္ဂလာန်ဖြစ်လာမယ့်  ကောလိတ ဆိုတဲ့  သူငယ်ချင်းကြီးဆီ ရှာနေတဲ့ ဓမ္မလမ်းကိုတော့ ရခဲ့ ပြီလို့ ဆိုပြီး ''ယေဓမ္မာ '' ကို ပြန်ဖေါက်သည်ချတယ်ပေါ့ လေ ။ကတိက၀တ်မြဲကြပုံ သစ္စာတရားရှိကြပုံ စိတ်တူကိုယ်တူရှိကြပုံ
တွေကလဲ အံ့ မခန်းပဲလို့  အဲ့ မှာတွေးမိသေးတယ်၊ အဲ့ မှာ ထပ်ပြီး အံ့ မခန်းကလဲ သာဝကရဲ့  ယေဓမ္မာကို
သူငယ်ချင်း ဥပတိဿက သယ်လာ ပြန်ပြောတာကို ထပ်ဆင့် နာယူရတဲ့  ကောလိတကလဲ အဲ့ ယေဓမ္မာနဲ့ ပဲ သောတာပတ္တိမဂ် ဆိုက်သွားပြန်ရောဗျာ။
ကျနော်တို့ များတော့  မကြာခဏ ဖတ်ရ ဖတ်ဖူးရ စိတ်ဝင်စားစရာ ကောင်းတဲ့ သမိုင်းကြောင်းတွေနဲ့  ယေဓမ္မာ လို့  ခံစားလို့ ရနေလဲ ခုထိ ဓမ္မလိုလို ဓားမလိုလို နဲ့  ကဲကောင်းတုန်း ကဲချင်စိတ်က ဇ ကျန်နေသေး။
နောက်တော့ ဖတ်ရင်း ဆက်တွေးတာက ကိုယ်တော်လောင်းလျား နှစ်ယောက် အဲ့ ယေဓမ္မာ တန်ခိုးနဲ့  မြတ်ရှင်စောဆီ ရောက် ဆက်ပြီး ဓမ္မတရားတွေနာလိုက်တာနောက်တော့  ထပ်ပြီး ကျင့် ကြံရင်း ရဟန္တာကြီးတွေ ဖြစ်ကုန်တယ်ပေါ့ လေ နောက်တော့  လက်ဝဲရံ လက်ယာရံတွေပေါ့ 
အဲ့ မှာ အဲ့  ယေဓမ္မာဓမ္မ ကို မနာရခင် လက်ဝဲရံ လက်ယာရံ ကိုယ်တော်လောင်းလျာကြီး နှစ်ပါး ရဲ့  ဖြတ်သန်းခဲ့ တဲ့ ကာလကို ပြန်ဖတ်ယူရသေးတယ်..ဘာလို့ များ ဓမ္မတရား တစ်စာသားလေး ကြားနာရတာနဲ့ ..ပေါ့ လေ၊ အဲ့ မှာ အဓိကတွေ့ တဲ့  အချက်က သူတို့ တွေကိုယ်တိုင်ကလောကကို စိတ်ကုန်နေခဲ့ ပြီးသားတွေ ဖြစ်နေပြီး သူတို့ တတ်သိ နားလည်ထားတာတွေကလဲ သူတို့ လိုချင်နေတဲ့  ဓမ္မတွေမဟုတ်ခဲ့ ဘူး ပိုသတိထားမိတာက သူတို့ ကိုယ်တိုင် ဓမ္မလမ်းစစ်စစ်ကို ရချင်လိုချင် သိချင်ဇောနဲ့  ကိုယ်တိုင်ထွက်ပြီး ရှာဖွေနေသူတွေ ဖြစ်နေခဲ့ ပြီလို့ ဆိုတာ သတိထားမိတယ်ပေါ့ လေ..
ကျနော်တို့  ဥာဏ်ပညာတွေ သဘောနဲ့  ဥာဏ်ပညာ အံ့ မခန်းကြီးမားသူတွေ ရဲ့  တွေးပုံတွေးနည်း မြင်ပုံမြင်နည်း အမျှော်အမြင်သဘောတွေ ကွာခြားချက်က အဲ့  လက်ဝဲလက်ယာရံ ကိုယ်တော် လျောင်းလျာ နှစ်ပါးရဲ့  ယေဓမ္မာ အပေါ်ကနေ ပွားများမြင်သွားတဲ့ နေရာမှာ သိပ်သိသာတယ် ဥပမာ ......
ဆိုပါတော့ .လောကီလှုမှု့ နယ်ပယ်ထဲက ဥပမာတွေများစွာထဲက ဥပမာတစ်ခုလေးက အမှိုက်ကို ကျနော်တို့ က အမှိုက်လို့ ပဲ မြင်နေသေးတဲ့ အချိန်မှာ တစ်ချို့ က အမှိုက်ကို အမှိုက်အပြင် အမှိုက်သဘောထက် ကျယ်ကျယ်ပြန့် ပြန့် တွေးခေါ်နိုင်စွမ်းရှိကြတယ်ပေါ့ လေ. ကျနော်တို့ ကတော့  အမှိုက်ကို အမှိုက်လို့ ပဲ မြင်သေးတဲ့ ဥာဏ်ရည်လေးလောက်ပဲပေါ့  အကောင်းဖက်ကလှည့် တွေးရရင်တော့  အမှိုက်ကို အမှိုက်လို့  မြင်တာက တော်သေးတယ် အမှိုက်ကနေ မနာတိုရှေ အမြင်တွေ ဖြစ်မလာတာပဲ ကံကောင်းပါသေးရဲ့ ပေါ့ သဘောပေါ့ လေ။...။
သူငယ်ချင်း သုည တနင်္လာ
သူငယ်ချင်း သုည တနင်္လာတစ်ယောက်ရဲ့  စိတ္တဇ တစ်ခုကို ကျနော်ရေးပြဖူးတယ် သူလဲ ဗေဒင်လိုင်းပေါင်းစုံ ၀ါသနာအိုးပဲ
သူ့ မှာ ဖြစ်ကျန်ခဲ့ တဲ စိတ္တဇက မိန်းမယူပြီးရင် ဆင်းရဲလိမ့် မယ်လို့ ဗေဒင်ဆရာတစ်ယောက်က ငယ်တုန်းက ဟောခဲ့ တာကို
စိတ်ထဲစွဲနေတယ်လို့ ပြောတယ် အဲ့ ကတည်းက ရီးစားထားပြီး ယူဖို့  တွေ့ လိုက်တာနဲ့  ရန်ဖြစ်ကွဲ နဲ့  တကယ်ကတော့ 
သူကိုယ်ကို မိန်းမ မယူရဲ့ တော့ ဘူးလို့ ဆိုတယ် အဲ့ စိတ္တဇကိုမဆိုင်ပါဘူး ညာဘူးနဲ့  ဘယ်လိုမှ နှိပ်ကွပ်လို့ မရဘူးလို့ လဲဆိုတယ်
စိန ပါ။ ကျနော်ကလဲ နှိပ်ကွပ်လို့ မရရင် နှိပ်ကွပ်မနေနဲ့  မင်း မိန်းမ မယူလို့ ကမ္ဘာပျက် လူမျိုးတုံးသွားတာမဟုတ်ဖူး မင်းတို့ ဖက်မှာ မာဆတ်တွေ
ကေတီဗွီတွေ တစ်ပုံကြီးပဲ စိတ်ဆာလာရင် အဲ့ မှာ လက်လီသွားဝယ်စားလိုက် တစ်ခုတော့  ပြောလိုက်မယ် ပိုက်ဆံချမ်းသာတာ
ဆင်းရဲတာ မိန်းမယူတာ မယူတာ သီလကောင်းတာ မကောင်းတာ အဓိဌာန်ဝင်တာ မ၀င်တာ မင်းက ဗုဒ္ဓဘာသာဝင် ဖြစ်တာမဖြစ်တာနဲ့  ဘာမှမပတ်သက်ဘူး
မင့် ဟာမင်း ကံကောင်းနေရင် စွတ်လုပ်စွတ်ဖြစ်နေမှာပဲ ကံမကောင်းရင် မင်းလုပ်သမျှ မြောင်းထဲချည်းရောက်နေမှာပဲ လို့ တော့ ပြောလိုက်တာပေါ့ ဗျာ
အဲ့ မှာ သူ့ ဟာသူတွေးပြီး ခေါင်းတော့ စားသွားပုံရပါတယ်...ဘာလို့ ဆိုတော့  မိန်းမမယူပဲ ပတ်ပြေးလာခဲ့ တာ အသက်သာ ၄၀တော်တော်စွန်းလာတယ်
သိသာလောက်အောင် ဘာမှ ဖြစ်မလာဘူးလေ ပြီးတော့  သူ့ ပတ်ဝန်းကျင်မှာ အယုတ်ဆုံးလို့  သူပြောပြောနေတဲ့ ဘဲတွေက ထောပြီး လန်ထွက်နေကြတာကိုးဗျာ..
.ဟီးဟီး. အဓိက ပြောလိုက်တာက ယုံကြည်မှု့ ဟာ ယုံကြည်မှု့ သဘော ဖြစ်တယ် အဲ့ ယုံကြည်မှု့ နဲ့ အရာရာ စံလိုက်တိုင်းနေရင် ကိုယ့် ယုံကြည်မှု့ ဟာ ၀ါးတားတားတွေဖြစ်လာလိမ့် မယ်
ကံ အကျိုးပေးစတိုင်တွေ ရဲ့ အမျိုးမျိုး အဖုံဖုံ သတ္တိတွေရဲ့ သဘောကို စာများများဖတ်မှ တော်တော်လေး နှိုက်ပြီး တွေးပြီးဖတ်မှ ပိုနားလည်နိုင်တာမျိုးလို့ ကျနော်က ပြောလိုက်တာပါ..
စေတနာကောင်းရင် ကံကောင်းမယ်
ကံဆိုတာ အလုပ်လို့ ဆိုတယ် အလုပ်မှာ ရုပ်အဓိက သဘောဆောင်တဲ့ အလုပ် စိတ်အဓိက သဘောဆောင်တဲ့ အလုပ် သဘော ယေဘူယျခွဲနိုင်မယ် စိတ်အဓိက သဘောဆောင်တယ်ဆိုတာ ထိုင်ပြီးမေတ္တာပို့ တာမျိုး ရုပ်အဓိကသဘောက စာသင်ပေးတာမျိုး တတ်စေချင်ယုံ စိတ်နဲ့ တင် မပြီးသဘောပေါ့  ဘာဘဲ ဖြစ်စေ စိတ်က အရင်ဦးဆောင် စေ့ ဆော် ဆန္ဒ ဖြစ်လာတာမျိုး. တရားသိချင်တာက စိတ် လက်တွေ့ ထကျင့် တာက သိချင်တာကို လက်တွေ့ နဲ့  ပေါင်းတာမျိုး...သိချင်ယုံနဲ့ ပြီးနေရင် ဘာတရားမှ မရနိုင်သလို သိချင်စိတ် ဖြစ်မလာသေးရင်လဲ ဘာတရားမှ ရဖို့ မနီးစပ်နိုင်သေးဘူး...
စေတနာ ကောင်းရင် ကောင်းတဲ့ ကံ အကျိုးပြန်လာတယ် စေတနာဆိုး နဲ့ ဆို ဆိုးတဲ့  အကျိုးပြန်လာမယ် ။ အဲ့  မှာ အကြောင်းတစ်ခုခု ပြုတိုင်း အကျိုးပြန်လာတာမှာ လာချိန် စတိုင်တွေ မတူတော့ ဘူး ခု လုပ် ခုအကျိုးပေးတာ ခုလုပ် သေလွန်ပြီး နောက်တစ်ဘ၀ကျမှ အကျိုးပေးတာ ( နောက်ဘ၀ရှိကြောင်းတွေ သံသရာရှိကြောင်းတွေ ကို ငြင်းထားရင် အဲ့  အချက်က ငြင်းထားသူတွေကို ဘယ်လိုမှ မဆွဲဆောင်နိုင်တော့ ဘူး) သေလွန်ပြီး သံသရာ ဘ၀တစ်ကွေ့ ကွေ့ ကျမှ အကျိုးပြန်လာတာ မျိုးဆိုတဲ့ 
အကျိုးပြန်လာချိန်တွေ ကွဲကုန်တယ်...ခုလုပ်တိုင်း ခုအကျိုး သဘော လို့  အချိန်ကို ပုံသေ တွေးထားလို့ ရဘုးသဘော
အဲ့ မှာ ရုပ်အကျိုး နာမ်အကျိုးသဘောလဲ ကွဲနိုင်သေးတယ် ရုပ်အကျိုးသာ အချိန် သဘော ကွာချင်ကွာနိုင်တယ် ခု မေတ္တာပွားလို့  ခု ပြန်အကျိုးရတာမျိုးက စိတ်ပါလက်ပါ မေတ္တာ ပွားနေရင် ပွားသူကိုယ်တိုင်ရဲ့  စိတ်မှာ ကြည်နူးပီတိ ငြိမ်းချမ်းရေ ရသတွေ ချက်ချင်း ပြန်ရနေတယ်ဆိုတာ မေတ္တာကို သန့် ရှင်းတဲ့ စိတ်နဲ့  စိတ်ပါလက်ါ ပွားနေကျလူတွေက သိလိမ့် မယ် စိတ်က မေတ္တာပွားနေတုန်းမှာ အဲ့ စိတ် မှီတွယ်ထားတဲ့  ရုပ်ဘော်ဒီဟာ အကြည်ဓါတ်တွေ ဖြစ်နေတာ ဘေးလူက မြင်သာ သိသာနေတယ်...ဒါက လက်ငင်းအကျိုးသဘောမှာ တစ်ချို့ အကျိုးတွေဟာ စိတ်ကြောင့်  ရုပ်မှာ အကျိုးရနေတယ်ဆိုတဲ့ သဘော မေတ္တာပွားနေလို့  ရုပ်ပစ္စည်းပိုက်ဆံ အများကြီးရလာလိမ့် မယ်လို့  ပုံသေတွေးရင် သေပြီဆြာပဲ မေတ္တာဝေးလို ဆဲယုတ်နေတဲ့  သူတွေ ထောနေတာ တွေ့ လိုက်ရင် အကျိုးပေးပုံစံ နက်နဲ ဆန်းကျယ်လျို့ ဝှက်တတ်တဲ့  ကံသတ္တိ သဘောကို သံသယတွေ ဖြစ်ကုန်လိမ့် မယ်
ချုပ်လိုက်တော့  စေတနာကောင်းရင် ကံကောင်းမယ် ကံကောင်းရင် အလုပ်ကောင်းမယ်လို့ ဆိုတာကို လွယ်လွယ်လေး မပြောပါဘူးလို့ ဆိုလိုတာ....စေတနာကောင်းပါလျက်နဲ့  ဘာလို့ ခုထိ ဘာညာ ဆိုတဲ့  ရုပ်ပိုင်ဆိုင်မှု့  အနဲအများ ကဏ္ဍကနေ တွေးမိပြီး စောဒက တက်သံတွေ ဘာကြောင့် မကြာခဏ ကြားဖူးနေရတာလဲကို ပြန်တွေးရင် ကံသတ္တိ သဘောတွေကို အပေါ်ယံရှပ်ပြောလို့  ရှပ်တွေးလို့သဘော....တစ်ခါသား ကြားဖူးသေးတယ် ဘုရားဖြစ်ပြီး ဘာလို့  ဒေ၀ဒတ်ရဲ့ လုပ်ကြံတာ ခံရတာလဲတောင် အမေးခံရဖူးတယ်
အဲ့ လိုအမေးကို ဖြေရဖို့ ဆိုတာ ယုံကြည်မှု့ နဲ့  သဘောတရားရေးတွေအရ လက်ပေါက် အတော်ကပ်တဲ့ သဘောရှိတယ်...သံသရာကြောင်းသဘောတွေကို ကျမ်းကိုင်ပြော ပစ္စက္ခတ်သဘောတွေကို ဥပမာပေးပြောလဲ မယုံဘူး ဘာမှ မဆိုင်ဘူးလို့  ဇွတ်ငြင်း ဆိုလာလဲ သဘောပဲ လို့ ဆိုလိုက်ယုံသာရှိတော့ တယ် .
ကိန်းလား စိတ်လား ကွကိုယ် ပြန်တွေးတွေးကြည့် တာမျိုးပေါ့ 
ကိန်းလား စိတ်လား ကွကိုယ် ပြန်တွေးတွေးကြည့် တာမျိုးပေါ့ 
ဆိုပါတော့  ကိုယ့်  မဟာဘုတ် ၂ ခု ရော ကိုယ့် အမည်နာမသေဘာရော ကိန်းသဘောတွေ ကွကိုယ် တွေးထုတ် တွက်ထုတ်ယူလို့ ရခဲ့ ပြီဆိုပါတော့ 
အဲ့ မှာ ကိန်းသဘောအရ အိမ်ထောင်မပြု မကျရလောက်အောင် ချောင်ပိတ်နေတဲ့  အချက် မတွေ့ မိဘူး...ဒါပေမယ့်  မကျဘူး မပြုဘူး..ရီးစားတွေလဲ ထားခဲ့ ဘူးတယ် ဆွဲအစိခံရလုလု အခြေအနေတွေရော ပေါ်တင်အထာပေးတာတွေရော မိဘကိုယ်တိုင်က ဆွဲစိဖို့ ကြိုးစားကြည့် သေးတာခံရတာမျိုးရော ကြုံခဲ့ တယ် နိုးအိမ်ထောင်ပဲ ဘာလို့ လဲ..
ကိုယ့် စိတ်ကိုက အိမ်ထောင်သည်ဘ၀ကို ဘယ်လိုမှ ဖီးမလာဘူးက အရမ်းခိုင်နေတာ ကိုယ့် စိတ်ကိုယ်ပြန်ခံစားလို့ ရနေတယ် ကျလုလုနားတွေ ဖြစ်လာရင်
ရှောင်တော့ တာမျိုးတွေ ဖြစ်လာသလို ရှောင်မရလို့  လွန်သွားလို့  ယူလိုက်ရပါတယ်ဆိုတဲ့ ဘ၀မရောက်အောင်လဲ တစ်သက်လုံး ကင်းအောင်ကို သက်သက်ကို
သတိကပ်ပြီး နေခဲ့ တယ် အိမ်ထောင်ပြုဖို့ အရေးကို ဘာလို ဒီလောက် အသည်းအသန်ရှောင်နေရတာလဲ အိမ်ထောင်သည်ဘ၀ဆိုတာ ဘာများပြင်းထန်တဲ့ အပြစ်တွေ့ လို့ လဲလို့  ပြန်တွေးတော့ လဲ...
အိမ်ထောင်သည်ဖြစ်စေ လူပျိုကြီးဘ၀နဲ့ နေသွားစေ ဘယ်ဟာကမှ စင်းလုံးချောသဘော မရှိဘူး သူ့ နယ်ပယ်နဲ့ သူ အားနဲချက်အားသာချက်တွေ ရှိတာချည်းပဲလို့ လဲ တွေးဆနိုင်ခဲ့ ပြီးသား..အိမ်ထောင်ရေးသဘောကို အနိဌ အမြင်မရှိဘူး သဘာဝလွန်ကိစ္စမဟုတ်ဖူး လောကီသဘော ဖြစ်ရိုးဖြစ်စဉ်သာ လို့ လဲ နားလည်ထားတယ် အိမ်ထောင်ပြုတာဟာ ထူးခြားဖြစ်စဉ် မဟုတ်ဖူးသဘောပေါ့ .
အဲ့ မှာပြန်တွေးတာ ဒါဆို အဲ့ စိတ်က ကိန်းကနေ ဖြစ်လာတာလား ..ကိန်းကနေ စေ့ ဆော်လိုက်တဲ့  စိတ်လား ကိုယ့် စိတ်နဲ့ ကိုယ် ခိုင်ပြီးဖြစ်နေတာလား ကိန်းလွတ်စိတ်လား ကိန်းအရိပ်အောက်က ဖီလင်လား.....
ဟီးးးး...တွေးတုံးပဲ...ခ်ခ်ခ်
ဘဲတစ်ပွေကလဲ လာသေးတယ်
ဘဲတစ်ပွေကလဲ လာသေးတယ် သူ ယူမယ့်  အမျိုးသမီးက သူ့ ထက် ၁၀နှစ်လောက် ငယ်နေလို့ တဲ့  ..( ပြောပုံက ကြိုက်တုန်းက ကြိုက်ပြီး ခုမှ ၀ါးတားတားလာလုပ်နေတာ)
ကျနော်က အဲ့ ဒါများ လွယ်လွယ်လေး ကိုယ့်  ဘရိမ်း အတွေးကို လျှော့ ချပေးလိုက်ပေါ့  အသက်က အဲ့ လို ကွာသွားရင် ဘ၀ဖြတ်သန်းမှု့ ခေတ်ကွာနေတတ်လို့ ခံစားမှု့  ကွာသွားတတ်တယ်
ဆရာသမားက အန်းတိတ်အဆိုတော်တွေ နဲ့ ကျန်ခဲ့ တုန်း မဒီလေးက ခမ်းလှိုင်မှ ခမ်းလှိုင် ဖြစ်နေတတ်တာမျိုးကို နားလည်ပေးနိုင်ရင် အိုကေတာပဲလေ
လို့ ဆိုတော့ မှ မျောက်ခွက်က ဖြဲစပ်စပ် လုပ်သွားတယ်...အာ့ တောင်လာသေးတယ် ကြီးနေရင်ရောတဲ့  အင်း..သူက မြန်မြန်သေမှပေါ့ လို့  ကဲ အေးရော....ခ်.ငိငိ
ထူးထွေတည့်  အံ့ ရာသော်
ထူးထွေတည့်  အံ့ ရာသော်တွေနဲ့  ဒီရက်ပိုင်းတိုးနေတယ်ဗျ အဲ့ ဘဲက ၃ကြွင်း တနင်္ဂနွေသား အသက်ကရပြီ မိန်းမယူဖို့ ကျွတ်နေသတဲ့  ဘာလို့  ကျွတ်နေရတာလဲ လို့ မေးလိုက်တော့  သူ့ မဟာဘုတ်မှာ သောကြာက မယားဂြိုလ်က မရဏအိမ်မှာ ရှိနေလို့ အကျိုးမပေးဘူးလို့ ဆိုလို့ တဲ့  အဲ့ တော့ ကျနော်က ရယ်စိစိ လုပ်ပြီး မင်း ဥစ္စာက ဘ၀လက်တွဲအဖေါ်အဖြစ် အိမ်ထောင်ပြုတာကို အလျှော်အစားတွေ ဈေးတွက်တွေ တွက်နေတာကိုး အဲ့ လိုသာ
တွက်နေလို့ ကတော့  ဘာ မဟာဘုတ်နဲ့ မွေးမွေး ဘယ်တော့ မှ အိမ်ထောင်ကောင်းတစ်ခု ရလာမှာ မှုတ်ဖူးဟ...လို့  မယားဂြိုလ် ကောင်းကင်ရောရာက် လင်ဂြိုလ် တိုင်ထိနေနေ မျှတအောင်မတွေးတတ် မရင့် ကျက်တတ်သူတွေရဲ့  ဘယ်အိမ်ထောင်ရေးမှ မစွံဘူး မယားဂြိုလ် လင်ဂြိုလ် မဟာဘုတ် ၂ ခုစလုံးမှာ မြေကြီးကပ်နေလဲ စိတ်ထားတွေ ဂွတ်နေ မျှတစိတ်ရှိနေရင် အဲံ့  အိမ်ထောင်ရေးတွေ ဂွတ်ရှယ်နေတာများတာချည်းပဲ ပတ်ဝန်းကျင်ကို လိုက်ကြည့် ကြည့်  စာထဲချည်း ခေါင်းမြုတ်မနေနဲ့ လို့  ပြောလိုက်တာပေါ့ ဗျာ
ကျနော်က သူ့ ကိုပြောလိုက်တဲ့ စတိုင်က ပုံသေ မဟုတ်ဖူး ကျမ်းကို လုံးဝ အမှား လို့  ဆိုလိုနေတာမဟုတ်ဖူး ကွယ်ဝှက်အနက်တွေ ရှိတယ် အဲ့ ဒါကို လက်တွေ့ ဘ၀နဲ့  ညှိယူလို့ ပြောလိုက်တာ
ဗေဒင်နဲ့  ဘ၀ခရီး
ဗေဒင်နဲ့  ဘ၀ခရီးကိုသွားနေပေမယ့်  ဗေဒင်အပေါ် သိပ်ပြီး စမ်းစမ်းတင့် တော့  ဖြစ်မနေဘူးလို့ ပြောရင်လောက်ရမယ်၊ အမှန်တော့  တကယ့် ပင်ကိုယ်စိတ်ကိုက
ဘာသာရေးတွေ အပါအ၀င် အဆိုအမိန့် တွေရော ဆရာတွေအပေါ်မှာရော စည်းမျဉ်းတွေ အပေါ်မှာပါ စမ်းစမ်းတင့် မဖြစ်လှဘူးလို့ ပဲ ပြောရမယ် ။ အရာ တော်တော်များများကို
ပုံမှန် စိတ်ခံစားမှု့ လောက်ပဲ ရှိတယ်.။ အဲ့ ဖီလင်ကို ပေါ့ ပေါ့ နေနေ ပေါ့ ပေါ့ စား စိတ်မျိုးလို့ လဲ ပြောလို့ ရမယ်နဲ့ တူတယ် ဖြစ်ပျက်နေသမျှ ကြုံနေသမျှတွေကို ဘာမှသိပ်မထူးဆန်းလှဘူး
ဖြစ်ရိုး ဖြစ်စဉ်တွေသဘောတွေလို့  သာ သဘောထားတာများပြီး အချိန်အများစုက အလိုက်သင့်  ဘိုးသီ လုပ်ပြီး ဘ၀ခရီးသွားနေတာများတယ် ရည်ရွယ်တွေ ပန်းတိုင်တွေလဲ ဟုတ်တိပတ်တိမရှိလှဘူး
သိပ်ပြီး ဒုက္ခဆင်းရဲတွေ မရောက်ရင် ပြီးတာပဲ ဆိုတဲ့ စိတ်က အခြေခံစိတ်လို့ ဆိုနိုင်မယ် ဒါက ကိုယ့် စိတ် ကို ကိုယ် ပြန်တွေးရင်း အခုလောလောဆယ် ဖြစ်လာခဲ့ တဲ့  စိတ်နေ သဘောပေါ့ လေ
ဆုတ်ထားလို့ မရတဲ့ လောကသဘောမို့  ရှေ့  မှာ ဘယ်လိုစိတ် ဖြစ်သွားဦးမယ်တော့  မဆိုနိုင်သေးဘူး
ပြောပြချင်တာက ဗေဒင်လိုက်စက စိတ်အကြောင်း အဲ့ စိတ်က အခုအထိလဲ ရှိနေတယ်လို့ ပြောချင်တာ..စာအုပ်ထဲက ဆရာတွေ အါအ၀င် သင်ဆရာ ၂ ပါး ဆီက ကြားနာမှတ်သား ပြန်အသုံးချ လုပ်ခဲ့  လုပ်ဆဲ နေတာတောင်မှ အဲ့  ဆရာသခင်တွေဆီက ကြားနာ ဖတ်မှတ်မိသမျှကို
အကုန်လက်ခံထားခဲ့ တာမဟုတ်ဘူး ငြင်းလဲ ငြင်းမနေဘူး ကျနော်တွေးပြီးလုပ်ခဲ့ တာက ကျနော်အတွက် ( ဒါက အရင်ဖြစ်တဲ့ စိတ်) ကျနော့် ဆီလာပတ်သက်တဲ့  ထမင်းရှင်တွေ အတွက် ဘာအသုံးတဲ့ မလဲ ကိုသာ အဓိက ယူခဲ့ တာ၊ တစ်ချို့  အယူအဆတွေဆို ကျနော့် စိတ်က လက်မခံသလို
အချိန်ကုန်ခံပြီး ငြင်းလဲ ငြင်းမနေဘူး မကြိုက်တဲ့ အယူအဆမျိုးဆို ကိုယ့် စိတ်က ကိုယ့် ဟာကိုယ် ပယ်လိုက်တယ် မသုံးဘူးလုပ်လိုက်တယ်ပေါ့  အဲ့ ဒါ ကျနော် သွားနေတဲ့ ဗေဒင်စတိုင်လေးပဲဗျ...ကိုယ့် စိတ်အကြောင်း ဒီလိုပြောပြရတာက ဘော်ဒါတွေလဲ ကျနော်ပြောသမျှတွေ ယူဖို့ မလိုဘူးလို့ ဆိုလိုတာ
ယူချင်တာယူ မယူချင်တာမယူနဲ့  ကိုယ်နဲ့  အသုံးတည့် မယ်ထင်တာသာယူ အလုပ်မဖြစ်ဖူးထင်တာ ခေါက်ထားလိုက်လို့ ဆိုလိုတာ အဲ့ စိတ်က ပညာကို ပြန်သုံးတဲ့ အခါ မြန်ဆန်တယ် အချိန်မကုန်ဘူး စိတ်ကိုလဲ လွတ်လပ်အတွေးသဘောကြောင့်  အမြင်တွေ ရှင်းလင်းပေါ့ ပါးစေတယ်...အမြင်တွေရှင်းလင်း
ပေါ့ ပါးလာလေလေ လောကကို ဖြတ်သန်းတဲ့ အခါ စိတ်ဖိအားနဲလာလို့  လူဟာ လောင်းရိပ်တွေ ကင်းနေလို့  ပျော်ပျော်ပါးပါးလေး ဘ၀ခရီးကို ချီတက်နေလို့ ရလာစေတယ် ဖိအားနဲတဲ့ စိတ်ကြောင့်  လာဘ်ပါရွှင်စေလာတယ်..လာဘ်ရွှင်တယ်ဆိုတာ ဘောစိဖြစ်တာ မဖြစ်တာကို မဆိုလိုဘူး တောင့် တတာတွေဟာ
ရသင့် တဲ့ တောင့် တမှု့ မျိုးဆို ပင်ပမ်းတကြီး မဖြစ်ပဲ ရလွယ်လာတာကို လာဘ်ရွှင်လာတယ်လို့ ဆိုလိုတာ....
သူ့ ဖက်က ဗေဒင်မှန်တာ ကျနော့် ဖက်က တိုက်ဆိုင်တာ
သူ့ ဖက်က ဗေဒင်မှန်တာ ကျနော့် ဖက်က တိုက်ဆိုင်တာ
---
ကချင်ပြည်နယ်ကနေ ဖုံး လှမ်းဆက်တယ် ဘေ့ စစ်က ရန်ကုန်သူပါ ပညာရေးလောကက အကောင်ပါ ဆက်ဆံရေး မကြာ့ တကြာပေါ့ 
ကျမ ဘူပါ မှတ်မိလား ဆိုတော့  ဟုတ်မှတ်မိပါတယ်ခမျပေါ့  ( အသံပဲ ကျက်မိတာ) ဘာကူပေးရမလဲဗျ ဆိုတော့ 
ဆရာဟောလိုက်တာ မှန်တယ်တဲ့  ဆရာဟောလိုက်တာ ချော်လဲတတ်တယ် သတိထားဆိုတာ ကျမ အခု ချော်လဲပြီး အရိုးအက်သွားလို့ တဲ့ 
နားနေရပြီတဲ့ အဲ့ ဒါ ရှေ့ ဘာများဖြစ်နိုင်သေးလဲ ဘာကာထားရမလဲလို့ ပြောလာတယ်
အဲ့ ...ကျမက ကြာတေးသမီး သုညကြွင်း ရာဇဖွား ပင်စင်နားသွားခါနီး အသက်ဖြစ်နေပြီဆိုတာတော့ မှတိမိတယ် မွေးလကို မမှတ်မိဘူးဗျ..ဒါနဲ့  မွေးလက ဘယ်တော့ လဲလို့ မေးလိုက်တော့ ....မေလတဲ့  ( ဖြတ်ကနဲ စိတ်တွက် နဲ့  လစိတ်တွေကို ဘက်ဂီယာထိုးလိုက်တော့  အခု ဒီဇင်္ဘာကနေ ဇန္န၀ါရီလ ဆန်းအထိက အင်္ဂါလစိတ် (သုညကြွင်းတွေအတွက် မရဏ လစိတ်ပေါ့ )...ဒါဆို ကျနော်က သူ့ ကိုဟောခဲ့ တာ ဟောရိုးဟောစဉ်အတိုင်း အင်္ဂါလစိတ် သဘောကို ပြောပြခဲ့ ယုံလေးဆိုတာ မှတ်မိလိုက်ပြီ..သက်ရောက်ကောင်းနေလို့  မသေတော့ မသေနိုင်ပါဘူးလို့  သာမန်ပါလို့ ပြောခဲ့ တာလဲသတိရပြီ...( ပြီးတော့  သက်ရောက်အကောင်းကြောင့်  ပရောဖက်ဆာ ဖြစ်မှာပါလို့  ပြောခဲ့ တာလဲ အဲ့ ကျမကြီး လာတုန်းက သူပြောသွားခဲ့ တာ ပရော်ဖက်ဆာတော့  ဖြစ်သွားပြီဆိုတာလဲ ပြန်သတိရလိုက်တယ်)..သဘောက သက်ရောက်က သက်ရောက်အလုပ်ကို လုပ်နေချိန်မှာပဲ လစိတ်ကလဲ သူ့ အလုပ်သူလုပ်နေခဲ့ တာ မှန်နေတဲ့ သဘောပေါ့  အဲ့ ဒါကြောင့်  ကျနော်က လစိတ်တွေကိုလဲ လျှော့ မတွက်ဘူုး ကြုံလာရင်တိုက်ဆိုင်မှု့ လို့  ခံယူထားတာ...
သဘောက ကျနော်နဲ့  ကံဆုံတဲ့ သူတွေကို ကျနော်ဟောနေတာ အများစုက ဖြစ်တတ်တဲ့  သဘောတွေကို ဘ၀အတွေ့ အကြုံတွေ နဲ့ ပေါင်းစပ်ပြီးဟောနေတာမျိုးဖြစ်ပြီး ကျနော်ပြောခဲ့ တာတွေ ကြုံလာလို့  သူတို့ က ကျနော်ပြောခဲ့ တာတွေနဲ့  ဒဲ့ တိုက်ဆိုင်ရင် တိုက်ဆိုင်မှု့ ပါလို့ ပြောခဲ့ တာဟာ..........
အဲ့ အကျိုးဆက်က ကျနော့် မှာ ဗေဒင်ဟောကိန်းကို မှီပြီး ဖြစ်လာနိုင်တဲ့  အဟောမှန်ချက်တွေ ကြောင့်  ဘ၀င်မမြင့် တော့ ဘူး (၀ါ) ဘ၀င်မြင့် သွားနိုင်တဲ့ သဘောတွေကို ကြိုတင်ကာကွယ်လိုက်တာပါလို့ ပြောချင်တာပါဗျား ဒါ့ ကြောင့်  ကျနော်က ကျနော့် ဖက်ကတော့  တိုက်ဆိုင်မှု့ ပါလို့ ဆိုလိုတာပါ...ဖြစ်မလာရင်လဲ မတိုက်ဆိုင်ဘူး သဘောပေါ့ လေ..
မာနဖြစ်ချင်စရာ အကြောင်းတွေက ကိုယ့် အနားမှာ တစ်ပုံကြီးဗျ အဲ့ ဒါကို တဖြည်းဖြည်း လျှော့ ချ ယူတဲ့  လေ့ ကျင့် ခန်းသဘောပေါ့  ဓမ္မလမ်းကို ကိုယ့် အလုပ်ကနေ အတွေးအခေါ်လေးတွေနဲ့  ချဉ်းကပ်ယူတဲ့ သဘောပေါ့ ဗျာ
ဘောစိတွေ
ဗေဒင်ဆရာက ဘောစိတွေ လာမေးကြောင်း ဟိုအကောင် ဒီအကောင်တွေကို ဘယ်လိုတွေ ဟောရတာ ဘာညာကွိကွတွေ ရေးရတာ ကိုယ့် ကိုယ်ကိုယ်တောင်အမြင်ကပ်တယ်
( သများကိုလဲ အမြင်ကပ်တယ်လို့  သွယ်ဝိုက်ပြောထှာ...အဟီး..ငိငိ ) ...တကယ်ကတော့  လုပ်သက်ကြာလာ အသက်ပိုင်း တစ်ခုရောက်လာ ကိုယ့် ဗေဒင်ပညာက ခိုင်နေတဲ့ အခါနဲ့  ကိုယ့် ရဲ့ အနေအထိုင်က စပ်စလူးခါမနေပဲ အသိအသိအတိုင်း အရှိအရှိအတိုင်း တွေကို ခေတ်နဲ့  ညှိနှိုင်းပြောဆိုနေခဲ့ တာ အလုပ်မှာ ဖင်မြဲတာတွေက ကြာလာရင် အဲ့ လိုတွေ ကြုံလာရ တွေ့ ဆုံလာရတာမျိုးက ဖြစ်ရိုးဖြစ်စဉ်ပါ မထူးဆန်းလှပါဘူးလို့ ပြောချင်တာပါ ဗေဒင်ကို ၁၀နှစ် နှစ် ၂၀လောက် စိုက်လိုက်မတ်တတ်လုပ်သွားရင် ပညာကလဲ သဘာဝကျနေရင် ကိုယ်တွေလိုပဲ ကြုံလာတွေ့ လာရနိုင်မှာပါပဲလို့ ဆိုလိုတာ...
တကယ်တော့  အလုပ်ခွင်မှာကြာလာရင် ဆုံရတဲ့  ပိတ်သတ်က ခေါင်းရွက်ဗက်ထိုး မီးခွက်ဈေးသူဈေးသားတွေကအစ အလယ်လူ အပေါ်လွှာ စပျစ် မသီးတသီးတွေအချို့ ပါ ကြုံနေရ ဆုံနေရတတ်တာချည်းပဲ...တစ်ခါတစ်လေ မီးခွက်ဈေးသူဈေးသား ပိတ်သတ်တွေရဲ့  လူ့ ဘ၀ဖြစ်ထွေတွေ အစုံအစုံက ပိုတောင် စိတ်ဝင်စားစရာကောင်းနေသေးတယ်
သူတို့ နဲ့ ဆက်ဆံရတာ ကျနော်တို့  ရဲ့  လွတ်လပ်ပျံသန်းစိတ်တွေ နဲ့  အတော် နီးစပ်တာမျိုးမို့ ပေါ့  သူတို့ တွေအများစုက စိတ်ထဲရှိတာ စိတ်ထဲက ဖီးလ်ဖြစ်နေတာတွေ လွတ်လပ်ပွင့် လင်းသဘောဆန်တယ် ဆဲချင်ရင် ဗေဒင်ဆြာကို ရှေ့ မှာ ငုတ်တုတ်ထားပြီး ဆဲချပလိုက်တာမျိုး ပြီးမှ အဲ ကတော့ ဆရာ ကတော့ နော်တွေ ဘာတွေပေါ့  ဟီးးး
ရဘာဒယ် ရဘာဒယ် ကျနော်ကလဲ ကူဆဲပေးချင်နောပါဗျားးးး...ပေါ့ လေ....
အဲ့ တော့  အလွှာကြီးတွေ ပက်ကနဲသဘောလဲ ကြုံရတာမျိုးရှိသလို ဗေဒင်ဆရာက ပညာရော ငွေရော ဒလဟောတွေ စိုက်ပြီး ကူခဲ့ ပေးရတာတွေလဲ များမှများပေါ့  သဘောက အရဖက်ကချည်း ဗေဒင်ဆရာထိုင်လုပ်နေတာ မဟုတ်ပဲ လူတွေကို မလိုအပ်ပဲ ချမပြောတတ်တဲ့  ပညာဒါန ငွေဒါနခန်းတွေလဲ အများကြီးလုပ်ခဲ့ လုပ်ဆဲ ဘ၀တွေသဘောပေါ့ လေ
တစ်ဖက်က အကောင်းသဘောတွေးနိုင်ရင် လာတွက်သမျှ ထဲက အတော်များများကို ခေါင်းစဉ် တစ်ခုခု ခံပြီး ဟိုဘုရားသွားလိုက်ပါ ဒီဘုရားသွားလိုက်ပါ ဒါလေးလှုလိုက်ပါ
အဲ့ ဒါလေးစွန့် ကြဲလိုက်ပါလို့  ကောင်းမှု့ နွယ်တဲ့  လမ်းညွှန်သဘောတွေ နေ့ တိုင်းလိုလို နတ်လမ်းညွှန်ခွင့် ရနေတာလဲ ဗေဒင်ဟောသူတွေရဲ့ ဘ၀မှာ အများဆုံး လုပ်ခွင့် ရနေတဲ့ သဘောပေါ့ လေ လူသွားသတ်ပါ အရက်သောက်လိုက်ပါ စသဖြင့်  မကောင်းမှု့ နွယ် လမ်းစဉ်တွေကို လမ်းမညွှန်ကြဘူးပေါ့ ...သင်္ကန်းက်စေချင်တာတောင် ကိုယ့် ဘုန်းကြီးတွေကို ပိုရစေချင်လို့  အပေါ်ရုံ ကြီးရော ၀တ္ထုငွေပါ ထည့် ကပ်လိုက်နော်တွေ ဘာတွေတောင် ညွှန်ဖြစ်လိုက်သေးဗျား...ကောင်းမှု့ ကို ပါးစပ်လေးနဲ့  ညွှန်တာတောင် ကောင်းမှု့ ဖြစ်တယ်မဟုတ်လား...အဲ့ အကျိုးကို ကျနော်တို့  ရနေတာပေါ့ 
ပါပ သောမ ယေဘူယျ အချက်အလက်တွေ
ပါပ သောမ ယေဘူယျ အချက်အလက်တွေ
------------
ဆိုပါတော့  ကျနော်က စနေ ၂ထပ် ၃ထပ် နဲ့  ဆုံရင် သေလွယ်ပျက်လွယ်သဘောကို တီးခေါက်ပြခဲ့ တယ်ပေါ့ ဗျာ အဲ့ မှာ သဘောက အင်္ဂါ သားသမီးတွေကို ရည်ညွှန်းတယ်ဆိုပေမယ့်  တစ်ခြား တနင်္ဂနွေတွေ ရာဟုတွေတွေ တနင်္ဂနွေတွေလည်းပါနေတယ်ပေါ့ ဗျာ...အဲ့ မှာ ပါပ သသောမကို ခွဲပုံက ဂြိုလ်နဲ့ လူကို အရင်ခဲတယ်ဗျ
လူဖြစ်စေ ဂြိုလ်ဖြစ်စေ တစ်နွေ ၃ င်္ဂါ ၇ စနေ ၈ ရာဟုက ပါပ သဘော ၂ င်္လာ ၄ဟူး ၅တေး ၆ကြာက သောမ သဘော ...
အတိုချုပ်က ပါပ ဂြိုလ်တွေ (၀ါ) သောမ ဂြိုလ်တွေ နဲ့  လူ နေ့ သားတွေဟာ ကောင်းမှု့ ဆိုးမှု့ တွေ လောကဓံ အရ ကြုံလာရင် နှေးတာ မြန်တာ ဆုံးဖြတ်ချက်တွေ မြန်တာ နှေးတာ ကွာသွားတတ့် လေ့ ရှိတယ်လို့  ယေဘူယျ ခွဲထားတာ...
ဥပမာ ပါပ နေ့ သား ဖြစ်တဲ့  အင်္ဂါသား စနေ တနင်္ဂနွေ ရာဟုချိန်မွေးတွေ စနေသက်ရောက် ဆိုတဲ့  ပါပါဂြိုလ် သက်ရောက်ကိုဖြတ်ချိန်မှာ ကြုံရတဲ့  ကောင်းမှု့  ဆိုးမှု့  အရှိန်က
သောကြာ တနင်္လာ ဟူးသား နဲ့  ကြာသာပတေးတွေ ဆို တဲ့  သောမ နေ့ သားတွေ စနေဂြိုလ် ဖြတ်ချိန်မှာ ကြုံရတတ်တဲ့  ကောင်းမှု့  ဆိုမှု့  အရှိန်တွေ ကို ချိန်ဆရင် အင်္ဂါသား စနေ တနင်္ဂနွေ ရာဟုချိန်မွေးတွေ စနေ ဂြိုလ် ဖြတ်ချိန်မှာ ကြုံရတဲ့  အနေအထားတွေက ပိုပြီး မြန်ဆန်တယ်လို့  ကြို မှန်းဆနိုင်တာမျိုးကိုဆိုလိုတာ။။
ကြာသာပတေး သက်ရောက်မှာ ရစရာရှိတာတွေ ရရင် စနေသားသမီးက သောကြာ သားသမီးထက် ရတာ ပိုမြန်တဲ့  သဘော ပေးစရာ ရှိတော့  စနေသားသမီးက အင်္ဂါသားသမီးထက် ပို မြန်မြန် ပေးရတတ်တဲ့ သဘောက စနေ သားသမီးက ပါပနေ့ သားဖြစ်နေလို့ နဲ့  သောကြာနေ့ မွေးက သောမနေ့ သားဖြစ်နေလို့ သဘော
တနင်္လာမှာ ထီပေါက်တော့  စနေ အင်္ဂါက မြန်မြန်ပေါက် များများေါက်တတ်ပြီး သောကြာက ခဏခဏ နဲနဲ နဲနဲ ပေါက်တတ်တာက ပါပနေ့ သား သောမနေ့ သား ကွာသွားတတ်လို့ သဘော
ရောဂါဖြစ်ရင် ပါပနေ့ သားက မြန်မြန်ခံရ ပို ပြင်းထန်တတ် ဆေးတွေ့ ပြီဆို မြန်မြန် ပျောက်တတ်တာ( မတွေ့ မချင်းရွာလည်နေတာ ) ပါပနေ့ သား ရဲ့  မြန်ဆန်မှု့ 
သတ္တိ သဘော သောကြာက ရောဂါ ဖြစ်ရင် အီလေးဆွဲ အလွယ်နဲ့  ရောဂါ မစင် ကုရတာကြာ လျှာရှည်နေတာက သောမ နေ့ သားဖြစ်နေလို့ သဘော
ကျနော်ရေးပြခဲ့ တဲ့  စတိသဘောတရားတွေက ရိုးရာ အဆိုအမိန့် တွေဟာ လုံးဝ ပစ်လိုက်စရာ အဓိပ္ပွယ်မဲ့ တွေ မဟုတ်ဖူး အဓိပ္ပါယ်တွေ ရှိနေတယ် အဲ့ ဒါကို ကိုယ့် အတွေ့ အကြုံတွေ တွေးခေါ်မှု့ တွေ နဲ့ တွေးပြီး ဖေါ်ထုတ် အသုံးချ တတ်ဖို့  သဘောပါ
သဘောက ပါပ သောမ နေ့ သား (၀ါ) ပါပ ဂြိုလ် သောမဂြိုလ် ကွဲယုံ နဲ့ တင် ရောဂါဘယ ပြင်းထန်တာ နာတာရှည် ချင်ချင်းဖြစ် အီလေးဆွဲ သဘောတွေ စီးင်္ပွား ၀ုန်းကနဲဖြစ်တာ တအိအိ တက်တတ်တာ ၀ုန်းကနဲ ထိုးဆင်းသွားနိုင်တာ တအိအိ ကျလာတာ စသဖြင့်  ဖြတ်ကနဲ မြင်နိုင်တယ်ပေါ့ ဗျာ...ဒိထက် ကျယ်ပြန့် အောင် လေ့ လာနိုင်ပါတယ် အကြောင်းအရင်းကို မလေ့ လာရသေးပဲ အတွေးလေးနဲ့  ရိုးရာက ရှေးလူကြီးတွေရဲ့  သတိပေးချက်တွေကို ယုတ္တိမဲ့ တယ်ဆိုပြီး မငြင်းခဲ့ ဘူးလို့ ဆိုလိုတာပါ
ချုပ်လိုက်ရင် ဒီဗေဒင်စတိုင်ကို ခပ်နက်နက် တူးဆွရင်းကနေ ရှေး လူကြီးတွေရဲ့  မှာထားခဲ့ တာတွေကို ပြန်တွေးဆယူတယ် လိုအပ်တဲ့ နေရာမှာ ထည့် သုံးနေတယ် လို့ ပြောချင်တာ ပြီးတော့  ကိုယ့် လိုင်းမဟုတ်ဖူးဆိုပြီး ဗေဒင်ပညာလိုင်းက စာတွေကို မပစ်ပယ်ထားဖူး အကုန်ဖတ်နိုင်သမျှ ဖတ်တယ် လေ့ လာပါတယ်လို့ ပါ.....
အတိတ်လွမ်းချင်း..
အတိတ်လွမ်းချင်း..
--------------
ရွှေတိဂုံ ဘုရား ရှေ့ ဖက် ဗဟန်းမုဒ် စောင်းတန်းက ဈေးဆိုင်ခန်းတွေမှာ ဆရာ ဦးလင်းအောင်နဲ့  ကျနော်တို့  အောင်ကျင်တို့  ( ဆရာ ကိုအောင်ကျင် ဆိုပေမယ့်  ကျနော်နဲ့ က စတိတ်ထဲက ငယ်သူငယ်ချင်းတွေမို့  ဟျောင် အောင်ကျင်နဲ့  ဟလျောင် သီဟကြီး ဆိုတာ နှုတ်ကျိုးနေပြီ ) ပညာသင် တပည့် တွေလုပ်နေတုန်းက ကျနော့်  ပထမ သင်ဆရာက ငြီးခဲ့  ဆန္ဒ ဖြစ်ခဲ့ ဖူးတယ် '''' ( ဒုက္ခတွေ နဲ့  ရောက် လာသမျှ လူ အကုန်လုံးကို အလကား အိပ်စိုက် န၀င်း ရိုက်ပေးချင်မိတယ်လို့ ပါ.) ''''..အဲ့ ဒါ ကျနော့် ဆရာ ဆရာ ဦးလင်းအောင် ရဲ့  တကယ့် ဖီးလင် စိတ်ရင်း စေတနာ ဆိုတာ ကျနော်တို့ တပည့် တွေက အဲ ကတည်းက သိကြတယ် ဆရာ့ ဖီလင်ကို မျှဝေခံစားပေးနိုင်ခဲ့ တယ် ...အခုရေး ရင်တောာင် အဲ့ ကာလက ကျနော်တို့ ရဲ့ သန့် စင်နေသေးတဲ့  စိတ်ထားကို ပြန်သတိရရင်း မျက်ရည်ကျ လွမ်းဆွတ်မိတယ်...ကျနော်တို့ ဆရာက အများကို တကယ့် ကို သနားကြင်နာတတ်တာကိုလဲ ယုံကြည်ရင်း ဆရာလိုရော ဖအေလိုပါ တအားချစ်ခဲ့ ကြတာမျိုး....အဲ့ ဆရာ့ ရဲ့  ၀ိဥာဉ် ခံစားမှု က ကျနော်တို့ တပည့် တွေဆီမှာ ကူးစက် ကျန်ခဲ့ မျှဝေခံစား ခဲ့ ရလို့  ကျနော်တို့ က ကိုယ်နဲ့ ကံဆုံတဲ့ သူတွေကို ပိုက်ဆံ ထက် ဘာများအကောင်းဆုံးဖြစ်အောင် ကိုယ်တတ်နိုင်တဲ့  အတွေးတွေ နည်းတွေနဲ့  ( အမည်နာမ ထင်ရှားဖို့ ကျော်ဇောဖို့  ပိုက်ဆံ အဓိက မဟုတ်တော့ ပဲ ) ဘာများ ကူညီပေးရမလဲ ကူညီလို့ ရမလဲ ဆိုတဲ့  ဖီလင် ၀င်ကျန်ခဲ့ တာမျိုးပဲ...
Subscribe to:
Posts (Atom)