'''မဟာသမဏော- ရဟန်ုးမြတ်စွာ တို့ ဆရာသည် ''
-----------------------------------------
'' ယေဓမ္မာ ဟေတုပ္ပဘ၀ါ ၊ တေသံဟေတုံ တထာ ဂတော အာဟ ၊ တေသဉ္ဇ ယော နိရောဓော ၊ ဧ၀ံဝါဒီ မဟာ သမဏော ။
-------
ယေဓမ္မာ အကြင် ဇာတိ ဇရာ ဗျာဓိ မရဏ အစရှိသော ဒုက္ခ သစ္စာတရားတို့ သည်၊ ၀ါ.ဒုက္ခ-ဒုက္ခ သင်္ခါရ ဒုက္ခ ၀ိပရိဏာမ ဒုက္ခ အစရှိသော ဒုက္ခသစ္စာတို့ သည် ၊ ဟေတုပ္ပဘ၀ါ တဏှာ ဟူသော သမုဒယသစ္စာ လျင် အစအမွန် ရှိကုန်၏။တေသံ ထို ဒုက္ခ သမုဒယ သစ္စာ နှစ်ပါးတို့ ၏၊ ဟေတုံ ဖြစ်ရာ ဖြစ်ကြောင်း ၊ ချုပ်ရာ ချုပ်ကြောင်း ဖြစ်သော မဂ္ဂသစ္စာကိုလည်း ဟောတော်မူ၏။ တေသဉ္ဇ ထိုအလုံးစုံသော တရားတို့ ၏လည်း နိရောဓော ချုပ်ရာ ဧကန် နိဗ္ဗာန်တရားကိုအာဟ ဟောတော်မူ၏၊ မဟာသမဏော ရဟန်ုးမြတ်စွာ တို့ ဆရာသည် ဧ၀ံဝါဒီ ဤသို့  အယူရှိတော်မူ၏။ ၀ါ ဤသို့  ဟောတော် မူလေ့ ရှိ၏..''
----------
မကြာခဏဖတ်တတ်တဲ့  ဇိနတ္တပကာသနီကျမ်းထဲကပေါ့ ဗျာ၊.အဲ့  ''ယေဓမ္မာ'' အစချီ စာသား ကို သဘောကျခဲ့ တာတော့  ငယ်ကတည်း စာစုံဖတ်နေပြီဆိုကတည်းကပေါ့ ၊ စာဖတ်စမှ စာဖတ်တဲ့ သဘောကနေ မပိုသေးဘူး နောက်တော့ ဆရာကြီး ဦးရွှေအောင်စာတွေအပါအ၀င် စာပေတွေ ကျေးဇူးနဲ့ ဖတ်ဖတ်တွေးတွေးတွေ ပါလာတယ်၊...နောက်တော့  ဇိနတ္တ ဖတ်ရင်းက သတိပြန်ထားမိလာတာက ဒီ ဂါထာက မြတ်ဘုရားရှင်ကတောင် တိုက်ရိုက်ဟောရသေးတာမဟုတ်ပဲ
ဘုရားရှင်ရဲ့ သာဝက ရှင်အဿဇိ ကိုယ်တော်က လိုတိုရှင်းဟောပေးလိုက်တာမျိုး၊ ပြီးတော့  ဒီလိုတိုရှင်းကို ရှင်သာရိပုတ္တရာလောင်း ဥပတိဿက အဲ့ လောက်မှာတင် စာသားရဲ့ နောက်က ကျယ်ဝန်းလှတဲ့  အနက်ကို ကြီးမားလှတဲ့ ဥာဏ်ပညာနဲ့ ချဲ့ မြင်လိုက်ပြီ အဲ့ မှာ ရပြီ ရပြီ တပည့် တော်ရဲ့ သူငယ်ချင်းကိုလဲ သွားပြောပြဦးမယ် အရှင့်  ဆရာက ဘယ်သူပါလဲ ဘယ်အရပ်မှာလဲလို့ သာ ညွှန်တော်မူပါ လုပ်တာမျိုး အဲ့ မှာ ရှင်အဿဇိကလည်း သူ့ ဆရာက ဗုဒ္ဓဖြစ်တယ်ပေါ့ လေ၊
ဥာဏ်ပညာကြီးပုံက အံ့ မခန်းဆိုတာ ကိုယ့်  မြူမှုံလောက်ဥာဏ်လေးနဲ့ ချိန်လိုက်တာနဲ့ ထင်ရှားချက်က အဲ့ လိုတိုရှင်းနဲ့ တင် အဲ့ နေရာမှာတင် ရှင်သာရိပုတ္တရာလောင်းတော်က သူ့  ပညာဥာဏ်နဲ့  ချဲ့ တွေးလိုက်တာ သောတာပတ္တိမဂ်တောင် ဆိုက်ခဲ့ ပြီတဲ့  နောက်တော့သူ့ သူငယ်ချင်း ရှင်မောဂ္ဂလာန်ဖြစ်လာမယ့်  ကောလိတ ဆိုတဲ့  သူငယ်ချင်းကြီးဆီ ရှာနေတဲ့ ဓမ္မလမ်းကိုတော့ ရခဲ့ ပြီလို့ ဆိုပြီး ''ယေဓမ္မာ '' ကို ပြန်ဖေါက်သည်ချတယ်ပေါ့ လေ ။ကတိက၀တ်မြဲကြပုံ သစ္စာတရားရှိကြပုံ စိတ်တူကိုယ်တူရှိကြပုံ
တွေကလဲ အံ့ မခန်းပဲလို့  အဲ့ မှာတွေးမိသေးတယ်၊ အဲ့ မှာ ထပ်ပြီး အံ့ မခန်းကလဲ သာဝကရဲ့  ယေဓမ္မာကို
သူငယ်ချင်း ဥပတိဿက သယ်လာ ပြန်ပြောတာကို ထပ်ဆင့် နာယူရတဲ့  ကောလိတကလဲ အဲ့ ယေဓမ္မာနဲ့ ပဲ သောတာပတ္တိမဂ် ဆိုက်သွားပြန်ရောဗျာ။
ကျနော်တို့ များတော့  မကြာခဏ ဖတ်ရ ဖတ်ဖူးရ စိတ်ဝင်စားစရာ ကောင်းတဲ့ သမိုင်းကြောင်းတွေနဲ့  ယေဓမ္မာ လို့  ခံစားလို့ ရနေလဲ ခုထိ ဓမ္မလိုလို ဓားမလိုလို နဲ့  ကဲကောင်းတုန်း ကဲချင်စိတ်က ဇ ကျန်နေသေး။
နောက်တော့ ဖတ်ရင်း ဆက်တွေးတာက ကိုယ်တော်လောင်းလျား နှစ်ယောက် အဲ့ ယေဓမ္မာ တန်ခိုးနဲ့  မြတ်ရှင်စောဆီ ရောက် ဆက်ပြီး ဓမ္မတရားတွေနာလိုက်တာနောက်တော့  ထပ်ပြီး ကျင့် ကြံရင်း ရဟန္တာကြီးတွေ ဖြစ်ကုန်တယ်ပေါ့ လေ နောက်တော့  လက်ဝဲရံ လက်ယာရံတွေပေါ့ 
အဲ့ မှာ အဲ့  ယေဓမ္မာဓမ္မ ကို မနာရခင် လက်ဝဲရံ လက်ယာရံ ကိုယ်တော်လောင်းလျာကြီး နှစ်ပါး ရဲ့  ဖြတ်သန်းခဲ့ တဲ့ ကာလကို ပြန်ဖတ်ယူရသေးတယ်..ဘာလို့ များ ဓမ္မတရား တစ်စာသားလေး ကြားနာရတာနဲ့ ..ပေါ့ လေ၊ အဲ့ မှာ အဓိကတွေ့ တဲ့  အချက်က သူတို့ တွေကိုယ်တိုင်ကလောကကို စိတ်ကုန်နေခဲ့ ပြီးသားတွေ ဖြစ်နေပြီး သူတို့ တတ်သိ နားလည်ထားတာတွေကလဲ သူတို့ လိုချင်နေတဲ့  ဓမ္မတွေမဟုတ်ခဲ့ ဘူး ပိုသတိထားမိတာက သူတို့ ကိုယ်တိုင် ဓမ္မလမ်းစစ်စစ်ကို ရချင်လိုချင် သိချင်ဇောနဲ့  ကိုယ်တိုင်ထွက်ပြီး ရှာဖွေနေသူတွေ ဖြစ်နေခဲ့ ပြီလို့ ဆိုတာ သတိထားမိတယ်ပေါ့ လေ..
ကျနော်တို့  ဥာဏ်ပညာတွေ သဘောနဲ့  ဥာဏ်ပညာ အံ့ မခန်းကြီးမားသူတွေ ရဲ့  တွေးပုံတွေးနည်း မြင်ပုံမြင်နည်း အမျှော်အမြင်သဘောတွေ ကွာခြားချက်က အဲ့  လက်ဝဲလက်ယာရံ ကိုယ်တော် လျောင်းလျာ နှစ်ပါးရဲ့  ယေဓမ္မာ အပေါ်ကနေ ပွားများမြင်သွားတဲ့ နေရာမှာ သိပ်သိသာတယ် ဥပမာ ......
ဆိုပါတော့ .လောကီလှုမှု့ နယ်ပယ်ထဲက ဥပမာတွေများစွာထဲက ဥပမာတစ်ခုလေးက အမှိုက်ကို ကျနော်တို့ က အမှိုက်လို့ ပဲ မြင်နေသေးတဲ့ အချိန်မှာ တစ်ချို့ က အမှိုက်ကို အမှိုက်အပြင် အမှိုက်သဘောထက် ကျယ်ကျယ်ပြန့် ပြန့် တွေးခေါ်နိုင်စွမ်းရှိကြတယ်ပေါ့ လေ. ကျနော်တို့ ကတော့  အမှိုက်ကို အမှိုက်လို့ ပဲ မြင်သေးတဲ့ ဥာဏ်ရည်လေးလောက်ပဲပေါ့  အကောင်းဖက်ကလှည့် တွေးရရင်တော့  အမှိုက်ကို အမှိုက်လို့  မြင်တာက တော်သေးတယ် အမှိုက်ကနေ မနာတိုရှေ အမြင်တွေ ဖြစ်မလာတာပဲ ကံကောင်းပါသေးရဲ့ ပေါ့ သဘောပေါ့ လေ။...။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..