Powered By Blogger

Tuesday, December 15, 2015

ထွေလီကာလီအတွေး


ထွေလီကာလီအတွေး
--
လူကြိုက် ပိုများလာပုံရတဲ့  ဘီယာအကြောင်း တွေးနေရင်းက လူ့ ဖီလင်သဘောကိုပါ ဆက်တွေးတယ်ပေါ့ ..အရက်ထက်စာရင် ဘီယာကို ပေါ့ ပေါ့ ပါးပါးလေး သောက်လိုက်ရဲဖို့  ၀န်လေးပုံမရတာ ဘာကြောင့် လဲ တွေးတာ....အဲ့ မှာ အယ်လ်ကိုဟော သတ္တိသဘောကို ကို တွေးမိတယ်...အရင်ခေတ်ကြော်ငြာထဲကလို ပါးပါးလေးနဲ့ အတော်လာတာ ဆိုတာက ဘီယာရဲ့  မိန်းသဘောဆန်တယ် အရက်က အရက် ဆိုတဲ့ အမည်နာမကိုက အတော်နာမည်ပျက်နေတာက တပိုင်း ၊ အမူးဒီဂရီမှာ အရက်က ချက်ချင်း ဥသြဆွဲသွားနိုင် သရုပ်ပျက်သွားနိုင်တယ် ဘီယာက ၂ ဗူးလောက်ဆိုရင်ပဲ နေသာထိုင်သာ ဆင်မယဉ်သာ ဂဏန်းတွက်မမှားသေး နဲ့  လိုချင်တဲ့  သွေးကြွနှုံးလေး အထွေလေး ရနေပြီ ဆိုတာ တွေးလို့ ရပြီ  အရက်လို ဂေါက်သွားပေါက်သွား မဖြစ်သေးဘူး ပေါ့ လေ...အဲ့ မှာ လူ့ သဘော တစ်ချို့ ထဲမှာ ထွေလဲထွေချင် ဂေါက်မြောက်သွားတဲ့ အထိလဲ မထွေရဲ သတ္တိမကောင်း
ဆိုတဲ့ အနေအထားမျိုး ခံစားလိုသူတွေ အတွက် ဘီယာရဲ့  ထွေနှုံး အဆင့် ဟာ ကြားခံသဘော ဖြစ်နေနိုင်တယ်လို့  တွေးမိတာ....ငိငိ 😁😁

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..