'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, June 3, 2015
လောကကြီးတို့ များ ဟာဟ..
အက်ဆေး
---
ကွမ်းယာထဲက ဗမာဆေးမဟုတ်တဲ့  စာအက်ဆေးတွေကို ပိုကြိုက်တယ် ကြိုက်ရတဲ့ အကြောင်းက လူတွေရဲ့ အတွင်းစိတ်တွေကို မှန်းဆရတာ စိတ်တွေကို ဖတ်ရတာ ပျော်စရာ တစ်မျိုး လေးဖြစ် နေတာမျိုးပဲ..ချစ်ခြင်းတရား အကြောင်းတွေ လူ့ သဘာဝအကြောင်းတွေ စာစီဖွဲ့ ရေးတာချင်းအတူတူ အက်ဆေးဆရာတွေရဲ့ စာတွေက လူတောထဲက လူအစစ်တွေရဲ့ နေ့ စဉ်အရပ်သုံး ခံစားမှု့ နယ်ပယ်တွေကနေ လွတ်မထွက်သွားဘူးလို့ ခံစားရသလို စာတွေက မတိုမရှည်တွေဆိုတော့ ဒီဘက်ခေတ်လို လိုတိုရှင်းခေတ်မှာဆို ကွက်တိလိုဖြစ်နေလို့ ပဲ..ပြီးတော့ အက်ဆေးတွေက ပုံမှန်ထက် ကညာဆန်မနေ နွဲ့ မနေတာကိုလည်း သဘောကျတယ်လေ...အဓိကအချက်ကတော့  တွေးစရာတွေကို မြှတ်ကွက်လေးတွေနဲ့  လွတ်လပ်စွာတွေးတောခွင့် တွေပေးထားတာမျိုးက အကြောင်းအရာလေးတစ်ခုကို လန်ကြုတ်တွေ အဲ စိတ်ကူးတွေ နဲ့ ပေရှည်အောင် စာဖွဲပြီး ဇွတ်မတ်စိပေးနေတာမျိုးထက် အက်ဆေးတွေမှာ ပို ဖတ်ရလို့ ပဲ..
အောင်မြင်တဲ့ ဘ၀ဆိုတာ....
အောင်မြင်တဲ့ ဘ၀ဆိုတာ....
---------------------
အောင်မြင်သူတစ်ယောက်တော့ ဖြစ်ချင်တယ်ဆိုတဲ့  ဆန္ဒတစ်ခုကို စစဉ်းစားတဲ့ အခါ ...
အောင်မြင်သူဆိုတာ ဘယ်လိုလူလဲ..?
အောင်မြင်သူဆိုတာ အာဏာလား ရာထူးလား.ပညာလား ပိုက်ဆံလား နာမည်လား..ဓမ္မလား...?
ဘာကို အောင်မြင်ချင်တာလဲဆိုတဲ့  ဆန္ဒပုံရိပ်ကို အရင်ဆုံး ပီပြင်အောင် ကိုယ့် ဟာကိုယ် ဆစ်ဆစ်ဆစ်ပိုင်းပိုင်း ပြန်တွေးလိုက်တဲ့ အခါ .....
အဲ့ ဒါတွေ အားလုံး အဓိကမဟုတ်တော့ ပဲ .....မရှိမရှား ဘ၀နဲ့ သောက အနဲဆုံးနဲ့  မိသားစုဝင်တွေ စုစုစည်းစည်းညီညီညွတ်ညွတ် ပျော်ပျော်ရွှင်ရွှင် လေးနဲ့ တည်ငြိမ်နေတဲ့ ဘ၀လေးတစ်ခု အဖြစ် လောကထဲမှာ မသေခင်လေး နေသွားချင်ယုံလေးပါ ဆိုတဲ့  ကိုယ့် အတွင်းနှလုံးသားက တောင်းဆိုလာတဲ့ ဆန္ဒပုံရိပ်ဟာ ကိုယ့် ရဲ့  ကိုယ်အလိုချင်ဆုံး အောင်မြင်သူဘ၀ပါပဲဆိုတာ ပီပြင်လာ.....
ကိုယ်လိုချင်တဲ့ ဘ၀ရဲ့  စိတ်ကူးပုံရိပ်က ပီပြင်ပြီဆိုတဲ့ အခါ အဲ့ ဒီမှာ လမ်းရွေးရတော့ တယ်....စွန့် စရာရှိတာ ရဲရဲစွန့်  သိမ်းစရာရှိတာ ရဲရဲသိမ်း ကိုယ့် ယိမ်းကို ကိုယ်က ကိုယ့် ဘ၀ကို ကိုယ်လိုချင်တဲ့ ပုံရိပ်အတိုင်း...ကိုယ်တိုင် ထုဆစ်ရင်း....
---------------------
အောင်မြင်သူတစ်ယောက်တော့ ဖြစ်ချင်တယ်ဆိုတဲ့  ဆန္ဒတစ်ခုကို စစဉ်းစားတဲ့ အခါ ...
အောင်မြင်သူဆိုတာ ဘယ်လိုလူလဲ..?
အောင်မြင်သူဆိုတာ အာဏာလား ရာထူးလား.ပညာလား ပိုက်ဆံလား နာမည်လား..ဓမ္မလား...?
ဘာကို အောင်မြင်ချင်တာလဲဆိုတဲ့  ဆန္ဒပုံရိပ်ကို အရင်ဆုံး ပီပြင်အောင် ကိုယ့် ဟာကိုယ် ဆစ်ဆစ်ဆစ်ပိုင်းပိုင်း ပြန်တွေးလိုက်တဲ့ အခါ .....
အဲ့ ဒါတွေ အားလုံး အဓိကမဟုတ်တော့ ပဲ .....မရှိမရှား ဘ၀နဲ့ သောက အနဲဆုံးနဲ့  မိသားစုဝင်တွေ စုစုစည်းစည်းညီညီညွတ်ညွတ် ပျော်ပျော်ရွှင်ရွှင် လေးနဲ့ တည်ငြိမ်နေတဲ့ ဘ၀လေးတစ်ခု အဖြစ် လောကထဲမှာ မသေခင်လေး နေသွားချင်ယုံလေးပါ ဆိုတဲ့  ကိုယ့် အတွင်းနှလုံးသားက တောင်းဆိုလာတဲ့ ဆန္ဒပုံရိပ်ဟာ ကိုယ့် ရဲ့  ကိုယ်အလိုချင်ဆုံး အောင်မြင်သူဘ၀ပါပဲဆိုတာ ပီပြင်လာ.....
ကိုယ်လိုချင်တဲ့ ဘ၀ရဲ့  စိတ်ကူးပုံရိပ်က ပီပြင်ပြီဆိုတဲ့ အခါ အဲ့ ဒီမှာ လမ်းရွေးရတော့ တယ်....စွန့် စရာရှိတာ ရဲရဲစွန့်  သိမ်းစရာရှိတာ ရဲရဲသိမ်း ကိုယ့် ယိမ်းကို ကိုယ်က ကိုယ့် ဘ၀ကို ကိုယ်လိုချင်တဲ့ ပုံရိပ်အတိုင်း...ကိုယ်တိုင် ထုဆစ်ရင်း....
အနှေးရထား..

----------
၈ပေစလောင်းက အာဖရိကဘက်ကချယ်နယ်တစ်ခုကလာသွားတဲ့ အာဖရိက အတွင်းပိုင်းနိုင်ငံတစ်ခုမှာ ကန္တာရကျယ်ကြီးကို ဖြတ်ပြီး တစ်မြို့ ဝင်တစ်မြို့ ထွက်နဲ့ သွားတဲ့ ရထားစီးခရီးစဉ်ရှည်ကြီး အကြောင်း ထိုင်ကြည့် လိုက်တာ အဲ့ ဒေသကလူတွေရဲ့ အသက်မွေးဝမ်းကြောင်းတွေ ဘ၀လူနေမှု့ ပင်ပမ်းကြမ်းတမ်းခက်ခဲပုံတွေကို ကြည့် ရင်းကြည့် ရင်းက....အမယ်...အဲ့ လိုဆိုပြန်တော့  ငါက သူတို့ တွေထက်စာရင် တော်တော်အခြေအနေကောင်းနေတဲ့ လူလိုလို...ဘောစိလိုလို ဘ၀င်တောင် နဲနဲခံချင်စိတ်ဖြစ်လာတယ်...ခိခိ...
ကားရောင်းဖို
=============================
ကားရောင်းဖို့  လုပ်ပေးလိုက်တာက အဲ့ လို အိမ်မှာ အဆင်သင့် ရှိနေတဲ့  သီဟိုရွက် ၁ ရွက်ပေါ်မှာ စီဒီပေါ်မှာရေးတဲ့ မာကာမှင်နဲ့  ၆ထောင့် ကြယ်ကောက်ဆွဲပြီး ပလတ်စတစ်အုပ်ပေးလိုက်တာပါ...အဲ့ တစ်ရွက်ထဲနဲ့ ရိုက်ရိုက်ရောင်းနေတာ..
( တနင်္လာနံ ဂြိုလ်သက်က ၁၅ နှစ်မို့  တနင်္လာနံဆိုတဲ့ ကားရဲ့ ကားခေါင်းကို သီဟိုရွက်နဲ့ ရိုက်တဲ့ အခါ တစ်ကြိမ်ရိုက်ရင် ၁၅ချက်ရိုက်စေခဲ့ ပါတယ် ရက်ဆက်သာရိုက်ပါ တစ်နေ့ တစ်ကြိမ်နှစ်ကြိမ်ပေါ့ လို့ ပါမှာလိုက်တာပါ ).
( တနင်္လာနံကို သောကြာနံ သောက (အထွက်အား) နဲ့ ရိုက်ရောင်းနေတာပါ)...
ကားတစ်စီးစ နှစ်စီးစရောင်းတာမျိုးမဟုတ်ပဲ အစုလိုက်အပြုံလိုက်ရောင်းချင်လို့ ဆိုတဲ့  အကူအညီတောင်းသံဟာ ခုလို ကားအရောင်းအ၀ယ်တွေ ဗရုပ်သုခဖြစ်နေချိန်မှာ တကယ်တော့  ဖြုံစရာကောင်းတဲ့ တောင်းဆိုမှု့ မျိုးပါ ....၀ယ်ရောင်းသမားရဲ့  ကံထဲမှာ ငွေပြန်ပေါ်ကိန်းလေးပြန်ရှိနေတဲ့ သက်ရောက်ကောင်း လပိုင်းအကောင်းတွေနဲ့ တိုက်ဆိုင်သွားတာကလည်း အားတအားပါပဲဗျာ
( ရကောင်းစေဆိုတဲ့ စိတ်မရှိပဲ ကိုယ့် ပညာရပ်အကူနဲ့ .သူများတွေကို အတတ်နိုင်ဆုံး အဆင်ပြေသွားစေချင်တဲ့  စိတ်တစ်ခုထဲနဲ့ ပေးလိုက်တာပါပဲ.).
အမြစ်ဆိုတဲ့  ခိုက် တစ်လုံးကနေ..
အမြစ်ဆိုတဲ့  ခိုက် တစ်လုံးကနေ..
----------
အခါတိုင်ဆိုဆို နံတိုင်ဆိုဆို အဲ့ တိုင်ရဲ့  ခိုက်နေရာက နံဟာ အစွန်းရောက်တာ သိပ်များသွားရင် မူလအလယ်အချာက နံကို သွားလှုပ်ခတ်တယ်ပေါ့ လေ..
တကယ်တန်းမှာတော့  ခိုက်ဆိုတဲ့ အမြစ်နံ ထိခိုက်ပြီးဆိုရင် သစ်ပင်လိုပဲ တစ်ပင်လုံးကို ပတ်ထိတော့ မျိုး ၇ နံစလုံး ဖယိုဖရဲတွေ ဖြစ်ကုန်တော့ တာမျိုးပဲ
အုပ်နီခဲ
့အုပ်နီခဲ
---------------
ကျနော်တို့ အမျိုးတွေက လူစုံအလုပ်စုံစရိုက်စုံတွေများတော့  စကားတွေစုံတယ်..ရိတာထေ့တာငေါ့ တာ.ကြံဖန်ပြီးတော့ လည်း ပြောတတ်ဆိုတတ်ကြတယ်
အဲ့ လိုစကားထူးဆန်းတွေထဲမှာ သဘောကျမိလွန်းလို့ မှတ်မှတ်ရရစကားငေါ့ တစ်ခွန်းလည်းပါတယ်....လူကသာ မဖြစ်ညစ်ကျယ်တွေ အလှုလို နာရေးလို အမျိုးစုံ လူစုံရင် သူ့ လောက်ဘုရားတရားကို ကြည်ညိုသူမရှိ ပြောလိုက်တဲ့ တရားစကားတွေ တထိုင်တည်း ကျွတ်တန်းဝင်တော့ မလားထင်ရလောက်အောင် တော်ကီထု အချင်းချင်းက အကြောတွေ သိနေကြတာ သီလကြတော့ သီလကြောင်...အဲ့ လိုမျိုး ရွာဆော်ဘိုးတော်ကြီးတွေ အမျိုးထဲမှာရှိလို့  ...ဟီးးး အဲ့ လူကြီးတွေကို အမျိုးထဲက ခပ်စွာစွာ ဘွားတော်ကြီးတွေက မေးငေါ့ ပြောတဲ့ စကားလုံးက..''ဟိုမှာလေ ဘုရားဖြစ်မယ့် အုပ်နီခဲကြီး..လ္ဘက်ပွဲသုံးပွဲရှိပြီး..ဇွန်း လက်ကမချဘူး.''ဆိုပြီး မျက်ခုံးပင့် နှုတ်ခမ်းတွန့် ပြီး အတင်းလှမ်းတုတ်လိုက်တဲ့ စကားလုံးလေးဗျားးးး..
အဟီးးး.ဘုရားဖြစ်မယ့် အုပ်နီခဲတဲ့ ....ခ်ခ်
အင်္ဂါသက်ရောက်ထဲဝင်သွားတဲ
အသက် ၁၄ လောက်ကစ နားမကောင်းတဲ့ ဘဝနဲ့ရုန်းကန်ရင်ဆိုင်ခဲ့တာတောင် ဒီလောက်မခံစားရဘူး)
----------------------------
ဒါဟာ အခု အသက် ၄၁ အင်္ဂါသက်ရောက်ထဲဝင်သွားတဲ့  မူလ ၆ကြွင်း အင်္ဂါသမီး အဓိပတိဖွား မွေးချိန် မနက် ၁၁ နာရီ ဗုဒ္ဓတိုင် ( မွေးချိန် ၄ကြွင်းမဟာဘုတ်)နဲ့ မွေးသူတစ်ယောက်ရဲ့  ငြီးတွားချက်ပါဗျား...(ဘ၀ကို လက်မြှောက်ချင်ပြီ အရှုံးပေးလိုက်ဖို့  ခဏခဏလည်းကြံနေမိတယ် လို့ တောင် ပြောတဲ့ အထိ စိတ်ညစ်နေတာပါ) (အသည်းကွဲသလား လူမှု့ ရေးလားတော့ ပြန်မမေးတော့ ပါဘူး အင်္ဂါသက်ရောက်ရဲ့ ဘေ့စစ်သဘော သတ်သေချင်လောက်အောင် စိတ်ဆင်းရဲစရာတွေ လာတတ်တယ်လို့ သာ ယူလိုက်တယ်)
--------------
အဲ့ မှာ ထူးခြားချက်က ( ဖြစ်တတ်ပြီး ဖြစ်တော့ ဖြစ်ခဲတဲ့  နား ဆိုတဲ့ စနေနံရောဂါ ) ပဲ ဒီရောဂါဟာ ၄ကြွင်းမဟာဘုတ် သဘောဖြစ်နေတဲ့  မွေးချိန်မဟာဘုတ်က ပေးလာတဲ့  စနေနံမရဏရောဂါ (၀ါ) အတိတ်ကံရောဂါ သဘောလည်း တွေ့ လိုက်နိုင်သလို..အပျိုဖေါ်ဝင်စမှာ နားအကြားအာရုံ အကြောင်းတစ်ခုခုကြောင့်  ပြဿနာတက်သွားရတာဟာ အပျိုမ မိန်းကလေးတစ်ယောက်အဖို့  သူ့ ရဲ့ အကြွားဆိုတဲ့ အင်ပရက်ရှင် အတွက် ရွယ်တူ ကျောင်းသွားဖေါ်သူငယ်ချင်းမလေးတွေကြားထဲမှာ ဘယ်လောက်တောင် ရှက်နေလိမ့် မလဲဆိုတာကို ခံစားပေးလို့ ရတယ်
( မလိုသူတွေက ''နားပင်းမ'' လို့  ပြောလေမလား ၀ိုင်း စ လေမလား လှောင်ပြောင်ကြလေမလား လို့ တွေးပြီး ကရုဏာသက်စရာ )
အဲ့  အရှက်ဟာ ၆ကြွင်း မရဏ တနင်္လာ နံ ရဲ့  ဂုဏ်သဘောကို အတိတ်ကံအရ အထိခိုက်ခံရတဲ့ သဘောပဲ...သဘောက နားရောဂါ ဖြစ်သွားတာက မွေးချိန်ကံအရဆိုတာ အရင်လာတာ မြင်သာပြီး ( မူလ ၆ကြွင်းတွေရဲ့  မူလ မရဏနံ အား သဘောသက်သက်သာဆိုရင် နားပြဿနာတက်ခဲတယ်
ဒီနားအကြားရောဂါရဲ့ အရှက်ကြောင့်  နဲ့  နောက်ပိုင်း ရုန်းကန်ခဲ့ရတယ်ဆိုတာ ၆ကြွင်းရဲ့ မရဏကနှိပ်စက်တဲ့ စိတ်ဖိစီးမှု့ ဒဏ်ကိုမြင်ရတဲ့ သဘောပဲ
-------------------
အားနာလို့ အခုရော နားအခြေအနေ ဘယ်လိုနေသေးလဲလို့ တော့ မမေးရက်လို့ မမေးတော့ ပါဘူးဗျားး...
တောင်ကုန်းပေါ်ကလူ..
တောင်ကုန်းပေါ်ကလူ..
--------
အတော်လေးမြင့် တဲ့ တောင်ပူစာလေးရဲ့  ကမ္ဘား ဂမူစွန်းလေးမှာ ရပ်ပြီး တစ်ခုခု အတွေးနက်ရင်း အဝေးကိုငေးမောနေတဲ့ လူတစ်ယောက်ကို တောင်ခြေ လမ်းသွယ်လေးပေါ်ကနေ သူတို့ လိုရာခရီးကို ဖြတ်သန်းသွားတဲ့ လူ ၂ ယောက်က ခရီးသွားဟန်လွှဲလေးကနေ လှမ်းမြင်လိုက်ရတော့ 
--------
အတော်လေးမြင့် တဲ့ တောင်ပူစာလေးရဲ့  ကမ္ဘား ဂမူစွန်းလေးမှာ ရပ်ပြီး တစ်ခုခု အတွေးနက်ရင်း အဝေးကိုငေးမောနေတဲ့ လူတစ်ယောက်ကို တောင်ခြေ လမ်းသွယ်လေးပေါ်ကနေ သူတို့ လိုရာခရီးကို ဖြတ်သန်းသွားတဲ့ လူ ၂ ယောက်က ခရီးသွားဟန်လွှဲလေးကနေ လှမ်းမြင်လိုက်ရတော့ 
Subscribe to:
Posts (Atom)