'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, December 21, 2015
ဘာကို ဗေဒင်လို့ ဆိုလိုတာလဲနဲ့ ဗေဒင်သဘောရဲ့ ဘေ့ စစ်ကိုကျနော်ဒီလိုယူတယ်
ဘာကို ဗေဒင်လို့ ဆိုလိုတာလဲနဲ့ ဗေဒင်သဘောရဲ့ ဘေ့ စစ်ကိုကျနော်ဒီလိုယူတယ်
---
ဗေဒင် ဆိုတဲ့  သဘောရဲ့  အခြေခံက ပုံမှန်လူ့ သဘာဝအရ လူတိုင်းမှာ ရှိနေတတ်တဲ့  သဘာဝတွေထဲကနေ သီးခြားသဘောဆန်ဆန် ချွန်ထွက်သိသာနေပုံရတဲ့  အချက်အလက်တွေ အဖြစ်အပျက်တွေ အက်ရှင်တွေကို အထူးပိုပြောပြ ညွှန်းပြတဲ့  သဘောကို ဗေဒင်သဘောလို့  ကျနော်က အဲ့ လို ဖီလင်လာတယ်...
ဆိုပါတော့  လူတကာ ''လိုချင်တတ်မှု့  ဆိုတဲ့  လောဘ''သဘောရှိတယ် နို့ စို့ ကလေးတိုင်း ပုံမှန်နို့ စို့ တယ် လောဘစိတ်ပိုကြီးပုံရတဲ့  ကလေးက အတိုက်မရပ်မချင်း ဒါမှမဟုတ် သူ့ ဟာသူအန်မထွက်မချင်း မရပ်မနားနို့ စို့ မယ် ဒါ ပုံမှန်ကလေးတွေထက် ထူုးခြားလက္ခဏာပဲ အဲ့ ဒါ ဗေဒင်ပဲ
လူတကာ လောဘရှိတယ် ၂ကြွင်းနဲ့  ၆ ကြွင်း ( မွေးနှစ်ရော မွေးချိန်ပါအပါအ၀င်) လောက် ပညာလိုက်စားဖို့  ပညာရပ်မှန်သမျှ စိတ်ဝင်စားတာမျိုး တစ်ခြား ၁ ၃ ၄ ၅ ၀ အကြွင်းတွေမှာ မရှိဘူး
( ဟို အကြွင်း၂ မျိုးမှာရှိနေတဲ့ စိတ်လောက်မပြင်းထန်းဘူးလို့ ဆိုလိုတာ..)အဲ့  ဒါ အဲ့  ၂ နဲ့  ၆ နှစ်မွေးတွေရဲ့  ပညာလောဘ (၀ါ) ပညာလိုချင်စိတ် (၀ါ) ပညာကိုသိချင်စိတ်ဟာ တစ်ခြား အကြွင်းမွေးတွေထက် သာလွန်နေတယ်ဆိုတာ ဗေဒင်ပဲ ...
ဝေဒနာညများ... ---
ဝေဒနာညများ...
---
တစ်ခါတစ်လေ ချစ်ချင်လျက်နဲ့ 
အချစ်ရခက်နေတတ်တဲ့ 
ဘ၀ရဲ့ ဝေဒနာညတာရှည်တွေဆိုတာဟာ
ရှန်ပိန်ပုလင်း ဖေါ့ စို့ ဖေါက်တံ
ပျောက်နေတဲ့ ညတွေလို ဝေဒနာညများပါပဲ မေ.. -_-
တိုင်ပညာသဘော
တိုင်ပညာသဘော
--
တနင်္လာနေ့  ဆံပင်ညှပ်ဆိုင်ပိတ်သည် နဲ့  ဘာအလုပ်စစ တဘရိပ်ထဲမပြီး လို့ အရပ်စကား ယေဘူယျ ဆိုကြတယ်..
တိုင်ပညာကို လေ့ လာရင်းက ပထမအဆို သဘောက သပ်သပ် အယူအဆ သဘောဆန်ပြီး ဒုတိယ အယူအဆက နေ့ အခါတိုင်တွေကနေ ဖြာထွက်လာတဲ့  သဘောလို့ မြင်လာတယ်...
အခါတိုင်တွေဖြစ်တဲ့  စန္ဒရော သောရီ ဘာညာတွေ ဆိုတဲ့  အခါတိုင်တွေ ၇ ခု တိုင်းမှာ ချောင်ပိတ်နေပြီး လှုပ်ရခက် လှုပ်မိရင် ဖေါင်းဖြစ်ဖြစ်သွားတတ်တဲ့  ခိုက် လို့ ဆိုတဲ့  အမြစ်နံတွေ ရှိတယ်ပေါ့  အဲ့ သဘောအရ စန္ဒရော တိုင်မှာ ခိုက်ဟာ တနင်္ဂနွေ နံ ကိုယ်စားပြု မိသားစုကိစ္စ အလုပ်ကိစ္စတွေ အိမ်ယာဆောက်လုပ်ခြင်း သဘောတွေ အလုပ်သစ် စတင်ခြင်း သဘော ပရိယာယ်တွေ စသဖြင့် ပါတယ်
ခိုက် သဘောဟာ ပုံမှန်တိုင်း နေချိန်မှာ အသက်ဝင်မလာတတ်သေးပေမယ့်  သွားထိလိုက် လှုပ်စေလိုက်ပြီဆိုတာနဲ့  အကျပ်အတည်း ကြားကနေ ဆွဲထုတ်လိုက်ရသလိုပဲ တုန့် ပြန်သတ္တိတွေ စပေါ်လာလေ့ ရှိတယ်...
ဒီသဘောအရ ဆိုပါတော့  တနင်္လာနေမှာ အိမ် စဆောက်ရင် အိမ်စဆေးသုတ်ရင် အိမ်စပြင်ရင် မူလမှန်းဆထားတဲ့  စိတ်ကူးထည် အတိုင်းဖြစ်ဖို့  ခက်ခဲတယ် ပုံမှန်ထက် အလွန် ကျိုးစားယူလိုက်ရတယ် ရလာဒ်က စိတ်တိုင်းမကျဘူး သဘောကို ဖြစ်စေလာတယ်...
ဒါဆို တနင်္လာနေ့ ဆို အိမ်စဆောက်လို့ မကောင်းတော့ ဘူးလား ဒါမှမဟုတ် ဘာအလုပ်မှ စတင်လို့ မကောင်းဘူးလားဆိုတာမျိုးကို မေးခွန်းပြန်ထုတ်ပြီး ဆက်လေ့ လာရပြီ...
ပုံမှန်လက်တွေ့ ဘ၀တွေနဲ့  ကိုယ်တိုင်လက်တွေ့ လေ့ လာနေခဲ့ အခါ မြင်လာရတာက ပုံမှန်လူတွေ နေ့ တဓူဝ လှုပ်ရှားမှု့ တွေမှာ စိတ်ကူးထည်အတိုင်း ဖြစ်တာလဲရှိတယ် မဖြစ်တာလဲ ရှိနေကြတယ် ဒါပေမယ့် အများစုသဘောက ဘ၀ရပ်တည်မှု့ ကို မထိခိုက်သ၍ ပြဿနာတွေကို ပြဿနာလေးတွေလောက်ပဲ သဘောထားပြီး ဘ၀ခရီးကို ဆက်ချီတက်နေလေ့ ရှိတယ် ပြဿနာကြီးတွေလို့ ယူဆပြီဆိုတော့ မှ မျက်စိပြူပြီး ပြဿနာကို ရေးကြီးခွင်ကျယ်စလုပ်လေ့ ရှိတယ်...
သဘောက တနင်္လာနေ့ မှ အိမ်စဆောက်လို့ ပြဿနာကြုံရပေမယ့်  ဒီလိုပဲ ရင်ဆိုင်ပြီး ဆက်ဆောက်သွားတာမျိုးသဘော...တကယ့် လက်တွေ့ မှာတော့  နေ့ အခါတိုင်အလိုအရ တနင်္လာနေ့ မှာ အိမ်စဆောက်လို့  မထင်မှတ်တဲ့  မျှော်လင့် မထား တွက်ချက်မထားမိတဲ့  ပြဿနာတွေထက်.....စန္ဒရော အခါတိုင်ဆိုတဲ့  စက်နာရီ အခါတိုင် တစ်နာရီခွဲအတွင်းမှာ ကြုံရတဲ့  ပြဿနာကို ပိုများပို အားပြင်းတာကို တွေ့ ခဲ့ ရသလို အဲ့  စန္ဒရောတိုင်မှာလဲ နေ့ သား ၇ ယောက် ဖြစ်တဲ့  တိုင်အပေါ်က နေ့ သား သောကြာ အင်္ဂါ စနေ တွေထက် တနင်္လာ တနင်္ဂနွေ ဟူး ကြာတေး ၄နေ့ သားက ပြဿနာတွေပို ရင်ဆိုင်ရတာ ပိုများတာ တွေ့ ခဲ့ ရသလို ၇နေ့ သားသမီးတွေထဲကမှ တနင်္ဂနွေသားသမီးတွေဟာ စန္ဒရောတိုင်ရဲ့  ခိုက်နေရာမှာ ဒဲ့ ရှိနေလို့  ပြဿနာအများဆုံး ဖြစ်နေတယ်ဆိုတာ ပိုတွေ့ ခဲ့ ရတယ်
သဘောက သောရီတိုင်မှာ သောကြာသား ဖြစ်နေတဲ့  ကျနော်ဟာ ဗေဒင်ဟောရင် ခိုက်သမားဖြစ်နေလို့  တစ်ခြားအခါတိုင်တွေမှာ ဟောတာထက် ပိုသတိကပ်ပေးထားရတဲ့ သဘာဝကိုဆိုလိုတာ မထင်မှတ်ထားတဲ့  တုန့် ပြန်မှု့ တွေက ဗေဒင်စကားပြောဟောနေချိန် မှာ တစ်ခြားအခါတိုင်တွေထက် ပိုပြန်လာတတ်လို့ ပဲ န၀င်းယတြာရိုက်တာတောင်
သောရီတိုင်မှာ သူများကို ရိုက်ပေးရင် ကိုယ့် မှာ ဓါတ်ယတြာတွေရဲ့  ဆိုဒ်အဖက်တွေ အနဲနဲ့ အများ ပြန်သက်ရောက်ခံရလွယ်တယ်ပေါ့ ဗျာ
သဘောက နေ့ တိုင်းတွေထက်စာရင် နာရီအခါတိုင်တွေရဲ့  ခိုက်အမြစ် နံတွေရဲ့  တုန့် ပြန်သတ္တိတွေက ပိုသိသာ ထင်ရှားတယ်ပေါ့ 
နေ့ တိုင် သဘောမှာ..ဥပမာ တနင်္ဂနွေ မှာ ခိုက်နံ စနေနံ လျပ်စစ်သဘော ဖြစ်တဲ့  အိမ်မှာ မီးကြိုး အသစ်ရှိုက်တာဟာ မူလ စိတ်ကူးထားသလို နေ့ ချင်းမပြီးတတ်တာ ပြီးပြန်တော့  လက်စလက်န စိတ်တိုင်းမကျပဲ ကျန်ခဲ့ တာ နောက်ဆက်တွဲ ဇာတ်ထုတ်တွေ တိုးလို့ တန်းလန်းကျန်ခဲ့ တာမျိုးတွေ ကြုံလွယ်သလို အကယ်၍ တနင်္ဂနွေ နေ့ မဟုတ်ပဲ ကြားရက်တစ်ရက်ရက်ရဲ့  အခါတိုင် တနင်္ဂနွေ တိုင်းမှာ စပြီး မီးကြိုးရိုက်ခဲ့ ရင်လဲ ထိုနည်း၎င်း (၀ါ) ဒါ့ ထက် ဇာတ်ထုတ်ရှုတ်တယ်ပေါ့ ဗျာ..ဒါပေမယ့်  အဲံ့ အတွက် အနည်းငယ် အာရုံနောက်ယုံမှ တစ်ပါး ရေးကြီးခွက်ကျယ်လို့  မတွေးမိတာဟာ ဘ၀ရပ်တည်မှု့ ကို မီးကြိုးရိုက်လို့  ကြုံလာရတတ်တဲ ပြဿနာမျိုးက သွားမထိခိုက်လို့  (၀ါ) ထိခိုက်တာနဲ လို့ ပဲ
ဒါဟာ အသေးအမြွှးတွေ သဘောပေါ့  အဲ့ ကနေ ဆက်တွေးလေ့ လာရင် ကြာသာပတေးနေ့  (၀ါ) ဂုရုတိုင် မှာ အဲ့ တိုင်ရဲ့  ခိုက်နံ ဖြစ်တဲ့  ဟူးနံ ရွှေဝယ်ကြည့်  ပါ ရွှေသွားရောင်းကြည့် ပါ ဒိထက်ပိုချင်ရင် နောက်ထပ် ဟူးသားကု အဖေါ်ခေါ်ပြီိး အ၀ါရောင်များတဲ့ အ၀တ်အစားကို ၀တ်ဆင်ပြီး ရှောက်သီးဆေးပြား ငုံစားပြီး ရွှေသွားဝယ်ကြည့် ပါ ရွှေသွားရောင်းကြည့် ပါသဘော...။
သဘောကတော့  ( အမေးသမားသက်သက်တွေကို မဆိုလိုပဲ) ဗေဒင်လမ်းလိုက်သူတွေနဲ့  ဗေဒင်သမားတွေဟာ အခါတိုင် တစ်နာရီခွဲသဘောလေးတွေကို သိရင် ကိုယ့် ဘ၀အတွက် နေ့ တဓူဝကိစ္စတွေမှာ လက်တွေ့ အသုံးချရတာ အတော်အလုပ်ဖြစ်နိုင်တယ်ပေါ့  ကောင်းမှု့ ဖြစ်စေ ဆိုးမှု့ ဖြစ်စေ ဘ၀အတွက် ကြီးမားတဲ့  အခြေအနေတွေဟာ
အခါတိုင်တွေရဲ့  တစ်နာရီခွဲ အတွင်းမှာ အကြုံးဝင်တဲ့  မီးနစ်ပိုင်း စက္ကန့် ပိုင်းတွေအတွင်းမှာ ဆုံးဖြတ်တဲ့  လှုပ်ရှားမိတဲ့  သဘောတွေကနေစခဲ့ တာချည်းပဲသဘောပေါ့ ဗျာ
ဗေဒင်သည် ဘွမှာ
ဗေဒင်သည် ဘွမှာ ကြုံရတဲ့ ကိစ္စလေးတစ်ခု ကိုယ့် ဟာကိုယ်တော့ ရယ်ချင်ပက်ကျိပေါ့ လေ...အများသဘောက ကိုယ့် ကို တံဆိပ်ကပ်မြင်တာမျိုးနဲ့ လဲတူမယ်ထင်ပါရဲ့ 
ပြုမူနေမကျတဲ့  အပြုအမူတစ်ခုကို ကျနော်က လုပ်လိုက်တာ လုနောမြင်ရင် ယတြာခြေနေတာလား ဓါတ်ရိုက်ဓါတ်ဆင်နေတာလားလို့ အထင်ခံလိုက်ရတတ်ပြီး တစ်ချို့ 
ရင်းသူတွေကတော့  ပေါ်တင်ကို မေးတော့ တာမျိုး...ဆိုပါတော့  ကျနော်က အိမ်မှာ ခေးပိသတ်တွေ မနဲမနောမို့  ခေးတွေကို ပျော်နေစေချင်တာနဲ့ စကြ်ာ လေရဟတ်လေးတွေ
မျက်စိပသာဒ ဖြစ်အောင်အိမ်ဝ မှာ အများကြီး လျှောက်တပ်လိုက်တာမျိုးက အဲ့ ဒါ ယတြာလား ဘာကောင်းလဲ ပိုက်ဆံဝင်အောင်လားလို့ အမေးခံရတာမျိုးပေါ့ ...တကယ်က
အမြဲတမ်း မဗေဒင်တတ်ဘူး မယတြာတတ်ဘူး စိတ်ဖရီး လူဖရီးနေတဲ့  စိတ်ကူးတည့် ရာတွေကို ပိုက်ဆံထက်ပိုဦးစားပေးနေနေတတ်တဲ့  အချိန်တွေ နှစ်တွေကတောင် ပိုများတယ်
ဆိုတာ ကွကိုယ်သာသိကိုး.....( တစ်ခါတစ်လေတော့  မဟုတ်ဘူး စိတ်ပျော်ကြစေဖို့ လို့ ပြန်ရှင်းပြတတ်မေယ့်  တစ်ခါတစ်လေ ချော်လဲရောထိုင် ဟိုတ်သလိုလို ဘာလိုလိုပေါ့ ဗျာ..ခ် ငိငိ )
''အစွယ်မဲ့ မြွေလို..''
''အစွယ်မဲ့ မြွေလို..''
--
နင် ငါ့ ကို သတိမရတော့ ပါဘူးဆိုရင်တောင်မှ
ငါလေ
နင့် ကို အမြဲ
သတိတရ ရှိနေတတ်တာ......
နင်ပေးခဲ့ သမျှ
စိတ်ဒဏ်ရာတွေကိုပဲ
နင်နဲ့ ပတ်သက်ခဲ့ ဖူးကြောင်း
သက်သေအဖြစ်.....
နင် ပေးခဲ့ တဲ့ 
ခဏတာ သာယာမှု့ လေးတွေက
ငါ့ အတွက်တော့ 
့တစ်သက်တာ အလွမ်းလေးတွေအဖြစ်.
ငါ့ မာနတွေဆိုတာ
နင့် အကြောင်းတွေးလိုက်
သတိရလိုက်တိုင်း
အဆိပ်ပြင်းပေမယ့် 
အစွယ်မဲ့ မြွေလို...............။
'' နှောင်းလွန် အလွမ်း '' ..............
'' နှောင်းလွန် အလွမ်း '' ..............
------
သူလေးက နော့် ဘ၀မှာ သဘောထားအပြည့် ဆုံး နားလည်အပေးနိုင်ဆုံး သီးအခံနိုင်ဆုံး အနွံတာအခံနိုင်ဆုံး သူကလေးမို့  တွေးလိုက်တိုင်း ရင်နင့် အောင် .....
...ဆို မမှားပါဘူးလို့ ပဲ ဆိုနိုင်မှာပါ....
သူလေးနဲ့ နွယ်မိချိန်တွေထဲက အမှတ်တရ အဖြစ်ရဆုံး အဖြစ်လေးတစ်ခုက..
.
တစ်နေ့ တော့  နော်ရော သူလေးရော ကျောင်းပြေးပြီး ပပ၀င်းရုံမှာ ရုပ်ရှင်ကြည့် ကြရအောင်လားလို့  ဒိတ်လုပ်ကြတာပေါ့ ဗျာ...အဲ့ မှာ ကျောင်းလစ်လေ့ မရှိတဲ့ သူလေးက နော့် ကို ချီတုံ ချတုံတွေ နဲ့ အတော်ကြာအောင် တွေဝေနေပြီးမှ နော့် ကို အလိုလိုက်ပြီး ခေါင်းညှိပ်ပေးခဲ့ တယ်..သူလေးအတွက်တော့  မဟာစွန့် စားခန်းကြီးပေါ့ .အဲ့ မှာ ပျော်တာပေါ့ အမေရယ်ပေါ့ လေ..သူလေးနဲ့  နွယ်မိဖို့ ကျိုးစားရတာ
လပတ်စာမေးပွဲမှာ စာခိုးချရတာထက် ခက်ခဲလွန်းခဲ့ တာကိုး...
ဖြစ်ချင်တော့  ပထမဆုံး သူလေးနဲ့  အတူတူ ရုပ်ရှင်ကြည့် အပျော်လွန်ပြီး သယ်ချင်းတွေနဲ့  ပပ၀င်းရုံမ၀င်ခင်မှာ ရှားပါး ဘီယာကို စထရင်းမှာ ၀င်မော့ လိုက်မိကြတယ်.( ရမ် တစ်ပက် နှစ်ပက်လောက်တော့  ဘီယာနဲ့  ကော့ တေး လုပ် စပ်သောက်မိပါတယ် အမေ..ငိငိ) ...အဲ့ ကနေ သူကလေးစောင့် နေရာ ရုပ်ရှင်ရုံကို ကြွတက်ပြီး ချီတက်ကျတော့ တာပေါ့ လေ..၊ နော်ကလဲ ဘော်ဒါရင်း ၃ ယောက်နဲ့ သူလေးကတော့  သူ့ ဘော်ဒါ တစ်ယောက်နဲ့  ၂ ယောက်ထဲပေါ့ ..
သူလေးနဲ့ အတူတူတွဲထိုင် ရုပ်ရှင်ကြည့် ဖူးချင်တဲ့  ဖီးလ်ပဲရှိလို့  ပပ၀င်းရုံ အပေါ်ထပ် DC တန်းကနေ လက်မှတ်ယူကြည့် ဖို့  တွေးပြီး လက်မှတ်ယူခဲ့ တယ်။ ဂျဲလမက်ဆန်ဆန်ပေါ့ လေ ဒါပေမယ့်  ဖြစ်ပုံက DC တန်းကသာ ဈေးကြီးပေး လက်မှတ်ယူကြည့် တာ ရုံထဲရောက်တော့  နော်က ရီဝေနေချက်က ရုပ်ရှင်ရုံရဲ့  သိပ်အေးနတဲ့  အအေးဓါတ်ကို ကျော်ပြီး ချွေးတွေကိုပျံလို့  ရင်ဘတ် ကြယ်သီး ၃ လုံးလောက် ဖြုတ်ထားရတဲ့ ဘ၀ကိုရောက်နေပြီ..။အဲ့ ဒါကို သူလေးကသိနေပေမယ့်  ဘာမှ မပြောရှာပါဘူး နော် ပျော်နေရင် သူလဲ ပျော်ပါတယ်တဲ့ .....လွမ်းစရာ....
ရုပ်ရှင်ကြည့် ရင်း သူလေးနဲ့  အတူတူ ၀ါးမလားလို့  တွေးဝယ်သွားတဲ့ နော်တို့  ကျောင်းသားဘ၀ မုန့် ဖိုးငွေနဲ့  တွက်ရင် ဈေးကြီးတဲ့  ဆိတ်သားချောင်းလေးတွေဆိုတာ ထိုင်ခုံ ရောက်တော့  အထုပ်တောင် မဖေါက်နိုင်တော့ ဘူး...ကိုယ့် ဟာကိုယ် ဘီယာခိုးပျံ အိုက်စပ် ရီဝေနေချက်က။...
အဲ့ မှာ သူလေးက ရုပ်ရှင်ကသာ ပြချင်ရာပြနေတာ နော့် ရင်ဘတ်က ရေစီးသလို စီးကျလာတဲ့  ချွေးစက်လေးတွေကို သူ့ လက်ကိုင်ပုဝါလေးနဲ့  ရုပ်ရှင်ပိတ်ကားက ရောင်ပြန်လာတဲ့ မှုန်ဝါးဝါးအောက်မှာ ဖွဖွလေး သုတ်ပေး နေခဲ့ တာ၊ နှီးပတ်တွေ များလွန်းလှတဲ့  ဆိတ်သားချောင်းတွေကို သူလေးကပဲ စိတ်ရှည်ရှည်နဲ့  ခွာဖြည်ပြီး နော့် ဖက်ကိုကမ်းပေးနေခဲ့ တာ...အဲ့ အချိန် သူလေးရဲ့  လက်ဖ၀ါးနုနုလေးကို
နော်က နော့် လက်နဲ့  အုပ်မိုးဆုပ်ကိုင်ပြီး ဖွဖွငြင်သာ..............။
လွမ်းစရာ သိပ်ကောင်းပေါ့ ဗျာ....တွေးလိုက်ကြည့် တဲ့ အခါတိုင်း..သူလေးရဲ့ အကြင်နာတရားလေးတွေ သူလေးရဲ့  ချစ်ခြင်းတရား သိင်္ဂါရ ရသ သဘောလေးတွေ
ဆိုတာ ....မနေ့ တစ်နေ့ ကလိုပဲ...။
သူလေး ရှိနေသေးရင် သာယာငြိမ်းချမ်းတဲ့ ဘွလေးမှာ ရှိနေပါစေလို့ သာ....................
နှောင်းလွန် အလွမ်း အဖြစ် လွမ်း တမ်း တ ရင်း. ............။။။။။။။
Subscribe to:
Posts (Atom)