'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, February 10, 2015
'' အသစ်ဗျ အသစ် အသစ် ''
မကြာခင်က ဓါတ်ရိုက်ဓါတ်ဆင်ပညာ အကြောင်းတွေမှာ ဟောဒီ့ ပညာရပ် မဟာကြီးဟာဆိုရင်ဖြင့် ........
( အမငီး လျှာယားချက်..ဟီးး)ဓမ္မတရားတွေကျင့် ရတာထက်တောင် နက်ရှိုင်းသလိုလို အစီအရင်တွေ လုပ်ရင် အမှားမခံသလိုလို မှားရင်ပဲ တန်းပြီး နူတော့ မလိုလိုပေါ့ ...ဒါလဲကိစ္စမရှိပါဘူး...ပွဲရုံမှာသုံးဖို့  လိုလို့ ဂုံင်္နအိပ်တွေ အလုံး ငါးဆယ် တစ်ရာဝယ်တိုင်း ဦးလန်ဘားကြီးက သူ့ ဆိုင်က ဂုနီအိပ်က ကမ္ဘာ့ အကောင်းဆုံး ကုလားပြည် မဒရပ်စ်စက်ရုံကလာသလိုလိုပေါ့  အမှန်က အုပ်ကျင်း ဂုံနီစက်ရုံက ထွက်တာတွေချည်းပဲ.ဟီးး
အဲ..အဲထဲမှာ ထူးဆန်တာ တစ်ခုပါတယ် တစ်ခါမှတော့ မကြားဘူးဘူး..ငွေ ဆိုတဲ့ ပိုက်ဆံကို တနင်္လာနံ ကောက်တာက အများသိပြီးသားပေါ့  ဒါပေမယ့် နေရာတကာမဟုတ်ဘူး အဲ တနင်္လာနံကို ငွေ ၂ ကောက်တာဟာ အများသဘော ဆိုင်ရာမှာစသာကောက်တာပါတဲ့  ကိုယ်တစ်ဦးတည်းပိုင်ဆိုရင်တော ကြာသာပတေးနံကောက်ရတယ်တဲ့ 
'''''ဟာာာားးးးအဲဒါ အဲဒါ လူသား အားလုံးကို လေးစားပါတယ်ဆိုတဲ့  ကျနော်တို့ မင်းသားကြီး ကိုကျော် လိုချင်တဲ့ အသစ် ပဲဗျ...အသစ်.အသစ် ...'''..ဆိုတာမျိုးပါပဲဗျား...ပါရမီရှင်တွေသာ ဒါမျိုး ရှာဖွေလေတွေ့ ရှိလေရယ်ပေါ့ ဗျားးး..
ဒါပေမယ့်  ပညာရပ်က နံကောက်တွေ သစ်တာ မသစ်တာထက် ဘေးကနေ ဒံပေါက်စားသုံးသူအဖြစ် ကျနော်က စဉ်းစားကြည့် တယ်...ဆိုပါတော့  ကျနော်က ဒံပေါက်ကြိုက်တယ်ပေါ့ နော်...အဲ့ တော့  ဆိုင်ပေါင်းစုံလိုက်စားကြည့် တယ်ပေါ့ နော် ..အဲ့ တော့ ဆိုင်တစ်ဆိုင်ဆိုင်ကလက်ရာတစ်ခုခုကို ကျနော်က အကြိုက်ဆုံးဖြစ်သွားတယ်ပေါ့ နော် ဒါပေမယ့် အာလုံးကတော့ ဒံပေါက်တွေချည်းပေါ့ လေ...အဲ...တကယ့် .စာသုံးသူဆိုတာ ဒံပေါက်ထဲ ဘာတွေပါလဲ မပါဘူးလဲ အဓိကမကျ သိပ်သိလေ့ မရှိ ချက်နည်းမသိ သိတာက မျက်စိနဲ့ မြင်နေရတဲ့  ပါလေ့ ရှိတဲ့ ပဲသီးစိမ်းစေ့ လေး သီဟိုစေ့ လေးကရဝေးရွက် သစ်ကြမ်းပိုးခေါက်လေး အနှစ်ကလေးမြင်နေရရင်ပြီးသလို သလို ဘယ်သူ ရောင်းသလဲကလည်း မိန်း မဟုတ်ဘူး စ စားလိုက်တာနဲ့ လျှာပေါ်ဝဲ အရသာဂွတ်ဖို့ ပဲလိုတာ ...အဲ့ ဒါတကယ့် ပုံမှန်စားသုံးသူသဘောပဲ
'' E 2000 T2000/ 600 / 323 / 929 ''
အမှန်တော့ ကျောင်းပြီးရင် ရောင်ဝါးဖြစ်ကုန်တာ အနှစ်ကို ၃၀ကျော်နေလောက်ပါပြီ.၊ ရုံးဆိုတာ အကပ်နဲ့ မှ၊ လက်နှိပ်စက်စာရေးရာထူးကို ကိုယ့် မြို့ သားချင်းတူနေလို့ ခန့် ချင်တော့ ရေကူး တတ်သလား မေးတော့ ကူးတတ်တယ်လို့ ဖြေတာ တန်းခန့်လိုက်တယ်၊ မကူးတတ်တဲ့ သူတွေမရွေးတဲ့ ၊ အဲ့ တော့ ကုန်သည်
သားသမီးဖြစ်တဲ့ ကိုယ်တွေက ထုံးစံအတိုင်း ဆူလွယ် နပ်လွယ် ကားမောင်း စားဖို့ ဖြစ်လာတယ်၊ မိဘပွဲရုံမှ မလုပ်ချင်သေးတာကိုး၊ လမ်းကလည်း များချင် ကဲချင်သေးတာလည်းပါတယ်လေ၊ ဒီတော့ အဲ့ တုန်းက ပေါ်ကာစ လေးဘီးကား B600 လေးတွေ မောင်းစားဖို့ ဖြစ်လာတယ်၊ စစ်လျော်ကြေး ရထားတဲ့  ဘီ၃၆၀တွေက အိုပြီးကျနေပြီလေ၊ အဲ့ ဒီ့ ဘီ၆၀၀တွေဟာ အစိုးရထုတ်တွေဖြစ်ပြီး စစ်တပ်ကလာတဲ့  တိုင်းကောင်စီဝင်တွေ ဘာအကောင် ညာအကောင်တွေကိုသာလျှောက်ခွင့် ပေးထားတာ ပြန်ရောင်းစားဖို့ ပေါ့ ..ထုတ်ဈေး သောင်းဂဏန်း အရပ်သားတွေက သိန်းဂဏန်း ပေးဝယ်ရတယ်..အမျိုးထဲမှာအကောင် ရှိတော့ သူ့ ဆီက၀ယ် အမည် မပြောင်းပဲမောင်းစားတယ်. လမ်းမှာရစ်ရင် အုံနာဘုတ် ထုတ်ပြလိုက်တယ် အမြီးကြီးတွေ့ တော့  လွတ်စေသတည်းပဲ.

'' ဂိမ်မာတဲ့ လား...''
သိပ်မပြောချင်ပါဘူး
---
လွန်ခဲ့ တဲ့ ၂၀၀၀ပြည့် စွန်းစွန်းဝန်းကျင်ကာလတွေက တိုင်ဝမ် ဟောင်ကောင် ကိုရီးယား တရုပ်ပြည်မကြီး စသဖြင့် တွေဖက်မှာ ခေတ်ထခဲ့ တဲ့  ဂိမ်းပြိုင်ပွဲတွေ ကျနော်တို့ ဆီကို ပျံ့ နှံ့ လာခဲ့ တယ်..အဲ့ အချိန်မှာ ကျနော်တို့ ဆီမှာလည်း အလုပ်မရှိ စစ်ထဲဝင်မလား တက္ကစီမောင်းစားမလား ဆိုသလို ဆူလွယ်နပ်လွယ် ထ လုပ်ရသလိုမျိုး ငွေယားလေး နဲနဲရှိရင် ..အင်တာနက်ဆိုင်လေးတွေ ဆူလွယ်နပ်လွယ်ထထူထောင်ခဲ့ ရတယ်..ကျနော်တို့ လမ်းဆို လမ်းတိုလေးသာဆိုတယ် ၃ ဆိုင်တောင် ရှိခဲ့ တယ်.အနာဂတ်စိတ်ကူးယဉ်လို့ ရတဲ့  အလုပ်မှန်သမျှနီးနီး စစ်အုပ်စု လက်ထဲ ဘီယာဆိုင်သေးသေးလေးပါမကျန် ရောက်ကုန်လို့ ပါပဲ .။
ပုံမှန် အသုံးအတွက်မှာ လူထုတွေကို အများကြီးမျက်စိနားပွင့် စေခဲ့ တယ်၊ ဒါပေမယ့်  တပ်ဆင်ခ လျပ်စစ်ခ လေအေးစက်ခ မီးစက်ခ ရပ်ကွက်က အလှုငွေကောက်တာ အခွန်ခတွေဟာ ဖြစ်သင့် တာထက်ကို အဆမတန် ကြီးလွန်းလှလို့  အဲ့ ဆိုင်လေးတွေ ရပ်တည်ဖို့ အတွက် ဂိမ်းလာကစားတဲ့  လူငယ်တွေကို အားကိုးရတော့ တယ်..။ အဲ့ အချိန်မှာပဲ နက်ဝပ်ကင်းတင်မက ဂိမ်းမာ ဆိုတဲ့ ရောဂါဟာ ဂိမ်းကစားသမားတွေရဲ့ ကြားမှာ နေ့ချင်းညချင်း သူဌေးဖြစ်တော့ မလို စိတ်ကူးယဉ်စရာအဖြစ် စတင် ၀င်လာပြန်တော့ တယ်..
''ဒီနေ့  ဖွရွာထဲမှာရေးခဲ့ တဲ့ စာ''
ပြည်ပထွက်ကြည့် မှ
တစ်ယောက်ပေါ့  BE ပြီးလို့  ME ကို စကော်လာရလို့  ပြည်ပမှာ သွားတက်ရတော့  ပထမဆုံး စိတ်ခေါ်မှု့ ကတော့  စာသင်ခန်းမှာ ဆရာက အင်္ဂလိပ် ၊ လက်ချာပေးတာက အင်္ဂလိပ်လိုချည်း ပြီးတော့  ဘာမှတ်စုမှ မပေး လက်တန်း တော်ကီလာထု ပြန်ထွက်သွား.....ကိုယ့် ဟာကို လိုက်မှတ်ရ တော့  ဘယ်က စလို့ ဘာလိုက် မှတ်ရမှန်း မသိ အတန်းချိန် သာ ပြီးပြီးသွား တစ်လုံးစသိ နှစ်လူံးစသိ ဆယ်လုံး လောက်က ၀ါးတားတား..အရေးတော့ ရပါရဲ့  အပြောရော အကြားရောက ဘိုပဲကုလားပဲပင်စဉ်းငုံ..
.
အဲ့ ဒီ့ မှာ...ပြန်ပြေးချင်စိတ်တွေတဖွားဖွား...ဖုံးဆက်ပြီး အိမ်ကိုငိုပြရတာ နာရေးသတင်းပို့ လို့  အပြန်အလှန် ပြောနေကြတဲ့ အတိုင်းပေါ့ ...မြန်မာပြည်သားသွေးက
အဲ့ တော့ မှပေါ်လာတော့ တယ်...မထူးဘူး ဖေါင်ဖျက်တိုက်ကြမယ်ဆိုတဲ့ စိတ်သဘောပေါ့ ...အဲ့ စိတ်ကြောင့် သာ....
အဲ့ ဒီမှာ ပြောချင်တာက တစ်ခြား ဗီယက်နမ် ထိုင်း ဖိလစ်ပိုင်ကျောင်းသားတွေလည်း ရှိတဲ့ နေရာမှာ ME တောင် လာတက်နေမှတော့  စရောက်သူ အချင်းချင်း သူတို့ တွေနဲ့ အပြော အကြား လယ်ဘယ်တွေ သိပ်မကွာဘူးလို့ ဆိုတယ် ...သိပ်ကွာသွားတာက ကုလားတွေဆိုတဲ့ ''အိန္ဒိယက ကျောင်းသားတွေ'' နဲ့ အင်္ဂလိပ်စာ အပြော အကြား တုန့် ပြန် လျင်မြန်မှု့ မှာ ကျန်တဲ့ အရှေ့ တောင်အာရှက ကျောင်းသားတွေနဲ့ အတော် ကွာသွားတယ်လို့  ဆိုတယ် ..ဘာကြောင့် ကွာ သွားရ တာလဲ..တွေးစရာပေါ့ ..အိန္ဒိယရော ဘားမားဆိုတဲ့မြန်မာရောအင်္ဂလိပ် လက်အောက်တော့  နေခဲ့ ဘူးတာချည်းပဲ....လွတ်လပ်ရေးရတာလည်း မတိမ်းမယိမ်းပဲ...
-

Subscribe to:
Posts (Atom)