အမှန်တော့ ကျောင်းပြီးရင် ရောင်ဝါးဖြစ်ကုန်တာ အနှစ်ကို ၃၀ကျော်နေလောက်ပါပြီ.၊ ရုံးဆိုတာ အကပ်နဲ့ မှ၊ လက်နှိပ်စက်စာရေးရာထူးကို ကိုယ့် မြို့ သားချင်းတူနေလို့ ခန့် ချင်တော့ ရေကူး တတ်သလား မေးတော့ ကူးတတ်တယ်လို့ ဖြေတာ တန်းခန့်လိုက်တယ်၊ မကူးတတ်တဲ့ သူတွေမရွေးတဲ့ ၊ အဲ့ တော့ ကုန်သည်
သားသမီးဖြစ်တဲ့ ကိုယ်တွေက ထုံးစံအတိုင်း ဆူလွယ် နပ်လွယ် ကားမောင်း စားဖို့ ဖြစ်လာတယ်၊ မိဘပွဲရုံမှ မလုပ်ချင်သေးတာကိုး၊ လမ်းကလည်း များချင် ကဲချင်သေးတာလည်းပါတယ်လေ၊ ဒီတော့ အဲ့ တုန်းက ပေါ်ကာစ လေးဘီးကား B600 လေးတွေ မောင်းစားဖို့ ဖြစ်လာတယ်၊ စစ်လျော်ကြေး ရထားတဲ့  ဘီ၃၆၀တွေက အိုပြီးကျနေပြီလေ၊ အဲ့ ဒီ့ ဘီ၆၀၀တွေဟာ အစိုးရထုတ်တွေဖြစ်ပြီး စစ်တပ်ကလာတဲ့  တိုင်းကောင်စီဝင်တွေ ဘာအကောင် ညာအကောင်တွေကိုသာလျှောက်ခွင့် ပေးထားတာ ပြန်ရောင်းစားဖို့ ပေါ့ ..ထုတ်ဈေး သောင်းဂဏန်း အရပ်သားတွေက သိန်းဂဏန်း ပေးဝယ်ရတယ်..အမျိုးထဲမှာအကောင် ရှိတော့ သူ့ ဆီက၀ယ် အမည် မပြောင်းပဲမောင်းစားတယ်. လမ်းမှာရစ်ရင် အုံနာဘုတ် ထုတ်ပြလိုက်တယ် အမြီးကြီးတွေ့ တော့  လွတ်စေသတည်းပဲ.
အရပ်သားနဲ့ စစ်တပ်ကိုခွဲ ပစ်လိုက်တာက ၈၈ ဘယ်နေမှန်း မသိခင်ကတည်းကပါပဲ၊ တပ်ထွက်ချင်း တူတာတောင် စီနီယာ ဂျူနီယာတွေက စခွဲလာတယ်.မာဇဒါဂျစ်တွေကို တပ်က အားရပါးရစီးနေချိန်မှာ အရပ်သားရုံးသမားတွေက သင်္ကြန်မှာ လူတွေအမျးကြီးတင်ပြီး ထွက်ထွက် လည်တတ်လို့  ၀က်တင်တဲ့ ကားကြီးလို့ ဝိုင်းအော်တတ်တဲ့  နောက်ဘော်ဒီ အိမ်ရှည် E2000`T2000တွေ စစ်တပ် လေလံကျ ပေါင်မုန့်ကား ဖွတ်ချက် ဖွတ်ချက်တွေ ကို ပြင်ပြီး စီးစေသတည်းပေါ့ ..
မာဇဒါဂျစ်တွေ ဂျုံးဂျုံးကျလာစပြုတော့  ကာလာပြောင်းပြီး အရပ်သားရုံးတွေဘက်ကို ချပေးလိုက်ပြီး စစ်တပ်ကနေ အရပ်ဖက်ရွှေ့ လာတဲ့ အကောင်တွေက 323 တွေ 929တွေ စီးတော့ တာပါပဲ..ပင်မတက္ကသိုလ်ထဲမှာ အကောင် ကတော်တွေသာ သီးသန့် စီးတဲ့ ကားပေါ့  အဲ့ ကားတွေက ခေတ် ဒီဇိုင်း ဇိမ်ခံကားတွေမျိုးဖြစ်ပြီး ရိပ်ကနဲမြင်လိုက်တာနဲ့  မီးပွိုင့် ကို အဲ့ ကားတွေမဖြတ်မချင်း မီးစိမ်းပေးထားရတာနဲ့  ဆလုရိုက်ပေးရတာနဲ့ ပေါ့ ... 929 အနက်တွေက စစ်တပ်ကနေ အရပ်ဖက်ဝန်ကြီးဖြစ်လာတဲ့  အဆင့်  အကောင်တွေကိုသာ စီးစေတာ..တပ်တောင် အဲ့ ဒီလို အဆင့်ခွဲပစ်လိုက်တာ...သူတို့ ထဲလဲ 323 / 929 ကအပြိုင်အဆိုင်တွေ မနာလိုတိုရှည်တွေပေါ့ ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..