Powered By Blogger
Sunday, February 15, 2015
'' နဘယံ ဘေးမရှိ ''
ကျနော်သုံးနေကျ မြန်မာ့ ရိုးရာ အန္တရယ်ကင်း '' နဘယံ '' ဘေးမရှိ တစ်ကြောင်းဆွဲ စမ ဒီဇိုင်းလေးပါ၊ 
နငယ် နကင်းပိတ်ကိုပဲ ဗောဓိညောင်ရွက်ပုံစံကလေး အမြီးထွက် ဘ နဲ့ ယ ကို တစ်ဆက်တည်း ရေးတာပါပဲ....
( နမောဗုဒ္ဓဿ ကို စိတ်ထဲကနေ ရွတ်ပြီး အသက်အောင့် ဆွဲပါတယ်) ....(စိတ်ကူးတည့် သလိုသုံးချင်တဲ့ နေရာတစ်ပွဲတိုးအဖြစ်သုံးပါတယ်)
'' သူ့ အိုးနဲ့ သူ့ ဆန် ''
သူ့ အိုးနဲ့ သူ့ ဆန်
------
မြန်မာစကားရဲ့ ဆုံးမပဲ့ ပြင်မှု့ တွေ လမ်းညွှန်ပြမှု့ တွေဟာ အများအားဖြင့်  '' သူ့ အိုးနဲ့ သူ့ ဆန် ''သဘာဝကို ထည့် စဉ်းစားပြီးမှ ပြောဆိုလေ့ ရှိလို့  တစ်ချို့ ငယ်စဉ်က ကြားနာမှတ်သားခဲ့ ရဘူးတဲ့ စကားပမာတွေဟာ အသက်အရွယ်တွေ ပြောင်းလဲသွားတဲ့ အခါ စောဒကတက်စရာတွေ ဖြစ်လာလေ့ ရှိတယ်...
အမှန်တော့ စောဒက တက်မိတာ (၀ါ့ ) အမြင်ထောင့် ပြောင်းသွားတာဟာ ကိုယ်ကိုယ်တိုင်ရဲ့ အသက်အရွယ်ပြောင်းလဲမှု့ နဲ့ ဘ၀အတွေ့ အကြုံတွေပိုရလာလို့ သာဖြစ်တယ်..ဘာကြောင့် လဲဆိုတော့  ငယ်တုန်းက စကားပမာကို စောဒက မတက်မိပဲ အလွယ်တကူလက်ခံထားလိုက်ပါပဲ..၊
ဆိုပါတော့  စာမကျက်လို့ ပညာမတတ်ရင် ဟိုမှာကြည့်  ဆိုက်ကားနင်းစားနေရမယ်လို့  ခြိမ်းခြောက်ခံရတဲ့ အသက်ဟာ မူလတန်း ကလေးတွေ အရွယ်ကိုသာရပါတယ်ပေါ့ ..ကျောင်းပြီးခါနီးလူငယ်အရွယ်ကို သွားပြောရင်ဟာသပေါ့ ၊ အဲ ကျောင်းပြီးခါနီးလူငယ်ကိုလည်း အဲ့ ဒီလို စာမကျက်ရင်ဆိုက်ကား နင်းရလိမ့် မယ်လို့  ဘယ်အဖေအမေ အဖိုအဖွားက အဲ့ လိုလာခြိမ်းခြောက်လေ့ မရှိတော့ ပါဘူး..အကြောင်းက မူလတန်း ကလေး မဟုတ်တော့ လို့ ပါပဲ...
သံမဏိစိတ်ဓါတ်
 သံမဏိစိတ်ဓါတ်
---------------
''လူသတ်လက်နက် မကိုင်စွဲပဲ အတွေးအေခ်ါကို အတွေးအခေါ်နဲ့ တိုက်ရတာလောက် ခက်ခဲလွန်းတာ အချိန်ယူရတာ ရှိပါ့ ဦးမလား...တော်ယုံ့ ဇွဲစိတ်နဲ့  ရပါ့ မလား..'''
ဆိုပါတော့   ဆြာတော်အဆက်ဆက် လူပညာရှိအသီးသီးက  တိုက်လာတဲ့  မမှန်တဲ့ အယူတွေပါဆိုတဲ့  ရိုးရာဓလေ့ လို့ ဆိုတဲ့  နတ်ကိုးကွယ်မှု့ ကို ပုဂံခေတ်ကတည်းကစပြီး ခေတ်အဆက်ဆက် တိုက်လာတာ ဒီနေ့အထိ ဘယ်မှာ အမြစ်ပြတ်လို့ လဲ ဆိုတာကြည့် ရင် ထင်ရှားတယ်...။
တစ်ချို့ အတွေးအခေါ်တွေကတော့  လူ့ တစ်သက်တာ အတွင်းလောက်မှာပဲ တောက်ပ ထင်ရှားလာပြီး အဲ့ တစ်သက်တာအတွင်းလေးမှာတင် ပြန်လည် တိမ်မြုတ် ကျဆုံးသွားတာလဲတွေ့ နိုင်တယ်...
ဆိုလိုရင်းက အတွေးအခေါ်ကို အတွေးအခေါ်နဲ့ တိုက်ရတယ်ဆိုတာ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲဆင်နွှဲရတဲ့ သဘာဝနဲ့ မတူဘူး..ပိုခက်ခဲတယ် ပိုပြီး စိတ်ဇွဲတွေကြီးမှ ဖြစ်နိုင်တယ်.ပိုပြီး နှလုံးရည်ပြည့် မှဖြစ်နိုင်တယ်...လူသာသေရင်သေပါစေ... ငါ မှန်တယ်လို့  ကိုင်စွဲထားတဲ့  အတွေးအခေါ်စိတ်ဓါတ်က ငါ့ အသက်တည်သ၍ မသေစေရ ဆိုတာမျိုးဟာ အလွန်ကြီးမားတဲ့  သံမဏိစိတ်ဓါတ်မျိုး ရှိမှဖြစ်နိုင်တယ်  ။
...မြင်သာယုံလေးတို့ ထိကြည့် တာပါပဲ...။
တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမှာပါလေ...
တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမှာပါလေ...
----------
တပ်မတော် အင်အားရှိအောင်လောက်ပဲ ညူ့ ဗုံးတွေဘက်ချည်း အာရုံကကျ တပ် လူအင်အားသာနင်းချဲ့ နေတော့  တိုင်းပြည်စီးပွားရေးက ခေတ်နဲ့ အညီလိုက် မဖွံ့ ဖြိုး..အဲ့ အချိန် သဘာဝ ကပ်ဘေးလည်းကြုံရော ....
ကိုယ့် ပြည်သူလူထုကို အုပ်ချုပ်သူတွေက မကျွေးနိုင်တော့ ပဲ ငတ်ပြတ်ကုန်လို့  ကယ်ပါ ယူပါဦး မပြောချင်လည်း...ကိုယ်တိုင် အဲ မှားလို့ ..ကမ္ဘာက ၀ိုင်းကူရ သူတို့ တစ်ချို့ တွေ ပြောသံကြားဖူးတဲ့  ကလားသမဂ္ဂက စာနပ်ရိက္ခာအဖွဲ့ ကြီးက အကူအညီတွေပို့ ရ ဆေးဝါးတွေပို့ ရနဲ့ ..ခဏခဏပါပဲ ဆောင်းတွင်းကပ်ဘေးခဏခဏဆိုက်လို့ စားစရာပြတ်လပ်နေပြီ ကမ္ဘာက ကူရပြန်ပြီး  သတင်းတွေထဲက ..မျောက်တွေကိုသာကြည့် ပါလေ့ ပေါ့ 
တစ်ချို့ ကိစ္စတွေမှာ တစ်ကြိမ်မျှပင် ''မှားခွင့် မရှိပါခြေ....''
တစ်ချို့ ကိစ္စတွေမှာ တစ်ကြိမ်မျှပင် ''မှားခွင့် မရှိပါခြေ....''
''စိတ်'' ''ရပ်ကွက်ထဲမှာလေ..'' ''စာ ''
စိတ်
-------
♭♫ ∮
စိတ် စိတ် စိတ်တွေဟာ အငြိမ်မနေတတ်တဲ့ မျောက်ထက်ကဲတဲ့ အကြောင်းး...
ကျွန်ုပ်..ကျွန်ုပ်..ကျွန်ုပ်..တို့ တွေကို ဆင်ခြင်နိုင်ဖို့ တဲ့ ထားရစ်ခဲ့ သတိစကား
ကြားဖူးပေမယ့်  မေ့ခဲ့ တယ် သြော်..အဖြစ်တစ်ခုကြုံလို့ သတိရလာပြီ...♭♫ ∮
စိတ်ကူးမိတဲ့ ဘာဘူကြီး.အဲ..အရာကြီး တစ်ခုဖြစ်လာဖို့  စိတ်ကူး (သို့ ) အတွေး ၁ % ၀ီရိယ ၉၉ % ဆိုတဲ့  လက်တွေ့ ထလုပ်လိုက်ပါလို့  တွန်းအားပေးတဲ့  စကားဟာ အတော်လေးကို ထင်ရှားသွားပါတယ်...။ ထောင့် ပြောင်းကြည့်  သမား တွေကလည်း..၉၉ % ၀ီရိယ အားထုတ်ဖြစ်အောင် ၁ % စိတ်ကူး (သို့ ) စိတ်ကူး စိတ်သန်း တစ်ခု (သို့ )...အတွေးတစ်ခု စတင် မတွေးမိပဲ ဖြစ်မလာနိုင်ပါဘူးလို့  ပြန်လည် ချေပကြပါတယ်..
'' ကိုယ်ကိုယ်တိုင် စစ်သွေးကြွ ''
ကိုယ်ကိုယ်တိုင် စစ်သွေးကြွ 
--------------
IS က စစ်သွေးကြွကောင်က သူတို့ ဖမ်းမိထားတဲ့  ဂျော်ဒန်က စစ်တိုက်လေယာဉ်မှုးကို သံလှောင်အိမ်ထဲထည့်  ဓါတ်ဆီတွေ လောင်းထား အဝေးကနေ မီးစနဲ့ တို့ လိုက်တော့  မြေပြင် တစ်လျှောက် မီးတန်းကြီးပြေးသွားပြီး ဓါတ်ဆီတွေ ဆွတ်ထားတဲ့ အဲ့ စစ်တိုက်လေယာဉ်မှုးကိုယ်ပေါ် ''၀ုန်း''ကနဲဆိုပြီး သွားထိ မီးထတောက်ပုံများ လူမီးလျံကြီးပေါ့ ...အားပါး အရက်စက်ဆုံးတွေထဲက အရက်စက်ဆုံးပါလားပေါ့ လေ. သားစားအရိုင်း တောကောင်တွေလို့ ဆိုတဲ့  ခြင်္သေ့ ကျား ၀ံပုလွေမြေခွေးတွေတောင် အဲ့ လို့ မလုပ်တာဖူး..ယုတ်အစွဆုံး ဒရက်ကူလာဆိုတာတွေ သရဲတစ္ဆေတွေလည်း အဲ့ လို့ လုပ်သတ်တာ တွေ့ ဖူးပါဘူးဗျာ.......
ကမ္ဘာတစ်ခွင်ပြဲပြဲစင် သတင်းပရိပ်သတ်အပေါင်း သူတော်ကောင်းကြီးတို့ တွေ ၀ိုင်းအော်လိုက်တာ ကျွက်ကျွက်ကိုညံသွားတာပါပဲ....ဂျော်ဒန်ခေါင်းဆောင်တွေဆိုတာ ဒေါသထွက်လွန်းလို့  အသားကို တဆတ်ဆတ်တောင်တုန်လို့  ( အဟိ..သွားကြည့် ထားသလိုလို ခိခိ)...အဲ...ပေါက်ကွဲပြီး ငါ့ နဲ့ ဘာသာတူ ဘရားသားဟုဒ်တွေဘာတွေ မရှိတော့ ဘူး လက်စားခြေမယ်ဟေ့  ထမင်းသာ ကောင်းကောင်း စားထားကြ..အဲ မှားလို့ ..အမဲသား သစ်ကုလားအုပ်သား ကောင်းကောင်းစားထားကြဆိုပြီးဖမ်းမိထားတဲ့  မိန်းမစစ်သွေးကြွကို နာရီပိုင်းအတွင်း ကိ..၊  '' ၀ရောာာာ ''  ''' ၀ရောာာာ ''' နဲ့  စစ်လေယာဉ်ကွင်း တွေကနေ တိုက်လေယာဉ်အုပ်တွေ ပျံတက်ပြီး  အားရပါးရ သွားလက်တုန့် ပြန်တော့ တာပေါ့ ...