Powered By Blogger

Wednesday, November 18, 2015

သင်းကွဲငှက်များရှိရာ...မင်းဂျွန်စိုး...(COVER)



သင်းကွဲငှက်များရှိရာ...မင်းဂျွန်စိုး...(COVER)
---
♫ ♪♫
သင်းကွဲငှက်များကိုသာ ပြန်တမ်းတလို့ မျက်ရည်လည်. ပြန်လာမလား
 တွေးကာနေ့ တိုင်းမျှော်...တစ်ယောက်ထဲ ဘ၀မှာ အထီးကျန်နေပါ့ မယ်..

မာယာများနဲ့ပျော်နေဦး – မင်းဂျွန်စိုး (COVER_)


♫ ♪♫
မင်း ငါ့ အပေါ် ဟန်ဆောင်အချစ်နဲ့  လှည့် စား သမျှရယ် တစ်နေ့ ဝဋ်လည်မယ်..ငါ့ ဘ၀မှာ မင်းကို အချစ်ဆုံးပဲ...ဒါကို သိရဲ့ သားနဲ့ ကွာ....♫ ♪♫

အကုသိုလ်

အကုသိုလ်
--
တကယ်က ကျနော်တို့  ( ကျနော့် ကိုယ်ကျနော်ပဲ ပြောပါတော့ မယ် ဘေးလွတ်အောင်..ငိငိ) တစ်သက်လုံးကနေ ခုထိ အုပ်ချုပ်ဆဲသူတွေကို အစာမကြေတာက ကျနော့် ရင်ထဲက အခံ သဘောအဖြစ် ရှိနေပြီးသား..
ပြီးတော့  ကိုယ်တိုင်တွေ့ ထက် ကြားစကားအဖြစ်က ဒီသူတွေက ယတြာအလွန်လုပ်တယ် ပြီးတော့  တစ်ဖက်ကို ရန်ဖက်အဖြစ် ယတြာနဲ့ အမြဲထိုးနှက်တယ်လို့ 
အပ်ကြောင်းထပ်ယုံမက ဓါတ်ပြားသာဆို ကွဲတာကြာပြီပြောလို့ ရအောင် အမြဲကြားနာခဲ့ ရတယ်.

ဆိုပါတော့ သွားလေသူ ဦးနေ၀င်းက န၀ဒေး ရုံကြီးကို ( အဲ့ ခေတ်က ဆူပါအဆောက်အဦးကြီးကိုး).တည်ဆောက်တော့ ဒါကြီးက ယတြာခြေတာ န၀ဒေး ဆိုတာ နေ၀င်းရဲ့ ဒေး..သူ့ အာဏာသက်ရှည်အောင်ယတြာဆိုတော့  ဟုတ်လောက်မယ် ဆြာသခင်တွေကပြောတာဆိုတော့ ဆိုပြီးယုံပါတယ်
မဟာဝိဇယ စေတီတည်တော့ လဲ ဒီဘုရားကလည်း ယတြာဘုရား သူသက်တန်းရှည်အောင်လို့ ဆိုတဲ့ အသံတွေထွက်လာတော့ လဲ ဟုတ်လောက်မယ်
 ဆြာသခင်တွေကပြောတာဆိုပြီး အဲ့ ဘုရားတောင် ရွှေတိဂုံတက်ရင်း နီးစပ်နေတာတောင် လမ်းကြုံလေးတောင် သွားမဖူးတော့ ဘူးဖြစ်လာတယ်..

သူတို့ ဘာလုပ်လုပ် ယတြာနဲ့ ကို မလွတ်ဖူးအမြင်က ကြာတော့  ကိုယ့် မှာစွဲလာတယ် စုကြည် ဆိုပြီး သုံးနှုံးလာတော့  အစာမကြေတာပိုကြီးလာတုန်း ကြက်ဆူက
စုကြည်နဲ့  ဘာညာဆိုတော့  ယုတ္တိက အင်မတန်ရှိနေပြန်ရော...နောက် အဲ့ လိုတွေ အများကြီး မသင်္ကာစရာတွေ တွေ့ ရတာပေါ့ လေ.အဲ့ မှာ စစ်ကိုင်းကောင်းမှု့ 
တော်ကြီးကို ရွှေချပြန်တော့ ဒါကလဲ စုကြည်=စစ်ကိုင်း ရွှေက စာဖတ်သူကြီး အမည် ဒါကြီးက သဒ္ဒါလို့  မဟုတ်ဖူး သက်သက် ဘုန်းကံနိမ့် သွားအောင် ရွှေနဲ့ 
ဖုံးလိုက်တာဆိုတော့ ..အင်း..ဟုတ်လောက်မယ်နဲ့ စိတ်ထဲ သာဓုမခေါ်နိုင်တော့ ဘူး ခုထိ ဖီလင်က ငုတ်တုတ်တုတ်...
စုကြည်ကို ဒဲ့  ယတြာလုပ်ကစ်တယ်ထင်လိုက် ကက်ကင်းနဲ့  ကစ်တယ်ထင်လိုက်က ကျောက်စိမ်း ဘုရားအထိ ကို စိတ်ထဲ မသင်္ကာစိတ်ကပါလာတယ်...
ဘုရားကိုတောင် ဘုရားလို့  သိပ်မမြင်ချင်တော့ ဘူး..

တွေးကြည့် တယ် အကုန်လုံးက ကိုယ်တွေ့ လည်းမဟုတ် ကိုယ့် ကိုယ်လာတိုင်ပင်လုပ်တာမျိုးလည်း တစ်ခုမှ မရှိဘူး အကုန်လုံး ကြားဖူးနားဝနဲ့ 
ထင်တာတွေချည်းပဲ..သူတို့ စိတ်ထဲက ဘာရည်ရွယ်ချက်တွေနဲ့ လုပ်လဲက အမှန်က သူတို့ ပဲသိမှာ ငါက ကြားကနေ ကိုယ့် စိတ်နဲ့  ကိုယ့် အထင်နဲ့ 
ကိုယ် အကုသိုလ်တွေကို တက်လို့ ပါလားလို့ တွေးမိလာတဲ့ အခါ.....

ဟဲဟဲ...တွေးတာပဲရှိတာနော်..အဲ့ လိုတွေ ဆက်မတွေးတော့ ဘူးလို့  အာမမခံနိုင်သေးဘူး..ပုထုဇဉ်သဘောရဲ့  ချစ်ခြင်းမုန်းခြင်း ဖီလင်က ပါးတောင် သိပ်ပါးသေးတာမှုတ်ဖူး..
.ခ်ခ် ( ပြောချင်နေတာက တစ်ချို့  အရာတွေကို တွေးဆတဲ့ အခါ ကိုယ့် နဂိုစိတ် အခံ အပေါ်ကနေ ပြင်ပ ကမ္ဘာကို လှမ်းလှမ်း တွေးဆတာမျိုးတွေလည်း ဖြစ်ခဲ့  ရှိခဲ့  ရှိတတ်နေလိမ့် ဦးမယ်ပေါ့ လေ)

တစ်ရာ့ တစ်ယောက်မြောက် လူ

တစ်ရာ့ တစ်ယောက်မြောက် လူ
------------------
ဗေဒင်ကို ကိုယ့် ဟာကိုယ် စပ်ဆော့ ပြီး ဖြစ်လာတဲ့ အနားသား အစွဲသစ် တစ်ခုလို့  တွေးလိုက်မိရောဗျာ...ဒါပေမယ့်  တွေးသာတွေးမိတာ အခုအစွဲလေးက အလုပ်တော့ ဖြစ်နေသားလို့ ကလဲ တွေးမိသေးတယ်
အဲ့ တော့  အလွယ်နဲ့  သွားရော့ လဟယ် လို့ လဲ မလုပ်ရက်ပါဘူး..ခ်ခ် ဒီအစွဲလေးက ပိုက်ပိုက်ရတယ်လေ..ငိငိ....

ဒါပေမယ့်  တွေးနည်းပြောင်းပစ်လိုက်တယ်...အရင်က စနေသက်ရောက်ဖြတ်လို့  ဒုက္ခကြုံရင် စနေသက်ရောက်လို့ စွဲရာကနေ  စနေသက်ရောက်လို့  သတ်မှတ်ထားတဲ့  အကွက်ကလေးဖြတ်နေလို့  သူများတကာတွေ ကြုံတတ်တာမျိုးတွေ ငါလည်း ကြုံနေရတာမျိုးပဲ ဖြစ်ရိုးဖြစ်စဉ်တွေ သိပ်မထူးဆန်းပါဘူး ငါ့ တစ်ယောက်ထဲ ကွက်ဖြစ်နေတာမဟုတ်ဖူး လို့  အတွေးပြောင်းလိုက်တယ်..
သဘောက  ဂြိုလ်ကြောင့်  ဖြစ်တာလို့  စွဲမိမှာမျိုးကနေ အဲ့ နေရာလေးရောက်ရင် အဲ့ လို ဖြစ်တာတဲ့  လောကဓံသဘောလေးလောက်ပါလို့  ယူလိုက်တာ...အဲ့ တော့  အရင်ထက် စာရင် ဆုတ်ထားမိတဲ့ ဂြိုလ်အစွဲကနေ သက်သာသွားတာပေါ့ ...

အရင်ကလည်းတွေးပြဘူးပါတယ်...အများသဘောထဲ ဖြစ်ရိုးဖြစ်စဉ်သဘောထဲ လုံးထည့် လိုက်တဲ့ ဘေ့ စစ်က..ဗေဒင်နဲ့ လူ ဘယ်သူ အရင်ပေါ်တာ ဖြစ်လောက်လဲ ဗေဒင်က ဘာကိုတွက်တာလဲ လူ့ အတွက်လား သစ်ပင်အတွက်လား သဘောတွေ...အဲ့ ကနေ....

စနေဂြိုလ်ဆိုတဲ့  အကွက်လေးထဲ လူ ၁၀၀ ဖြတ်သွားလို့  လူ ၈၀က ဒုက္ခ များများကြုံပြီး ဖြတ်သွားရတယ် လူ ၂၀ က  ပြောပလောက်တဲ့  ဒုက္ခ
မကြုံဘဲ ဖြတ်သွားတယ် ..အဲ့ ဒါကို မှတ်တမ်းယူထားလိုက်တယ်....နောက် လာတဲ့  တစ်ရာ့ တစ်ယောက်မြောက်လူ အဲ့ စနေဂြိုလ်ဆိုတဲ့  နေရာလေး
ဖြတ်ရတော့ မယ်ဆိုတဲ့ အခါ..

 ဒုက္ခများတဲ့  လူ၈၀ လို ဖြစ်မှာလား ဒုက္ခ သိပ်မကြုံရတဲ့  လူ ၂၀ လို လွတ်သွားမှာလား  ကံ တစ်ကွက်ကျန်နေလို့  စနေဆိုတဲ့ နေရာ ဖြတ်ချိန် ဒုက္ထတရားတွေကနေ လွတ်မယ် မလွတ်ဘူးဆိုတာ ရာနှုံးပြည့်  မဆုံးဖြတ်နိုင်ဘူး..ဒီတော့ ....
ဒီလိုနေ ဒီလိုစား ဒီလိုလေးယတြာလုပ် ဒါလုပ်ရင် ဒါဖြစ်တတ်တယ် ဟိုဟာလုပ်ရင် ဟိုလိုဖြစ်တတ်တယ်လို့ အရင်က လူ၁၀၀ ရဲ့  အဖြစ်တွေကနေ နမူနာကောက်ယူပြီး တစ်ရာတစ်ယောက်မြောက် စနေဂြိုလ်ဆိုတဲ့  အကွက်ကို ဖြတ်မယ့်  လူကို မှာတော့ တာမျိုး...အဲ့ ဒါ ကျနော်သုံးနေတဲ့ ဗေဒင်စတိုင်

စည်း



ဒီရက်ပိုင်းမှာ အိမ်ရောင်း တိုက်ခန်းရောင်းတွေ လာကြတယ်...၀ါကျွတ်ဆိုတော့ ပေါ့ လေ...အဲ့ မှာ တစ်ချို့ က လိပ်စာပေးသွားပြီး ၀ယ်သူစပ်ပေးပါ ပွဲခလေးပါ ပေးပါ့ မယ်လို့  ပြောတယ်..ကျနော်က အဲ့ ဒီလို ပြောလာရင် တစ်ခါတစ်လေ အေးရာအေးကြောင်း ပြုံးစိစိပဲ နေလိုက်တတ်ပြီး တစ်ခါတစ်လေတော့  ကိုယ့် စည်း ကို နဲနဲပြောပြလိုက်တတ်တယ်

ကျနော်က ဗေဒင်ကြည့်  ယတြာပေးယတြာခြေပဲလုပ်တာ ကျန်တဲ့ ငွေပေးငွေယူတွေ ချေးတာ ငှားတာ ရောင်းပေးတာ ၀ယ်ထားလိုက်တာ သတင်းပေးတာ လက်တို့ တာ စပ်ပေးတာမျိုးတွေ တစ်ခုမှ မလုပ်ဘူး ကိုယ့် စည်းနဲ့ ကိုယ်ပဲနေတယ်...လို့  ပြောလိုက်တတ်တယ်...ဘာလို့  အဲ့ လိုစည်းထားလဲဆိုတော့  အဲ့ လို မေးသူနဲ့  ဟောသူ ပညာကဏ္ဍကနေ လူမှု့ သဘောကိစ္စတွေပါ ရောကုန်တဲ့ အခါ နောက်ပိုင်းမှာ အဆင်မသင့် ရင် အစာမကြေစရာတွေ ဖြစ်လာသလို ဟောသူအတွက် မေးသူ ဓနရှင်တွေရဲ့  လောင်းရိပ်အောက်ကို ကျသွားပြီး ကိုယ့် ရဲ့ လွတ်လပ်တဲ့  ဘ၀ ပျောက်ဆုံးသွားတတ်လို့ ပဲ...

တစ်ချို့ က သူတို့  ဘဇ်နက် လိပ်စာကဒ်တွေ ဖုံးနံပတ်တွေ ပေးပေးသွားတာ တစ်ပုံကြီးပဲ...ပေးတုန်းတော့  လူမှု့ သဘော ရင်းနှီးမှု့ သဘောအရ ယူပေးထားလိုက်တတ်ပေမယ့်  ဘယ်တုန်းကမှ အဲ့ ဖုံးနံတ်တွေ ကိုယ်က စဆက်တာ ပြန်ခေါ်တာမျိုး မလုပ်ခဲ့ ဘူး..ပြောရရင် ကိုယ်က စပြီး အပြင်ကိုဖုံးခေါ်တာ မရှိသလောက်ပဲဆိုရမယ် လမ်းကနေ အိမ်ကိုတောင် ဖုံးပြန်ခေါ်လေ့ မရှိဘူး..အဲ့ အတွက်က အကြောင်းပြချက် မယ်မယ်ရရ မရှိပေမယ့်  အကြောင်းပြချက်တစ်ခု ကိုယ်ကစပြီး တစ်ခြားကို အိမ်ကို ဖုံးဆက်ရအောင် ကြီးကျယ်တဲ့  ကိစ္စ အရေးကြီးတဲ့ ကိစ္စ မရှိဘူးထင်လို့  ဖုံးစ မဆက်ဖြစ်တာလို့ ပဲ ပြောနိုင်တယ်

'' အညံ့ မရဏ ဟူးသက်ရောက် စနေလစိတ် ကိုယ်တွေ့ ..ကိုယ်ကျင့် ကာဗာ နမိတ် ဂြိုလ်အထာ ကြိမ်းကြေခြင်း သတိ



အိမ်သုံး ဘက်ထီအိုးထဲ ရေဖြည့် တာ တစ်ပေါက် ဖြည့် ပြီးမှဘေးက သများမြင်လို့ 
ပြောမှ ရေမဟုတ်ပဲ စပါကလင်တွေ ဖြစ်နေတော့  အဲ့ ဒါ ဘူ့ မှာ တာဝန်ရှိလဲ မေမေ...ခ်......
===========
တရုပ်လုပ် တူးပင်ခေါင်းနဲ့ ပစ်စလက်ခတ် နမော်နမဲ့ သုံးတဲ့ အကျင့် နဲ့ 
ဘာမှ မဖြစ်ချင်သေးလို့ သာ ဘာမှမဖြစ်တာ ဖြစ်ပြီဆို ဖြစ်ပြီပဲ
================================
စနေ= အပူဂြိုလ်သဘော
----------
ကျနော်က သောကြာသား...သက်ရောက်က မရဏ ဟူး သက်ရောက်..လစိတ်က စနေလစိတ်..အဲ့ တော့  ကျနော် ကိုယ့် ဟာကိုယ်လဲ ယတြာလုပ်ထားတယ် အိမ်လဲရှင်းထားတယ်ပေါ့  စားသတိ သဘောလဲနေတယ်...၊ အဲ့ ကြားထဲမှာ အိမ်က ဘက်ထရီအိုးကို ရေဖြည့် တာ ရေဘူးက စပရိုက်ဗူးနဲ့ ထည့် ထားလေ့ ရှိတော့ အဲ့ ရေဗူးကို အလွယ်ကောက်ထည့် လိုက်တာ တစ်ပေါက် ဖြည့် ပြီးမှာ နောက်တစ်ပေါက်ကူးထည့် တော့ မှ ရေမဟုတ်ပဲ စပရိုက်တွေ ဖြစ်နေတာ ဘေးက ပြောမှ သတိထားမိရော...ဟီး..အဲ့ တော့ မှ ကြည့် လိုက်တာ ဘက်ထရီအပေါက်လေးက အမျြှတ်လေးတွေ ထွက်လာသဗျ ဒါနဲ့  နောက်ဖေးမြန်မြန်ယူပြီး အကုန်သွန် ဆိုင်ပို့ ရတဲ့ ဘ၀ရောက်သွားရော...ခ်ခ်...

နောက်..မီးချောင်းလဲရင်းက စိတ်ထဲ တစ်မျိုးဖြစ်လာတာနဲ့  ပလပ်တွေ လိုက်ကြည့် တာ ပုံသေတပ်ထားတဲ့  တူးပင်ခေါင်းက တပ်လျက်သားလေး ကော်ဖုံးတွေက အရည်တွေပျော်လို့ ..ပျော်ချက်က ၀က်အူအပေါက်လေးတောင် ပိတ်ပြီး တွန့် လိမ်နေပြီ...အမငီးးး..ပေါ့ ...အဲ့ လိုတွေ စနေ လစိတ်ရဲ့ သဘောက..ဒါကြောင့်  စနေ ကို ကျနော်က အပူဂြိုလ်မို့ အပူတွေ ပေါက်ကွဲတတ်တဲ့ ပစ္စည်းတွေ လောင်တတ်တဲ့ ပစ္စည်းတွေ သတိထား ဂရုစိုက်ပါလို့ မှာတာ
အဆင်မသင့် ရင် ဓါတ်လိုက်တတ်တာ ကြက်သားကြော်ရင်းဆီပူပေါက်တာ မျက်နှာတက်စင်တာ မီးလန့် တာ ဂက်စ်အိုးတွေ စသဖြင့်  တွေးမိသလောက်နဲ့ 
ဖြစ်တတ်တာတွေ မှာရတာ...အခု ဖြစ်ခဲ့ တဲ့ သိသာတဲ့  ဘက်ထရီတွေ လျပ်စစ်တွေကိစ္စက ကျနော်ကိုယ့် ဟာကိုယ် ယတြာတွေကာထားလို့  ဒီလောက်ကလေး ဖြစ်တာလို့ ပြောရမယ့် သဘောပေါ့ ...
=================================