------------------
ဗေဒင်ကို ကိုယ့် ဟာကိုယ် စပ်ဆော့ ပြီး ဖြစ်လာတဲ့ အနားသား အစွဲသစ် တစ်ခုလို့  တွေးလိုက်မိရောဗျာ...ဒါပေမယ့်  တွေးသာတွေးမိတာ အခုအစွဲလေးက အလုပ်တော့ ဖြစ်နေသားလို့ ကလဲ တွေးမိသေးတယ်
အဲ့ တော့  အလွယ်နဲ့  သွားရော့ လဟယ် လို့ လဲ မလုပ်ရက်ပါဘူး..ခ်ခ် ဒီအစွဲလေးက ပိုက်ပိုက်ရတယ်လေ..ငိငိ....
ဒါပေမယ့်  တွေးနည်းပြောင်းပစ်လိုက်တယ်...အရင်က စနေသက်ရောက်ဖြတ်လို့  ဒုက္ခကြုံရင် စနေသက်ရောက်လို့ စွဲရာကနေ စနေသက်ရောက်လို့  သတ်မှတ်ထားတဲ့  အကွက်ကလေးဖြတ်နေလို့  သူများတကာတွေ ကြုံတတ်တာမျိုးတွေ ငါလည်း ကြုံနေရတာမျိုးပဲ ဖြစ်ရိုးဖြစ်စဉ်တွေ သိပ်မထူးဆန်းပါဘူး ငါ့ တစ်ယောက်ထဲ ကွက်ဖြစ်နေတာမဟုတ်ဖူး လို့  အတွေးပြောင်းလိုက်တယ်..
သဘောက ဂြိုလ်ကြောင့်  ဖြစ်တာလို့  စွဲမိမှာမျိုးကနေ အဲ့ နေရာလေးရောက်ရင် အဲ့ လို ဖြစ်တာတဲ့  လောကဓံသဘောလေးလောက်ပါလို့  ယူလိုက်တာ...အဲ့ တော့  အရင်ထက် စာရင် ဆုတ်ထားမိတဲ့ ဂြိုလ်အစွဲကနေ သက်သာသွားတာပေါ့ ...
အရင်ကလည်းတွေးပြဘူးပါတယ်...အများသဘောထဲ ဖြစ်ရိုးဖြစ်စဉ်သဘောထဲ လုံးထည့် လိုက်တဲ့ ဘေ့ စစ်က..ဗေဒင်နဲ့ လူ ဘယ်သူ အရင်ပေါ်တာ ဖြစ်လောက်လဲ ဗေဒင်က ဘာကိုတွက်တာလဲ လူ့ အတွက်လား သစ်ပင်အတွက်လား သဘောတွေ...အဲ့ ကနေ....
စနေဂြိုလ်ဆိုတဲ့  အကွက်လေးထဲ လူ ၁၀၀ ဖြတ်သွားလို့  လူ ၈၀က ဒုက္ခ များများကြုံပြီး ဖြတ်သွားရတယ် လူ ၂၀ က ပြောပလောက်တဲ့  ဒုက္ခ
မကြုံဘဲ ဖြတ်သွားတယ် ..အဲ့ ဒါကို မှတ်တမ်းယူထားလိုက်တယ်....နောက် လာတဲ့  တစ်ရာ့ တစ်ယောက်မြောက်လူ အဲ့ စနေဂြိုလ်ဆိုတဲ့  နေရာလေး
ဖြတ်ရတော့ မယ်ဆိုတဲ့ အခါ..
ဒုက္ခများတဲ့  လူ၈၀ လို ဖြစ်မှာလား ဒုက္ခ သိပ်မကြုံရတဲ့  လူ ၂၀ လို လွတ်သွားမှာလား ကံ တစ်ကွက်ကျန်နေလို့  စနေဆိုတဲ့ နေရာ ဖြတ်ချိန် ဒုက္ထတရားတွေကနေ လွတ်မယ် မလွတ်ဘူးဆိုတာ ရာနှုံးပြည့်  မဆုံးဖြတ်နိုင်ဘူး..ဒီတော့ ....
ဒီလိုနေ ဒီလိုစား ဒီလိုလေးယတြာလုပ် ဒါလုပ်ရင် ဒါဖြစ်တတ်တယ် ဟိုဟာလုပ်ရင် ဟိုလိုဖြစ်တတ်တယ်လို့ အရင်က လူ၁၀၀ ရဲ့  အဖြစ်တွေကနေ နမူနာကောက်ယူပြီး တစ်ရာတစ်ယောက်မြောက် စနေဂြိုလ်ဆိုတဲ့  အကွက်ကို ဖြတ်မယ့်  လူကို မှာတော့ တာမျိုး...အဲ့ ဒါ ကျနော်သုံးနေတဲ့ ဗေဒင်စတိုင်
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..