'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, November 18, 2015
စည်း
ဒီရက်ပိုင်းမှာ အိမ်ရောင်း တိုက်ခန်းရောင်းတွေ လာကြတယ်...၀ါကျွတ်ဆိုတော့ ပေါ့ လေ...အဲ့ မှာ တစ်ချို့ က လိပ်စာပေးသွားပြီး ၀ယ်သူစပ်ပေးပါ ပွဲခလေးပါ ပေးပါ့ မယ်လို့  ပြောတယ်..ကျနော်က အဲ့ ဒီလို ပြောလာရင် တစ်ခါတစ်လေ အေးရာအေးကြောင်း ပြုံးစိစိပဲ နေလိုက်တတ်ပြီး တစ်ခါတစ်လေတော့  ကိုယ့် စည်း ကို နဲနဲပြောပြလိုက်တတ်တယ်
ကျနော်က ဗေဒင်ကြည့်  ယတြာပေးယတြာခြေပဲလုပ်တာ ကျန်တဲ့ ငွေပေးငွေယူတွေ ချေးတာ ငှားတာ ရောင်းပေးတာ ၀ယ်ထားလိုက်တာ သတင်းပေးတာ လက်တို့ တာ စပ်ပေးတာမျိုးတွေ တစ်ခုမှ မလုပ်ဘူး ကိုယ့် စည်းနဲ့ ကိုယ်ပဲနေတယ်...လို့  ပြောလိုက်တတ်တယ်...ဘာလို့  အဲ့ လိုစည်းထားလဲဆိုတော့  အဲ့ လို မေးသူနဲ့  ဟောသူ ပညာကဏ္ဍကနေ လူမှု့ သဘောကိစ္စတွေပါ ရောကုန်တဲ့ အခါ နောက်ပိုင်းမှာ အဆင်မသင့် ရင် အစာမကြေစရာတွေ ဖြစ်လာသလို ဟောသူအတွက် မေးသူ ဓနရှင်တွေရဲ့  လောင်းရိပ်အောက်ကို ကျသွားပြီး ကိုယ့် ရဲ့ လွတ်လပ်တဲ့  ဘ၀ ပျောက်ဆုံးသွားတတ်လို့ ပဲ...
တစ်ချို့ က သူတို့  ဘဇ်နက် လိပ်စာကဒ်တွေ ဖုံးနံပတ်တွေ ပေးပေးသွားတာ တစ်ပုံကြီးပဲ...ပေးတုန်းတော့  လူမှု့ သဘော ရင်းနှီးမှု့ သဘောအရ ယူပေးထားလိုက်တတ်ပေမယ့်  ဘယ်တုန်းကမှ အဲ့ ဖုံးနံတ်တွေ ကိုယ်က စဆက်တာ ပြန်ခေါ်တာမျိုး မလုပ်ခဲ့ ဘူး..ပြောရရင် ကိုယ်က စပြီး အပြင်ကိုဖုံးခေါ်တာ မရှိသလောက်ပဲဆိုရမယ် လမ်းကနေ အိမ်ကိုတောင် ဖုံးပြန်ခေါ်လေ့ မရှိဘူး..အဲ့ အတွက်က အကြောင်းပြချက် မယ်မယ်ရရ မရှိပေမယ့်  အကြောင်းပြချက်တစ်ခု ကိုယ်ကစပြီး တစ်ခြားကို အိမ်ကို ဖုံးဆက်ရအောင် ကြီးကျယ်တဲ့  ကိစ္စ အရေးကြီးတဲ့ ကိစ္စ မရှိဘူးထင်လို့  ဖုံးစ မဆက်ဖြစ်တာလို့ ပဲ ပြောနိုင်တယ်
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..