Powered By Blogger
Monday, July 27, 2015
တစ်သက်တာ ရင်နဲ့ အမျှ
''အိမ်ထောင်ရေးဆိုတာသာ
 တစ်သက်တာ ဖြစ်မဖြစ် မပြောနိုင်တာ
 နင့် ကို ချစ်တဲ့ အချစ်နဲ့ လွမ်းရတဲ့ အလွမ်းလေးတွေကတော့ 
တစ်သက်တာ ရင်နဲ့ အမျှပါပဲဆိုတာ ယုံကြည်လိုက်ပါ နင်......''
ဘ၀ကစားကွက်
ဘ၀ကစားကွက်
---
ကိုယ်ဟာပုထုဇဉ်ပဲရှိသေး၏ ဆိုတာကို ပြတ်သားစွာ ရှု့ မြင်လိုက်လေ၏
ပုထုဇဉ်ဖြစ်လျင် ငရဲတံခါး မပိတ်သေးခြေ၊
သို့ အတွက် ငရဲကျနိုင်သော အနေအထားများမှ ရှောင်လေ၏
တစ်ပါးသူများအပေါ် တစ်ကြိမ်နှစ်ကြိမ်မျှ စေတနာ ထားကြည့် ပေးလိုက်၏
တုန့် ပြန်ပုံကောင်းသော် စေတနာများ ဆက်ထားပေးလေ၏
တုန့် ပြန်ပုံ မကောင်းသော ကိုယ့် စေတနာကို ဘက်ဂီယာပြန်ထိုးလိုက်ရ၏
အကြောင်းမူကား...
ကိုယ့် စေတနာနဲ့ ကိုယ် ငရဲကျနေခြေ ရှိသောကြောင့် တည်း...။.....ငိငိ
အစွဲ
အစွဲ
---------------
အလုံးကြီးတွေ ကိုယ်နားမလည်တဲ့ ဝေါဟာရတွေကနေ မချဉ်းကပ်ပါဘူး...နေ့ တဓူဝ အက်ရှင်တွေကနေ ပြန်ချဉ်းကပ်ယူတယ်...
အယူသဘောက ၀မ်းဘိုင်ဝမ်းသဘော အာရုံပြုမှု က သံသရာအတွက် မိန်းလို့ သာယူထားတယ်
ခွေးတစ်ကောင် ကားပွတ်သွားလို့  ငယ်သံပါအောင် အော်ပြေးသွားတာ စလောင်း အကြည့် မပျက်ပါဘူး...ကိုယ်မှ ခွေး မမွေးထားတာလေ....၊
ကား ဘရိပ်အုပ်သံ ကျွီ..နဲ့ အတူ..ဟေ့ ဟေ့ .ကြောင် ကြောင်...ဆိုပြီး လူတွေ ၀ိုင်းအော်တော့ ...အိမ်ထဲက ကိုယ်က ရင်ဘတ်ထဲ ထိပ်ကနဲပဲ....
.
ခွေးအော်သံလို စလောင်းကြည့် မပျက် မနေနိုင်တော့ ဘူး...ကိုယ့် မှာ ကြောင်လေးတွေ မွေးထားတာ ရှိနေတာကိုး.....
အစွဲကြီးတွေဆိုတာ အစွဲ ပိစိလေးတွေက စခဲ့ တာချည်းပဲ... မူရင်း ကိုယ့် ဖြစ်တည်မှု့ ကို အရင် ဦးစားပေးမိနေသ၍  ရွှေပြည်တော်နဲ့  အဝေးကြီး...
.ရွှေပြည်တော်နဲ့ ဝေးတယ်ဆိုတာ နတ်ပြည် မရောက်တော့ ဘူးလို့ ဆိုလိုရာ မရောက်ပါဘူး...စွဲချင်းစွဲ နတ်ဘုံတို့ ကောင်းကင်ဘုံတို့ ရောက်နိုင်တယ်ဆိုတဲ့ အစွဲလေးတွေ ပိုစွဲဖို့ ကြံစီတာပါ..
ညာတာပါတေးနဲ့  အစွဲပဲ တော်တော် ပါးနေသလိုလို ဂုဏ်မခံရဲတဲ့ အကြောင်းပါ  တစ်ပတ်စာ ဗေဒင်ဟောစတမ်း အပျင်းပြေဖတ်မိတာတောင် ကိုယ့် မွေးနံ ကိုယ် အရင်ကြည့် မိတုန်း.ဆိုတော့ .....ကြည့် မိတာမှ တစ်ကြောင်းစီ ပြီးအောင် ဖတ်မိနေသေးတာ....ငိငိ။။
စိတ်ဖတ်သူ
စိတ်ဖတ်သူ
-------------
ကျနော်တို့ တွေ စာဖတ်လာရင်းက နောက်တော့  စာထဲမှာ အတွေးတွေ ထည့် လာတယ် ၊ အဲ့ ဒီကနေ ပုံမှန် စာဖတ်သမားအဖြစ်ကနေ စိတ်ဖတ်ရတာ ၀ါသနာပါလာတယ်
စိတ်ဖတ်တယ်ဆိုတာ ရုပ်ဖတ်မှု့ ကို အားပြော့ သွားတာ အရေပြားပေါ်က အ၀တ်အစားကို ပုံမှန် ဓလေ့ ဆိုင်ရာ ယဉ်ကျေးမှု့ ဆိုင်ရာသဘောထက် မပိုတော့ တာကို ဆိုလိုတာ...
သံသရာ လွတ်မြောက်ခွင့် ဆိုတာရော နတ်ဘုံ ရောက်ခွင့် ဆိုတာရော ငရဲကျနိုင်ခြေဆိုတာတွေဟာ စိတ်ထားတွေကြောင့်  ချည်းပဲ ဆိုတာ စာတွေကနေ ရခဲ့ ပြီ..
.
ဆိုပါတော့ လက်ညှိုးတွေ အဖြတ်လွန်သွားရာက တောပုန်းဖြစ်သွားတဲ့  အင်္ဂုလိမာလဟာ သူ့ စိတ်ထား အပြောင်းအလဲကြောင့် ပဲ သံသရာက လွတ်မြောက်သူဖြစ်သွားတယ် သူ့  စိတ် လွတ်မြောက်ချိန်မှာ သူဟာ လူဝတ်နဲ့ ဖြစ်နေသေးတယ်...
ရှင်ဒေ၀ဒတ် မြေမြိုခံရချိန်မှာတော့ လူဝတ် မဟုတ်ခဲ့ တော့ ဘူး ...သူ့ စိတ်ထားကြောင့် ပဲ မြေမြိုခံလိုက်ရတာ ဖြစ်တယ်...ဒါကြောင့် ပဲ ကိုယ်နဲ့ ဘ၀တစ်ကွေ့  သံသရာ တစ်ကွေ့ မှာကြုံတုန်းဆုံတုန်းသူတွေနဲ့  ဆက်ဆံတဲ့ အခါ အရေခွံတွေထက် စိတ်တွေကို ဖတ်ပြီး ဆက်ဆံရေး အတိုးအဆုတ်လုပ် ဘ၀ခရီးကို သွားဖြစ်ခဲ့ ပြီ....
စိတ်လေသွား၏
စိတ်လေသွား၏
----
ဒီနေ့ ထဲထူးခြားတစ်ယာက် ၅ အင်္ဂါ  အသက် ၅၅ တနင်္ဂနွေ မရဏသက်ရောက်ဗျ....၆၁ ဖွား သင်္ကြန်မကျော်ခင်မွေးလို့ ၅ကြွင်းဖြစ်တာ...သူ့ ဒုက္ခကလည်းမသေးဘူး
ကားမောင်းစားလာတာတဲ့ ပြီခဲ့ တဲ့ လထဲက ကားတိုက်မှု့ ဖြစ်တယ်တဲ့  (စနေလစိတ်ထဲမှာ)...လူတော့ မသေပေမယ့် ကား ၂စီးစလုံး စုတ်ပြတ်သွားတယ်ပေါ့  သူကလျော်ရမှာ...လျော်စရာပိုက်ဆံက မရှိဘူး ဒါနဲ့  သူ ပတ်ပြီး ပိုက်ဆံချေးတာ မရတဲ့ ...အလုပ်သဘော ဆက်စပ်ပြီး တော်တော်ရင်းနေတဲ သူဌေးဆီကပါ
ခဏချေးလို့ ရလောက်မယ် ထင်ထားရာကနေ မရဘူးတဲ့ 
 (အဲ့ မှာ သူတော်တော် လေသွားပုံရတယ် တကယ့် ဒုက္ခတွေရောက်လာတော့ မှ ဘယ်သူဟာ မိတ်ဆွေစစ်လို့ သိရတော့ တာတွေဘာတွေ ထ လုပ်တော့ တာ...ကျနော်ကတော့  သူ့ ဖီလင်နဲ့ သူဖြစ်နေတာကို ရက်စ်အော်နိုးဝင်မလုပ်ပါဘူး ထိုင်ပြီးတော့ သာ နားထောင်ပေးနေတာ...ကိုယ်ပိုက်ဆံ တအားလိုနေတုန်းမှာ ဖြစ်တတ်တဲ့ ခံစားမှု့ ပေါ့ ) )
 ကံနဲနဲကောင်းချင်တော့ နိုင်ငံခြားက သူငယ်ချင်းက ကူညီလို့  အလျော်ပေး နိုင်ခဲ့ တာတဲ့  နို့ မို့ ဆို ဂျေးထဲရောက်မှာတဲ့ ....( အဲ့ မှာ  ၅ ကြွင်း အားလေးပေါ်လာတာပဲ အနီးဆုံးလူတွေဆီကထက် အဝေးက လူတွေရဲ့ အကူရလွယ်တဲ့ အားလေး)
လင်မယား ၂ ယောက်စလုံး ရာဇာကိန်းကို ပြိုင်တူဖြတ်တဲ့ အခါ
လင်မယား ၂ ယောက်စလုံး ရာဇာကိန်းကို ပြိုင်တူဖြတ်တဲ့ အခါ
------------------------
ဖြစ်တောင့် ဖြစ်ခဲပဲပြောရမယ်ထင်တယ် ၁၂လပိုင်း ၆၅ မွေး အင်္ဂါသား ဆိုတော့  ၄ကြွင်း အင်္ဂါသားပေါ့ အခုဆေးရုံမှာ ( အခု ၇ လပိုင်းက ရာဟုလစိတ်မှာ)
( အသက်က ၅၀ထဲမှာ ဟူး သက်ရောက် )....ဘာရောဂါလဲ လို့ မေးလိုက်တော့  သွေးကင်ဆာလိုလိုပြောတယ် သွေးဖြူဥတွေများနေလို့ ပေါ့ လေ
'' မချောင်ဘူး..''
'' မချောင်ဘူး..''
-----
နာရေးမြင်ကွင်းကြည့် ပြီး ကျနော့် မားသားကြီးနာရေးတုန်းက အဖြစ်ကိုပြန်သတိရလိုက်တယ်ဗျား..အဲ့ တုန်းက ရုပ်ကလာပ်က အိမ်မှာထားတာဗျ..ပြီးတော့  အရပ်ဓလေ့ အရ လမ်းထဲနာရေးကားက အိမ်ရှေ့ အထိဝင်လေ့ မရှိပဲ လမ်းထိပ်ကသာ စောင့် ပေးထားလေ့ ရှိတယ်
အဲ့ တော့  မိသားစုတွေ အမျိုးတွေက တလားကြီးကို ပုခုံးပေါ်တင်ပြီး ထမ်းပို့ ရတာပေါ့ ..အဲ့ မှာ ဒွတ်ခဖြစ်တော့ တာပါပဲ...လမ်းသွယ်တွေဆိုတာ အောက်ထိပ်နဲ့ အပေါ်ထိပ် ဆိုပြီးခေါ်တာမျိုးရှိတယ် မြစ်ဖက်ကို အောက်ထိပ်လို့ ခေါ်တယ် ကမ်းနားလမ်းဘက်ပေါ့ လေ..ကျနော်တို့  အိမ်က အပေါ်ထိပ်ဖက် ခပ်ကျကျ...နာရေးကားက ထုံးစံအရ ကမ်းနားလမ်း အောက်ထိပ်မှာ ရပ်တယ်..
တစ်သက်မမေ့ တော့ သူ...စိတ်အနာခံရသူ
တစ်သက်မမေ့ တော့ သူ...စိတ်အနာခံရသူ
---------
တစ်သက်မမေ့ တော့ သူ ဆိုတာက ကျနော့် သူငယ်ချင်းတစ်ယောက်ရဲ့ ကျေးဇူးကို ဘယ်တော့ မှမမေ့ တော့ ဘူး သဘော..ကျနော့် အမေ မမာချိန်တွေမှာ  ကျနော်တို့ အလွန်လိုအပ်နေတဲ့ အခြေအနေတစ်ခုကို ) (ငွေမဟုတ်ဖူး)...အဲ့ သူငယ်ချင်းက သူ့ အမေလိုသဘောထား ပေါ့ ပေါ့ ပါးပါး ကူညီသွားခဲ့ တာကိုပေါ့ ..သူ့ အတွက်က ပေါ့ ပေါ့ ပါးပါး ဆိုပေမယ့်  ကိုယ့် အတွက်က အသက်တစ်မျှ လိုအပ်ချက်ဖြစ်နေတယ် ...ငွေကြေးတန်ဘိုးနဲ့ ဆို မပြောပလောက်တဲ့ ပစ္စည်းဆိုပေမယ့်  စေတနာရဲ့ တန်ဘိုးက ကိုယ့် အတွက်က အတိုင်းအဆမဲ့ တန်ဘိုးကြီးသွားတယ်...အဲ့ ကျေးဇူးကိုဘယ်တော့ မှမမေ့ တော့ ချက်က သူ့ အတွက်ဆို ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ အကူအညီပြန်ပေးဖို့  စိတ်က အဆင်သင့် ဖြစ်နေတဲ့ အထိဖြစ်သွားတယ်...စေတနာ ကျေးဇူးက ငွေနဲ့ တိုင်းတာလို့ မရဘူးလို့ ခံယူထားတာကိုးဗျာ...
အမျိုးထဲက ရုံးသမားလင်မယား ၂ ယောက်မှာ ကျားက ရှပ်ဘဲပါ ကုန်သွယ်လယ်ယာကဖြစ်လို့  ခေတ်ကောင်းစဉ်က စိတ်လွတ်လက်လွတ်နေတော့ မစုမိကြဘူးကျနော်တို့ မိဘတွေက  လင်မယားနှစ်ယောက် တက်ညီလက်ညီ ရုန်းကန်လာရာက လူတန်းနဲနဲစေ့ ခါနီးလေး ဈေးသည်တွေဖြစ်နေပြီ အဲ့  ရှပ်ဘဲဦးလေးက အဆုပ်ရောဂါဖြစ်တော့ ဆေးရုံတက်ရပါတယ်..အဲ့ တော့ သူ့ ရုံးသားတွေဆီမှာ ငွေလိုက်ချေးပါတယ် နှံ့ နေအောင်ချေးပေမယ့် မရဘူးပေါ့  ဒါနဲ့ ဈေးသည်တွေမို့ ငွေပေါမယ်ထင်တဲ့ ကျနော့် မိဘတွေဆီလာချေးပါတယ်..မိဘတွေက သူတို့ အကြောင်းနဲ့ သူတို့  ပိုက်ဆံမချေးလိုက်ပါဘူး...အဲ့ ဒီမှာ ရှိရဲ့ သားနဲ့ မချေးလိုက်ရမလားဆိုပြီး အမျိုးချင်း သေခန်းပြတ်လုလု စိတ်နာသွားချက်က ၁၀စုနှစ်၂စု နီးပါးကြာသွားပါရောဗျာ.
..ဘေးကနေကျနော်က သူတို့ ကိစ္စကို ၀င်တွေးကြည့် နေတာ ခေါင်းကို ချာရပတ်ရမ်းသွားတော့ တာပါပဲဗျာ...ရှပ်ဘဲဦးလေးကိုလည်းခင် မိဘတွေ ပိုက်ဆံမချေးလိုက်တာ မှားလား မှန်လားကလည်း မဆုံးဖြတ်တတ်.ငါသာဆိုရင်ရောဆိုပြီးတွေးကြည့် တော့ လည်း အဖြေက ရှင်းရှင်းလင်းလင်းမရှိပေါ့ ဗျာ  နောက်တော့  လက်လျှော့ လိုက်ရတယ်...အဲ့ ဒါမျိုးအခြေအနေတွေ မကြုံပါရစေနဲ့ လို့ ပဲ ဆုတောင်းရတော့ တာပေါ့ ဗျာ....စိတ်အနာမခံချင်ဘူး သူများဆီက ကျေးဇူးတွေ ထပ်တင်ခံနေရမှာ ကြောက်သွားတယ်ပေါ့ ဗျာ..