လင်မယား ၂ ယောက်စလုံး ရာဇာကိန်းကို ပြိုင်တူဖြတ်တဲ့ အခါ
------------------------
ဖြစ်တောင့် ဖြစ်ခဲပဲပြောရမယ်ထင်တယ် ၁၂လပိုင်း ၆၅ မွေး အင်္ဂါသား ဆိုတော့  ၄ကြွင်း အင်္ဂါသားပေါ့  အခုဆေးရုံမှာ ( အခု ၇ လပိုင်းက ရာဟုလစိတ်မှာ)
( အသက်က ၅၀ထဲမှာ ဟူး သက်ရောက် )....ဘာရောဂါလဲ လို့ မေးလိုက်တော့  သွေးကင်ဆာလိုလိုပြောတယ် သွေးဖြူဥတွေများနေလို့ ပေါ့ လေ
( ဒါမျိုးသွေးနီဥနဲ့ သွားပြီး သွေးဖြူဥတွေများလာလို့ သွေးကင်ဆာလိုလို ဖြစ်လာပြီး သွေးသွင်းယူရတာ ၃ကြွင်းတွေမှာ ပိုအဖြစ်များတာတွေ့ ခဲ့ ရတယ် အဓိကပြဿနာက သွေးနီဥတွေထုတ်ပေးတဲ့ ချဉ်ဆီ အလုပ်မလုပ်တော့ ရတာက စတယ်လို့ ဆိုတယ် အဲ့ တော့  ချဉ်ဆီအားကောင်းတဲ့ ဆေးတွေသောက်လိုက်မှ သွေးနီဥတွေ ပုံမှန်ပြန်ထုတ်ပေးလာလို့ သွေးသွင်းရတာ ကျဲသွားတတ်တယ် နောက်တော့ ပုံမှန်ဖြစ်သွားရင် သွေးမသွင်းရတော့ ဘူး....တစ်ချို့ က ယာယီသဘောမျိုးဖြစ်တာမျိုးပေါ့ )
အခု အင်္ဂါသားကိုတော့ န၀င်းယတြာကူနေရတယ်...မေးသူက သေကိန်းရှိလားလို့ မေးလာတယ်...ကျနော်က အင်္ဂါသားသမီးဆိုတာ အသက် ၄၉ ၅၀ ၅၁က သေလွယ်ပျက်လွယ်ပဲ ဒီတော့  ကိန်းရှိလားမေးရင် ရှိတယ်ပဲဖြေရမယ်လို့ ဖြေလိုက်ပြီးမှ ကိန်းရှိတိုင်းလည်း သေတာမျိုးမဟုတ်ဘူး အခုက အဲ့ အင်္ဂါသား ရဲ့ အမျိုးသမီး မင်းအမေရဲ့ ကံကိုက မကောင်းလို့ ဖြစ်နေတဲ သဘောလို့ ပြောလိုက်တယ်
( သားလုပ်သူက လာမေးတာ..အဲ့  အင်္ဂါသားရဲ့ သားက မနှစ်က ကားမောင်းလျှောက်ကဲရင်း လူသေအောင် တိုက်ပစ်လိုက်တဲ့  ၅ကြွင်း စနေသား သူ က သူများကို သွားတိုက်တုန်း အသက် ၂၇ ရာဟုထဲမှာ ဒီတော့ န၀င်းယတြာလုပ်ပေးပြီး ငွေနဲ့ လိုက်လိုက်တော့  ဂျေးမအောင်းရတော့ ဘူး အဲ့ အချိန်မှာ အခု ဆေးရုံရောက်သွားတဲ့ အင်္ဂါသားက အသက် ၄၉ အင်္ဂါသက်ရောက် သူ့ မိန်းမက ၆ကြွင်း ဗုဒ္ဓဟူးသမီးက အဲ့ တုန်းက အသက် ၄၇ တနင်္လာမရဏ သက်ရောက် ထဲမှာဖြစ်နေတာ....
အခု အဲ့ ၆ကြွင်း ဗုဒ္ဓဟူးသမီး က အသက် ၄၈ အင်္ဂါသက်ရောက်မှာဖြစ်နေပြီ....သဘောက လင်မယား ၂ ယောက်စလုံးက ဓမ္မာသောက ကိန်းကို ၂ယောက်စလုံး ပြိုင်တူဖြတ်နေတာမျိုး အင်္ဂါသားက ဗုဒ္ဓဟူးသက်ရောက်ကို ရာဇာကိန်း မိန်းမက အင်္ဂါသက်ရောက်ကို ရာဇာကိန်းနဲ့ပဲ...အဲ့ လို ၂ ယောက်တိုက်ဆိုင်မှာကို မနှစ်ကတည်းကြိုထောက်ပြခဲ့ ပြီးသား ဒီလို ကိန်းပြိုင်တူဖြစ်လာရင် တစ်ယောက်ယောက်တော့  ဆေးရုံစော်နံတယ်လို့  ( ခဏခဏကြုံခဲ့ ရလို့  ဖြတ်တတ်တာပဲပြောခဲ့ တာ တကယ်ရောက်သွားမယ်လို့ မပြောခဲ့ ပါဘူး...)
အခုတော့  ၄ကြွင်း အင်္ဂါ အထွန်းဖွားက ဆေးရုံရောက်သွားတယ်....ဒီနေရာမှာ အတွေ့ အကြုံတွေအရ ၆ ကြွင်းတွေ သက်ရောက်ညံ့ လာရင် ကျမ္မာရေး အရင်မလာတတ်ဖူး ငွေကြေးပလုံစရာတွေနဲ့  အင်ပရက်ရှင်တွေကို အရင်လိုက်ရစ်လေ့ ရှိတယ် အဲ့ ဒီလို ဖြစ်ရတဲ့ အကြောင်းအရင်းတစ်ချက် သက်ရောက်အညံ့  တွေ ဖြစ်လာရင် သူတိုမူလမဟာဘုတ် အိမ်က ဂဏန်းပရိယာယ်တွေကနေ စထိုးနှက်ကြည့် လေ့ ရှိတဲ့  သဘောကြောင့် ပဲ လူအများစုရဲ့  ပြော့ ကွက် အားနဲချက် ထိုးဖေါက်ရတာ အလွယ်ဆုံး နဲ့ သီးခံရတာ အခက်ဆုံးက ကိုယ့် မူလမဟာဘုတ် မရဏအိမ်က ဂဏန်းပရိယာယ်ဖြစ်နေလို့ သဘောပဲ...
အခု ဒီအင်္ဂါသားကို လျှောနိုင် မလျှောနိုင်တော့  မပြောနိုင်သေးဘူး ယတြာလုပ်ကြည့် တုန်းပေါ့ 
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..