Powered By Blogger

Monday, July 27, 2015

'' မချောင်ဘူး..''

'' မချောင်ဘူး..''
-----
နာရေးမြင်ကွင်းကြည့် ပြီး ကျနော့် မားသားကြီးနာရေးတုန်းက အဖြစ်ကိုပြန်သတိရလိုက်တယ်ဗျား..အဲ့ တုန်းက ရုပ်ကလာပ်က အိမ်မှာထားတာဗျ..ပြီးတော့  အရပ်ဓလေ့ အရ လမ်းထဲနာရေးကားက အိမ်ရှေ့ အထိဝင်လေ့ မရှိပဲ လမ်းထိပ်ကသာ စောင့် ပေးထားလေ့ ရှိတယ်

အဲ့ တော့  မိသားစုတွေ အမျိုးတွေက တလားကြီးကို ပုခုံးပေါ်တင်ပြီး ထမ်းပို့ ရတာပေါ့ ..အဲ့ မှာ ဒွတ်ခဖြစ်တော့ တာပါပဲ...လမ်းသွယ်တွေဆိုတာ အောက်ထိပ်နဲ့ အပေါ်ထိပ် ဆိုပြီးခေါ်တာမျိုးရှိတယ် မြစ်ဖက်ကို အောက်ထိပ်လို့ ခေါ်တယ် ကမ်းနားလမ်းဘက်ပေါ့ လေ..ကျနော်တို့  အိမ်က အပေါ်ထိပ်ဖက် ခပ်ကျကျ...နာရေးကားက ထုံးစံအရ ကမ်းနားလမ်း အောက်ထိပ်မှာ ရပ်တယ်..



အိမ်ကနေ အဲ့ အောက်ထိပ် အကွာအဝေးက ဓါတ်တိုင် ၁၀တိုင်စာမကဘူး. ရိုးရိုး လမ်း လျှောက်သွားရင်တောင် တော်တော်လျှောက်ယူမှ အောက်ထိပ်ကမ်းနားဘက်ကို ရောက်တာ အောက်ထိပ်ကို လမ်းလျှောက် ထွက်ယုံနဲ့ တင် ခြေထောက်က အတော်ညောင်းနေပြီ....အဲ့ ဒါ မအေ့အလောင်း သေတ္တာကို ကျနော်က အခေါင်းထိပ် ဘေးကနေ ပုခုံးပေါ်တင် ပြီးထမ်းရတာ....

ဟားးး....ဓါတ်တိုင် ၂ တိုင်စာလောက်လဲရောက်ရော အဲ့ အခေါင်းကြီးကို လွှင့် ပစ်လိုက်ချင် စိတ်ပေါက်လာပါရောဗျာ..မအေကွိသွားလို့ ငိုချင်စိတ်ကပျောက်သွားပြီး ပုခုံးက နာလွန်းလို့ ငိုချင်စိတ်က တဖွားဖွားဖြစ်လာတာပေါ့ ..ငိငိ.

.ပြီးတော့  .ထမ်းပြီး လျှောက်ရင်းနဲ့ အခေါင်းက တဖြည်းဖြည်း ပိုလေးလာသလိုပဲဗျ.. သရဲတစ်ကောင်ကောင်များ အခေါင်းပေါ်က ထိုင်စီးလာသလားတောင် ထင်ရတယ်..ခိခိ

.ပြီးတော့  အခေါင်းရဲ့ သစ်သားဘောင်က ပုခုံးပေါ်ဖိထားလို့  နာချက်က ရေရေလယ်လယ် နာတာ အဲ့ ဒါကို အံကြိတ်ပြီး ထမ်းရတာ တစ်ဖြည်းဖြည်း ပိုလေးလာတဲ့  အခေါင်းက ပုခုံးတင်မကဘူး ခါးရော ကျောရိုးရော ဖျင်းဖျင်း ဖျင်းဖျင်း ကိုဖြစ်ရော...မအေ ဆိုတော့  သူများကို လက်လွှဲပြီးတော့ လဲ မပေးချင် ပုခုံးကလည်း နာ..

အဲ့ အခေါင်းထမ်းရင်းက လမ်းထိပ်ကို လှမ်းလှမ်း ခိုးကြည့် ရသေးတာက တစ်လုပ်ဗျ..ပုခုံးက နာလွန်းလို့ .မြန်မြန်က ရောက်ချင်နေပြီလေ..

.ပြီးတော့  လမ်းသွယ် အရှည်ကြီးကို ထမ်းသွားတဲ့ လမ်းမှာ လမ်းသားတွေကလည်း အကုန်ထွက်ကြည့် နေကြတာ အဲ့ တော့  မျက်နှာက ရှုံ့ တွနေလို က မဖြစ်ဘူး...အဲ့ မှ အံကြိတ်ခံနေရတော့ တာပါပဲ..အဲ့ အခေါင်းထမ်းသွားတဲ့ နေ့ မှ ကိုယ့် လမ်းက ပိုရှည်နေသလိုလို တော်တော်နဲ့ ကို လမ်းထိပ်က
မရောက်နိုင်ဘူးလို့ ကို ထင်လာတာ...

ဟူးးးး....လူ့ ဘော်ဒီပါတဲ့ အခေါင်းကို ကိုယ့် ပုခုံးတစ်ဖက်ထဲနဲ့  ( နာလွန်းလို့ ညောင်းလို့ ပုခုံးဘက်ပြောင်းလို့ မရပဲ ) ကိုက် ရာချီပြီး ထမ်းလျှောက်ရတာ တကယ်လျှောက်ကြည့် မိမှ မချောင်ဘူး..လို့ ...အဟီး...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..