Powered By Blogger

Saturday, March 14, 2015

'''..ပြောရဦးမယ် ကိုယ်ချင်းကိုယ်ချင်းတွေမို့ '''



''''..ပြောရဦးမယ် ကိုယ်ချင်းကိုယ်ချင်းတွေမို့ '''
-------------------------
'''ပြောရဦးမယ် ကိုယ်ချင်းကိုယ်ချင်းတွေ.'' ..လို့  စောစောစီစီအိမ်ဝင်လာရင်း စကားစလာသူက တစ်ခန်းကျော်က အတင်း  အဲ့  သတင်းစုံ လှည့် ပြောရတာဝါသနာထုံတဲ့  အိမ်ရှင်မပေါ့ ဗျာ...သူ ငြီးတာ အတော်ရယ်စရာကောင်းတယ်ဗျ..အဲ ..ကလေးခြေထောက်ပိုးထိပြီး မျော သစ္စာဆို အဆိပ်ချ တဲ့ ရသေ့ နဲ့ ဒကာ ဒကာမ သစ္စာ ပုံပြင်ထဲက ၀န်ခံချက်မျိုး အပြင်မှာ တကယ်ရှိပါလားလို့ တွေးပြီးရီမိတာ...အရပ်စကားပြောရရင် '''အကျင့် သွားလုပ်တာကိုး'' လို့  တစ်ချို့ ခံခဲ့ ရဘူးသူတွေ ပြောသလိုမျိုးဖြစ်နေပြီ...ခိခိ

ဖြစ်ပုံအစက သတိထားမိနေတာတော့ ကြာပါပြီး အဲ့ အိမ်ရှင်မက လမ်းထဲလာတတ်တဲ့ အလှုခံတွေကို တစ်ခုခုထွက်ထွက်လှုတတ်တယ်..အထုသဖြင့်  အလှုရှင်အမည်ကို မိုက်နဲ့ အော်ပေးတဲ့ အဖွဲ့ တွေကို ပိုလှုတယ်...အလှုခံက မိုက်ကြီးနဲ့ ကျောင်းဒကာဘယ်သူနဲ့ ကျောင်ဒကာမကြီးဘယ်သူက ဘယ်လောက်လှုတော်မူသွားပါတယ် ဘာညာဖြစ်ကြပါစေကို အိမ်ထဲကနေ အရသာခံ နားထောင်နေတာမျိုးပေါ့ ..

စိတ်ဒဏ်ရာဆိုတာ

စိတ်ဒဏ်ရာဆိုတာ
----
အဲ့ တုန်းက ပြည်မှာ နွေကျောင်းပိတ်ရက်ဆို တစ်နွေလုံးသွားနေခဲ့ တာ.ဆော့ တာအသားကုန်ပေါ့ ..၊ တစ်နှစ်တော့  ဦးလေးတစ်ယောက်ကမင်္ဂလာဆောင်ရှိတယ်။ 

အမျိုတွေလာကြတယ်ပေါ့ ..အဲ့ ထဲမှာ ဘယ်လိုကဘယ်လို မေတ္တာပျက်မိနေမှန်းမသိတဲ့ အမျိုးထဲက နောက်ဦးလေးတစ်ယောက်ပါ ပါတယ်၊ သူကလည်း ဆော့ လွန်းလို့  မျက်စိနောက်နေပုံရပြီး အပြန်အလှန်မေတ္တာပျက်နေပုံရပါတယ်..

တောအလှုလိုပါပဲ ကလေးတွေလည်းအများကြီး ကိုယ်ကလည်းကလေးကြီးဆိုတော့ ရောဆော့ နေတာ..ဖုတ်ထဲသဲထဲပေါ့ ။ ညီမလေးကို လည်ဂုတ်ခွထမ်းပြီး တော့ ဆော့မိတယ်၊ ညီမလေး လုပ်သူကလည်း မျောက်မူးလဲမလေးဆိုတော့  ဂုတ်ပေါ်ကနေ လှန်ချတာ ကိုယ်တစ်ပတ်လှည့် ပြီး ပြန်ပွေ့ လိုက်တော့ မြေပေါ်မကျပါဘူး ပိုက်လျက်သားလေးပေါ့ ..ကိုယ့် ညီအစ်ကိုချင်းက ဟုတ်နေတာ ၀ါးကနဲပေါ့ ...ကိုယ်ချင်းသာအိုကေနေတာ ခပ်လှမ်းလှမ်းကာလသားဝိုင်းမှာထိုင်နေတဲ့  မတည့် တဲ့ 
ဦးလေးက လှမ်းမြင်သွားပြီး အပြေးလေးရောက်လာပြီး တင်ပါးကို သူ့ ခြေခုံနဲ့  တစ်ချက်လှမ်းခတ်လိုက်ပြီး ဆူဆဲတော့ တာပါပဲ...

အားကသိပ်မပြင်းလို့  သိပ်မနာပေမယ့်  အရမ်းနာသွားတာက ရင်ထဲမှာ...ကလေးကြီးဖြစ်နေတော့  ရှက်တတ်ခဲ့ ပြီ...လူပုံအလယ်မှာ ဒီလိုမျိုး သူ့ သားမဟုတ်ဘာမဟုတ်ကို လာလုပ်ရပါ့ မလားဆိုပြီးတော့  တွေးပြီး အဲ့ ညနေက စပြီး မင်္ဂလာဆောင်ဆိုတာလဲ ကိုယ့် မျက်စိထဲ အသုဘ အခန်း အနား လုပ်နေတယ်ထင်သွားတယ်..ပွဲပြီးတဲ့ အထိ အနားမကပ်တော့ သလို့  အဲ့ နွေဟာ ကိုယ့် အတွက် ကျက်သရေမရှိဆုံးနွေရာသီ တစ်ခုဖြစ်ခဲ့ တယ် ဘယ်သူနဲ့ မှ ဟက်ဟက်ပက်ပက် စကားမပြောမိတော့ သလို လုံးဝမဆော့ တော့ ဘူး အိမ်ပြန်ချိန်သာ လက်ချိုးနေတော့ တယ်...

အဲ့ လိုတွေးမိတိုင်းစိတ်နာချက်ဟာ အနှစ် ၂၀ကျော်မကဘူး..အဲ ခြေစွမ်းပြခဲ့ တဲ့ ဦးလေးကိုလည်း သူသေတဲ့ အထိ သွား စကားမပြောတော့ သလို အိမ်လာရင်တောင် ရှောင်နေမိတော့ တယ်..ဦးလေးလုပ်သူက နောက်ပိုင်းမှာ အထာပေါက်လို့  ပြန်ရောပြချင်သေးသလိုလို လက်ဆောင်ဝယ်ပေးသလိုလို လာလုပ်ပေးပေမယ့်  ရယ်ပြဖို့ နေနေသာသာ ပြုံးတောင်မပြခဲ့ တော့ ဘူး...တကယ့် ကို စိတ်ဒဏ်ရာရသွားပြီးဆိုရင် ရင်ထဲဖြစ်သွားတဲ့ အကြိတ်အခဲက အလွယ်နဲ့ စာပေတွေ ဖတ်လို့ နဲ့  တရားတွေ နာနေယုံလောက်နဲ့  ဖြည်ချလို့ မရလွယ်ဘူးဆိုတာမျိုးတော့ နားလည်သွားခဲ့ တယ်...နောက်သင်္ခန်းစာကတော့  ကိုယ်ချင်းစာတတ် သွားပြီး ဘယ်ကလေးကိုမှ စိတ်ဒဏ်ရာ ရသွားအောင်မလုပ်မိတော့ ဘူး

ပစန္တရာဇ် အရပ်

ပစန္တရာဇ် အရပ်
----------
ငယ်ငယ်ကဆို ပစန္တရာဇ် အရပ် ဆိုတာကို အတော် ပေါင်းဖတ်ခဲ့ ရတာ ဘာအနက်မှန်းလဲ ကောင်းကောင်းမသိပါဘူး..ယေဘူယျရ ဖြန်းသိခဲ့ တာက သာသနာမပွင့် တဲ့ အရပ်လိုလို လူ့ ယဉ်ကျေးမှု့ ကောင်းကောင်း မွန်မွန်တွေပဲ မရှိသလိုလို ဖုန်းဆိုးမြေလိုလို ပေါ့ ..နေချင်စရာမကောင်းတဲ့ အရပ်လိုလို မနေသင့် တဲ့ အရပ်လိုလို ဆိုတာမျိုးတွေလည်းပါသေးတယ်...

အိပ်ယာဝင်ပုံပြင်လိုလို နဲ့ အရပ်စကားမျိုးသာဖြစ်ပြီး အတည်ပြုရခက်တဲ့  အရပ်ဒဏ္ဍာရီ ပုံပြင်ထဲမှာ( ငြင်းရမှာစိုးလို့ ကြားဖူးတဲ့ ပုံပြင်လို့  ငိငိ)..အရိမန္ဒနပူရလို့ ဆိုတဲ ပေါက္ကံပြည်ကြီးလို့  လည်း ကြားဖူးတဲ့  ပုဂံပြည်ကြီးဟာတဲ့ အရင်က မိစ္ဆာအယူပေါင်းစုံနဲ့ ရှုတ်ရှက်ခတ်နေတဲ့  ပစန္တရာဇ် အရပ် သာသာရယ်လို့ ဆိုတယ်..နောက်တော့  အနော်ရထာက ရှင်အရဟံနဲ့ ဆုံစည်းမိရာက ထေရ၀ါဒသဘောကို ကြည်ညိုသွားရောတဲ့ ...အဲ..အဲ့ ထေရ၀ါဒရဲ့ ကျမ်းစာ အပြည် တွေ့က အောက်ပြည်က သထုံဘုရင် မနုဟာမင်းဆီမှာ ရှိသတဲ့  သဘောကသထုံနယ်မှာလည်း သူ့ မင်းသူ့ ချင်းနဲ့  ထေရ၀ါဒသာသနာ ထွန်းကားလို့ စည်ပင်နေပြီး လူယဉ်ကျေးတွေ ဖြစ်နေပြီပေါ့ လေ...

အဲ့ တော့  အနော်ရထာက အဲ့ ကျမ်းစာကို သွားပင့် စေတော့ ဟိုက မပေးဘူးဆိုတယ်. .အထက်အရပ်ပုဂံပြည်ဆိုတာ အရိုင်းအစိုင်းတွေ မယဉ်ကျေးသူတွေ ပစန္တရာဇ် အရပ်..ဒီလို ယဉ်ကျေးသိမ်မွေ့ တဲ့  သာသနာ နဲ့ မတန်ဆိုပြီး မပေးတာတဲ့ ..အဲ့ မှာ အနော်ရထာ ငါလို ဘုရင်ကိုများ ဘာညာနဲ့  ဒေါခွီးသွားပြီး ပုဂံလူစွမ်းကောင်းတွေ  လွှတ်ပြီး အဲ့ ကျမ်းတွေသွားသယ်ချလာတာ ကျမ်းတင်မကဘူး တစ်ခြားယဉ်ကျေးမှု့ တွေရောု အနုလက်ယာတွေရော နဲ့  နောက်ဆုံး သထုံဘုရင် မနူဟာမင်းကိုပါ ပုဂံကို ခေါ်ချလာရောလို့  ဆိုတယ်.လုပ်ပေါက် သဘောက ချိချိုသာသာ တောင်းလို့ မရရင် ဓားပြတိုက်သလို ကိုယ်လိုချင်တာ သွားယူချလာတဲ့ ပုံစံမျိုးနဲ့ တယ်တူပေါ့ လေပစန္တရာဇ် အရပ်သားတွေလို့  ထင်မယ်ဆိုလည်း ထင်လောက်စရာပေပဲပေါ့ ....

အဲ့ ပုံပြင်ကို ၈၀  ၀န်းကျင်လောက်က ပထမဆုံး ပုဂံဘုရားဖူးသွားတုန်းက ပုဂံဌာနေက ဘုရားစုံ လိုက်ပြီး ဘုရားသမိုင်းရှင်းပြတဲ့ ဘကြီးတွေပြောပြတာကြားခဲ့ ရတာ...ပါးစပ်ရာဇ၀င်တွေဖြစ်လို့  ဟုတ်တာ မဟုတ်တာထက် ပုံပြောတာတွေရော ဇာတ်နာအောင်ပြောပြတဲ့ နေရာမှာပါ ထိုင်နားထောင်ရတာ  သိပ်ကောင်းလို့  အဲ့ မှာ ပစန္တရာဇ် အရပ် ဆိုတဲ့  စကားလုံးနဲ့ စရင်းနှီးသွားရင်း သမိုင်းထဲက ဇာတ်လမ်းတွေကိုလျှောက်ဖတ်ကြည့် ဖို့ စိတ်ဝင်စားလာပါရောဗျာ့ ...အထူးသဖြင့်  စိတ်ဝင်စားတာက သမိုင်းထဲက ချစ်ခြင်း မုန်းခြင်း လောဘတွေ ဒေါသအမျက် မာန် အာဃာတ ကတိ သစ္စာတရား တွေ စတဲ့  ''စိတ်'' တွေကိုပေါ့ လေ....

'' ပုဂံမှာ သရပါ ''


'' ပုဂံမှာ သရပါ ''
----
''သရပါ ''ဆိုတဲ့ အမည်လေးကိုက သိပ်ကိုလှတာပါပဲဗျာ...၊ မနက်က ဂျာနယ်ထဲမှာ အဲ့ သရပါတံခါး ကြားကနေ စက်တပ်ယာဉ်မှန်သမျှကို ပေးမဖြတ်တော့ ဖို့ တစ်ဆင့် ပြီးတစ်ဆင့် လုပ်သွားမယ်လို့  ပါလာတယ်..အဲ့ တော့ မှ အရင်က စိတ်ကူးယဉ်ခဲ့ ဘူးတာလေး ပြန်သတိရ သွားရောဗျ. ပျူစောထီးပုံပြင်တွေ ရှူးပျံကြီး ငှက်ကြီးရဲ့ အကြောင်း ငှက်အတောင်တစ်တောင်ကိုက မိန်းကလေး၇ယောက်လောက်ရွက်ရတယ်ဘာညာဆိုတဲ့ အံ့ မခန်းပုံပြင်တွေ နဲ့ ကြီးလာရတော့  ပုဂံကို အိပ်မက်ရတာသိပ်အရသာရှိခဲ့ တာ..ဆူပါမင်းကို စိတ်ကူးယဉ်ခဲ့ ရသလို ပုဂံလူစွမ်းကောင်းတွေကလည်း ကိုယ့် ခလေးဘ၀ရဲ့ လူစွမ်းကောင်းတွေပေါ့ လေ

နောက်တော့ သမိုင်းနောက်ခံအရေးကောင်းတဲ့  ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူစာအုပ်ကနေ သမိုင်းသဘောတွေကို ပိုအာရုံလာခဲ့ ရာက  သုဝဏ္ဏဘုမ္မိငရဲ သုဝဏ္ဏဘုမ္မိနိဗ္ဗာန် ဆိုတဲ့ စာအုပ်မျိုးတွေပါ အာရုံခံဖတ်တော့ တာပါပဲ...အဲ့ မှာ ပိုစိတ်ဝင်စားသွားတာက သမိုင်းထဲက ဇာတ်ကောင်တွေရဲ့  ၀ိဥာဉ်သဘော စိတ်တွေသဘောဘက်ကို ပိုခံစားမိတော့ တာမျိုးပေါ့ ..