Powered By Blogger

Saturday, March 14, 2015

'' ပုဂံမှာ သရပါ ''


'' ပုဂံမှာ သရပါ ''
----
''သရပါ ''ဆိုတဲ့ အမည်လေးကိုက သိပ်ကိုလှတာပါပဲဗျာ...၊ မနက်က ဂျာနယ်ထဲမှာ အဲ့ သရပါတံခါး ကြားကနေ စက်တပ်ယာဉ်မှန်သမျှကို ပေးမဖြတ်တော့ ဖို့ တစ်ဆင့် ပြီးတစ်ဆင့် လုပ်သွားမယ်လို့  ပါလာတယ်..အဲ့ တော့ မှ အရင်က စိတ်ကူးယဉ်ခဲ့ ဘူးတာလေး ပြန်သတိရ သွားရောဗျ. ပျူစောထီးပုံပြင်တွေ ရှူးပျံကြီး ငှက်ကြီးရဲ့ အကြောင်း ငှက်အတောင်တစ်တောင်ကိုက မိန်းကလေး၇ယောက်လောက်ရွက်ရတယ်ဘာညာဆိုတဲ့ အံ့ မခန်းပုံပြင်တွေ နဲ့ ကြီးလာရတော့  ပုဂံကို အိပ်မက်ရတာသိပ်အရသာရှိခဲ့ တာ..ဆူပါမင်းကို စိတ်ကူးယဉ်ခဲ့ ရသလို ပုဂံလူစွမ်းကောင်းတွေကလည်း ကိုယ့် ခလေးဘ၀ရဲ့ လူစွမ်းကောင်းတွေပေါ့ လေ

နောက်တော့ သမိုင်းနောက်ခံအရေးကောင်းတဲ့  ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူစာအုပ်ကနေ သမိုင်းသဘောတွေကို ပိုအာရုံလာခဲ့ ရာက  သုဝဏ္ဏဘုမ္မိငရဲ သုဝဏ္ဏဘုမ္မိနိဗ္ဗာန် ဆိုတဲ့ စာအုပ်မျိုးတွေပါ အာရုံခံဖတ်တော့ တာပါပဲ...အဲ့ မှာ ပိုစိတ်ဝင်စားသွားတာက သမိုင်းထဲက ဇာတ်ကောင်တွေရဲ့  ၀ိဥာဉ်သဘော စိတ်တွေသဘောဘက်ကို ပိုခံစားမိတော့ တာမျိုးပေါ့ ..



ပုဂံဘုရားတွေ လည်ဖူးရင်းက သရပါဂိတ်ကို ရောက်တော့  ရှေးလက်ရာစစ်စစ် ရေမရော ဆိုသလို မူလအတိုင်းကျန်နေတဲ့ ထုထည်ကြီးတွေထဲမှာ မင်းကွန်းက ပုထိုးတော်ကြီးလိုပဲ  သရပါဂိတ် ထုထည်ကြီးကလည်း နဲတာကြီးမဟုတ်ဖူး  ''မဟာ ''ဘွဲ့ ခံမယ်ဆိုလည်းခံထိုက်ပါလားပေါ့ လေ...မြင်းလှည်ရပ်ပြီး အနားကပ် အုပ်သားတွေလက်နဲ့ လိုက်ပွတ်ကြည့် လိုက် ခပ်လှမ်းလှမ်းသွား ရပ် ပြီး ရှု့ စားလိုက်ပေါ့ ..အားပါး တံခါးတင် နဲတဲ့ အမြင့် ကြီးလား လို့ ပေါ့ လေ...အဲ့ မှာကတည်းက အဲ့ သရပါဂိတ် ပတ်ဝန်းကျင်လေးကို သဘောတွေကျနေတာ ....

အုပ်ရိုးကြီးရှေ့ လမ်းဘယ်ညာက အဲ့ တုန်းက ထင်ခဲ့ တာက တံခါးစောင့် နတ်ကွန်းလေးသဘောနဲ့ တူပါရဲ့   အုပ်တဲငုတ်စိလေး၂ ခုကိုလည်းသဘောတွေကျလို့ ပေါ့ ..ပိုသဘောကျနေတာက သရပါဂိတ်က စေတီတွေ ကုလားအုတ်ကျောင်းတွေ ဘာညာ အယူဝါဒ သဘောမဟုတ်ပဲ အင်အားကြီးခဲ့ တုန်းက ဘုရင့် ဘုန်းကံနဲ့ အာဏာပါဝါအခြေအနေကို ထင်ဟတ်နေတဲ့  စေတီတွေလို ကန်တော့ ဦးချနေစရာမလိုတဲ့  ဇာတိစိတ် တက်ကြွစရာ အမှန်အကန် ကျန်နေခဲ့ တဲ့  ထုထည် အကြွင်းအကျန်ကြီးဖြစ်နေတာကိုက အာရုံက အတော်လာနေတာ...

နောက်တော့  စာတွေဖတ်ရင်း သူများနိုင်ငံတွေမှာ ကိုယ့် နိုင်ငံရဲ့ သမိုင်းဖြစ်စဉ်တွေမှာ ကျန်ရစ်ခဲ့ တဲ့  ရှေးဟောင်းယဉ်ကျေးမှု့ အနုလက်ရာတွေကို အမြတ်တနိုးထားပြီး ဘယ်လိုတန်ဘိုးထားပြီး ဘယ်လို နည်းပညာတွေနဲ့  ထိမ်းသိမ်းသလဲတွေဘာတွေ ဖတ်ဖူးရမြင်ဖူးရလာတယ် အဲ့ ထဲမှာ အင်္ဂလန်က 
စတုန်းဟင့် ဆိုတဲ့  လျို့ ဝှက်ဆန်းကြယ်ရှိလှနေဆဲ ကျောက်တုံးတွေထပ်စီထားတဲ့  ကျောက်တုံးစက်ဝိုင်း ထားပုံ သိုပုံ ရှု့ ခင်းအလှတွေကိုလည်း မြင်ရရော အဲ့ မှာ တွေးမိ စိတ်ကူးယဉ်မိတော့ တာပါပဲ အဲ..စိတ်ကူးယဉ်မိခဲ့ တာပြန်ပြောတာပါဗျာ..ဟီးး

အဲ သရပါဂိတ်ကြီရဲ့  ပတ်လည်ကို အင်္ဂလန်ကလို  မြက်ခင်းကွင်းပြင်လို ကွက်လပ်ကျယ်ဖန်တီး ..စနေတနင်္ဂနွေလိုမျိုးတွေမှာ ညညဆို စပေါ့ လိုက်နဲ့ မြို့ ရိုးကိုမီးပင့် ထိုးထားပေါ့ လေ. ..လိုအပ်မယ်ထင်တဲ့ ရေတံခွန်တွေဘာညာက ခပ်လှမ်းလှမ်းမှာပေါ့ ..အဟီးး...အတော်စိတ်ကူးယဉ်ပလိုက်တာပေါ့ ...အဲ့ သရပါဂိတ်ကိုထိုင်ကြည့် နေရင် ပုဂံက လူ တွေရဲ့ ဇာတ်ကွက်တွေ တစ်ခုပြီးတစ်ခုပေါ်လာတတ်တယ် အားတက်စရာတွေ သံဝေဂရစရာတွေ လူတွေရဲ့ သဘောမနောတွေပေါ့ 
''မရှိ၍ ရှိသူ ရှိ၍ မရှိသူ '' ဇာတ်ကွက်မျိုးတွေပေါ့ .

အိန္ဒိယမှာတော့  နှစ်ပေါင်း ၄ထောင်၅ထောင်လောက်က လက်ရာ သိပ်ထုထည်ကြီးတဲ့  မဟာ ဘုရား ကျောင်းကြီးတွေရှေ့ မြက်ခင်ပြင်ကြီးမှာ စပေါ့ လိုက်တွေထိုးပြီး အိန္ဒိယ ယဉ်ကျေးမှု့ ကပွဲတွေ အမြဲလိုလို ကျင်းပနေတာ ၈ပေ စလောင်းကလာတာ ခဏခဏသွားသွားကြည့် ဖြစ်သေးတယ်..ကြယ်တွေစုံတဲ့ ညတွေမှာ မှောင်သလိုလို ပြာမှောင်လိုလို ကောင်းကင်ကြီးနောက်ခံထားလို့ တစ်ခါတစ်လေ မစ်ကီးဝေးကြယ်စုကို လှမ်းမြင်ရသေးတယ် သက်တံ့ ရောင်ဖြာချင်သလိုလို နဂါးလိမ်မီးခိုးငွေတွေလိုလိုနဲ့ ပေါ့ ...မြေပြင်မှာက နီညိုညို အုပ်ရိုးပေါင်းမိုးကြီးတွေရဲ့ ရှေ့ မှာ.အိန္ဒိယရိုးရာ ကခြေသည်လေးတွေက ခြေဖျားက ခြူသံတွေနဲ့  ချလွင်သံပေးပြီး..ဘာရတတို့ ရာမယဏတို့ ကဗျာလွတ်တို့ ကနေတာ ရှေးက သမိုင်းကြောင်းတွေကို အတော်လွမ်းစရာကောင်းတဲ မြင်ကွင်းတွေပေါ့ လေ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..