စိတ်ဒဏ်ရာဆိုတာ
----
အဲ့ တုန်းက ပြည်မှာ နွေကျောင်းပိတ်ရက်ဆို တစ်နွေလုံးသွားနေခဲ့ တာ.ဆော့ တာအသားကုန်ပေါ့ ..၊ တစ်နှစ်တော့  ဦးလေးတစ်ယောက်ကမင်္ဂလာဆောင်ရှိတယ်။
အမျိုတွေလာကြတယ်ပေါ့ ..အဲ့ ထဲမှာ ဘယ်လိုကဘယ်လို မေတ္တာပျက်မိနေမှန်းမသိတဲ့ အမျိုးထဲက နောက်ဦးလေးတစ်ယောက်ပါ ပါတယ်၊ သူကလည်း ဆော့ လွန်းလို့  မျက်စိနောက်နေပုံရပြီး အပြန်အလှန်မေတ္တာပျက်နေပုံရပါတယ်..
တောအလှုလိုပါပဲ ကလေးတွေလည်းအများကြီး ကိုယ်ကလည်းကလေးကြီးဆိုတော့ ရောဆော့ နေတာ..ဖုတ်ထဲသဲထဲပေါ့ ။ ညီမလေးကို လည်ဂုတ်ခွထမ်းပြီး တော့ ဆော့မိတယ်၊ ညီမလေး လုပ်သူကလည်း မျောက်မူးလဲမလေးဆိုတော့  ဂုတ်ပေါ်ကနေ လှန်ချတာ ကိုယ်တစ်ပတ်လှည့် ပြီး ပြန်ပွေ့ လိုက်တော့ မြေပေါ်မကျပါဘူး ပိုက်လျက်သားလေးပေါ့ ..ကိုယ့် ညီအစ်ကိုချင်းက ဟုတ်နေတာ ၀ါးကနဲပေါ့ ...ကိုယ်ချင်းသာအိုကေနေတာ ခပ်လှမ်းလှမ်းကာလသားဝိုင်းမှာထိုင်နေတဲ့  မတည့် တဲ့ 
ဦးလေးက လှမ်းမြင်သွားပြီး အပြေးလေးရောက်လာပြီး တင်ပါးကို သူ့ ခြေခုံနဲ့  တစ်ချက်လှမ်းခတ်လိုက်ပြီး ဆူဆဲတော့ တာပါပဲ...
အားကသိပ်မပြင်းလို့  သိပ်မနာပေမယ့်  အရမ်းနာသွားတာက ရင်ထဲမှာ...ကလေးကြီးဖြစ်နေတော့  ရှက်တတ်ခဲ့ ပြီ...လူပုံအလယ်မှာ ဒီလိုမျိုး သူ့ သားမဟုတ်ဘာမဟုတ်ကို လာလုပ်ရပါ့ မလားဆိုပြီးတော့  တွေးပြီး အဲ့ ညနေက စပြီး မင်္ဂလာဆောင်ဆိုတာလဲ ကိုယ့် မျက်စိထဲ အသုဘ အခန်း အနား လုပ်နေတယ်ထင်သွားတယ်..ပွဲပြီးတဲ့ အထိ အနားမကပ်တော့ သလို့  အဲ့ နွေဟာ ကိုယ့် အတွက် ကျက်သရေမရှိဆုံးနွေရာသီ တစ်ခုဖြစ်ခဲ့ တယ် ဘယ်သူနဲ့ မှ ဟက်ဟက်ပက်ပက် စကားမပြောမိတော့ သလို လုံးဝမဆော့ တော့ ဘူး အိမ်ပြန်ချိန်သာ လက်ချိုးနေတော့ တယ်...
အဲ့ လိုတွေးမိတိုင်းစိတ်နာချက်ဟာ အနှစ် ၂၀ကျော်မကဘူး..အဲ ခြေစွမ်းပြခဲ့ တဲ့ ဦးလေးကိုလည်း သူသေတဲ့ အထိ သွား စကားမပြောတော့ သလို အိမ်လာရင်တောင် ရှောင်နေမိတော့ တယ်..ဦးလေးလုပ်သူက နောက်ပိုင်းမှာ အထာပေါက်လို့  ပြန်ရောပြချင်သေးသလိုလို လက်ဆောင်ဝယ်ပေးသလိုလို လာလုပ်ပေးပေမယ့်  ရယ်ပြဖို့ နေနေသာသာ ပြုံးတောင်မပြခဲ့ တော့ ဘူး...တကယ့် ကို စိတ်ဒဏ်ရာရသွားပြီးဆိုရင် ရင်ထဲဖြစ်သွားတဲ့ အကြိတ်အခဲက အလွယ်နဲ့ စာပေတွေ ဖတ်လို့ နဲ့  တရားတွေ နာနေယုံလောက်နဲ့  ဖြည်ချလို့ မရလွယ်ဘူးဆိုတာမျိုးတော့ နားလည်သွားခဲ့ တယ်...နောက်သင်္ခန်းစာကတော့  ကိုယ်ချင်းစာတတ် သွားပြီး ဘယ်ကလေးကိုမှ စိတ်ဒဏ်ရာ ရသွားအောင်မလုပ်မိတော့ ဘူး
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..