Powered By Blogger

Thursday, July 16, 2015

လူနဲ့  ပစ္စည်း အခါတိုင်ကွဲပုံလေး...

လူနဲ့  ပစ္စည်း အခါတိုင်ကွဲပုံလေး...
============
အင်္ဂါနံပစ္စည်း စက်ရောင်းချင်လို့ ဆိုပြီး လာရင် အင်္ဂါနံ န၀င်း တိုင်ထိပ်မှာ ရောက်နေချိန် သောကြာတိုင် မှာ သရက်ရွက်နဲ့  ရိုက်ပါဆိုတာက ၇နေ့ သားသမီး ကိုပေးတာ..
.စက် အင်္ဂါနံ အဓိကမို့ 
လူ နေ့ သား အလိုက်ကတော့  ယတြာတစ်ခုခု လုပ်တော့ မယ်ဆိုရင် ဥပမာဆိုပါတော့  ကြာသာပတေးသားသမီး ကံညံ့ လို့ ယတြာခြေပါဆိုရင်
သောကြာတိုင်ကို ရှောင်ပြီ (သောကြာတိုင်မှာ ကြာသာပတေးနံ (၀ါ) ကြာသာပတေးသားသမီး ခိုက်မှာရောက်နေလို့ )
တနင်္ဂနွေတိုင်မှာ ယတြာသွားခြေခိုင်းတယ် (တနင်္ဂနွေတိုင်မှာ ကြာသာပတေးသားသမီး န၀င်းတိုင်ထိပ်ရောက်နေလို့ သဘော)

ဆြာ


ဆြာ
လူတယောက်ကအကြွင်းအားလုံးထဲမှာ၆ကြွင်းဗုဒ္ဓဟူးသားသမီးတွေက ကံအဆိုးဆုံးတဲ့အဲတာဟုတ်လား။စိတ်ထဲစွဲနေတာကြာဘီ ၅နှစ်လောက်ရှိပြီဆြာ။


Na Win Thi Ha ပဋာစာရီလောက် ငါ ကံမဆိုးဘူးသေးပါဘူးလို့ မှတ်ပါလေ.

 အဲဆိုဟုတ်တယ်ပေါ့ ဗြဲ


Na Win Thi Ha အဲ့ လို ကောက်ချက် စချတဲ့ သူကို မေးချင်တယ် ၆ ဗုဒ္ဒဟူး ဘယ်နှစ်ယောက်ကို တွေ့ ခဲ့ လို့  အဲ့ လိုပုံသေ ဆိုရသလဲလို့ ပေါ့  ကမ္ဘာပေါ်မှာ လူဦးရေ သန်း ၇၀၀၀ ကျော်ရှိတယ်လို့ ...


 ပြီးတော့ပြောသေးတယ်၆ဟူးပြီးရင်၃ကြွင်းတဲ့ နေ့နံတော့မပါဘူး ခ်ခ်


 ဆြာပြောမှရှင်းသွားတော့တယ်။နို့ မိုဆို ရင်ထဲခုလုခုလု နဲ့

ဗေဒင်အလုပ်သဘောပါ

ဗေဒင်အလုပ်သဘောပါ
------------
ဓမ္မဓိဌာန်သဘော ပုဂ္ဂလဓိဌာန်သဘော
------------
ယူနီဗာဆယ်လ်သဘော ပါဆိုနယ်သဘော
----------------
ဗေဒင်က ဘာဟောတာလဲ စတွေးရတော့ တာပေါ့ 
----------
လူဆိုတာ သေမျိုး ဖြစ်သည်ဆိုတာ  လူမျိုးနွယ် ဆိုတဲ့ သတ္တ၀ါ အစု အကုန်လုံး အကျုံးဝင် အတွက် ဓမ္မဓိဌာန်သဘော ယူနီဗာဆယ်လ်သဘော ပေါ့ 
--------------
လူမျိုးနွယ်ထဲမှ  လူသားတစ်ဦးဖြစ်သော ဦးဘ သည် အသက် ၇၅ တွင် အနိစ္စရောက်နိုင်သည် ဆိုတာကြတော့ မှ လူတွေအများကြီးထဲက လူတစ်ယောက်ဖြစ်တဲ့  ဦးဘကို သီးသန့် ဆွဲထုတ် ပြောတဲ့  ပုဂ္ဂလဓိဌာန်သဘော  ပါဆိုနယ်သဘော ဖြစ်သွားတယ်...ဒါကို ဗေဒင်ဟောတာလို့ ဆိုလိုနိုင်မယ့် သဘောရှိတယ်လို့ စတွေးရပြီ..

ဘ၀အတွေ့ အကြုံကလာတဲ့  စိတ္တဇ

ဘ၀အတွေ့ အကြုံကလာတဲ့  စိတ္တဇ
---------
ကိုယ်တိုင် မတော်ဆမှု့ တွေ ခဏခဏကြုံခဲ့ ရပြီး မသေထိုက်သေးလို့ သာ မသေသေးတာ..အဲ့ အတွေ့ အကြုံတွေကနေ အကျင့် ဖြစ်သွားတာက
တစ်စုံတစ်ရာဆို ဘေးအန္တရာယ် ဖြစ်မဖြစ်ကို အရင် ကြည့် တတ်လာတာမျိုးပဲ
အဲ့ လို ၂ ထပ်ကုတင်တွေ မြင်တိုင်း ဒီဇိုင်းက သားနားပေမယ့်  အပေါ်ကနေ ပြုတ်ကျမယ်ဆို ကိုယ့် အိမ်ထဲတင် လွယ်လွယ်လေးပဲလို့ ဆိုတဲ့ 
အသက်ဘေး မျိုးကိုတွေးပြီး ငါ့ သားသမီး ကလေးတွေသာဆို ၂ထပ်ကုတင်ရဲ့ အပေါ်မှာ မထားရဲပါဘူး ကလေးတွေရဲ့ အတိတ်ကံတွေက ဘယ်လိုပါလာလဲမှ
မသိတာလို့ တွေးမိသွားတတ်တယ်.ကိုယ်တိုင်ကိုက ထပ်ခိုးပေါ်ကပြုတ်ကျ ခြေမျက်စိ အရိုးအက်ဖူးခဲ့ တာရဲ့ စိတ္တဇ သဘောနေမှာပေါ့ နော့် ...

တစ်ယောက်ထဲ ချာရပတ်ရမ်း အတွေးများ..

^_^  >_<
တျောက်ထဲ ချာရပတ်ရမ်း အတွေးများ..
----------
တကယ်ဆိုရင် ကျနော်တွေးတဲ့ စတိုင်က သူများလို ဗေဒင်ဟောစားလို့ ရမယ့် ပုံ မပေါ်ဘူးဗျ...အခု ကျနော်လုပ်နေတာ အတိတ်ကံက ပို ပံ့ ပိုးပေးလို့ ဗေဒင်သည် ဖြစ်နေတာမျိုးလို့  ကိုယ့် ဟာကိုယ်တော့ ရိပ်မိနေတယ် ကျနော်တွေးတဲ့ စတိုင်က ကျောင်းတက်တုန်းကရခဲ့ တဲ့  ဖလော်စဖီ ပညာက တွေးနည်းတွေ အရမ်းများနေတယ်...ကြုံဘူးခဲ့ တဲ့  ဖတ်ဖူးနေကျတွေ တွေးနည်းတွေနဲ့  ကွဲနေတယ်

အဟောပိုင်း ယတြာပိုင်း နဲ့  တကယ့်  '' ကီး.''

အဟောပိုင်း ယတြာပိုင်း နဲ့  တကယ့်  '' ကီး.''
-----------
နောက်တစ်ချက် အတော်တော်များများ ဆရာတွေ မရေးပေးကြတဲ့  ရေးပြဖို့ မေ့ နေပုံရတဲ့  အတွေ့ အကြုံသဘောက အဟောနဲ့  ယတြာမှာ အဟောပညာသဘောကိုပိုအားပြုပြီး  နဲ့ ဗေဒင်သည်ဘ၀ကို စတင်ကြရတာပါ ဆိုတဲ့ အချက်ကို ရေးပြတာမျိုး မဖတ်ခဲ့ ရတာပဲ

ကက်ကင်းတဲ့ 

ကက်ကင်းတဲ့ 
----
'' လက်ပံမြင်းလား မှတ်သားတစ်နည်း  ဖွဲကြမ်း ကင်ပွန်း ဓါတ်ပြန် ညွှန်း၏ ''...တဲ့  ကက်ကင်းဓါတ်ရိုက် ပညာသဘော စာပေလာပေါ့ ၊ ဓါတ်ရိုက်တာ ကြာပါတယ် အပင်လိုက်  ခုတ်လှဲပြီး အသီးတွေ ယူလိုက် ပြီးတာပဲပေါ့ တော့  မဟုတ်ဖူးပေါ့ လေ...ဒါက ဆင့် ပွား လုပ်စားတတ်အောင် နည်းလေး လမ်းစဖေါ်ပေးသွားတဲ့ သဘောပေါ့ 

ငါ...

ငါ ရှိသည် ဖြစ်သည်ဆိုတာ ငါ အတ္တ သဘောလို့ ဆိုရင် ဒေါသ လောဘ အလွန်ကြီးနေသေးတယ်ဆိုတာ အတ္တ အလွန်ကြီးနေသေးတယ်ဆိုတဲ့ သဘာပေါ့ 

စာဖတ်ပြီး ဒေါသ လောဘ လျှော့ ချရတာ လျော့ နေပြီပြောလိုက်တာက လွယ်တယ် ဒါပေမယ့်  တကယ်လျော့ မလျော့  ကိုတော့ လက်တွေ့  အစမ်းသတ်ခံလိုက်ရမှ ကိုယ့်  အတ္တ ဘယ်လောက်ကြီးလဲဆိုတာ ဘွားကနဲ ပေါ်လာတာမျိုးသဘောလည်းရှိတယ်

ဆိုပါတော့  သူများသမီး လင်နောက်လိုက်ပြေးတာကို အော် ကျွတ်ကျွတ် ဒီခေး မိုက်လိုက်ထှာ လို့  ပြောရတာလွယ်ပေမယ့်  ကိုယ့် သားက ဟွာမယ်လေးနဲ ငြိနေတယ်လို့ သတင်းကြားယုံရှိသေး တကယ်ဟုတ်မဟုတ် မစုံစမ်း သုတ်ကနဲဆို ထမိန်စွန်တောင်ဆွဲ အင်းကျီလက်မောင်းပင့် ပြီး
 ..အဲ့ အခန်းရှေ့  သွား..

'''.ဟဲ့  အထဲက ပုန်းနေတဲ့ ကောင်မ ခုချက်ချင်း ထွက်ခဲ့ စမ်း အရပ်ပျက်မ.နင့် ကိုယ် နင်  ♫ ♪♫ ♫ ♪♫ ''  ဆိုပြီး လမ်းလယ်ခေါင် နေ့ ခင်းကြောင်တောင်  အရပ်ပျက်အောင်  အော် အော်ပြီး မေတ္တာပို့ တာမျိုးက...မေတ္တာလား ငိငိ လား ရောသုတ်လားက မဝေခွဲတတ်

( ခွဲမနေနဲ့  မိဘမေတ္တာပါလို့  သဘောထားပေးလိုက် ခေးအမေတွေက လာရန်တွေ့ နေလိမ့် မယ်.......ငိငိ)

အမည်သညာခေါ်စရာကား ''''မောင်....''' လို့  တွင်စေသတည်း..

အမည်သညာခေါ်စရာကား ''''မောင်....''' လို့  တွင်စေသတည်း..
------------
အခုရေးတာက အမည်တွေနဲ့ ပတ်သက်ရင် ကျနော်ထားတဲ့  သဘောထားပေါ့ ။ ဒီလိုချရေးတာက တစ်ချို့ တွေက အမည်နဲ့ ပတ်သက်ရင် သာမန်ထက် ပိုတဲ့ သဘောထားရှိလို့  ကျနော်တို့ အမည်တစ်ခုကို ရွေးတဲ့ အခါမှာ စိတ်တိုင်းကျ မရလွန်းတဲ့  အခက်အခဲတွေကြုံရလေ့ ရှိတာကြောင့် ပဲ..

အဟော နဲ့ အဖြည်

အဟော နဲ့ အဖြည်
---------
တစ်ယောက်နဲ့ တစ်ယောက်တော့  စိတ် မတူတတ်ဘူး ကျနော်ကတော့  ကောင်းတာဖြစ်စေ မကောင်းတာဖြစ်စေ ကောင်းတယ်လို့ ပြောပေးပြီးရင် ပိုကောင်းအောင် မကောင်းဘူးလို့ သတိပေးပြီးရင် ဘယ်လို ကာကွယ်ပါ လို့  အဖြည်တွေ ထည့် ပြောတတ်တယ် ကြောင်ဆိုးကို ခြူဆွဲဖို့  အကြံပေးယုံလောက်နဲ့ တင် ရပ်မထားပဲ ဘယ်လိုဆွဲသင့် ဘယ်သူက သွားဆွဲသင့် တယ်အထိ ဆက်တွေးတတ်သူမျိုးပါ

အဖြစ်များတတ်တဲ့ ယေဘယျလက္ခဏာ ဆိုပါတော့ 

၁ ကြွင်းရဲ့ ဘော်ဒီ ကျမ္မာရေးအများစုဟာ ၀မ်းချုပ်တာကစလာတာများတယ်လို့ ဝမ်းချုပ်လွန်းလာရင် လိပ်ခေါင်း သွေးတိုး လေဖြန်းတွေ ဖြစ်လွယ်တယ်ဆိုတာက အဟော ဖြစ်ပြီး  ၀မ်းချုပ်သိပ်မခံနဲ့ ရေများများသောက် အသီးအရွက်တွေ လည်း ခဏခဏစားပါ လူ့ လှုပ်ရှားမှု့ များပါစေဆိုတာက အဖြည်သဘော