စာဖတ်ပြီး ဒေါသ လောဘ လျှော့ ချရတာ လျော့ နေပြီပြောလိုက်တာက လွယ်တယ် ဒါပေမယ့်  တကယ်လျော့ မလျော့  ကိုတော့ လက်တွေ့  အစမ်းသတ်ခံလိုက်ရမှ ကိုယ့်  အတ္တ ဘယ်လောက်ကြီးလဲဆိုတာ ဘွားကနဲ ပေါ်လာတာမျိုးသဘောလည်းရှိတယ်
ဆိုပါတော့  သူများသမီး လင်နောက်လိုက်ပြေးတာကို အော် ကျွတ်ကျွတ် ဒီခေး မိုက်လိုက်ထှာ လို့  ပြောရတာလွယ်ပေမယ့်  ကိုယ့် သားက ဟွာမယ်လေးနဲ ငြိနေတယ်လို့ သတင်းကြားယုံရှိသေး တကယ်ဟုတ်မဟုတ် မစုံစမ်း သုတ်ကနဲဆို ထမိန်စွန်တောင်ဆွဲ အင်းကျီလက်မောင်းပင့် ပြီး
..အဲ့ အခန်းရှေ့  သွား..
'''.ဟဲ့  အထဲက ပုန်းနေတဲ့ ကောင်မ ခုချက်ချင်း ထွက်ခဲ့ စမ်း အရပ်ပျက်မ.နင့် ကိုယ် နင် ♫ ♪♫ ♫ ♪♫ '' ဆိုပြီး လမ်းလယ်ခေါင် နေ့ ခင်းကြောင်တောင် အရပ်ပျက်အောင် အော် အော်ပြီး မေတ္တာပို့ တာမျိုးက...မေတ္တာလား ငိငိ လား ရောသုတ်လားက မဝေခွဲတတ်
( ခွဲမနေနဲ့  မိဘမေတ္တာပါလို့  သဘောထားပေးလိုက် ခေးအမေတွေက လာရန်တွေ့ နေလိမ့် မယ်.......ငိငိ)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..