Powered By Blogger

Wednesday, February 4, 2015

အခြေအနေ ၂မျိုး အနှိုင်းနဲ့ အနှိုင်းခံသဘော..(အတွေးသဘော)

ဒီတော့ လောကဓံ ၈ပါး (သို့ ) ကံကောင်း ကံဆိုး သဘောတွေမှာ ကိုယ့် ရဲ့  စိတ်အလိုပြည့် ခြင်း မပြည့် ခြင်း ခံစားမှု့ တွေ အပေါ်မှီပြီးဖြစ်လာတဲ့ ကျေနပ်ခြင်း မကျေနပ်ခြင်း ဝေဒနာသဘောကြောင့်  ဖြစ်လာတဲ့ လောကဓံ သဘောက အခြေအနေတစ်မျိုး...ဥပမာ ပိုက်ပိုက်တွေရနေလို့ ပျော်နေရင်း'' ငါတော့ ကံကောင်းလာပြီနဲ့ တူတယ် ''လို့ ခံစားလိုက်တာမျိုးနဲ့ ပိုက်ပိုက်တွေ ရှာသလောက် မရလို့ ညစ်ညစ်နဲ့ '' ဆိုးလိုက်တဲ့ ငါ့ ကံနှယ် ''လို့ ဆိုပြီး ကိုယ်က ခံစားတာလိုက်တာမျိုး....

ဘေးလူတွေက ကိုယ့် မှာ ကားမရှိလို့ အထင်သေးပြီး ငမွဲလို့ ကဲ့ ရဲ့ တာ...ကားရှိလို့  ဘောစိပဲလို့ ချီးမွမ်းတာ သင်းကွဲလေးပါကွာလို့ ပြောတာ အဖွဲ့ တောင်လှချည်လားလို့ ဝေဖန်တာ ဒုက္ခတွေ များလိုက်တာ သနားစရာလို့ ကိုယ်ကို လာပြောတာ..အားကျစရာကြီး ကုသိုလ် ကောင်းလိုက်တာ သက်သက်သာသာနဲ့  ချောင်ချောင်လေး ရနေတယ်နော်လို့ လာဝေဖန်တာတွေဟာ ကိုယ်နဲ့ မဆိုင် ကိုယ်ခံစားတာ မဟုတ် ကိုယ့် အခြေအနေကိုကြည့် ပြီး သူ့ ဟာသူ ခံစား မှတ်ချက်ချတဲ့ လောကဓံသဘောလေး......

ဒီတော့  လာဘ်ရခြင်း မရခြင်းစတဲ့ သဘောတွေကို ခံစားတာ မှတ်ချက် ချတာဟာ ပြင်ပတစ်စုံတရာနဲ့ သွားနှိုင်းတဲ့ သဘော မရှိပဲဖြစ်မလာနိုင်ပါဘူး.ကိုယ့် ထက်ထောတဲ့ သူနဲ့ နှိုင်းရင် ကိုယ်ဟာ လာဘ်မရသူ ဖြစ်သွားပြီး ကိုယ့် ထက် မွဲတဲ့ သူတွေနဲ့ သွားနှိုင်းရင် ကိုယ်ဟာ လာဘ်ရသူဖြစ်သွားပါတယ်၊ ကိုယ့် လက်ထဲက လာဘ်ကတော့  ဒီပမာဏပါပဲ.. အသက် ၅၀နဲ့ ကွိသွားတာကို အသက် တိုတယ်ဆိုတာ..အသက်၇၀/၈၀ တန်းခေတ်ဖြစ်နေလို့ သဘော..၊ အသက် ၉၀က မသေသေးဘူးဆိုတော့  ကုသိုလ်ကောင်း လိုက်တာလို့ ချီးမွမ်းကြပေမယ့်  လူ့ အသက်တစ်သောင်းတန်းကလူတွေနဲ့ ယှဉ်ရင် အနိမ့် ဆုံးနတ်သက်တန်းနဲ့ တွက်ရင် ရယ်စရာဖြစ်သွားမယ့် သဘော....

ဒါကြောင့်  လောကဓံသဘောတွေ ကံကောင်းကံဆိုးသဘောတွေဟာ သူ့ ချည်းရှိနေတဲ့ သဘော မဆောင်တော့ ပဲ့  အခြားအခြေအနေတစ်ခုခုကို မှီပြီးမှ ဖြစ်တည်နေတဲ့ မှတ်ချက်မျိုးတွေသဘောတွေနဲ့  ကိုယ့် အလိုပြည့် မှု့ မပြည့် မှု့ လိုတာချင်တာမရမှု့  မလိုချင်တာဖြစ်လာမှု့  စတာတွေ အပေါ်လိုက်ခံစားတဲ့ သဘောမျိုးတွေလို့ .....

'' ကောင်းကင်တို့ ပြို ကမ္ဘာတို့ ပျက်တဲ့ ည...'' (အမေ့အတွက်ခံစားမှု့ စာစု)

မိသားစုအတွက် အနှစ် ၃၀ကျော်အတွင်းပထမဦးဆုံး သောကသတင်းဆိုးကို စတင်သယ်ဆောင်လာပုံက အမေ့ မှာ '' အဆုပ်ကင်ဆာ'' စွဲကပ်နေပြီဆိုတဲ့ သတင်းဆိုးပါပဲ....
ဒိထက်ဆိုးတဲ့ သတင်းဆိုးတွေတောင် ရင်နှင့် အမျှ ချစ်သောသူနဲ့ ပတ်သက်တဲ့ သတင်းဆိုးလောက် ဘယ်သတင်းမှ မဆိုးသေးဘူးလို့ တောင် ထင်မိတယ်၊ ကိုယ့် မိသားစု ကမ္ဘာကြီး အရင်ပျက်သွားသလိုပါပဲ....

ပထမ သုံးလလောက်အတွင်းမှာ သေခြင်းတရားကို အမေရော တစ်မိသားစုလုံး တက်ညီလက်ညီ ရုန်းကန်တိုက်ပွဲဝင်ကြတော့ တယ်.'''အရှုံးမပေးဘူး ပျောက်ကိုပျောက်ရမယ် အမေ့ အသက်က ငယ်သေးတယ် ဘာလို့ စောစောစီးစီး သေရမှာလဲ.'''.ဆိုပြီးတော့ ပေါ့ ..အားမာန်တွေသာ နင်းထည့် တာ လောကီနည်းစုံတွေအရရော ဆေးပညာစုံ ဖက်က ခန့် မှန်းချက်အရပါ..ခံလှ ၆လ ၇လ ဆိုတာ အပူရုပ်ကို ဟန်လုပ်နေကြတဲ့ အမေကိုယ်တိုင်ရော တစ်မိသားစုလုံးပါ ရိပ်မိနေခဲ့ ကြပြီ..

၎လလောက် အရောက်မှာတော့ အမေဟာ ပထမပိုင်း ၃လလောက်ကလို သေခြင်းကိုတုန်လှုပ်မှု့ မရှိတော့ ပဲ ငြိမ်ကျသွားတော့ တယ်..သေခြင်းအကြောင်းတွေ ဆေးအကြောင်းတွေကို ဘာမှမပြောတော့ ဘူး..ဆေးတိုက်ရင်သောက် ဝေဒနာကြွချိန်ဆို မလှုပ်မရှက် အံ့ ကြိတ်ခံနေခဲ့ ပြီ ၊ ပုံမှန်စကားတွေ ရယ်ရယ်မောမော ပြန်ပြောလာတော့ တယ်..သူက သေခြင်းကို ထီမထင် အက်ရှင်ပြောင်းသွားလေ ကျနော်တို့ မှာ ကွယ်ရာကနေ မျက်ရည်တွေ သုတ်နေရလေလေပါပဲ..အမေ့ရှေ့  တော့ မှင်လေးနဲ့ နေပေးလိုက်ကြတယ်..သောကနဲ့ ရယ်မောတဲ့ မျက်နှာတွေဟာ အတော် အကျည်းတန်လှပါလားလေ..။

နောက်တစ်လမှာတော့  ထူးခြားအိပ်မက်တစ်ခု ပြောတယ်..လူမဲမဲကြီးတွေ အနားရောက်လာတယ် လိုက်ခဲ့ လို့ ခေါ်တယ်..သူငြင်းပစ်တယ် မလိုက်သွားဘူးတဲ့ ၊ အဲ့ မှာ နောက်ရက်က  စပြီး.မနက်ရယ် နေ့လည်ရယ် ညနေတွေရယ်မှာ မောင်နှစ်မတွေ တစ်ယောက်တစ်လှည့်  ပရိပ်ကြီးစာအုပ်တွေ ထိုင်ဖတ်ခိုင်းလို့  ဖတ်ပေးရတော့ တယ်..တစ်ခါ ဖတ်ပြရရင် ၁၅မီးနစ်ကျော်လောက်ပေါ့ ...အဲ့ အချိန်မှာတော့  မျက်လုံးလေး မှေးမှိတ်ပြီး နားထောင်နေတယ်..။ 
နောက်တော့  အိမ်ကိစ္စတွေကိုသူက ပါးစပ်ကပြော ကျနော်တို့ က စာအုပ်ထဲ လိုက်မှတ် ပေးရတော့ တယ်၊ ပထမတော့  မမှတ်ချင်ဘူး ငြင်းကြည့် ပေမယ့်  မရတာနဲ့  မှတ်ပေးရတော့ တယ်..ကြိုတင် ပြင်ဆင်နေပြီလား အမေ...။

သံဃာတော်တွေအပင့် ခိုင်းလို့ ပင့် ပေးရတယ် အိမ်မှာ ဆွမ်းကပ်တယ် ဆရာတော်ကလည်း သိနေလို့ တရားဟောတာတောင် သူတို့ ကစပြီး အသံက တုန်တုန်တုန်တုန် တစ်ချက် တစ်ချက်ငိုသံက စွက်ချင်သေး နဲ့ သူတို့ က ရှေ့ ကထိုင်ဒီလိုဆိုတော့ အိမ်သားတွေက မျက်ရည်ကန်ကျိုးပြီပေါ့ ၊ သူကတော့ ဘာမှ မဖြစ်သလို..၊ 

နောက်ပိုင်းရက်တွေမှာတော့ တအိမ်လုံးဟာ စက်ရုပ်တွေလိုပါပဲ ဘာလုပ်လုပ် အသက်မ၀င်။ ဘာစားစားအရသာမရှိ၊ အမေအိပ်နေတဲ့ ကုတင်ကို လှမ်းလှမ်းကြည့် ရတာ အမော.

. ''' အမေငြိမ်လှချည်လား..အသက်မှ ရှုသေးရဲ့ .အမေ..အမေ့..အမေ..ဟေ..ဘာတုံး..သြော်..
လည်ပင်းခေါက်နေမှာ စိုးလို့ ...ခေါက်ပါဘူး...အဲ့ တော့ မှ..ဟူးးးး...တော်သေးရဲ့ ...'''..

တစ်နေ့ ပြီးတော့ တစ်နေ့  တစ်နေ့  ဒီနေ့ အမေ မသေသေး.အခြေအနေ ကောင်းနေသေး.နဲ့  လက်ချိုးနေရတဲ့ ရက်တွေ နေ့ တွေ..သောကပရိဒေ၀ မသေခင်ကကို လူသေသွားတဲ့ အိမ်လိုပါပဲ...''တောက်'' ငါသာ သေပေး လိုက်ချင်တယ်.''...

ညက အိပ်မက်တယ်.တဲ့ .'' ဘာအိပ်မက်လဲအမေ.''.''' ကောင်းကင်က ရထားပျံကြီး တစ်စီးလာတာတွေ့ တယ်ဟဲ့ .နောက်တော့ ငါ သရက်ခြံကြီးထဲ ရောက်သွားတာ အသီးတွေအများကြီးပဲ..ချိုလိုက်တာဟယ်.'''..'' ဟာား..အိပ်မက်ကောင်းပဲ..အမေ့ရောဂါ ပျောက်တော့ မယ်နဲ့ တူတယ်...''..ဒါဟာ နောက်ဆုံး အိပ်မက်မှန်း မသိခဲ့ သလို နောက်၅ရက်မှာ မိသားစုနဲ့ အပြီးး လမ်းခွဲ သွားတော့ မယ်ဆိုတာလဲ မသိခဲ့ ဘူး....

အဲ့ ဒီည.ဟာ ကောင်းကင်တို့ ပြို ကမ္ဘာတို့ ပျက်တဲ့ ညပေါ့ အမေရယ်...။

'' သားကြီးရေ..''' (အဖေ့အတွက်ခံစားမှု့ )



အဖေက ကျောက်ကပ်ပျက်သွားလို့ စက် နဲ့ ဆေးနေရပြီ...ပထမတော့  ယောက်ျားတို့ ရဲ့ မာန်နဲ့  သူ့ မျက်နှာက ဟန်မပျက်သေးဘူး...အိုခြင်း နာခြင်းကိုရင်ဆိုင် သေခြင်းကို ကြိုတွက်ထားပြီးသား အမူအယာမျိုးနဲ့ ပေါ့ ..။ ဒါပေမယ့်  ရက်က လပြောင်း လကနေ နှစ်ပြောင်းလာတဲ့ အခါမှာ သူ့ ရဲ့ ''' ခန္ဓာကိုယ် ခံနိုင်ရည် ကျဆင်းခြင်းကြောင့်  အားငယ်လာ '' ဆိုသလိုပါပဲ...အဖေ့ မျက်ဝန်းတွေဟာ အရင်လို စူးရှထက်မြက်မှု့ တွေ လျော့ ပါလာခဲ့ စပြုလာတာကို အဖေရော ကျနော်သားကြီးသြရသပါ သိနေခဲ့ ကြပြီ....

'''သား''..''သားကြီးရေ.''..ဆိုတာ မနက် မနက် အိပ်ယာနိုးစမှာ သူ့ နှုတ်က ထွက်ထွက်လာလေ့ ရှိတဲ့  အိပ်ယာနိုးစ ပထမ စကားလေးတွေဖြစ်လာခဲ့ပြီလေ....အရင်တုန်းက အိမ်ထောင်ဦးစီး ဆိုပြီး ခပ်တည်တည်နဲ့ နေတတ်ပြီး တစ်လနေလို့ တစ်ကြိမ် ''' သားကြီးရေ ''လို့  ခေါ်ခဲရာကနေ ခု တော့  သားရေ သားကြီးရေလို့  အခွန်းပေါင်းများစွာ ခေါ်တတ်နေခဲ့ ပြီ.....

ရီဝေမှုံသီတဲ့ မျက်လုံးတွေဟာ အားငယ်မှု့ ကြောင့်  ဖြော့တော့ ညှိုးငယ်တဲ့ အကြည့် တွေဖြစ်လာခဲ့ ပြီ...''' ဗျာ...ရှိတယ်အဖေ ကျနော် နိုးနေပြီ.''' ..လို့ အလျင်အမြန်ပြန်ထူးပေးရင်း..အနားရောက်တိုင်း...အိပ်ယာထဲကနေ ပက်လက်လေး အနေအထားကနေ 
မော့ လှန်ကြည့် လိုက်တဲ့  အဖေ့ မျက်ဝန်းတစ်စုံဟာ..သူ့ သားကြီး ကို မြင်လိုက်ရလို့  စိတ်ချသွားသည့် အလား...သက်ပြင်းမျှင်မျှင်လေးကို ချလိုက်တတ်တာတောင်မြင်သာနေခဲ့ ပြီ....

မနေ့တစ်နေ့ ကလိုပါပဲ....အဖေ့ ရဲ့ သူ အားကိုးတကြီးရှိရာ သူ့ သားကြီးသြရသ အပေါ်ထားတဲ့  မျော်လင့် ချက်အကြည့် လေးတွေ...မှတ်မှတ်ထင်ထင် စွဲငြိကျန်ခဲ့ ရတဲ့  အကြည့် လေးတွေ...ကျနော့် ဘ၀တစ်လျောက်လုံးမှာ ရင့် နင့် စရာ အကောင်းဆုံးအကြည့် လေးတွေထဲက အမှတ်အရဆုံးအကြည့် လေးတွေပါပဲ.....။

'' ဟင်းလေးအိုးကြီး '' (ဘုန်းကြီးကျောင်းမှာခဏနေခဲ့ တုန်းကအတွေ့ အကြုံ)



မင်းကွန်းချောင်ထဲမှာ လနဲ့ ချီနေခဲ့ ရတယ်၊ ဘဘုန်းက ဘုန်းကြီးသူဌေးဖြစ်နေတော့  မီးစက်ကြီးကိုက ရုံခွဲလေးသပ်သပ်နဲ့ ပေါ့ ၊ ဒါပေမယ့်  သိပ်ပြီးတော့ က ချွေတာတတ်ပြန်တော့  ညဦးလေး နဲ့  အလှုအတန်းရှိမှ ထ မောင်းတတ်ပါတယ်၊ အဲ့ ကျောင်းမှာခဏ တစ်ဝါတွင်းနေတော့ မှ ရေနံဆီနဲ့ မောင်းတယ်ဆိုတဲ့  ရှေးခေတ် ရေခဲသေတ္တာပါမြင်ဖူးတော့ တယ်...အဲ ကြားလည်းကြားဖူးပါတော့ တယ်..၊ အဲ့ ထဲက ရေခဲံတုန်းလေးတွေနဲ့  ရွာထဲက ကျောင်းသားလေးတွေကို အအေးဖျော်တိုက်လေ့ ရှိတယ်...

ဖက်စလက်တီတွေ အနေနဲ့ ကြည့် ရင်တော့ တိုက်ကျောင်းကြီးတွေဖြစ်လို နေသာထိုင်သာရှိတယ်ဆိုပေမယ့်  ရွာနဲ့ ပါ လှမ်းလို့  အစားအသောက်ခေါင်တယ်ဆိုလို့ ရပါတယ်..ရွာထဲပြန်လျှောက်ရတာကိုက လျှာ အတစ်လိုက် ထွက်ချင်လာတယ်..
သဲရုန်းနေရတာနဲ့  အားပိုကုန်တာကိုး...ဘုန်းကြီးဂျစ်ရှိပေမယ့်  ကန္တာရလို သဲလမ်းနီးပါး သဲဆွဲတဲ့ အထဲမမောင်းရဲလို့  သဲတောထဲ တက်ကလိ မမောင်းခဲ့ ပါဘူး..

အစားအစာက ရှားပါးလို့  အဲ့ တော့ မှ ဘုန်းကြီးကျောင်းစားဖိုဆောင်ထဲက ၂၄ နာရီ မီးဖိုပေါ်က မဆင်းရတဲ့  '' ဟင်းလေးအိုးကြီး '' ဆိုတာ ဂလိုကိုးလို့  သိခဲ့ ရပါတော့ တယ်...အလှု့ အကျန်တွေရော ဆွမ်းခံအကျန်တွေရော သွားရောလဟယ် အိုးထဲကို ဆိုတော့  အိုးကြီးထဲ စုံနဖာစိနေပုံက ဘာဟင်းလို့ ပြောမရတော့ သလို အရောင်အဆင်းကိုက ရွှေအိုရောင် သံချေးတက်လိုလိုပါပဲ...
အရသာကလည်း ချိုချဉ်ငံစပ် ဖတ်သဖတ်ဖတ်နဲ့ ပေါ့ ...စားရခါစက ငံကြွက်ကြွက်နဲ့ ပါ....နောက်တော့ စားလို့ အတော်ကောင်းလာတယ်...အမှန်က ဒါဘဲအားပြုစားနေရတာမို့  ကောင်းလား မေးတော့  ကောင်း..လိုက် ထှာဖျား...ပေါ့ ..ငိငိ....အရေတွေ ဆမ်းစားလိုက် ၁၂ရာသီ ခုံပေါ်တင်ထားတဲ့  ရှမ်းဆီ တို့ ဟူးလေးဖဲ့ ထမင်း နဲ့ စားလိုက်ပေါ့  သွေးမတိုးတာတော်ပါသေးတယ်...အသားဖတ်တွေက ပျော်ဝင်နေလို့  ကျေမွနေတာများပြီး ရေရောပြီး ထပ်ဖြည့် တဲ့ အရွက်မာတစ်ချို့ နဲ့ အရိုးပေါင်းစုံသာ ဟင်းဖတ်လိုလို ဘာလိုလိုပါ...အလှုရှိတော့ မှသာ.....ဟဲဟဲ...။

တစ်နေ့ တော့ ဝါ၀င်ခါနီး ဆွမ်းတော်ကြီးတင်ပွဲလုပ်ပါတယ်..စားစရာက အချိုအချဉ် အကြော်အလှော်မျိုးစုံပါတယ်..ရွာခံတွေလည်း ဘုန်းကြီးက စွန့် မှာမို့ အူစိုလို့ လာကြတာ လူစည်ပါတယ်....

ပွဲပြီးတော့  နောက်ရက်မှာ ကြက်သားကြော်အတုံးကြီးတွေ ကျန်တာမြင်လိုက်ရလို့  ကြောင်အိမ်သွားလှန်တော့ မရှိတော့ ပါဘူး..ဒါနဲ့ ဒီလိုပဲနေလိုက်ရာက နောက် ၃ ရက် ၄ရက်လောက် ရောက်တော့  စားဖိုမှု့း ဆြာတော်ကြီးက ခေါ်တယ်ဆိုလို့ သွားတော့ မှ မှိုတက်နေတဲ့  ကြက်သားကြော်တုံးကြီးတွေကို ပြန်တွေ့ လိုက်ရပါတယ်...ဘုန်းကြီးက..အဲ ဒီ မှိုတက်ပြီး မာကြောနေတဲ့ ကြက်ကြော်တုံးတွေကို ကူပြီး ရေဆေးခိုင်းပြီး ဘာလုပ်ရမယ်ဆိုတာပြောတာနဲ့  စိတ်ဝင်စားပြီး ကြက်ကြော်တုံးပေါ်က မှိုတွေ ရေဆေး ပွတ်သတ်လိုက်ပြီး..နောက် ဓားပြား နဲ့ လျှောက် တေ ထု..နဲနဲမွလာတော့  အသားတွေ နွှင်ရပါတယ်.....အသားနွင်ပုံကြီးရပြီး ကျန်တဲ့ အရိုးတွေကို နဲနဲထုပြီး ဟင်းလေးအိုးထဲသွားထည့် လိုက်ရပါတယ်..

ပြီးတော့ မှ ကြက်အသားနွှင်ထားတာတွေကို ဘာလချောင်ကြော်လို ငရုပ်သီးခြောက်တွေ ထောင်းပြီး ဆီသပ်ကြော်ရပါတော့ တယ်...အဲ့ တော့ အများကြီးပွားပြီး တစ်ပတ်စာလောက် အာရုံဆွမ်းဟင်းအကူ အဖြစ် စားလို့ ရတဲ့  ကြက်သားကြော် မာမာ အဖတ်လေးတွေပါတဲ့  ငရုပ်သီး ဘာလချောင်ကြော်မျိုးဖြစ်သွားပါရောဗျာ...အလှုလက်ကျန် ရက်လွန်ကြက်သားကြော် မှိုတက် မာဂလောက်ကြီးကို အဲဒီလို လုပ်စားလို့ ရတယ်ဆိုတာ အဲ့ တော့ မှ ကြုံဖူးပါတော့ တယ်ဗျားးး. အလှု ဒံပေါက် အကျန်ကလည်း မနက်ကြတော့ ထမင်းကြော်ဖြစ်သွားတာပါပဲဗျားးးး.

လွမ်းစေတီလေးရှေ့ မှာ....(အလွမ်းစာ)















မင်းကွန်း အနောက်ထဲကို မင်းကွန်းရွာလှေဆိပ်ကနေ အတော်ကြီး တော်တော်ြ ကာကြာသွားမှ တောရချောင်တွေထဲကိုရောက်တယ်.လမ်းမြည်ကာမတ္တဖြစ်ပြီး သဲထုများတဲ့ နေရာတွေ ဖြစ်လို့ ခြေထောက်တွေက သဲနွံတွေကြားက အတော်ရုန်းပြီး လမ်းလျှောက်ရတယ်.
.နွားလှည်းပါလာလို့ နောက်တော့ လှည်းမြီးပေါ် ထိုင်လိုက်ရတော့ တယ်..ကမ်းပါးယံ လျှိုတွေကြားကနေလည်း သွားရ သလို လမ်းမှာ ကန္တာရဆူးခြုံတွေ သစ်ပင်ပုလေးတွေ နဲ့ ...တောင်စောင်းတိုင်း လိုလိုမှာတော့  တောင်စောင်း ဆင်ခြေလျှော မြေသားကို ထွင်းပြီး တည်ဆောက်ထားတတ်တဲ့ အုပ်ရေကန်ဖြူဖြူတွေရှိတယ်.. အရွယ်အစားတွေက အတော်လေးကြီးတာတွေ့ ရတယ် ..မိုးရေခံတယ်..မြစ်ကနေ ပိုက်သွားထားပြီး ရေမောင်းထည့် ကြတယ်လို့ ဆိုတယ်....

မြို့ ပြရဲ့ လောဘဒေါသမောဟသံမျိုးတွေက ပျောက်သွားတာရယ် တောနံ့ တောင်နံ့ မြေသင်းနံ့  အဆောက်အဦးတွေ ဆောက်လက်စအတွက် ပုံထားတတ်တဲ့ ထုံးခြောက်ပုံနံ့ လေးတွေ ရလာတာရယ် တောင်ပူစာလေးတွေ များတာရယ်နဲ့  တောင်ထိပ်လေးတွေ မှာ စေတီလေးတွေ ရှိတာရယ်က စိတ်တွေကို အေးချမ်းသွားစေတဲ့ ခံစားမှု့ ကို ရလိုက်သလို့  အဲ့ တောင်ထိပ် စေတီလေးတွေ ရှေ့ မှာ တရားထိုင်ရင် သမထထိုင်ရင် အတော်အလုပ်ဖြစ်ပါတယ်....

အဲ့ ဒီ့ တောင်ထိပ်လေးတွေပေါ်ကို ညနေစောင်း နေချိုချိန် အသာတက်သွားပြီး မြစ်ဖက်ကို လှမ်းမျှော်လိုက်ရင် မြစ်ဆိပ်နားက ပုထိုးတော်အုပ်ပုံမြင့် မြင့် ကြီး နဲ့  ဧရာအရှေ့ ကမ်းက မန်းရွှေမြို့ တော်ကြီး ရဲ့ မီးရောင် တလက်လက်တွေ နဲ့  ခပ်ဝေးဝေးက မန္တလေးတောင်တော်မှုံပြပြလေးကို ၀ိုးတ၀ါး လှမ်းမြင်နေရတာဟာ သိပ်ကို လွမ်းစရာကောင်းတဲ့ မြင်ကွင်းကျယ်ကြီးပေါ့.....

မြစ်ခိုးပြန်တဲ့ မြူခိုးတွေက မြင်ကွင်းကို ...တစ်ချက်တစ်ချက် မှုံဝါးသွားတတ်သေးတယ် တောင်ခြေတွေက လျှိုတွေကြားမှာ သစ်ရိပ် ၀ါးရိပ်တွေကြားက ဆြာတော်တွေရဲ့ ကျောင်းတွေ က လူသံ သူသံ စကားသံလေးတွေ ..ဆရာလေးတွေ ချောင်တွေက တစ်ချက်တစ်ချက် မီးရောင် လက်ကနဲတွေ နဲ့ ဘုရားဝတ်တက်သံ စာကျက်သံ က တစ်ချီတစ်ချီ လေအသင့် လေအပင့် မှာ တောင်ပေါ်စေတီလေးရှေ့ ကနေ ခပ်သဲ့ သဲ့  ကြားလိုက်ရတတ်သေးတယ်....

တောင်ထိပ်လေးမှာ ဆိုတော့  မြစ်ဖက်က လေကလည်း တဟူးဟူးနဲ့ တိုက်လာလေ့ ရှိသလို စေတီထိပ်ဖျားက ဆွဲလဲ ခေါင်းလောင်း ညောင်ရွက်လေးတွေရဲ့  ရိုက်ခတ်သံ တချွင်ချွင်ကလည်း ဘယ်ကို လွမ်းလို့ လွမ်းရမှန်း မသိအောင် လွမ်းစေသောနေရာလေးမျိုးပါပဲ...ဥာဏ်တော် ခပ်နိမ့် နိမ့် နဲ့ ထုံးဖြူသင်္ဃန်းဖွေးဖွေး နဲ့  လူသူ အလာပါးလွန်းတဲ့ တစ်ဝဂူ လွမ်းစေတီလေး ရဲ့  တောင်ကမ်းပါးယံ စွန်းလေးမှာ မတ်တတ်လေးရပ်ပြီး တစ်စုံတစ်ရာကို သတိရမိလို့  အဝေးကိုမျှော်ရတာ လွမ်းစရာဘယ်လောက် ကောင်းလိုက်ပါသလဲဆိုတာ အဲ့ တော့ မှ ကိုယ်တွေ့ အဖြစ် ခံစား သဘောပေါက်မိတော့ တယ်...
.
.....ငြိမ်းချမ်းရာ သီးခြားကမ္ဘာငယ်လေးတစ်ခုလိုပါပဲ.....

ဒေါနတောင်ခြေ.. (ငယ်ဘ၀ခရီးသွားအတွေ့ အကြုံ)



စနစ် သဘောထက် တစ်ချက်လွှတ် ဗဟိုဦးစီးကြိုးနီသဘောက အားကြီးနေရင် အရာရာနီးပါး မှောင်ခို ဖြစ်သွားတတ်တဲ့ သဘောပဲ..ငါ့ နေရာ ငါဗျင်ဆိုတော့ ဆန်ပါ မှောင်ခိုချရတော့ တာပါပဲ..အဲ့ ဒီ ကာလတစ်ခုမှာ ကရင်ပြည်နယ်မှာ ဆန်ရှားရောဗျ..အဲ့ တော့ အမျိုးထဲက လက်ရဲဇက်ရဲ ဘကြီးက ဆန်မှောင်ခိုချတော့ တာပေါ့ ..သူချတော့  သူလည်းအဖေါ်ရ ကိုယ်လည်း မရောက်ဖူးလို့ လိုက်တဲ့ သဘောနဲ့ ပါသွားလိုက်တာ..(ဘားအံ့ ) ဖအံ့ ဟိုဖက် လှိုင်းဘွဲ့ အထိပါပဲ...ဆန်က လှိုင်းဘွဲ့ ကိုသွားပို့ တာကိုး...အီဇူဇူး လော်လီကားကြီးတွေနဲ တိုက်သွားတာ..အဲ့ အချိန်က မငြိမ်းချမ်းသေးပါဘူး..လမ်းမှာ များလိုက်တဲ စစ်ဆေးရေးဂိတ်တွေ.အဖွဲ့ က ပြည်သူ့ စစ်တွေ စစ်တပ်နဲ အကောက်ခွန်တွေ များတယ် မီးသတ်တွေကြက်ခြေနီတွေ ခေတ်မစားသေး မပါသေးဗျ.....ဂိတ်မှန်သမျှ လိုလိုကလည်း ပိုက်ဆံပေးရင် အကုန် လွှတ်ပေးလိုက်တာချည်းပဲ..အဲဒါနဲ့ များ စနစ်ကောင်းရဲ့ သားနဲ့  မအောင်မြင်ဘူး ပြောနေသေး....ဟီးးး.....

''တာဝန်သိသူ..''..(ခံစားမှု့ ကဗျာ)

  '' ရင်ဘတ်ထဲစိုက်ဝင်နေတဲ့ 
    မြှားဒဏ်ရာကို နှုတ်နိုင်တဲ့ ခွန်အားမရှိတော့ ရင်တောင်မှ
   နှောင်းလူတွေ သူ့ လိုအပစ်မခံရလေအောင်
   မြှားပစ်ခဲ့ သူဟာ ဘယ်သူရယ်ပါလို့ 
   ညွှန်ပြသွားခဲ့ တယ်..''

''ဇာတ်တူသား ''.( အတွေး)



ကိုယ့် သွေးသားအရင်း မဟုတ်ရင် အနိဌာရုံမြင်ကွင်းတွေကို တရားနဲ့ ဖြေတတ်တာကြာပါပြီ..တော်ယုံ့ အနိဌာယုံတွေလောက်ကတော့ ထမင်းစားတောင် မပျက်တတ်တော့ ဘူး......
ညက တရုပ်တန်းက ငါးကင်တွေ ၀ယ်လာတော့ စားသပေါ့  ဒိုက်ဖတ်စော်နံ မနေတော့  အချဉ်စပ်ကောင်းတာနဲ့  ဂွတ်သလားမမေးနဲ့ ပဲ၊ တူမလေးသေးသေးလေးကသူ့ အကြိုက်ကြံကြံဖန်ဖန်က ငါးကင်ဝယ်လာတိုင်း ငါးမျက်စိနှစ်လုံးကို မှ အရင်ကလော်စားတတ်သေးတယ်.ကလေးတောင် ငါးကင်ကို လက်ရဲဇက်ရဲဝင်တီးတယ်။ ..၊ 

ဝိုင်းဖွဲ့ ပြီးငါးကင်စားနေရင်းက ဂျော်ဒန်က မီးကင်ပြီး ကွပ်မျက်ခံရတဲ့  ရန်သူ့ အဖမ်းခံ လေယာဉ်မှုး ဇာတ်ထုတ်တောင် သတိရလိုက်သေးတယ်၊ ငါးကင်ရဲ့  ဘော်ဒီ မီးတူးနေပုံက အမှန်တော့  မီးလောင်ပြင်ထဲက မီးလောင်ခံထားရတဲ့ လူမီးကျွမ်းထားတာတွေနဲ့ တစ်ပုံစံထဲပါပဲ၊ သံလှောင်အိမ်ထဲက လိမ္မော်ရောင် ၀မ်းဆက်နဲ့ လေယာဉ်မှုးကို ဖြတ်ကနဲသတိရလိုက်ပေမယ့်  ငါးကင်စားလက်စက လက်တွန့် မသွား အစားမပျက်ပါဘူး..၊ 

ဟိုးတစ်နှစ်က ၈ပေစလောင်းကနေ ပြလို့ ကြည့် လိုက်ရသေးတယ် ဟိုဖက်ဒေသက တောခေါင်တဲ့ ဒေသမှာ လူမဟုတ်တဲ့ လူတွေ အောက်လမ်းပညာဆန်ဆန်သမားတွေက ပီယဆေးဖေါ်ဖို့ ဆိုပြီး မွေးကင်းစ (အရှင်လားအသေလေးလေားမမှတ်မိတော့ ဘူး)ကလေးဘော်ဒီလေးတွေကို မီးကင်ပြီး ထွက်ကျလာတဲ့ လူဆီတွေကို စုတာပြသွားသေးတာမြင်လိုက်ရသေးတယ်..အဲ့ တုန်းကလည်း မအံ့ သြ မပျို့ တက်သွားဘူး..သြော်..ရှိတတ်ပါတယ်လောက်ပါပဲ

အရင်ကတော့  အဲ့ လို မဟားဒယား ရက်စက်မှု့ တွေ အနိဌာရုံတွေမြင်ရင် စိတ်ထဲနောက်သွား ညစ်ညမ်းသွားလေ့ ဖြစ်ခဲ့ ဘူးတယ်.အပုပ်နံ့ ရတာမျိုးတောင်မဟုတ်သေး ကိုယ့် ရှေ့ မှာမဟုတ်သေးပဲနဲ့  ဘာလို့  အဲ့ လိုဖြစ်သွားခဲ့ ရတာလဲကို နောက်တော့ ပြန်စဉ်းစားကြည့် တော့  ကိုယ်တွေနဲ့ လူသားမျိုးနွယ်တူ ဇာတ်တူသားတွေ ဖြစ်နေလို့  သူများအနိဌာရုံတွေကို ကိုယ်တိုင်ခံလိုက်ရသလိုစိတ်က သတိ မထားလိုက်မိခင်မှာကို ၀င်ခံစား (၀ါ) ''လူသားချင်း ''ကိုယ်ချင်းစာ လိုက်မိတဲ့ သဘောက စတာလို့  ပြန်တွေးမိတယ်။ ငါးကင်လေးတွေတို့  ကြက်သားဟင်း ၀က်သားဟင်းတွေမြင်လိုက် ချိန်မှာတော့  ကိုယ်တိုင်ဟာ အသားစား ကျားတစ်ကောင်းစိတ်နဲ့ သိပ်မကွာတောာ့ တဲ့ အပြင် ကိုယ်နဲ့ သတ္တ၀ါ ''ဇာတ်မတူတော့ လို့ ''စားရဲဖို့ လွယ်သွားတဲ့ သဘောပေါ့ ..ကိုယ့် အသက်ထိခိုက်မှာကိုတော့ ဘယ်လောက် ကြောက်တတ်သေးလည်းဆိုရင် မြွေသားတို့  ကမ္ဘောဒီယားတွေ စားတတ်တယ်ဆိုတဲ့ ကင်းမလက်မဲကင်တွေဘာတွေဆို တစ်ခုခုများဖြစ်မလားဘာလားနဲ့ မစားရဲသေးပါဘူး...

''' နှုာစီးနေသောယုန်ကလေးဒဿန.နဲ့ လက်တွေ့ ဘ၀ဒဿန ''(အတွေး)

 အဲ့ ဒါနဲ့  ကလိမ်ကကျစ်များလှတဲ့  ခြင်္သေ့အိုကြီးဟာ...သူ့ ဂူထဲကနေ အားအင်နဲတဲ့ သတ္တ၀ါငယ်လေးတွေကို တစ်ကောင်ပြီးတစ်ကောင် ခေါ်ပြီး ပါးစပ်ကြီးကိုဟအာခေါင်ကိုဖြဲ..ဘာနံ့ ရသလဲလို့ ရှုခိုင်း ...နံတယ်ပြောလဲ သူလို တောသုံးထောင်စားဗျင်ကို နံတယ်ပြောရမလားလို့ ဆိုပြီးစား။ မွှေးတယ်ပြောတော့ အမှန်မပြောပဲလိမ်ရမလားဆိုပြီး ၀ါး..ဆိုတော့ ....ဒါကို မြင်နေရတဲ့  ယုန်ကလေးက ကျွတ်နေတာပေါ့ ..ဒီတော့  အများကြားဖူးသလို နှာစီးနေတယ်လို့ ပြောလိုက်တော့  ခြင်္သေအိုကြီးလည်း စားရခက်သွားတယ်ပေါ့ လေ...ပုံပြင်က ဒီအထိပဲ...
အများသိက...သူ့ မက်စိက..စကားပရိယာယ်သဘောနဲ့  ကလိမ်ကကျစ်တွေ သဘောပေါ့ ..

ဒါဟာ မြန်မာစာပေထဲက စကားပုံကဆိုတဲ့ အလျှောက်ကောင်းတော့ အထောင်းသက်သာသဘောနဲ့  တူတယ်ပေါ့ လေ ဒါပေမယ့်  ဒါကိုလက်တွေ့ လူ့ ဘ၀နယ်ပယ်မှာ နမူနာတင်ကြည့် တော့  နဂိုကကို ကလိမ်ကကျစ်လုပ်ဖို့ အမှု့ ဆင်တဲ့ အခြေအနေတွေဟာ အလျှောက် ဘယ်လောက်ကောင်းကောင်း ယုတ္တိဘယ်လောက်တန်တန် နှစ် ၆၀တွေ နှစ် ၆၅ တွေ ဆိုတာမျိုးတွေ မြင်ခဲ့ ရပြီ..၊ ဒီတော့  ခြသေံ့ နဲ့ ယုန် ပုံပြင်မှာ ဒုတိယမြောက် ပုံပြင်သစ်ထွက်လာပြီး ဇာတ်ကောင်သစ်တစ်ခု ထပ်ထွက်လာတယ်..ဒါက ဆိတ်ကလေးတစ်ကောင်ပါပဲ၊ ခြင်္သေ့ က အရင်လိုနှာစေးနေလို့ ပါလို့ ယုန်ကလေး ရှောင်ထွက်တာကိုပယ်ချလိုက်ပြီး မကျမ္မာရ ကောင်းလားဆိုပြီး အပြစ်ဖွဲ့ စားပစ်လိုက်ပြန်တယ်။

ဒါကို ဆိတ်ကလေးက မြင်သွားတော့  သူ့ အလှည့် မရောက်ခင် ရှိသမျှ ခွန်အားလေးနဲ့ ခြေစုံကန်အားယူ သူ့ ချို လေးနဲ့ ခြင်္သေ့ ကြီးကို အရင်ပြေးခွေ့ ခပ်လိုက်တော့ ခြင်္သေ့ လည်း အလစ်ဆိုတော့  လဲသွား...အဲ့ အလို လဲသွားချိန်မှာ .ဆိတ်ကလေးက ခြင်္သေ့ နဲ့ ဝေးရာကို လစ်သွားလို့ လွတ်သွားတယ်ပေါ့ လေ...သဘောက လာမယ့် ဘေး အရင်ပြေးခွေ့  သဘောမျိုးပေါ့ ..ကြိုတင်လက်ဦးမှု့ ယူလိုက်တာမျိုး သဘောလည်းဖြစ်တယ်...ဒီလို ပုံပြင်သစ်ကိုရေးလိုက်တာဟာ လက်တွေ့ ဘ၀အခြေအနေ ရဲ့  ရောင်ပြန်ဟတ်မှု့ တွေ့ ကြောင့်  ဖြစ်လာတာမျိုးပဲ...ဆိုလိုတာက ပုံပြင်တွေဖြစ်ထွန်းရာခေတ်ဟာ ပညာသဘောတွေဦးစီးနေရင် စကား ပရိယာယ်တွေကို လက်ခံနေသေးရင် နှာစီးနေတယ်လို့ ဆင်ခြေပေးလို့ ရနိုင်ပေမယ့်  လက်နက်အင်အားအဓိကခေတ်မှာဆိုရင်တော့  တော်ကီကောင်းယုံနဲ့ မရတော့ ဘူး လက်တွေ့ ကျတဲ့ တုန့် ပြန်မှု့ တစ်ခုခုတော့  လိုပြီလို့ တွေးလာတဲ့ သဘော.ကိုဆိုလိုတာ အဲ့ ဒါဟာ လက်ဦးမှု့ ယူခြင်းခေတ်သဘော ဖြစ်လာပြီလို့ ဆိုလိုတာပါ။

ဒဿန တွေ ဆင့် ကဲ ဖြစ်လာတယ်ဆိုတာ ဒီလိုသဘောပါပဲ သူ့ ခေတ်နဲ့ သူ ဖြစ်လာတဲ့  ရှေ့ လူရဲ့ အဆိုတစ်ခုဟာ သူ့ ခေတ်က အမှန်ဖြစ်ပေမယ့်  နောက်လူရဲ့ ခေတ်မှာ စောဒက တက်စရာတွေ့ လာနိုင်တယ် တွေ့ ပြီဆိုရင် အရင်လူရဲ့ ဒဿနကိုခြေဖျက်ပြီး ( သက်သေနဲ့ ပြ ခြေဖျက်ရတာမျိုး ) နောက်အဆိုသစ်တစ်ခုကို သူ့ ခေတ်မှာ ထူထောင်လိုက်တယ်..ဒီလိုနဲ ဒဿန
ခရီးစဉ်ဖြစ်လာပြီး..ဒီဘက်ခေတ်အထိ ရောက်လာတာမျိုးပဲ။

သဘောက အတွေးတစ်ခု အဆိုတစ်ခုဟာ ယာယီအမှန်တရား အဖြစ်သာဘော ဆောင်တယ် သူ့ ကို ခိုင်ခိုင်လုံလုံ ငြင်းပယ်နိုင်ပြီး နောက်ထပ် အသစ်တစ်ခု မထူထောင်နိုင်ခင်အထိ (၀ါ) အရှင် အမှန်တရားအဖြစ်သာ လက်ခံထားသေးတယ်ဆိုတဲ့ သဘောတွေပေါ့ လေ..။



လူဆိုသည်မှာ...(ခံစားမှု့ စာ)


ရသစာပေတွေဆိုတာနဲ့ အများအားဖြင် ကရုဏာစိတ်တွေ မေတ္တာတရားတွေ အဓိကလွှမ်းမိုးပြီးပါနေတာမျိုးရယ်၊ တွေးစရာတစ်ခုခု ခံစားမှု့ တစ်ခုခုကျန်ခဲ့ တာမျိုးတွေက အဲ့ ရသစာပေတွေက ရလိုက်တတ်တဲ့ သဘောပေါ့ ..အများဆုံး သိလိုက်ရတာကတော့  ကောင်းမှု့ နဲ့ မကောင်းမှု့ သဘောတွေကိုသိလိုက်ရတဲ့ သဘောလို့  ကိုယ့် အတွက် ကိုယ်ယူလို့ ရတယ်ပေါ့ ဗျာ..။ 

စာမျိုးစုံဖတ်ခဲ့ မိသမျှတွေမှာ ဒဂုန်ခင်ခင်လေးရဲ့ စာတွေကလည်း ကိုရီးယားဇာတ်လမ်းတွဲ စွဲမိကြသလို သရုပ်ဖေါ်ပုံ တအားကောင်းလှတယ်။ ဆရာမကြီးရဲ့ စာတွေကို စပြီးဖတ်မိတာက ''ကျွန်းဦးတည့် သံလျက်ခုန် ''ဆိုတဲ့ နန်းတွင်းအရေးတော်ပုံဆန်ဆန်စာအုပ်ပါပဲဗျာ..၊ စဖတ်မိလိုက်တဲ့ စွဲဆောင်မှု့ က ခရီးသွားစာပေလိုလိုသဘောတွေကနေ စခေါ်သွားတာမျိုးရယ်၊ စစ်ကြိုခေတ်က လူ့ အဖွဲ့ အစည်းရဲ့ လူမှု့ နေထိုင်မှု့ မြင်ကွင်းတွေကို မြင်ယောင်လာအောင် ရေးပြနိုင်လွန်းတဲ အရေးအသားကြောင့် ပါ။ ...

အဲ့ ဒါကြောင့် ပဲ..အဲ့ ဒီစာအုပ်ရဲ့ အဆက်လိုလိုဘာလိုလိုဆိုတဲ့  ''ရတနာပုံနိဒါန်းနဲ့ နိဂုံး''စာအုပ်ကို ဆက်မျှော်မိပါရောဗျာ...မျော်သာမျှော် အဲ့ တုန်းကမပေါ်လာ ရှာမရပါဘူး..ဒီဘက်နှစ်လေးတွေကြမှ စာအုပ်ထုတ်လို့ ဖတ်ခွင့် ရလိုက်တယ်၊ ဟိုစာအုပ်နဲ့ ဆို့  အနှစ်၂၀ကျော်လောက်ကြာမှ ဒုတိယ စာအုပ်ကိုဖတ်ခွင့် ရတဲ့ သဘောပေါ့ လေ၊ အရေးအသားကိုစွဲသွားလို့  ဆရာမကြီးရေးတဲ့ နှစ်၆၀ ဆိုတဲ့  ကိုယ်ရေးအတ္ထုပတ္တိဆန်ဆန်စာအုပ်ကြီးကိုလည်းအဟောင်းတန်မှာ ရှာပြီးမချိမဆန့် ဈေးနဲ့ ဝယ် ဖတ်ရေသေးတယ်၊ စာဆိုတော် သုံးအုပ်တွဲကြီးပါပါသေးတယ်..

ကျွန်းဦးတည့် သန်လျက်ခုန် စာအုပ်ကိုဖတ်မိလို့ နောက်ပိုင်းများထွက်ထားလေးမလားလို့ အသည်းအသန်လိုက်ရှာမိရတဲ့ အဖြစ်ကတော့  သက်ဦးဆံပိုင်ပဒေသရာဇ် ဘုရင်တွေခေတ်ရဲ့ ထုံးစံအတိုင်း မျှော်လင့် မထားမိလောက်အောင် ရက်စက်ကြမ်းကျုပ်လှတဲ့ ကွပ်မျက်မှု့ နဲ့ စာအုပ်ကို အဆုံးသတ်ထားတာ ဟတ်ထိပြီး နောက်ထပ် ဘာတွေများဖြစ်ဦးမှာလည်း ဆိုပြီးသိချင်ဇောနဲ့ လိုက်ရှာမိတော့ တာပါဗျာ..။ 

အဲ့ နောက်ဆုံးခန်းရေးဖွဲ့ ခဲ့ တဲ့ နန်းတွင်းသူ( သက်သက် အမည်ထည့် မရေးတော့ ပါ) ကို ကွပ်မျက်ပုံက..လူအရှင်လတ်လတ်ကြီးကို ဆင်နဲ့ နင်းသတ်ခိုင်းတဲ့ အခန်းပါပဲ..တကယ့် ကို ဝိဘစ္ဆရသ မြောက်လွန်းအောင်ရေးပြနိုင်တဲ့ နေရာပါပဲဗျာ..ဆင်က လူကိုပေါ်တင်ကြီးမြင်နေရတော့  မနင်းဘူး..နန်းတွင်းသူကတော့ ဓမ္မကို အာရုံပြုနေသတဲ့ ၊ အဲ့ ဒါနဲ့ ဆင်ကို မူးအောင်အရက်တိုက်ပြီး လူ အပေါ်ကနေ ဖျာကြမ်းကြီးဆွဲအုပ်လိုက်တော့ မှ ဆင်က လူကို မမြင်ရတော့ လို့ အဲ့ ဖျာကြမ်းကြီး ပေါ်တက်နင်းပစ်လိုက်တာ..ဖျားကြိုဖျာကြားက သွေးစိမ်းရှင်ရှင်တွေယိုစီးထွက်လာတာဟာ....။ 

သေရောဗျာ အဲ့ ဒီ့ မှာ ရက် တော်တော်ကြာတယ် ဆင်နဲ့ ဖျာနဲ့  ဖျာအောက်မှာ အရိုးတွေ အသားတွေ ဖျိုးဖျိုးဖျစ်ဖျစ် ကျိုးကျိုးကျွတ်ကျွတ်မြည်ပြီး စိစိညက်ညက်ကျေသွားတဲ့ လူနဲ့ ဖျာကြိုဖျာကြားက သွေးတွေစိမ့် ထွက်လာပုံတွေ မြင်ယောင်နေတာ...။

လူတွေရဲ့ ရက်စက်မှု့ အထွေထွေဟာ ထင်မှတ်မထားလောက်အောင်ပါပဲဆိုတာ အဲ့ ကတည်းက ခံစားလို့ တတ်နေသလို ဒီလိုရက်စက်တတ်မှု့ ဟာ အသားအရောင် အယူဝါဒဒေသမရွေး လူရှိတဲ့ အရပ်မှန်သမျှ လူ့ ရက်စက်မှု့ တွေဟာအံ့ မခန်းရှိနေဖြစ်နေတာပါပဲဆိုတာ စာတွေဖတ်လေလေပိုသိလာရလေလေ ဖြစ်တော့ ရက်စက်ရဲမှု့ နဲ့ မကောင်းမှု့ တွေကို မျက်မြင်တွေ မြင်လာရတိုင်း ဘယ်လိုလူတွေလို့ ဘယ်လိုအယူကလူတွေ ဘ်ာရောင်နဲ့ လူတွေ လို့  ထုတ်ယူဆင်ခြင်ပြီး မမြင်တော့ ပဲ ခြုံယူဆင်ခြင်မှု့ သဘော.''ဒီလို ကမ်းကုန်အောင် ရက်စက်တတ်တာလည်း ''လူ''တွေပါပဲ ''လို့ ပဲမြင်တော့ တယ်..။ 

အဲ့ မှာ '''ယဉ်ကျေးသောလူ့ အဖွဲ့ အစည်းဆိုတာဘာကိုဆိုလိုတာလဲလို့ ''တစ်ချို့ တွေက စောဒက တက်တာတွေဖတ်လာရတော့ တာပေါ့ လေ...ခွေးကြောင်ကျားစသဖြင့်  '' လူမဟုတ်တဲ့ သတ္တ၀ါမျိုးနွယ်စု ''တွေလည်း သူတစ်ပါးအသက်ကို သတ်ဖြတ်စား သောက်တတ်တာ နေးခြားဆိုတဲ့  သဘာဝတရားတစ်ခုပါပဲ..ဒါပေမယ့်  လူမျိုးနွယ်စုတွေလို နည်းမျိုးစုံနဲ့ သူတစ်ပါးအသက်တွေကို သတ်ဖြတ်တာမျိုး မလုပ်တတ်ကြဘူး အစွယ်ရှိတဲ့ ကောင်က သူ့ အစွယ် ခွာရှိတဲ့ အကောင်းက သူ့ ခွာ သဘောက ဒီလောက်ပါပဲ..လူတွေသာ သူတစ်ပါးအသက်ကို ဘယ်လို ရက်ရက်စက်စက် သတ်ဖြတ်ရကောင်းမလဲ မသတ်ခင် မသေခင် ဘယ်လောက်ပြင်းထန်နာကျင်သွားအောင်နှိပ်စက်ရပါ့ မလဲလို့  နှိပ်စက်သတ်ဖြတ်မှု့ ကို မဟာပညာကြီးတွေအဖြစ် တကူးတကကို သင်ကြားပို့ ချကြတယ်ပေါ့ လေ..။

လွတ်လပ်လွင်ပြင်

''အဲ့ သစ်ပင်ကို ဖယ်ကြည့် လိုက်..ပြန်ထည့် ကြည့် လိုက်နဲ့ ပေါ့ လေ..သစ်ပင်မပါတာနဲ့  ပါတာမှာ ခံစားမှု့ မတူဘူးဆိုတာတော့ ပြောလို့ ရနေပြီ...ဘယ်ခံစားမှု့ ကိုပိုသဘောကျလည်းမှာ အလွယ်နဲ့ မပြောနိုင်တော့ ဘူး..''

'' မြို့ သားလေးပါ...'' (ဓါတ်ပုံခံစားမှု့ )


''' ရေတိမ်နစ်နိုင်တယ် '' ..(အမြင်ခံစားမှု့ )


'' လူနဲ့ ရွှေငါး..''( အိမ်ကငါးကန်ဆေးရင်းနဲ့ )





ရွှေငါးကန်က အလင်းပိတ်လောက်အောင် ရေနောက်နေပြီ...ဒါကို လူကသိတယ်....ရေကြည်သန့် နေမှ ရွှေငါးလေးတွေ သက်ဇိုးရှည်မှာကိုလည်း အတွေ့ အကြုံတွေအရ လူက သိနေတယ်....

ရေနောက်ထဲက ရွှေငါးလေးတွေကတော့  ကူးခတ်နေဆဲပဲ...သူတို့ မှာ ရေနောက်နောက် ရေသန့် သန့်  ဘ၀ဖြစ်တည်မှု့ ကိုက ကန်ထဲက ငါးလေးတွေဖြစ်နေလို့  အဲ့ ဒီ့ ရေ အဲဒီ့ ကန်မှာ နေရထိုင်ရတာ မကြိုက်ပါဘူးလို့  ခံစားနေရရင်တောင် အလွတ်ရုန်းထွက်သွားနိုင်တဲ့  ခွန်အားမျိုး မရှိရှာကြဘူး...လူပြုသမျှ နုနေရတဲ့ ဘ၀လေးတွေ....


တစ်ခါတစ်လေ လူက ပျင်းလို့  သိပ်အလေးအနက်မထားလို့  တာဝန်ကျေလေး အဲ့ ဒီ့ ရေနောက်ကန်ထဲကို ငါးစာလေးတွေကြဲချလိုက်တဲ့ အခါ ရွှေငါးလေးတွေဟာ အဲ့ ဒီ့ ရေနောက်တွေထဲမှာပဲ ချပေးတဲ့ အစာလေးတွေ အလုအယက် အစာ ၀ိုင်းစားကြရရှာတယ်...သူ့ တို့ အသက်ကို သူတို့ ချစ်မြတ်နိုးကြလို့  သူတို့ အသက် ဆက်လက် ရှင်သန်နေချင်သေးတဲ့ ဆန္ဒနဲ့ ပေါ့ ..ဒါပေမယ့်  တစ်ခါတစ်လေ အဲ့ ဒီ့ ရေနောက်ကန်ထဲမှာပဲ ရွှေငါးလေးတွေ တစ်ချို့  ရေအနောက်ရဲ့ အလင်းပိတ် အမှောင်ရဲ့  ဒဏ်အစာကျွေးနောက်ကျနေတဲ့ ဒဏ်တွေအောက်မှာပဲ...သနားစဖွယ် သေဆုံးခဲ့ ရရှာတယ်.....

လူက စိတ်ကောင်းဝင်နေတဲ့ အခါတွေနဲ့  .ရွှေငါးလေးတွေရဲ့  နေမှု့ စားမှု့ ဘ၀လေးတွေကို အရိပ်တကြည့် ကြည့် စောင့် ရှောက်နေတဲ့ အခါ ...ရေတွေနောက်နေပြီးရေသန့် လဲပေးမှ ဖြစ်မယ်ဆိုပြီး ရေကြည်ရေသန့် လေးတွေ လဲပေးတဲ့ အခါမှာတော့  ရွှေငါးလေးတွေဟာ ရေကြည်ရေသန့် တွေရဲ့ အကျိုးကြောင့်  သက်ဇိုး ရှည်သွားကြတော့ တယ်..ပိုပြီး မြူးတူး ပျော်ရွှင်နေကြတော့ တယ်.. 

ကန်ထဲက မလွတ်မြောက်နိင်သေးရင်တောင် လွတ်မြောက်ခွင့် မရသေးရင်တောင် လွတ်မြောက်ဖို့  ခွန်အား မရှိသေးရင်တောင်..ရေနောက်ကန်ထက် ရေကြည်ရေသန့် ကန်လေးထဲမှာ နေထိုင် အသက်ရှင်သန်ခွင့်  လေးတွေ ရနေသေးလို့ ရွှေငါးလေးတွေခမျာ ပျော်ရွှင်မြူးတူးမှု့ လေးတွေတော့  အတိုင်းအတာတစ်ခုအထိ ခံစားလိုက်မိတဲ့ သဘောပေါ့ ...

လှောင်ကန်ထဲက လွတ်မြောက်ခွင့် မရသေးခဲ့ ရင်တောင် ရေကြည်ရေသန့် ဖလှယ်ပေးတဲ့  အစာရေစာလေး ကောင်းကောင်းမွန်မွန် ဂရုတစိုက်ကျွေးမွေးတတ်တဲ့ အကြင်နာတရား ကိုယ်ချင်စာတရားကြီတဲ့ လူတွေ နဲ့ ကြုံတွေ့ ခွင့် ရပါစေ...လို့  ဆုတောင်းပေးပါရဲ့  ရွှေငါးလေးတွေရေ...