Powered By Blogger

Wednesday, February 4, 2015

'' ဟင်းလေးအိုးကြီး '' (ဘုန်းကြီးကျောင်းမှာခဏနေခဲ့ တုန်းကအတွေ့ အကြုံ)



မင်းကွန်းချောင်ထဲမှာ လနဲ့ ချီနေခဲ့ ရတယ်၊ ဘဘုန်းက ဘုန်းကြီးသူဌေးဖြစ်နေတော့  မီးစက်ကြီးကိုက ရုံခွဲလေးသပ်သပ်နဲ့ ပေါ့ ၊ ဒါပေမယ့်  သိပ်ပြီးတော့ က ချွေတာတတ်ပြန်တော့  ညဦးလေး နဲ့  အလှုအတန်းရှိမှ ထ မောင်းတတ်ပါတယ်၊ အဲ့ ကျောင်းမှာခဏ တစ်ဝါတွင်းနေတော့ မှ ရေနံဆီနဲ့ မောင်းတယ်ဆိုတဲ့  ရှေးခေတ် ရေခဲသေတ္တာပါမြင်ဖူးတော့ တယ်...အဲ ကြားလည်းကြားဖူးပါတော့ တယ်..၊ အဲ့ ထဲက ရေခဲံတုန်းလေးတွေနဲ့  ရွာထဲက ကျောင်းသားလေးတွေကို အအေးဖျော်တိုက်လေ့ ရှိတယ်...

ဖက်စလက်တီတွေ အနေနဲ့ ကြည့် ရင်တော့ တိုက်ကျောင်းကြီးတွေဖြစ်လို နေသာထိုင်သာရှိတယ်ဆိုပေမယ့်  ရွာနဲ့ ပါ လှမ်းလို့  အစားအသောက်ခေါင်တယ်ဆိုလို့ ရပါတယ်..ရွာထဲပြန်လျှောက်ရတာကိုက လျှာ အတစ်လိုက် ထွက်ချင်လာတယ်..
သဲရုန်းနေရတာနဲ့  အားပိုကုန်တာကိုး...ဘုန်းကြီးဂျစ်ရှိပေမယ့်  ကန္တာရလို သဲလမ်းနီးပါး သဲဆွဲတဲ့ အထဲမမောင်းရဲလို့  သဲတောထဲ တက်ကလိ မမောင်းခဲ့ ပါဘူး..

အစားအစာက ရှားပါးလို့  အဲ့ တော့ မှ ဘုန်းကြီးကျောင်းစားဖိုဆောင်ထဲက ၂၄ နာရီ မီးဖိုပေါ်က မဆင်းရတဲ့  '' ဟင်းလေးအိုးကြီး '' ဆိုတာ ဂလိုကိုးလို့  သိခဲ့ ရပါတော့ တယ်...အလှု့ အကျန်တွေရော ဆွမ်းခံအကျန်တွေရော သွားရောလဟယ် အိုးထဲကို ဆိုတော့  အိုးကြီးထဲ စုံနဖာစိနေပုံက ဘာဟင်းလို့ ပြောမရတော့ သလို အရောင်အဆင်းကိုက ရွှေအိုရောင် သံချေးတက်လိုလိုပါပဲ...
အရသာကလည်း ချိုချဉ်ငံစပ် ဖတ်သဖတ်ဖတ်နဲ့ ပေါ့ ...စားရခါစက ငံကြွက်ကြွက်နဲ့ ပါ....နောက်တော့ စားလို့ အတော်ကောင်းလာတယ်...အမှန်က ဒါဘဲအားပြုစားနေရတာမို့  ကောင်းလား မေးတော့  ကောင်း..လိုက် ထှာဖျား...ပေါ့ ..ငိငိ....အရေတွေ ဆမ်းစားလိုက် ၁၂ရာသီ ခုံပေါ်တင်ထားတဲ့  ရှမ်းဆီ တို့ ဟူးလေးဖဲ့ ထမင်း နဲ့ စားလိုက်ပေါ့  သွေးမတိုးတာတော်ပါသေးတယ်...အသားဖတ်တွေက ပျော်ဝင်နေလို့  ကျေမွနေတာများပြီး ရေရောပြီး ထပ်ဖြည့် တဲ့ အရွက်မာတစ်ချို့ နဲ့ အရိုးပေါင်းစုံသာ ဟင်းဖတ်လိုလို ဘာလိုလိုပါ...အလှုရှိတော့ မှသာ.....ဟဲဟဲ...။

တစ်နေ့ တော့ ဝါ၀င်ခါနီး ဆွမ်းတော်ကြီးတင်ပွဲလုပ်ပါတယ်..စားစရာက အချိုအချဉ် အကြော်အလှော်မျိုးစုံပါတယ်..ရွာခံတွေလည်း ဘုန်းကြီးက စွန့် မှာမို့ အူစိုလို့ လာကြတာ လူစည်ပါတယ်....

ပွဲပြီးတော့  နောက်ရက်မှာ ကြက်သားကြော်အတုံးကြီးတွေ ကျန်တာမြင်လိုက်ရလို့  ကြောင်အိမ်သွားလှန်တော့ မရှိတော့ ပါဘူး..ဒါနဲ့ ဒီလိုပဲနေလိုက်ရာက နောက် ၃ ရက် ၄ရက်လောက် ရောက်တော့  စားဖိုမှု့း ဆြာတော်ကြီးက ခေါ်တယ်ဆိုလို့ သွားတော့ မှ မှိုတက်နေတဲ့  ကြက်သားကြော်တုံးကြီးတွေကို ပြန်တွေ့ လိုက်ရပါတယ်...ဘုန်းကြီးက..အဲ ဒီ မှိုတက်ပြီး မာကြောနေတဲ့ ကြက်ကြော်တုံးတွေကို ကူပြီး ရေဆေးခိုင်းပြီး ဘာလုပ်ရမယ်ဆိုတာပြောတာနဲ့  စိတ်ဝင်စားပြီး ကြက်ကြော်တုံးပေါ်က မှိုတွေ ရေဆေး ပွတ်သတ်လိုက်ပြီး..နောက် ဓားပြား နဲ့ လျှောက် တေ ထု..နဲနဲမွလာတော့  အသားတွေ နွှင်ရပါတယ်.....အသားနွင်ပုံကြီးရပြီး ကျန်တဲ့ အရိုးတွေကို နဲနဲထုပြီး ဟင်းလေးအိုးထဲသွားထည့် လိုက်ရပါတယ်..

ပြီးတော့ မှ ကြက်အသားနွှင်ထားတာတွေကို ဘာလချောင်ကြော်လို ငရုပ်သီးခြောက်တွေ ထောင်းပြီး ဆီသပ်ကြော်ရပါတော့ တယ်...အဲ့ တော့ အများကြီးပွားပြီး တစ်ပတ်စာလောက် အာရုံဆွမ်းဟင်းအကူ အဖြစ် စားလို့ ရတဲ့  ကြက်သားကြော် မာမာ အဖတ်လေးတွေပါတဲ့  ငရုပ်သီး ဘာလချောင်ကြော်မျိုးဖြစ်သွားပါရောဗျာ...အလှုလက်ကျန် ရက်လွန်ကြက်သားကြော် မှိုတက် မာဂလောက်ကြီးကို အဲဒီလို လုပ်စားလို့ ရတယ်ဆိုတာ အဲ့ တော့ မှ ကြုံဖူးပါတော့ တယ်ဗျားးး. အလှု ဒံပေါက် အကျန်ကလည်း မနက်ကြတော့ ထမင်းကြော်ဖြစ်သွားတာပါပဲဗျားးးး.

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..