ရသစာပေတွေဆိုတာနဲ့ အများအားဖြင် ကရုဏာစိတ်တွေ မေတ္တာတရားတွေ အဓိကလွှမ်းမိုးပြီးပါနေတာမျိုးရယ်၊ တွေးစရာတစ်ခုခု ခံစားမှု့ တစ်ခုခုကျန်ခဲ့ တာမျိုးတွေက အဲ့ ရသစာပေတွေက ရလိုက်တတ်တဲ့ သဘောပေါ့ ..အများဆုံး သိလိုက်ရတာကတော့  ကောင်းမှု့ နဲ့ မကောင်းမှု့ သဘောတွေကိုသိလိုက်ရတဲ့ သဘောလို့  ကိုယ့် အတွက် ကိုယ်ယူလို့ ရတယ်ပေါ့ ဗျာ..။
စာမျိုးစုံဖတ်ခဲ့ မိသမျှတွေမှာ ဒဂုန်ခင်ခင်လေးရဲ့ စာတွေကလည်း ကိုရီးယားဇာတ်လမ်းတွဲ စွဲမိကြသလို သရုပ်ဖေါ်ပုံ တအားကောင်းလှတယ်။ ဆရာမကြီးရဲ့ စာတွေကို စပြီးဖတ်မိတာက ''ကျွန်းဦးတည့် သံလျက်ခုန် ''ဆိုတဲ့ နန်းတွင်းအရေးတော်ပုံဆန်ဆန်စာအုပ်ပါပဲဗျာ..၊ စဖတ်မိလိုက်တဲ့ စွဲဆောင်မှု့ က ခရီးသွားစာပေလိုလိုသဘောတွေကနေ စခေါ်သွားတာမျိုးရယ်၊ စစ်ကြိုခေတ်က လူ့ အဖွဲ့ အစည်းရဲ့ လူမှု့ နေထိုင်မှု့ မြင်ကွင်းတွေကို မြင်ယောင်လာအောင် ရေးပြနိုင်လွန်းတဲ အရေးအသားကြောင့် ပါ။ ...
အဲ့ ဒါကြောင့် ပဲ..အဲ့ ဒီစာအုပ်ရဲ့ အဆက်လိုလိုဘာလိုလိုဆိုတဲ့  ''ရတနာပုံနိဒါန်းနဲ့ နိဂုံး''စာအုပ်ကို ဆက်မျှော်မိပါရောဗျာ...မျော်သာမျှော် အဲ့ တုန်းကမပေါ်လာ ရှာမရပါဘူး..ဒီဘက်နှစ်လေးတွေကြမှ စာအုပ်ထုတ်လို့ ဖတ်ခွင့် ရလိုက်တယ်၊ ဟိုစာအုပ်နဲ့ ဆို့  အနှစ်၂၀ကျော်လောက်ကြာမှ ဒုတိယ စာအုပ်ကိုဖတ်ခွင့် ရတဲ့ သဘောပေါ့ လေ၊ အရေးအသားကိုစွဲသွားလို့  ဆရာမကြီးရေးတဲ့ နှစ်၆၀ ဆိုတဲ့  ကိုယ်ရေးအတ္ထုပတ္တိဆန်ဆန်စာအုပ်ကြီးကိုလည်းအဟောင်းတန်မှာ ရှာပြီးမချိမဆန့် ဈေးနဲ့ ဝယ် ဖတ်ရေသေးတယ်၊ စာဆိုတော် သုံးအုပ်တွဲကြီးပါပါသေးတယ်..
ကျွန်းဦးတည့် သန်လျက်ခုန် စာအုပ်ကိုဖတ်မိလို့ နောက်ပိုင်းများထွက်ထားလေးမလားလို့ အသည်းအသန်လိုက်ရှာမိရတဲ့ အဖြစ်ကတော့  သက်ဦးဆံပိုင်ပဒေသရာဇ် ဘုရင်တွေခေတ်ရဲ့ ထုံးစံအတိုင်း မျှော်လင့် မထားမိလောက်အောင် ရက်စက်ကြမ်းကျုပ်လှတဲ့ ကွပ်မျက်မှု့ နဲ့ စာအုပ်ကို အဆုံးသတ်ထားတာ ဟတ်ထိပြီး နောက်ထပ် ဘာတွေများဖြစ်ဦးမှာလည်း ဆိုပြီးသိချင်ဇောနဲ့ လိုက်ရှာမိတော့ တာပါဗျာ..။
အဲ့ နောက်ဆုံးခန်းရေးဖွဲ့ ခဲ့ တဲ့ နန်းတွင်းသူ( သက်သက် အမည်ထည့် မရေးတော့ ပါ) ကို ကွပ်မျက်ပုံက..လူအရှင်လတ်လတ်ကြီးကို ဆင်နဲ့ နင်းသတ်ခိုင်းတဲ့ အခန်းပါပဲ..တကယ့် ကို ဝိဘစ္ဆရသ မြောက်လွန်းအောင်ရေးပြနိုင်တဲ့ နေရာပါပဲဗျာ..ဆင်က လူကိုပေါ်တင်ကြီးမြင်နေရတော့  မနင်းဘူး..နန်းတွင်းသူကတော့ ဓမ္မကို အာရုံပြုနေသတဲ့ ၊ အဲ့ ဒါနဲ့ ဆင်ကို မူးအောင်အရက်တိုက်ပြီး လူ အပေါ်ကနေ ဖျာကြမ်းကြီးဆွဲအုပ်လိုက်တော့ မှ ဆင်က လူကို မမြင်ရတော့ လို့ အဲ့ ဖျာကြမ်းကြီး ပေါ်တက်နင်းပစ်လိုက်တာ..ဖျားကြိုဖျာကြားက သွေးစိမ်းရှင်ရှင်တွေယိုစီးထွက်လာတာဟာ....။
သေရောဗျာ အဲ့ ဒီ့ မှာ ရက် တော်တော်ကြာတယ် ဆင်နဲ့ ဖျာနဲ့  ဖျာအောက်မှာ အရိုးတွေ အသားတွေ ဖျိုးဖျိုးဖျစ်ဖျစ် ကျိုးကျိုးကျွတ်ကျွတ်မြည်ပြီး စိစိညက်ညက်ကျေသွားတဲ့ လူနဲ့ ဖျာကြိုဖျာကြားက သွေးတွေစိမ့် ထွက်လာပုံတွေ မြင်ယောင်နေတာ...။
လူတွေရဲ့ ရက်စက်မှု့ အထွေထွေဟာ ထင်မှတ်မထားလောက်အောင်ပါပဲဆိုတာ အဲ့ ကတည်းက ခံစားလို့ တတ်နေသလို ဒီလိုရက်စက်တတ်မှု့ ဟာ အသားအရောင် အယူဝါဒဒေသမရွေး လူရှိတဲ့ အရပ်မှန်သမျှ လူ့ ရက်စက်မှု့ တွေဟာအံ့ မခန်းရှိနေဖြစ်နေတာပါပဲဆိုတာ စာတွေဖတ်လေလေပိုသိလာရလေလေ ဖြစ်တော့ ရက်စက်ရဲမှု့ နဲ့ မကောင်းမှု့ တွေကို မျက်မြင်တွေ မြင်လာရတိုင်း ဘယ်လိုလူတွေလို့ ဘယ်လိုအယူကလူတွေ ဘ်ာရောင်နဲ့ လူတွေ လို့  ထုတ်ယူဆင်ခြင်ပြီး မမြင်တော့ ပဲ ခြုံယူဆင်ခြင်မှု့ သဘော.''ဒီလို ကမ်းကုန်အောင် ရက်စက်တတ်တာလည်း ''လူ''တွေပါပဲ ''လို့ ပဲမြင်တော့ တယ်..။
အဲ့ မှာ '''ယဉ်ကျေးသောလူ့ အဖွဲ့ အစည်းဆိုတာဘာကိုဆိုလိုတာလဲလို့ ''တစ်ချို့ တွေက စောဒက တက်တာတွေဖတ်လာရတော့ တာပေါ့ လေ...ခွေးကြောင်ကျားစသဖြင့်  '' လူမဟုတ်တဲ့ သတ္တ၀ါမျိုးနွယ်စု ''တွေလည်း သူတစ်ပါးအသက်ကို သတ်ဖြတ်စား သောက်တတ်တာ နေးခြားဆိုတဲ့  သဘာဝတရားတစ်ခုပါပဲ..ဒါပေမယ့်  လူမျိုးနွယ်စုတွေလို နည်းမျိုးစုံနဲ့ သူတစ်ပါးအသက်တွေကို သတ်ဖြတ်တာမျိုး မလုပ်တတ်ကြဘူး အစွယ်ရှိတဲ့ ကောင်က သူ့ အစွယ် ခွာရှိတဲ့ အကောင်းက သူ့ ခွာ သဘောက ဒီလောက်ပါပဲ..လူတွေသာ သူတစ်ပါးအသက်ကို ဘယ်လို ရက်ရက်စက်စက် သတ်ဖြတ်ရကောင်းမလဲ မသတ်ခင် မသေခင် ဘယ်လောက်ပြင်းထန်နာကျင်သွားအောင်နှိပ်စက်ရပါ့ မလဲလို့  နှိပ်စက်သတ်ဖြတ်မှု့ ကို မဟာပညာကြီးတွေအဖြစ် တကူးတကကို သင်ကြားပို့ ချကြတယ်ပေါ့ လေ..။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..