Powered By Blogger

Friday, June 3, 2016

အခါတိုင်နဲ့ နမိတ်ဖမ်းခြင်းသဘော



အခါတိုင်နဲ့ နမိတ်ဖမ်းခြင်းသဘော
------------
အခါတိုင် သဘော အခြေခံရေးပြပြီးတော့  တကယ့် အဖြစ်အပျက် အခါတိုင် နဲ့ နမိတ်ကြောင်း ရိပ်မိသွားအောင် ရေးပြတာပါ ဟိုးအရင်ကတစ်ခါရေးပြဘူးပါတယ် အဖြစ်အပျက်က အောင်လံမှာ ဖြစ်ခဲ့ တာပါ အတိုချုပ်ပဲရေးပါမယ်

အောင်လံက အသက် ၈၀ မမာနေတဲ့ အဘ တစ်ယောက်အတွက် ယတြာပြုပေးဖို့ ဖုန်းဆက်လာလို့  ငြင်းရခက်တဲ့  မိဘတွေရဲ့  စီးပွားဘက် ဖြစ်နေတာ မိဘတွေကိုယ်တိုင်က သွားစေချင်တာနဲ့ (ယတြာထက် လူနာမေးသဘောက ပိုများပုံရပါတယ် ) အောင်လံက လူမမာဆီ ရောက်သွားပါတယ် ။...

ဟိုရောက်တော့  အခြေအနေ အရပ်ရပ်က ဘယ်ထောင့် က ကြည့် ကြည့်  အားရစရာမရှိပါဘူး...ဒါနဲ့ အိမ်ကိုလည်း မြန်မြန်ပြန်ချင်တာ နဲ့  န၀င်းပွဲတွေဘာတွေ ထွန်းလိုက်ပါသေးတယ် စိတ်ထဲမှာ အလိုလိုခံစားမှု့ ဖြစ်နေတာက ရက်ကြာကြာ မခံတော့ လောက်ဘူး ငါရှိနေတုန်း ဆုံးသွားရင် ရက်လည်တဲ့ အထိနေပေးရမယ့် ပုံလို့ တွေးပူနေတာပါ

ဒါနဲ့  အဘ အခြေအနေလေးဘယ်လို ရှိမှာပါလိမ့်  နမိတ်ထွက်ဖမ်းကြည့် ဦးမှ ဆိုပြီး အဲ့ အိမ်ကနေ အောင်လံဈေးကြီးဖက် တစ်ယောက်ထဲ လမ်းလျှောက်ထွက်ခဲ့ ပါတယ်...အညောင်းပြေလျှောက်မလို့ ပေါ့ လေ... အဲ့ နေ့ အဲ့ အချိန်က သောကြာနေ့  ညနေ ၅နာရီလောက်ပါ မမှောင်သေးပါဘူး..အခါတိုင်အလိုအရ သောကြာတိုင် ၂ ထပ်ပေါ့ လေ လူမမာဘကြီး အမည်က စနေနံချည်းပါ

အိမ်ကနေ ကတည်းက န၀င်းပွဲ အစောင့် အလျှောက်များကို စိတ်ထဲက တိုင်တည်လာတာက ဒီဘကြီးရဲ့  အခြေအနေလေး ထူးခြား နမိတ်တစ်ခုခု တွေ့ ပါရစေဆိုပြီး တိုင်တည်ထွက်ခဲ့ တာပါ...ဒီလိုနဲ့ လမ်းမှာ ဘာများထူးခြားတာတွေ့ မလဲ ဆိုပြီး ဟိုကြည့် ဒီကြည့် နဲ့ လျှောက်လာပေမယ့်  ထူးခြားလို့ ထင်လောက်စရာ ဘာမှမမြင်မိဘူးပေါ့ လေ

ဒါနဲ့  ညောင်းလာတာနဲ့  ဈေးမရောက်ခင် အုပ်ခုံလေးမှာ ထိုင်ပြီး ဈေးပြန်လူတွေကို ထိုင်ကြည့် နေတုန်း ခပ်လှမ်းလှမ်း လော်ရီကားတစ်စီးမောင်းချလာပါတော့ တယ်...

ပုံမှန်ကုန်တင်လာတာမဟုတ်ပဲ ပြင်ဆင်ထားပြီး လော်ရီကားပေါ်မှာ ဆိုင်းတွေဗုံတွေတီးလို့  ညပိုင်း အလှုတစ်ခုခုမှာ သွားတီးကြမယ့်  အဖွဲ့ တွေဖြစ်နေပြီး လမ်းတစ်လျှောက်ကို ကားပေါ်ကနေ ဆိုင်းတွေ ဗုံတွေတီးပျော်သွားကြတာပါ အဲ့ ကား ကျနော့်  ရှေ့ က ဖြတ်မောင်းသွားတာနဲ့  စိတ်က ဟာ...သွားပြီ ဆိုတဲ့  စိတ် ချက်ချင်းဖြစ်သွားပါတော့ တယ်..

ပြင်ပ နမိတ်ကို ကျနော်စောင့် ဖမ်းနေတဲ့ အခါတိုင်ဟာ သောကြာတိုင်ဖြစ်ပြီး သောကြာတိုင်အခြေခံက အရူး အပျော်တိုင်ပါ....ဒီတော့  သောကြာ အခါတိုင်ရဲ့  အင်္ဂါနံ စိတ်န၀င်း အောင်မြင်သဘော အပျော်ကို ကားပေါ်က အလှုတော်မင်္ဂလာဆိုင်းအဖွဲ့ က ဆိုင်းတွေ ဗုံတွေတီးပြီး ယူသွားတဲ့ သဘောမို့  သောကြာ အခါတိုင်ရဲ့  ခိုက်နံ ဖြစ်တဲ့  အရူးက ကျနော့် ဆီမှာကျန်ခဲ့ ပြီ သဘောပါ..ဒီသဘောကနေ ဘကြီး ဒီည တောင် ကျော်ပါ့ ဦးမလားဆိုတဲ့  အတွေးဖြစ်လာပါတယ် ဒါနဲ့  အိမ်ပြန်ချသွားတော့ ...အိမ်မှာ မိသားစုတွေ စုစု စုစုနဲ့  ဘကြီးနားမှာ ၀ိုင်းနေတာတွေ့ လိုက်ရပါတော့ တယ် ..ကြို့ ထိုးနေလို့ တဲ့ ....ဆရာဝန်ပြေးပင့် ကြပေါ့ 


ဆရာဝန်လည်းရောက်လာ တောင်လုပ်မြောက်လုပ်နဲ့  အဲ့ ညဦးပိုင်းတင် ဆုံးသွားပါလေရောဗျာ သောကြာတိုင်ရဲ့  မြန်အားပါ ပါတဲ့ သဘောပေါ့  အဲ့ မှာ ကျနော်လည်း ညစ်သွားချက်က ရက်လည်အထိပါ နေလိုက်ရပါရောဗျာ...


( အစတုံးကသာ စမ်းကြည့် တဲ့ သဘောနဲ့  နမိတ်တွေ တောင်ဖမ်းကြည့်  မြောက်ဖမ်းကြည့်  လုပ်ခဲ့ ပေမယ့် နောက်တော့  အဲ့ လိုတွေ တကူးတကတွေတော့ ခဏခဏ နမိတ် မဖမ်းတော့ ပါဘူး (ကောင်းတာတွေထက် မကောင်းတာတွေ တွေ့ နေရမှာစိုးလို့ ပါ)..ပြီးတော့  မကောင်းတဲ့  နမိတ်တွေ့ လာရင် ရှောင်ရ တိမ်းရ ဖြည်ရတာ အတော်ခက်တဲ့ သဘောရှိပါတယ်)

အခါတိုင်ပညာ အခြေခံသဘောပါ








အခါတိုင်ပညာ အခြေခံသဘောပါ
--------------------------------------
အခါတိုင်ပညာမှာ  ခိုက်ဆိုတဲ့  အမြစ်နံ နေရာက နံ ပရိယာယ်သဘောနဲ့  န၀င်းဆိုတဲ့  ပဉ္စပွတ် နေရာက နံသင့်  ၂ ခု ကို အခါတစ်ခု ရဲ့ မြင်သာတဲ့  အဓိက လက္ခဏာ အဖြစ် ဆွဲထုတ်ပြီး အခါတိုင်တစ်ခုရဲ့  အတိုချုပ် သီဝရီ အဖြစ် သတ်မှတ်ပြခဲ့ တယ်.. ဥပမာ တနင်္ဂနွေတိုင် မှာ ခိုက်ဟာ တနင်္ဂနွေ နံ ရဲ့ အမြစ်  စနေနံ ဖြစ်ပြီး န၀င်းဟာ တနင်္ဂနွေ နံ ရဲ့ ၅ ခု မြောက် နံ ပဉ္စပွတ် ကြာသာပတေးနံ ပေါ့ လေ...အဲ့ မှာ စနေနံ ခိုက် သဘောက အမှု့ အခင်းတွေ သဘော သိက္ခာတွေချိုးဖဲ့ ကြတာ မာနပြိုင်ကြတာသဘော
နဲ့  န၀င်းဆိုတဲ့  ကြာသာပတေးနံ သဘောကိုတော့  အသိမှန် ပညာမှန် တွေးဆချက်တွေအမှန်သဘော
 လို့ ဆိုနိုင်ပါတယ်

ဒီ န၀င်း နဲ့ ခိုက်ဟာ အခါတိုင်တစ်တိုင်အတွင်း တစ်ပြိုင်နက်ထဲ မလွှမ်းမိုးပါဘူး  မာနစိတ်တက်နေရင် အသိမှန်အတွေးမှန်ပညာမှန်စိတ် ဆုတ်သွားပြီး  အသိမှန် အတွေးမှန် ပညာမှန်စိတ်ဝင်နေချိန်မှာ မာနဆုတ်သွားပြီး ကိုယ့် ကိုယ်ကိုယ် ရိုးရိုးကုပ်ကုပ်သဘော နေတော့ တဲ့ စိတ်မျိုး ဖြစ်လာပါတယ် ( စနေနဲ့  ကြာသာပတေး ပရိယာယ်သဘောကို  အတိုချုပ်ရေးလိုက်တာပါ ပြီးတော့  စိတ်ပိုင်းဆိုင်ရာတွေသဘောကို ပြောနေတာ ပိုဆန်ပါတယ်)