'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, December 22, 2015
အချစ်
အချစ်
--
အချစ်ဟာ အချစ်သာဖြစ်လို့ 
အချစ်ကို အချစ်ထက် မပိုခဲ့ ကြတာ
နင်နဲ့ ငါတို့ ရဲ့ ကြားက အချစ်ပေါ့  ..ချစ်။
အချစ်
---
တင်းတင်းကျပ်ကျပ် မလွတ်တမ်း
ပွေ့ ဖက်ထားချင်လောက်အောင်ကို
တုန်နေအောင် ချစ်လွန်းရပေမယ့် 
အိမ်ထောင်ဖက်အဖြစ်အထိတော့ 
မစွန့် စားရဲသေးပါဘူးဆိုတာလဲ အချစ်ပါပဲမေ..
သြဇာ
သြဇာ အကြောင်းတွေ့ လိုက်လို့ ..ကျနော်က အဲ့ တနင်္လာကို သပြေ ညွန့် ရော သြဇာညွန့် ပါ ၂ ခု စလုံး လှုစေချင်တယ် အဲ့ တနင်္လာက သပြေတော့ ရတယ် အာဆီယသပြေကောရလား သြဇာကတော့  မရလောက်ဖူးဆြာ လို့  ဆိုလာတော့  ကျနော်က သပြေ ဆိုပြီး ရှေ့ က ဘာခေါ်ခေါ် သပြေသည်တွေက အဲ့ လိုပဲ အမည်
တပ်ခေါ်တာ ဒါနဲ့  အဲ့ မှာ အုန်းဆီတော့  ရလောက်မှာပေါ့  လို့  မေးလိုက်တော့ ရတယ် ဗူးလေးတွေနဲ့ ရောင်းတယ် သူ့ မှာတောင်ရှိသေးတယ်လို့  ဆိုလာတယ်
ဒီတော့  ဒါဆို ရပြီ အဲ့  သပြေညွန့် တွေ ရဲ့ အဖျားလေးမှာ အုန်းဆီ ၄ ချက် တို့  လိုက်ပြီး လှုထားဗျာ လို့  သြဇာ ညွန့် အစား အုန်းဆီ ကို အစားထို့  လှူထားစေလိုက်တာပေါ့ ဗျ
မတွန့် စေရ နံ သုံး တွဲ ကို ဒီလိုပဲ စိတ်ထဲက လိုအပ်ပြီးထင်လာရင် ၂ တွဲ ဒါမှမဟုတ် ၃ တွဲ စလုံး လှူထားစေတာမျိုးလဲ ရှိတယ် ရတယ်ေါ့ လေ ဆို ပါတော့  အရွက်လွယ်တယ် ကံလဲမကောင်းဘူးဆိုလို့ ကတော့  သစ္စာပန်း ၉ ရွက်ရော မရမ်း ၉ ရွက်ပါ တစ်ပြိုက်နက်ထဲ လှုထားပါလို့ ပေးလိုက်တာမျိုးပေါ့  အဲ့  အခါတွေမှာ မဟာဘုတ်မပါဘူး နေ့ သား နဲ့  သာပေးတာမျိုးပါ
အမေးအဖြေခန်းလေး ---------------
အမေးအဖြေခန်းလေး
---------------
မင်္ဂလာပါ ဆရာ
အိပ်သေးဘူးလား
-------------------
စိတ်ဖရီး လူဖရီးပဲ..ဟီးးး
---------------
စိတ်ဖရီးနေတုန်း
ဈေးဆိုင်လေး အခြေအနေ ကြည့်ပေးဦးလေ.
ဆရာ
ရောင်းကောင်းအောင်
အတိုက်အခံ ကင်းအောင်
ဟီးဟီး
---------------------
ပုံမှန်တော့  သွားနေပါတယ် တစ်ခါတစ်လေ ထူးခြားအရောင်းသွက်အောင်က ဆိုင်ခုံတွေ ချထားနေကျနေရာကနေ နေရာ ပြောင်းချလိုက်တာ ဆိုင်ထဲမှာ ကြည့် ကောင်းတဲ့  ဖန်စီပစ္စည်း အလှအပလေးတွေ လျှောက်ဆင်လိုက်တာမျိုးက ရုတ်တရက် လန်းဆန်းတဲ့  ဓါတ်ကံလေး ပွင့် သွားပြီး အလုပ်ပို သွက်သွားလေ့ ရှိတယ်ဗျ
---------------------------
အတိုက်အခံ ကျတော့ ရော ဆရာ
မိန်းမ တစ်ယောက်.. ပြိုင်နေတယ်
ဝယ်သူတွေ သူ့ဘက်ပါအောင် ခေါ်နေတယ် ဆရာ
--------------
ရေကို မန်းပြီး သူ့ ကို အာရုံပြုပြီး ဆိုင်ရှေ့ ပက်ပစ်ရတယ်
----------------------------
ကျမဆိုင်ရှေ့ လား
သူ့ဆိုင်ရှေ့လား ဆရာ
-----------------
ဟုတ်ဗျ ကိုယ့် ဆိုင်ဝန်းကျင်လေးပါ
'ငါ'' ဗဟိုပြု ရွေးခြယ်ခြင်း
''ငါ'' ဗဟိုပြု ရွေးခြယ်ခြင်း
--
ကံကောင်းတာက ကျနော့် ဗီဇသဘောပါလာပုံက အများယောင်တိုင်း လိုက်မျောမသွားလွယ်ဘူး အများသဘောကိုလဲ အများသဘောတွေပါလို့  နားလည်ပေးနိုင်တဲ့  ဖီလင်ပါလာသလို့  ကိုယ့်  ၀န် နဲ့  ကိုယ့်  မူလစရိုက်ကို ကိုယ် ကိုယ်ပြန်ပြန်ချိန်ဆပြီး ကိုယ့် ဘ၀လမ်းကို ကိုယ့် ဟာကိုယ် ရွေးခြယ်သွားတာမျိုးပဲ အဲ့ မှာ ဂါထာပေါင်းသောင်းခြောက်ထောင်ထဲက တစ်ခုစ နှစ်ခုစကို ကိုယ့် အအတွက် ကိုယ်ရွေးခြယ်ခြင်းရဲ့  အခြေခံသဘောဖြစ်လာတယ်
ကိုယ့် စရိုက်က စိတ်ဖိအားမဖြစ်ချင်ဘူး လွတ်လပ်ရမယ် လွယ်လဲ လွယ်ရမယ် အချိန်လဲမပုပ်ရဘူး အလုပ်လဲဖြစ်သင့် သလောက်ဖြစ်ရမယ် စိတ်ကလဲ သိပ်မရှည်တတ်ဘူး ဒီတော့  စိတ်ရှည်နိုင်လောက်တာမျိုးလဲဖြစ်ရမယ် အားကိုးလောက်ဖွယ်လဲ ဖြစ်ရမယ် နေရာဒေသ အခါလဲ ရွေးနေစရာမလိုရဘူး စသဖြင့် အဲ့ လို ဖရီးဖြစ်နေတဲ့  ဂါထာသဘောတွေကို တွေးရင်းက '' စမ'' ဂါထာကို သဘောကျသွားပြီး တစ်သက်တာအတွက် ထုံဖြစ်တော့ တာပါပဲ၊ ကိုယ့် အားနဲချက်တွေထဲမှာ ပြဿနာကြီးတစ်ခု ပါဠိတွေ များလာရင် အာရုံမလာတော့ ဘူး..ပြီးတော့  ရှည်လျားထွေပြားတဲ့  ပါဠိ ဂါထာတွေဆို တစ်ဝက်အထိတောင် ဖတ်ကြည့် ဖို့  စိတ်မ၀င်စားဖူး..အဲ့ ဒါက ဂါထာရှည်ကြီးတွေကို ငြင်းလိုက်တဲ့ အချက်ဖြစ်လာတယ်...
နောက်တစ်ခါ ဆိုက်ကိုသဘောမှာ တိုလွန်းရင် ပေါ့  ရှည်လွန်းရင် လွင့်  လွယ်တယ်ဆိုတဲ့ သဘောတရားတစ်ခုရှိတယ် အာရုံဝင်စားနိုင်မှု့ ဟာ အတိုအရှည် အကန့် အသတ်တစ်ခု
ဘောင်ထဲမှာ ရှိတယ်ပေါ့ လေ..ဥပမာ ကျောင်းတွေမှာ အတန်း စာသင်ချိန် ၁ ချိန် ကို ၄၅ မီးနစ်ထားပေးတာဟာ ယေဘူယျ လူအများစုရဲ့  အာရုံစူးစိုက်နိုင်မှု့ ဟာ အဲ့  ၄၅ မီးနစ်ထဲမှာသာ အားအကောင်းဆုံးဖြစ်ကြောင့်း စနစ်တစ်ကျ တွက်ချက်စောင့် ပြီးမှ သတ်မှတ်တဲ့ သဘော...နာရီဝက်လောက် အတွင်းထားရင်လဲ အာရုံမငြိမ်သေး ၄၅မီးနစ်ထက် သိပ်ကျော်သွားရင်လဲ အာရုံရဲ့ မှတ်နိုင်အား စွမ်းရည်ကျ ကျသွားလို့ နောက်ပိုင်းဟာတွေ ခေါင်းထဲ မရောက်...သဘော..၊ ဒီသဘောကို ဂါထာ တိုစိတွေနဲ့  မတိုမရှည် တွေ ရှည်လျားထွေပြားတွေကို ကိုယ့်  စရိုက်နဲ့  ချိန်ပြီး ရှည်လွန်းတာ တိုလွန်းနေတာတွေကို ကိုယ့်  အထုံ အဖြစ်ကနေ ပယ်လိုက်တာမျိုးဖြစ်လာတယ်...ဒီတော့  စမ ဂါထာ ၄ ကြောင်းက ကျနော်အတွက် အတိုအရှည် အနေအတော် ဂါထာ ဖြစ်လာသလို လက်ပေါက်ကပ် ရှုတ်ရှုတ်ရှက်ရှက် ပါဠိ စာတွေမပါလို့  စိတ်ကိုဖိအား မဖြစ်စေတော့ ဘူး တစ်ရေးနိုး ကောက်ရွတ်လိုက်လဲ ဂါထာ စာ ၄ ကြောင်းက အာရုံမိမိနဲ့  တုန့် ဆိုင်းတွေးတောနေစရာ မလိုပဲ အလွတ်တန်း ချောကနဲ ပဲ ။ အဓိက ကတော့ ရင်သပ်ရှု့ မော့  လောက်တဲ့  ကောင်းနိုးရာရာ သြ၀ါဒတွေ ဘယ်လောက်များများ ကိုယ့်  စိတ်လမိုင်းနဲ့  ကပ်တာကိုသာ ရွေးတယ်ပေါ့ ဗျာ...
ဗဟိုပြုမှု့ 
ဗဟိုပြုမှု့ 
--
ကောင်းသောပညာသမား ပညာရှင်လို့  စ အသိအမှတ်ပြုချင်မိတဲ့ အချက်က က သူ့ ဆီ သွားပတ်သက်မိသမျှ သူတွေကို သူက စေတနာအပြည့် နဲ့  ပညာအား ဥာဏအား တော်ကီအားတွေနဲ့  လာသမျှ သူတွေရဲ့  ရင်တွင်းအပူတွေ ကို ကူညီလို့  သူနိုင်သမျှ ဘယ်လောက်တောင် ငြှိမ်းသတ်ပေးနေသလဲနဲ့ ဆုံးဖြတ်လိုက်တယ်..အများသူငါတွေရဲ့ အပူတွေသောကမီးတွေ ကို တတ်နိုင်သလောက် ကူငြှိမ်းချင်တဲ့  ဖီလင် (၀ါ) အများကို ဗဟိုပြုလိုက်တယ်
ဆိုသော ပညာသမား ပညာရှင်သဘောကတော့  ရှင်းတယ် ကိုယ့် ကိုယ်ကိုယ်သာ ဗဟိုပြုတယ်
အထုံ
------
ကျနော့် အမေ တစ်သက်တာ စိတ်သွားတဲ့ ပုတီးစိတ်က '' ဗုဒ္ဓေါ အရဟံ '' ပါပဲ ဒီ ဂုဏ်တော် ၂ ပါးကိုပဲ ထုံပြီး လောကဓံတရားဆိုးတွေကို ရင်ဆိုင်ယှဉ်ပြိုင် ပြီး ဘ၀ခရီးကို သွားခဲ့ တာပါပဲ...
ကနော့် တစ်သက်တာမှာ စိတ်မိ ရွတ်မိနေချိန်အများဆုံး ၉၀ ရာနှုံးကျော် ဂါထာက ''စမ''ဂါထာ တစ်ပုဒ်ထဲ ထုံပြီး ဘ၀ခရီးကိုဖြတ်သန်းနေတာပါပဲ....အဲ့  ''စမ''ဂါထာကိုပဲ တိုင်းရင်းဆေးလို သောက်လိမ်းရှု ရေလဲ အမျိုးမျိုးနဲ့ ပေါ့ 
ပညာရပ်တွေ ကို စိတ်ဝင်စားပုံတောင် ဗဟိုပြုမှု့  အာရုံကွာတယ် ကိုယ့် အတွက်သာ အဓိက ဗဟိုပြုမှု့ နဲ့  ကိုယ် အပါအ၀င် သူများတွေကို ကူညီချင်လို့ ဆိုတဲ့  ဗဟိုပြုမှု့  သဘောကွာတယ်

Subscribe to:
Posts (Atom)