Powered By Blogger

Friday, October 28, 2016

နာဂစ်ည (၁) ( ၂)


နာဂစ်ည (၁)
--
နာဂစ်ညလို သဘာဝဘေးသဘောက ဘ၀တစ်လျှောက်မှာ တစ်သက်မှ တစ်ခါလိုမျိုး ကိုယ်တွေ့ ကြုံခဲ့ တဲ့  အဖြစ်မျိုး ဖြစ်ပြီး နာဂစ်နောက်ပိုင်း နာဂစ်လောက် ပြင်းထန်လွန်းတဲ့  သဘာဝမုန်တိုင်းဘေးမျိုး ထပ် မကြုံဖူးတော့ ပါဘူး

နာဂစ်နောက်ပိုင်း နာဂစ်ညကို သတိရ စရာကောင်းလောက်အောင် အတော်လေး ပြင်းထန်တဲ့  မိုးကြိုးတွေပစ် လျပ်စီးတွေလက် အိမ်ခေါင်မိုး အထက်နား တည့် တည့် ကလို ထင်ရလောက်
အောင် အသံကျယ်ကြီးနဲ့  ( ဆီပေပါခွံ အပိန်အရှုံ့ တွေကို ပေတစ်ရာလမ်းပေါ် လှိမ့် သွားသလိုးမျိုး လမ်းကြိတ်စက်ကားက ခပ်မြန်မြန်လေး အိမ်ရှေ့ က ဖြတ်မောင်သွားသလိုမျိုး ) မိုးခြိမ်းသံတွေကြားရ ..ကောင်းကင်ကြီး နီရောင်သန်းနေပြီး နောက်မကြာခင် လေပြင်းတွေ ခပ်ပြင်းပြင်းလေး တိုက်ခတ်လာတာမျိုး တစ်ခါတစ်လေ ကြုံရတတ်ပေမယ့်  အဲ့  ကြုံခဲ့ ဖူးတဲ့  နာဂစ်ညကလောက်ကို မဖြုံတော့ ပါဘူး........

နာဂစ်ညက သိပ် ဖြုံနေခဲ့ သလားဆိုတော့ လည်း အလွန်အကျွံကြီး ဖြုံနေတာမျိုး အဲ့ ညက ဖြစ်မနေခဲ့ ပြန်ဘူး...ဘာ့ ကြောင့်  နာဂစ်ညကို အလွန်အကျွံ မဖြုံမိခဲ့ လည်း ဆိုရင် ပထမအချက်က အဲ့ လောက်ပြင်းထန်တဲ့  မုန်တိုင်းမျိုး ကိုယ်တွေ့ အဖြစ် တစ်ခါမှ မကြုံခဲ့ ဘူးလို့  မုန်တိုင်း သဘောကို ကြောက်ရကောင်းမှန်း မသိခဲ့ ဘူးက ပထမ အချက်လို့  မှတ်ရနိုင်ပြီး..

.နောက်အချက်တွေက ကိုယ်တိုင်ရဲ့  စိတ်ကိုက ကြို တွက်ချက်ထားမှု့ တွေက ကိုယ့် စိတ်ကို အဲ့ ညက အလွန်အကျွံ သောက ဖြစ် မနေစေခဲ့ ဘူးလို့  သဘောရပါတယ်..

တစ်ခါတုန်းက ရန်ကုန်မြို့ ကြီးမှာ.... ( ၇၀ နဲ့  ၈၀ လွန်စ နှစ်တွေမှာ..)


တစ်ခါတုန်းက ရန်ကုန်မြို့ ကြီးမှာ.... ( ၇၀ နဲ့  ၈၀ လွန်စ နှစ်တွေမှာ..)
---
ပုံက ရှားရှားပါးပါးပုံရိပ်များဆိုတဲ့  ပေ့ ထဲကပါ..ဒီပုံလေးမြင်တော့  အလယ်တန်းကျောင်းသားဘ၀က (ခုတော့  ရယ်စရာပေါ့ လေ) အဖြစ်လေးတစ်ခု သတိရမိတယ်၊ အရင်ဟိုးနှစ်က တစ်ခါ နဲနဲ ပြောပြဘူးတယ်၊ ကျနော်တို့ က ကျောင်းစနေကတည်းက ကျောင်းပြေးဘာပြေးနဲ့  နဲနဲတော့ ဗရုတ်သုတ်ခနိုင်ခဲ့ တယ် ပေါ့ လေ..၊ အဲ့  ၆ ကားက မြောက်ဥက္ကလာဖက်သွားတဲ့  လိုင်းဖြစ်ပြီး..ကျနော်တို့  ကျောင်းသွားရင်စီးရတာက
ကြည့် မြင်တိုင် ဟံသာဝတီ နာနတ်တော့ ဖက်ပြေးတဲ့  ဟီးနိုးကား ၁၂ လိုင်းပေါ့  ၊ ၆ ကားကို ၆ ကားစီး ချီးကောက်စားလို့ လဲ နောက်ခဲ့ ကြဘူးတယ် ၊ အဲ့ တုန်းက မြောက်ဥက္ကလာက နဲနဲခေါင်တယ်လေ မြောက် ဥက္ကလာ တောင်ဥက္ကလာတို့ ဆိုတာ မြို့ ထဲကနေဆို တမေ့ တမောကြီး စီးရတဲ့  သဘောရှိခဲ့ တယ်

အဲ့ တုန်းက အစပိုင်းမှာ ဟီးနိုးကားတွေမှာ နောက်က ပုံထဲမြင်ရတဲ့ အတိုင်း ပြောင်လက်နေတတ်တဲ့  စတီးဘန်ဘာပါထူကြီး ဟီးနိုးကားတိုင်းမှာပါလာလေ့ ရှိတယ်..၊ အဲ့ ဟီးနိုးတွေကတော့ 
ဂျပန်က စစ်လျော်ကြေးဆိုပြီးပေးတာလို့ တော့ ပြောတာ ကြားဖူးတာပဲ ဟုတ်မဟုတ်တော့ သေခြာမသိပါဘူး လေးဘီးကား ဘီ ၃၆၀တွေလဲ အဲ့ လိုပဲ ပေးခဲ့ တာဖြစ်ပြီး စက်ရုံပါလာထောင်ပေးထားလိုက်တာလိုလို
ဘာလိုလိုပေါ့ ..

ညှပ်ခေါက်ဆွဲ





ညှပ်ခေါက်ဆွဲ
---
ယူကျူ့ ထဲသွားပတ်နေရင်း မုန့် ဗိုင်းတောင့် လုပ်ဖို့  မုန့် ကြိတ်နေတာလေး မြင်လိုက်ရတော့  ပြည်က ခေတ္တရာမြို့ သစ်မှာ နေခဲ့ တဲ့  မုန့် ဟင်းခါးရောင်းခဲ့ တဲ့  အဖွားကို သတိရသွားပါရောဗျား...

ပြည်မှာ အမေဖက်က အမျိုးတွေတစ်စု ရှိခဲ့ ကြတာမှာ မုန့် ဟင်းခါးရောင်းတာ ဖွားအေကြီးနဲ့  ၀ါရုံထဲက ကြီးဒေါ်ကြီး ပါ ရှိခဲ့ တယ် ( ကြီးဒေါ်ကြီးကို ကျနော်တို့ က အရီးလေး လို့ ခေါ်ကြတယ်) ဒီတော့  မုန့် ဟင်းခါးရောင်းတဲ့  အမျိုးက နှစ်ယောက်ပေါ့ လေ..အဲ့ မှာ အဲ့ အဖွားတို့ အိမ်မှာရော
အရီးလေးတို့  အိမ်မှာပါ အဲ့ လက်လှည့်  ကျောက်ကြိတ်ဆုံကြီးတွေ ရှိကြတယ်... အဓိကက ညှပ်ခေါက်ဆွဲ လုပ်ဖို့ ပေါ့ လေ..၊

တစ်ခါတစ်လေ သူများ လာအပ်တာတွေလည်း ကြိတ်ပေးရလေ့ ရှိတယ် ဆန်တစ်ပြည် ဘယ်လောက်ပေါ့ လေ..၊ ကျနော်တို့ မြေးတွေ အဲ့ အဖိုးအဖွားတို့ အိမ်မှာ နွေကျောင်းပိတ်ရက်တွေ သွားနေရင် အဲ့ ကျောက်ကြိတ်ဆုံကြီးတွေနဲ့  အဖွားတို့ မုန့် ကြိတ်တုန်း
အပျော်သဘော ၀င်ကြိတ်ကြတယ်..၊ ကြာကြာတော့  မကြိတ်နိုင်ပါဘူး..ကြိတ်ဆုံမောင်းလက် လက်တံရှည်ကြီးကို တွန်းရ ပြန်ဆွဲရက လေးလို့ ထစ်ထစ်ပြီး ရပ်ရပ် သွားတာက ခပ်များများပေါ့ .. ....ကြိတ်နေကြမှ ကြိတ်တတ်တာမျိုး ပိုဆန်ပါတယ် ......

အဖိုး အဖွား ဦးလေးတွေကတော့  ကြိတ်သားကျနေလို့  မုန့် ကြိတ်ရတာကို ပင်ပမ်းတကြီး လုပ်နေပုံမရပါဘူး...တစ်ခါတစ်လေ အရပ်ထဲကလူတွေလာရင် မုန့် ကြိတ်နေရင်းကကို စကားစမြည် အပြော မပျက်ကြဘူး..

အဲ့ ကြိတ်ဆုံက ထွက်လာတဲ့  မုန့် နှစ်ရေတွေကိုတော့  ညှပ်ခေါက်ဆွဲ လုပ်တဲ့ အခါ ရေနံဆီပုံး လေးထောင့်  သံပုံးကို တုံးလုံးလှဲ ထားတဲ့  ဒီဇိုင်းမှာ ဘေးက အပေါ်နားမှာ သံပုံး အလျားအရှည် နီးပါးလိုက် နဲ့ 
ဗျက် ၆လက်မလောက် အကျယ် အပေါက်ရှည်ဖေါက် အဲ့ အပေါက်မှာမှ စားပွဲခုံမှာ လျှာထိုး အံဆွဲ ဆင်သလို ဆင်ထားပြီး ။ သံပုံးအပေါ်မှာတော့  အဖုံးလေးပါတယ် အဲ့ အဖုံးကနေ သံပုံးထဲ ရေတွေထည့်  မီးဖိုပေါ်တင် ၊အဲ့  အံဆွဲထဲ မုန့် နှစ်တွေ ဖြန့် ဆမ်း ပေါက်စီပေါင်းသလို ရေနွေးငွေ့ နဲ့  ပေါင်းလိုက်ပြီး ညှပ်ခေါက်ဆွဲဖတ်တွေအဖြစ် ကျက်စေလိုက်တာမျိုးပေါ့ လေ ..။

အဲ့ လို သံပုံးက သုံးလုံးလောက် ရှိတတ်ပြီး ရေနွေးငွေ့ နဲ့ မုန့် ဖတ်ကျက်တာက အတော်မြန်ပါတယ်..၊ အဲ့ မှာ ပထမတော့  ညှပ်ခေါက်ဆွဲဖတ်တွေက အထူကြီး အပြားလိုက်ကြီးတွေထွက်လာတာမျိုးပါ

ဒီ ညှပ်ခေါက်ဆွဲဖတ် အပြားကြီးကို အနားက ၀ါးလုံးတန်းမှာ အ၀တ်လှမ်းသလို ခဏ လှမ်းထားပြီးမှ နောက်မှ ဆန်ကောကြီးထဲ အဲ့  ညှပ်ခေါက်ဆွဲဖတ် အပြားကြီးတွေ ခေါက်ထည့် ပြီး ရောင်းတန်းမှာ မြင်ရတဲ့  ညှပ်ခေါက်ဆွဲဖတ်တွေ အဖြစ် ကပ်ကြေးနဲ့ ထိုင်ကိုက်ရပါတယ်... အဲ့ ဒါကြောင့်  ညှပ်ခေါက်ဆွဲဖတ် အဓိက အစားအစာကို
ကပ်ကြေးကိုက် လို့  ခေါ်တာများလားမသိ လို့  တွေးမိသေးပေါ့ လေ....

အိမ်လုပ် ကိုယ်တိုင်လုပ်ဖြစ်သလို ဘာကလီကမာမှ မပါပဲ သိပ်ကို လပ်ဆတ် သန့် ရှင်းတဲ့  ညှပ်ခေါက်ဆွဲဖတ်တွေ ဖြစ်နေလို့  အဲ့  ညှပ်ခေါက်ဆွဲဖတ်မှာ အဲ့ ညှပ်ခေါက်ဆွဲ ဖတ် ဖြစ်နေ အရသာတွေ့ တယ်လို့ ဆိုပြီး အဲ့ ညှပ်ခေါက်ဆွဲဖတ်နဲ့ မှ မုန့် ဟင်းခါးကို တကူးတက လာစား ၀ယ်သွားကြသူတွေအများကြီးပေါ့ လေ...၊

ပြီးတော့  အဲ့ ညှပ်ခေါက်ဆွဲဖတ်တွေဟာ နောက့် နေ့ ကူးအထိ ကျန်လေ့ မရှိပဲ နေ့ စဉ် မနက်ပိုင်း မုန့် ဟင်းခါးဆိုင်ထွက်အပြန် နေ့ လည်နား ညနေတိုင်း မုန့် နှစ်ရေ အသစ်ကြိတ်နေရလို့  ညှပ်ခေါက်ဆွဲဖတ်အကျန်တို့  သိုးစပြု ချဉ်စပြုတွေလည်း မဖြစ်နေတော့ ဘူးပေါ့ လေ...၊ မုန့် ကြိတ်ရတာ
နေ့ တိုင်းလိုလိုပါပဲ ဆိုင်မထွက်တဲ့ နေ့ တွေ ဈေးပိတ်တဲ့ နေ့ မျိုးတွေသာ အနားရကြတယ်ပေါ့ လေ..

ဒါတောင် အပြင်က အပ်ထည်လာရင် ထကြိတ်ချင်ကြိတ် လိုက်ကြတာ မျိုးပါသေးတယ်...အဲ့ လောက် အလုပ်လုပ်ခဲ့ ကြတယ်ပေါ့ ဗျာ.... မြို့ သစ်ကအဖွားက ခေတ္တရာမြို့ သစ်ဈေးမှာ ၀ါရုံက ကြီးဒေါ်ကြီးက ပြည် ဈေးကြီးမှာ ဆိုင်ထွက်ခဲ့ ကြတယ်.ညီအစ်မတစ်ဝမ်းကွဲတွေ ပြည်တွင်းစစ်ပြေးရင်း ပြည်ဖက်ကို အမျိုးအုပ်ကွဲရောက်လာသူတွေပေါ့ လေ..

အဲ ထူးဆန်းပါပေ့  တော့်  ကတွတ်ပီ ဆိုသလိုပါပဲ့ ညီအစ်မတစ်ဝမ်းကွဲတွေ
တစ်ရွာထဲသူတွေသာ ဖြစ်တာ မုန့် ဟင်းခါးရဲ့  မုန့် ဟင်ရေချက်နည်း စတိုင်ကမတူကြပဲ သူ့ ဟာနဲ့ သူတော့ စားကောင်းနေတာမျိုးချည်းပါပဲဗျား...
ကျနော်တို့ ကတော့  မြေးတွေဆိုတော့  မြို့ သစ်က အဖွားမုန့် ဟင်းရေက ပိုကောင်းတယ်လို့  အဖွားဘက်က နဲနဲတော့  ဘက်လိုက်တာပေါ့ လေ..။