ညှပ်ခေါက်ဆွဲ
---
ယူကျူ့ ထဲသွားပတ်နေရင်း မုန့် ဗိုင်းတောင့် လုပ်ဖို့  မုန့် ကြိတ်နေတာလေး မြင်လိုက်ရတော့  ပြည်က ခေတ္တရာမြို့ သစ်မှာ နေခဲ့ တဲ့  မုန့် ဟင်းခါးရောင်းခဲ့ တဲ့  အဖွားကို သတိရသွားပါရောဗျား...
ပြည်မှာ အမေဖက်က အမျိုးတွေတစ်စု ရှိခဲ့ ကြတာမှာ မုန့် ဟင်းခါးရောင်းတာ ဖွားအေကြီးနဲ့  ၀ါရုံထဲက ကြီးဒေါ်ကြီး ပါ ရှိခဲ့ တယ် ( ကြီးဒေါ်ကြီးကို ကျနော်တို့ က အရီးလေး လို့ ခေါ်ကြတယ်) ဒီတော့  မုန့် ဟင်းခါးရောင်းတဲ့  အမျိုးက နှစ်ယောက်ပေါ့ လေ..အဲ့ မှာ အဲ့ အဖွားတို့ အိမ်မှာရော
အရီးလေးတို့  အိမ်မှာပါ အဲ့ လက်လှည့်  ကျောက်ကြိတ်ဆုံကြီးတွေ ရှိကြတယ်... အဓိကက ညှပ်ခေါက်ဆွဲ လုပ်ဖို့ ပေါ့ လေ..၊
တစ်ခါတစ်လေ သူများ လာအပ်တာတွေလည်း ကြိတ်ပေးရလေ့ ရှိတယ် ဆန်တစ်ပြည် ဘယ်လောက်ပေါ့ လေ..၊ ကျနော်တို့ မြေးတွေ အဲ့ အဖိုးအဖွားတို့ အိမ်မှာ နွေကျောင်းပိတ်ရက်တွေ သွားနေရင် အဲ့ ကျောက်ကြိတ်ဆုံကြီးတွေနဲ့  အဖွားတို့ မုန့် ကြိတ်တုန်း
အပျော်သဘော ၀င်ကြိတ်ကြတယ်..၊ ကြာကြာတော့  မကြိတ်နိုင်ပါဘူး..ကြိတ်ဆုံမောင်းလက် လက်တံရှည်ကြီးကို တွန်းရ ပြန်ဆွဲရက လေးလို့ ထစ်ထစ်ပြီး ရပ်ရပ် သွားတာက ခပ်များများပေါ့ .. ....ကြိတ်နေကြမှ ကြိတ်တတ်တာမျိုး ပိုဆန်ပါတယ် ......
အဖိုး အဖွား ဦးလေးတွေကတော့  ကြိတ်သားကျနေလို့  မုန့် ကြိတ်ရတာကို ပင်ပမ်းတကြီး လုပ်နေပုံမရပါဘူး...တစ်ခါတစ်လေ အရပ်ထဲကလူတွေလာရင် မုန့် ကြိတ်နေရင်းကကို စကားစမြည် အပြော မပျက်ကြဘူး..
အဲ့ ကြိတ်ဆုံက ထွက်လာတဲ့  မုန့် နှစ်ရေတွေကိုတော့  ညှပ်ခေါက်ဆွဲ လုပ်တဲ့ အခါ ရေနံဆီပုံး လေးထောင့်  သံပုံးကို တုံးလုံးလှဲ ထားတဲ့  ဒီဇိုင်းမှာ ဘေးက အပေါ်နားမှာ သံပုံး အလျားအရှည် နီးပါးလိုက် နဲ့ 
ဗျက် ၆လက်မလောက် အကျယ် အပေါက်ရှည်ဖေါက် အဲ့ အပေါက်မှာမှ စားပွဲခုံမှာ လျှာထိုး အံဆွဲ ဆင်သလို ဆင်ထားပြီး ။ သံပုံးအပေါ်မှာတော့  အဖုံးလေးပါတယ် အဲ့ အဖုံးကနေ သံပုံးထဲ ရေတွေထည့်  မီးဖိုပေါ်တင် ၊အဲ့  အံဆွဲထဲ မုန့် နှစ်တွေ ဖြန့် ဆမ်း ပေါက်စီပေါင်းသလို ရေနွေးငွေ့ နဲ့  ပေါင်းလိုက်ပြီး ညှပ်ခေါက်ဆွဲဖတ်တွေအဖြစ် ကျက်စေလိုက်တာမျိုးပေါ့ လေ ..။
အဲ့ လို သံပုံးက သုံးလုံးလောက် ရှိတတ်ပြီး ရေနွေးငွေ့ နဲ့ မုန့် ဖတ်ကျက်တာက အတော်မြန်ပါတယ်..၊ အဲ့ မှာ ပထမတော့  ညှပ်ခေါက်ဆွဲဖတ်တွေက အထူကြီး အပြားလိုက်ကြီးတွေထွက်လာတာမျိုးပါ
ဒီ ညှပ်ခေါက်ဆွဲဖတ် အပြားကြီးကို အနားက ၀ါးလုံးတန်းမှာ အ၀တ်လှမ်းသလို ခဏ လှမ်းထားပြီးမှ နောက်မှ ဆန်ကောကြီးထဲ အဲ့  ညှပ်ခေါက်ဆွဲဖတ် အပြားကြီးတွေ ခေါက်ထည့် ပြီး ရောင်းတန်းမှာ မြင်ရတဲ့  ညှပ်ခေါက်ဆွဲဖတ်တွေ အဖြစ် ကပ်ကြေးနဲ့ ထိုင်ကိုက်ရပါတယ်... အဲ့ ဒါကြောင့်  ညှပ်ခေါက်ဆွဲဖတ် အဓိက အစားအစာကို
ကပ်ကြေးကိုက် လို့  ခေါ်တာများလားမသိ လို့  တွေးမိသေးပေါ့ လေ....
အိမ်လုပ် ကိုယ်တိုင်လုပ်ဖြစ်သလို ဘာကလီကမာမှ မပါပဲ သိပ်ကို လပ်ဆတ် သန့် ရှင်းတဲ့  ညှပ်ခေါက်ဆွဲဖတ်တွေ ဖြစ်နေလို့  အဲ့  ညှပ်ခေါက်ဆွဲဖတ်မှာ အဲ့ ညှပ်ခေါက်ဆွဲ ဖတ် ဖြစ်နေ အရသာတွေ့ တယ်လို့ ဆိုပြီး အဲ့ ညှပ်ခေါက်ဆွဲဖတ်နဲ့ မှ မုန့် ဟင်းခါးကို တကူးတက လာစား ၀ယ်သွားကြသူတွေအများကြီးပေါ့ လေ...၊
ပြီးတော့  အဲ့ ညှပ်ခေါက်ဆွဲဖတ်တွေဟာ နောက့် နေ့ ကူးအထိ ကျန်လေ့ မရှိပဲ နေ့ စဉ် မနက်ပိုင်း မုန့် ဟင်းခါးဆိုင်ထွက်အပြန် နေ့ လည်နား ညနေတိုင်း မုန့် နှစ်ရေ အသစ်ကြိတ်နေရလို့  ညှပ်ခေါက်ဆွဲဖတ်အကျန်တို့  သိုးစပြု ချဉ်စပြုတွေလည်း မဖြစ်နေတော့ ဘူးပေါ့ လေ...၊ မုန့် ကြိတ်ရတာ
နေ့ တိုင်းလိုလိုပါပဲ ဆိုင်မထွက်တဲ့ နေ့ တွေ ဈေးပိတ်တဲ့ နေ့ မျိုးတွေသာ အနားရကြတယ်ပေါ့ လေ..
ဒါတောင် အပြင်က အပ်ထည်လာရင် ထကြိတ်ချင်ကြိတ် လိုက်ကြတာ မျိုးပါသေးတယ်...အဲ့ လောက် အလုပ်လုပ်ခဲ့ ကြတယ်ပေါ့ ဗျာ.... မြို့ သစ်ကအဖွားက ခေတ္တရာမြို့ သစ်ဈေးမှာ ၀ါရုံက ကြီးဒေါ်ကြီးက ပြည် ဈေးကြီးမှာ ဆိုင်ထွက်ခဲ့ ကြတယ်.ညီအစ်မတစ်ဝမ်းကွဲတွေ ပြည်တွင်းစစ်ပြေးရင်း ပြည်ဖက်ကို အမျိုးအုပ်ကွဲရောက်လာသူတွေပေါ့ လေ..
အဲ ထူးဆန်းပါပေ့  တော့်  ကတွတ်ပီ ဆိုသလိုပါပဲ့ ညီအစ်မတစ်ဝမ်းကွဲတွေ
တစ်ရွာထဲသူတွေသာ ဖြစ်တာ မုန့် ဟင်းခါးရဲ့  မုန့် ဟင်ရေချက်နည်း စတိုင်ကမတူကြပဲ သူ့ ဟာနဲ့ သူတော့ စားကောင်းနေတာမျိုးချည်းပါပဲဗျား...
ကျနော်တို့ ကတော့  မြေးတွေဆိုတော့  မြို့ သစ်က အဖွားမုန့် ဟင်းရေက ပိုကောင်းတယ်လို့  အဖွားဘက်က နဲနဲတော့  ဘက်လိုက်တာပေါ့ လေ..။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..