Powered By Blogger

Friday, October 28, 2016

တစ်ခါတုန်းက ရန်ကုန်မြို့ ကြီးမှာ.... ( ၇၀ နဲ့  ၈၀ လွန်စ နှစ်တွေမှာ..)


တစ်ခါတုန်းက ရန်ကုန်မြို့ ကြီးမှာ.... ( ၇၀ နဲ့  ၈၀ လွန်စ နှစ်တွေမှာ..)
---
ပုံက ရှားရှားပါးပါးပုံရိပ်များဆိုတဲ့  ပေ့ ထဲကပါ..ဒီပုံလေးမြင်တော့  အလယ်တန်းကျောင်းသားဘ၀က (ခုတော့  ရယ်စရာပေါ့ လေ) အဖြစ်လေးတစ်ခု သတိရမိတယ်၊ အရင်ဟိုးနှစ်က တစ်ခါ နဲနဲ ပြောပြဘူးတယ်၊ ကျနော်တို့ က ကျောင်းစနေကတည်းက ကျောင်းပြေးဘာပြေးနဲ့  နဲနဲတော့ ဗရုတ်သုတ်ခနိုင်ခဲ့ တယ် ပေါ့ လေ..၊ အဲ့  ၆ ကားက မြောက်ဥက္ကလာဖက်သွားတဲ့  လိုင်းဖြစ်ပြီး..ကျနော်တို့  ကျောင်းသွားရင်စီးရတာက
ကြည့် မြင်တိုင် ဟံသာဝတီ နာနတ်တော့ ဖက်ပြေးတဲ့  ဟီးနိုးကား ၁၂ လိုင်းပေါ့  ၊ ၆ ကားကို ၆ ကားစီး ချီးကောက်စားလို့ လဲ နောက်ခဲ့ ကြဘူးတယ် ၊ အဲ့ တုန်းက မြောက်ဥက္ကလာက နဲနဲခေါင်တယ်လေ မြောက် ဥက္ကလာ တောင်ဥက္ကလာတို့ ဆိုတာ မြို့ ထဲကနေဆို တမေ့ တမောကြီး စီးရတဲ့  သဘောရှိခဲ့ တယ်

အဲ့ တုန်းက အစပိုင်းမှာ ဟီးနိုးကားတွေမှာ နောက်က ပုံထဲမြင်ရတဲ့ အတိုင်း ပြောင်လက်နေတတ်တဲ့  စတီးဘန်ဘာပါထူကြီး ဟီးနိုးကားတိုင်းမှာပါလာလေ့ ရှိတယ်..၊ အဲ့ ဟီးနိုးတွေကတော့ 
ဂျပန်က စစ်လျော်ကြေးဆိုပြီးပေးတာလို့ တော့ ပြောတာ ကြားဖူးတာပဲ ဟုတ်မဟုတ်တော့ သေခြာမသိပါဘူး လေးဘီးကား ဘီ ၃၆၀တွေလဲ အဲ့ လိုပဲ ပေးခဲ့ တာဖြစ်ပြီး စက်ရုံပါလာထောင်ပေးထားလိုက်တာလိုလို
ဘာလိုလိုပေါ့ ..

အဲ့ ဟီးနိုးတွေဟာ အစက ကားသစ်တွေပီပီ အတော် သန့် အတော်လှပေါ့  တစ်ခါက လိုင်းကားပြေးခဲ့ ဖူးတဲ့  ပြင်သစ်က သွင်းတာဆိုလား လေအိပ်တွေနဲ့  အတော်ငြိမ့် တဲ့  ရေးနိုးကားသစ်တွေလိုပေါ့ .
.(ဒါတောင် တစ်ပတ်နွမ်းတွေကို ပြန်ဆနွင်းဖြူးထားတာလို့ 
ဆိုသံကြားခဲ့ ဖူးသေးတယ်)( နောက်တော့  ဆိုဖာထိုင်ခုံတွေ ဆိုဖါကျောမှီတွေ လက်ကိုင်ကွင်းက သားရေတွေကို လက်ဆော့ တာတွေ ထိမ်းသိမ်းမှု့ အားနဲတာတွေကြောင့်  ရွဲကုန်တာပါပဲ ဒီရောက်လာရင်..ဘာအသစ်မှ ကြာကြာမခံ ဆိုသလိုပါပဲ )

ကျောင်းသွားကျောင်းပြန်တွေမှာ ( အဲ့ အချိန်မှာ မနက်ပိုင်း ညနေပိုင်း ၂ချိန်ကျောင်းတွေက များသေးတယ် ) ဘတ်စကားတွေ ကျပ်စပြုလာတာက ၇၀ ၀န်းကျင်လောက်ကတည်းက စလာပြီလို့ ပဲ ဆိုရမယ့် 
သဘောရှိတယ် ကျနော်တို့  စတိတ်ကျောင်းကို အလယ်တန်းကျောင်းသားဘ၀နဲ စတက်ချိန်မှာအပေါက်ဝက ခြေတစ်ဖက်ထဲ တင် တွဲလောင်းခိုပြီး စီးရတာ စကြုံနေရပြီ..တစ်ခါတစ်လေမှသာ ကားအပေါက်ဝရပ်စရာ
မလိုပဲကားထဲဝင်စီးလို့ ရတဲ့ အနေအထားတွေစကြုံလာရပြီ...

လူဝင်လူထွက် ရှေ့ ပေါက် နောက်ပေါက်မှာ ခေါက်တံခါးတွေ ပထမပိုင်းမှာ တတ်ထားပေးသေးပေမယ့်  အဲ့ တံခါးက လူကျပ်လို့ အမြဲ ခေါက်ဖွင့် ပေးထားရလို့ နောက်တော့  အဲ့ ခေါက်တံခါးရွက်တွေပါ အမြဲတမ်းဖွင့် ထားရတဲ့  အတူတူ မထူးဘူးဆိုပြီး ဖြုတ်ထားလိုက်ပုံရပါတယ် ။

နောက်တော့  အဲ့ ဟီးနိုးတွေမှာ ရှေ့ ပေါက် နောက်ပေါက်က တံခါးရွက်တွေပါ မပါတော့ ပါဘူး..အဲ့ တော့  ပို ခိုစီးလို့ ကောင်းသွားပြီး အဲ့ တံခါးပေါက် ခြေနင်းခုံမှာ ခြေတစ်ဖက်တင်တွဲလောင်းခိုစီးတဲ့ လူဦးရေက ပိုဆန့် သွားတော့ တာပေါ့ လေ...
.
( တကယ့် ကို သည်းထိပ်ရင်ဖို တွဲလောင်းခိုစီးခဲ့ ရတဲ့ ဘ၀တွေပါ
တစ်ခါတစ်လေ လက် တစ်ဖက်က ကားပြူတင်းပေါက်ကို လက်လှို တွယ် နောက်တစ်ဖက်က ကားခေါင်မိုးက ရေသယောက်သေးသေးလေးကိုလှမ်းကုတ် တွယ်ထားရလို့ လက်နှစ်ဖက်စလုံး မအားဖြစ်နေ ၊ ခြေတစ်ဖက်က ကားအပေါက်က ခြေနင်းပေါ်တဲတဲလေး နောက်ခြေတစ်ဖက်ကလေထဲ တို့ လို့ တန်းလန်း ဖြစ်နေချိန် ကျောင်းအင်းကျီအိပ်ထဲ ချိတ်ထားတဲ့ 
စောက်ထိုး ချိတ်ထားရင် မှင်ခဏခဏ ယို လို့  ကျောင်းအင်းကျီအိပ်က ထောင့် စွန်းတွေ မှင်စွန်း ကွက်လေးဖြစ်နေတတ်တတ်တဲ့  ပိုင်းလော့ ဖေါင်တိမ်တို့ ပိုက်ဆံလေး ၅ ကျပ်လောက်တို့ ပါ မချန် ခါးပိုက်နှိုက်ခံလိုက်ရတာမျိုးလည်း ကြုံခဲ့ ရသလို စလွယ်သိုင်း လွယ်ထားတဲ့  လွယ်အိပ်ထဲက ခေါက်ထီး ဆိုတာ လူနဲ့  မတည့် ဘူးများတောင် ထင်ရအောင် ခါးပိုက်နှိုက်လက်ချက် ခဏခဏ မိခဲ့ ဘူးတာပေါ့ လေ....


အဲ့ ဟီးနိုးကားတွေ တစ်စ တစ်စ လူကျပ်လာချက်က နောက်ပိုင်းမှာ ကားဟာ ဂျိမ်းစဘွန်းကားထဲက ကားစတန့် ပြကွက်တွေ အတိုင်း တစ်စောင်းကြီးမောင်းနေကြရတဲ့  ဘ၀ ရောက်လာတော့ တာပေါ့ လေ..

.စောင်းချက်က အထဲဝင်စီးရ သိပ်ခက်ရလောက်အောင် လူကျပ်လွန်း လို့ အပေါက်ဝ  ခြေနင်းခုံပေါ် ခြေတစ်ဖက်တင်မိယုံလေး တွဲလောင်းလောက်လာတာ ကျန်တဲ့ လေထဲ လွတ်နေတဲ့ ခြေတစ်ဖက်က ကတ္တရာလမ်းနဲ့  တစ်ခါတစ်ခါ ပွတ်မိတဲ့ အထိကျပ်တာမျိုး..
.( ကံကောင်းတာက အဲ့ အချိန်မှာ အဲ့ ဟီးနိုးကားတွေက အင်ဂျင်ကျစပြုလာလို့  အရင်လို သိပ်မဖြဲနိုင်တော့ ပဲ အရှိန်နဲနဲနဲ့ ပဲမောင်းနိုင်တော့ တာမျိုးဖြစ်လာတာပါပဲဗျာ )

ဒီလို နဲ့ လူက ကျပ်ချင်းမလှကျပ်လာတော့  တစ်ခါတစ်လေ အဲ့ ရှေ့ ပေါက်ရော နောက်ပေါက်ရော တွယ်စီးစရာ ခြေတစ်ဖက်ချစရာနေရာလေးပါ မရတတ်တော့ ဘူးဖြစ်လာပါရောဗျာ...အဲ့ မှာ ကျောင်းကို အချိန်မှီအောင်ရောက်မှ ဖြစ်မယ်ဆိုတာကြီးကလဲ ရှိနေတော့ ...အဲ့  မှာ...အဲ့  ဟီးနိုးနောက်က စတီးဘန်ပါကြီးမှာ တက်ခိုလိုက်ရတဲ့ အဖြစ်ရောက်ပါရောဗျား....

အဲ့ လို ဟီးနိုးကဖင်က ဘန်ပါမှာ ခိုလိုက်ကြတာအများစုက စပယ်ယာတွေ ဒရိုက်ဘာတွေ ပြောမရ ဆိုမရလို့  ပြီးပြီးရော ဆိုပြီး ဘေးမဲ့ ပေးထားတတ်တဲ့  ကျနော်တို့ လို ကျောင်းစိမ်းဝတ် စတိတ်ကျောင်းသား ဆိုးပေလေးတွေများပါတယ်...မလိုက်နဲ့  ပြုတ်ကျသေမယ် လို့ ပြောလဲ မှတ်တိုင်က ကားထွက်ခါနီးမှ အဲ့ ဘန်ပါပေါ် ခုန်တက် လိုက်ကြတာပါပဲ..၊

ခိုပုံခိုနည်းက ကျောင်းလွယ်အိပ်ကို စလွယ်သိုင်း ကျောင်းစိမ်းပုဆိုးကို ခပ်တိုတိုနဲ့  တင်းနေအောင်စည်းလိုက်ပြီးမှ အဲ့ ဘန်ပါပေါ်တက်လိုက်ပြီး လက်နှစ်ဖက် အဖျားလေးက အဲ့ ဟီးနိုးခေါင်မိုးက ရေသယောက်လေးထဲ ကုတ်ထားလိုက်ပြီး ခိုလိုက်သွားတော့ တာပါပဲဗျာ....အနဲဆုံး ၃ ယောက်လောက်နဲ့  တစ်ခါတစ်လေအများဆုံး ၅ ယောက်အထိ  တောင် ခိုလိုက်ခဲ့ ကြတယ်ပေါ့ လေ..ပြီးတော့  အများအားဖြင့်  ကျောင်းနေဖက် ကိုယ့် သူငယ်ချင်းအုပ်စုလိုက်တွေ များတယ်ပေါ့ လေ...

အဲ့ မှာပေါ့  တစ်နေ့ ပေါ့  အဲ့ လို ခိုလိုက်သွားချိန်ပေါ့ ...ပုဆိုးက ပြေပြီး ကွင်းလုံးကို ကျွတ်ကျသွားပါရောဗျာ....ဖြစ်ချင်တော့  မီးပွိုင့်ကနေ အရှိန်ယူ စအထွက် ဖြစ်နေ နောက်မှတ်တိုင်က ဝေးသေးနဲ့  အဲ့  ကျနော်ခိုလိုက်လာတဲ့  ဟီးနိုးကားနောက်မှာက မိန်းကလေးစတိတ်ကျောင်းက ကျောင်းသူလေးတွေ ရဲ့ ကျောင်းကားဖြစ်နေရောဗျာ. အဲ့ မှာ ဖြစ်ချင်ပြန်တော့  အဲ့ နေ့ က အတွင်းခံဘောင်းဘီက မစွတ်ထားမိပေါ့ .. ခါးကနေ ကျွတ်ကျသွာှး တဲ့  ကျောင်းစိမ်းပုဆိုးက ဘန်ပါပေါ် တွဲလောင်းလေးနဲ့ ဖလပ် ဖလပ်နဲ့ ပေါ့ ..
အဲ့ မှာ လူက အဲ့ ပုဆိုးကို ဘာမှ လုပ်မရဘူး ခြေထောက် နှစ်ဖက်စလုံးက ဘန်ပါပေါ်ကုတ်ထားလက် နှစ်ဖက်စလုံးက ခေါင်မိုးရေသယောက်ပေါ်
ကုပ်ထားရဆိုတော့ လေ....အဲ့ မှာ ဖင်လေး အပြောင်းသားနဲ့ ပေါ့ လေ..

နောက်ကပါလာတဲ့  ကျောင်းကား ဦးလေးကြီးကလည်း ကားကို ကျော်မတက်သွားပဲ မှေးလိုက်သလို ဖြစ်နေတော့  အဲ့ မိန်းကလေးကျောင်းက ကျောင်းကားပေါ်က ကျောင်းသူလေးတွေ မြင်ကုန်ပြီး ဂလောင်တွေ လှမ်းကျ အော်နောက်ကျ နဲ့  ကျောင်းကားဦးလေးကြီးပါ
ပြုံးစိစိတွေလုပ်ကျတော့  ပထမ နောက်ကို တစ် စောင်း လှည့် ကြည့် မိတဲ့  ခေါင်းက လှည့် ကို မကြည့် ရဲ့ တော့ဘူး ဖြစ်သွားပါရောဗျား..

ရှက်ချက်က မျက်နှာကို ရဲတက်လာတော့ တာ ဒီကြားထဲ ဘေးက အတူတူ
ခိုလိုက်နေတဲ့  သူငယ်ချင်းတွေကပါ တခွိခွိနဲ့ လေ..ကားထဲက မှန်နားကပ်နေတဲ့ လူတွေကတော့  ကားထဲကျပ်ညပ်သပ်နေလို့  ကားအပြင်မှာ သရုပ်ပျက်နေတာ မြင်ပုံမရပါဘူး..အဲ့ လို ဖင်ပြောင်သားလေး ဖြစ်နေမှ အဲ့ နေ့ က ကားကလဲ နှေးလိုက်တာ မှတ်တိုင်မြန်မြန်ရောက်ပါတော့ ပဲ ဆုတောင်းနေရတော့ တာ...အဖြစ်က အဲ့ လိုတွေ လည်း ကြုံခဲ့ ဘူးပါ့  ပေါ့ လေ...

နောက်ပိုင်းမှာတော့  တစ်ချို့  ရုံးသား လူကြီးတွေပါ အဲ့ ဘန်ပါတွေအပေါ်က တက်လိုက်လာတာ တွေ့ လာရတယ်...နောက်မကြာပါဘူး အဲ့  လိုင်းကား ဟီးနိုးကားတွေမှာ ဘန်ပါတွေ ဖြုတ်ပစ်ကုန်လာတော့ တာပါပဲဗျာ..နောက်ပိုင်းမှာ ခါးပိုက်နှိုက်တို့ လက်ဆော့ တာတို့ တွေ အဖြစ်များလာတော့  ၉ ကားကို ကျား မ ခွဲ ကားအလယ်မှာ သံဇကားကြီး ခြားထားလိုက်တာတွေလဲ လုပ်ခဲ့ ကြသလို အဲ့  ဟီးနိုးတွေကိုပဲ ကားအစုတ်နဲ့  မစုတ်တစုတ် ကို ထော်လာဂျီ ဂျိတ်ချိတ်သလို
( ရှေ့ နောက် ဘော်ဒီက အပြာရင့် ရောင်ကြီးတွေနဲ့  )နှစ်စီးတွဲယာဉ် ဆိုပြီး လူကျပ်တဲ့  ပရော်ပလန်ကို တပွဲတိုး ဖြေရှင်းခဲ့ ကြသေးတယ် ( အဲ့ တော့ မှ ၂ စီးစလုံး သုံးစားမရတော့ အောင် ဂျုံးဂျုံးကို အပြီးကျသွားတော့ တာပါပဲဗျား...ဟီးဟီး)

နောက်ပိုင်းမှာ အဲ့  ဟီးနိုးတွေက အပြင်လူတွေကို လေလံပစ်တော့ မှ အဲ့  အပြင် လူစီး ကုန်တင် ဟိုင်းဝေးကားတွေမှာ အဲ့  ဟီနိုးတွေရဲ့  နဂို စတိုင်အတိုင်း စတီးဘန်ပါကြီးတွေ ပြန်တွေ့ ရတော့ တယ်....။တစ်ခါတုန်းက ရန်ကုန်မြို့ ကြီးမှာပေါ့ လေ...။


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..